Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, April 5, 2014

တစ်ခါတရံ ...ငွေဆိုတာ နေရာတိုင်း အသုံးမတဲ့ဘူးဆိုတာ မာန်တက်နေချိန်မှာ ဘယ်သိလိမ့်မလည်း.......။

တစ်ခါတရံ ...ငွေဆိုတာ
နေရာတိုင်း အသုံးမတဲ့ဘူးဆိုတာ
မာန်တက်နေချိန်မှာ ဘယ်သိလိမ့်မလည်း.......။
***************************
မြန်မာနိုင်ငံက ခရိုနီတစ်ကောင်က ပြောတဲ့စကား တစ်ခွန်းနဲ့ပတ်သက်လို့ အတိတ်က ဖြစ်ရပ်လေးတစ်ခုသတိသွားရမိတယ်...
အဲဒီခရိုနီကောင်ကဘာပြောသ
လည်းဆိုတော့...( ဗမာပြည်မှာ ပိုက်ဆံရှိရင် သရဲတောင် ကခိုင်းလို့ရတယ် တဲ့)။
တကယ်လို့သာ သူနဲ့သိခဲ့မယ်ဆိုရင်...မေးလိုက်ချင်တယ်.....သေချာလားလို့။
မြန်မာ ပြည်မှာ ဘယ်အစိုးရပဲတက်လာလာပါ...
အစိုးရနဲ့ပင်းစားလုပ်စားနေသူမှန်သမျှကိုသိ
အောင်တစ်ခုပြောလိုက်မယ်....

စကားတွေကမ်းကုန်အောင်မပြောကြပါနဲ့လို့။
မသေ မချင်းမှတ်ထားပါ....
.နောက်နှစ် ၂၀ လောက်ထိ...ဘယ်အစိုးရပဲတက်လာလာ.......
အစိုးရကိုခေါင်းပေါ်တင်ပင်းစားမယ်ဆိုရင်.....
( ကိုယ့်ခါးပိုက်ထဲမှာ မြွေပွေးဝင်နေတယ်
လို့သဘောထား......ရှင်းတယ်နော် )..
အခါမသင့်သေးလို့ မြွေပေါက်မခံရသေးတာ
အဟုတ်မထင်ပါနဲ့....အချိန်မရွေး ထအပေါက်ခံရနိုင်တယ်.....။
တစ်ခါက အကျဉ်းထောင်တစ်ခုမှာ နိုင်ငံရေးအကျဉ်းသားအနေနဲ့ထောင်ကျ
နေတုန်း......လူတစ်ယောက်ရောက်လာတယ်...သူ့နံမည်ကို ဦးလှမောင် ( နံမည်လွှဲ ထားတာ ) လို့ပဲမှတ်ထားလိုက်ပါ...။
ဦးလှမောင်က ဒေသတစ်ခုရဲ့ခရိုနီတစ်ဦး..တက်
လာသမျှ...အရာရှိမှန်သမျှကို အပိုင်ချည်ထားတာ...အတိုချုပ်ပြောရရင်....အဆင်မပြေ
တဲ့ အရာရှိနဲ့လည်းတွေ့ရော....အမူ့ဆင် ထောင်ထဲထဲ့ခြင်းခံလိုက်ရတယ်။
သူရောက်လာ တော့...ထောင်မကျသေးဘူး...
အမူ့ရင်ဆိုင်ဆဲကာလပဲရှိသေးတယ်...။
ဦးလှမောင် ထောင်ထဲရောက်လာတော့မယ်ဆိုတော
့.......ထောင်ထဲမှာက လှုတ်လှုတ်ရွရွဖြစ်နေကြပြီ။
အားလုံးက စိတ်ဝင်စားနေကြတယ်။
နောက်တော့ရောက်လာ တယ်.. ကျနော်လည်း စပ်စပ်စုစု...ဒီလောက်နံမည်ကြီးနေတဲ့ ဦးလှမောင် ဘယ်လိုလူလည်း ဆိုတာသိခြင်နေတယ်။
သိလိုက်ရပြီ....လူပုံစံက တော်တော်ကိုဝတယ်...
သာမာန်လူတစ် ယောက် အ၀လိုမဟုတ်တော့ပဲ.... အ၀လွန်ရောဂါလိုမျိုးဖြစ်နေပုံရတယ်...
လမ်းကောင်း ကောင်းမလျှောက်နိုင်ဘူး ...ဘေးက လူတွေက မနည်းတွဲခေါ်နေရတယ်။
လှုတ်တိလှုတ်ယဲ့
နဲ့ ဘေးကလူတွေကမနိုင်တစ်နိုင်တွဲလို့။
သူနဲ့ပါလာတဲ့ ပစ္စည်းတွေချည်း အကျဉ်းသားလေး
ယောက်လောက်သယ်ယူရတယ်။
နည်းနည်းနောနောလား။
ညဘက်ရောက်တော့ ဦးလှ
မောင် ရှိရာ အကျဉ်းကျ အဆောင်မှာ....၀န်ထမ်းတွေတရုံးရုံး...ထောင်မူးတွေတောင်ပါတယ်။
ဦးလှမောင်က တစ်ထောင်လုံးမှာရှိတဲ့ ၀န်ထမ်းတွေ....အကျဉ်းသားထဲက ခေါင်းဆောင်တွေ
ကို ချုပ်ပစ်လိုက်ပြီ.......။
ဒီလိုနဲ့ နှစ်ရက်မြောက်လောက်နေ့မှာ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား များထားရာနေရာကို သူရောက်လာတယ်
( တကယ်က လာလို့မရပါဘူး...ပြင်းထံစွာ ကန့်
သတ်ထားတဲ့နေရာပါ...) သူ့ဆိုတော့...ဘယ်သူကမှလည်း မပြောကြဘူး..ကြည့်နေကြတယ်
( အဲဒီအချိန်မှာ တစ်ခုရှိတာက...ကျနော်တို့ နိုင်ငံရေးအကျဉ်းသားများလည်း ICRC လို့ခေါ်တဲ့
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအရှိန်နဲ့ နည်းနည်း အနေအစားချောင်နေတဲ့ကာလ
ပေါ့ )။
သူက ကျနော်တို့ကို စကားပြောချင်နေပုံရတယ်...နောက်တော့ ကျနော်တို့နဲ့လည်း
ခင်သွားရော....အဲဒီ့ဒေသက အရာရှိဆိုးများရဲ့မကောင်းကြောင်းပြောလိုက်တာ...ထမင်းစား
ဘို့တောင်မေ့သွားပုံရတယ်...
သတိရတော့ အရမ်းဆာနေပြီ...သူတွဲလာတဲ့ အကျဉ်းသားထဲက
တစ်ယောက်ကို အစားအစာတွေ သွားယူခိုင်းတယ်....
ခနနေတော့..အဲဒီ့အကျဉ်းသားက ထမင်း
ဂျိုင့်ရယ်...ကျွှတ်ကျွှတ်အိတ်အကြီးနဲ့ ထဲ့လာတဲ့ အစားအစာတွေပါလာတယ်....။
ကျနော်တို့ကို
လည်းခွဲပေးတယ်....ထမင်းစားလိုက်တာ တစ်ဇလုံးတောင်ကုန်တယ်....ကျနော်ထင်တယ်...ပါ
လာတဲ့ဟင်းတွေထဲမှာ ၀က်အူချောင်းတွေ နည်းတာမဟုတ်ဘူး.....တစ်ခါထဲစားလိုက်တာ
လန့်တောင်လာတယ်...
( ခန့်မှန်းကြည့်တာ...ငါးဆယ်သားလောက်ရှိမလားမသိဘူး ) တကယ့် လူ့ဘီလူးပါပဲ....။
ဒီလိုနဲ့ နေလာရင်းက........ ဆယ်ရက်ကျော်လောက်ရဲ့တစ်နေ့...ည
နေခင်းလေး..ထောင်ပိတ်ခါနီးအချိန်...ကျနော်က ပက်လက် ကုလားထိုင်ပေါ်ထိုင်နေတယ်....
( ထောင်ထဲမှာ ပက်လက်ကုလားထိုင် သုံးလို့မရပါဘူး...ကျနော်က ခါးကိုက်ရောဂါဖြစ်နေလို့
သီးသန့် လုပ်ပေးထားတာ )...အဲဒါကို ကြည့်ပြီး.....သူက ကျနော့်ကို ပက်လက်ကုလားထိုင်
တောင်းတယ်....
သူမအိပ်ရတာကြာပြီတဲ့....အိပ်လို့မရဘူး...
သူက အိမ်မှာ ပက်လက်ကုလား
ထိုင်နဲ့ပဲအိပ်ရတာ....အလွတ်အိပ်လို့မရဘူး...
တကယ်လို့ ဒီအတိုင်းအိပ်လိုက်ရင်...လည်ပင်း
မှာရှိတဲ့ အသားတွဲကြီးက...အသက်ရှုလမ်းကြောင်းကို ပိတ်ပြီး သေမှာဆိုးလို့တဲ့... ဆရာဝန်က လည်း ပက်လက် ကုလားထိုင် နဲ့ပဲ.. အိပ်ဖို့ ညွှန်ကြားထားတယ်။
ကျနော်လည်း ကိုယ်ချင်းစာပါ
တယ်..ပေးမယ်ပေါ့..ဒါပေမဲ့ ဒီအတိုင်းပေးလို့တော့မရဘူး ....ထောင်က သက်ဆိုင်ရာ အာဏာ ပိုင်ကို အသိပေး ရဦးမယ်ဆို ....ထောင်မူးတစ်ယောက်ကိုခေါ်ပြောတော
့...ထောင်မူးက သူမပိုင်
ကြောင်းပြောတယ်။
ဦးလှမောင်က အဲဒီ့ထောင်မူးကို.... သူဘယ်လောက်ပေးရပေးရပေးမယ်
ပက်လက်ကုလားထိုင်သာ သူယူသွားဖို့ခွင့်ပေးပါပေါ့....။
ထောင်မူးက လည်း လက်မခံဘူး.......
ဒါနဲ့ အဆင့်ဆင့်ကို ဆက်တင်ပြတယ်.... သိပ်မကြာဘူး ...ထောင်ပိုင်ရောက်လာတယ်
.....ထောင် ပိုင်က အေးအေးဆေးဆေးပဲပြောပြတယ် ....ထောင်စည်းကမ်းအရ...သီးသန့်နိုင်ငံရေးအကျဉ်း
သားများ ရှိရာကို သာမာန် အကျဉ်းသားများ လာခွင့်မရှိကြောင်း..
ပက်လက်ကုလားထိုင်လည်း
ပေးလို့မရကြောင်း
.....ထောင်ကျအကျဉ်းဆောင်အတွင်းမှာ ပက်လက်ကုလားထိုင်ကိုခွင့်ပြုလိုက် မယ်ဆိုရင်..... အဲဒီ့ ကုလားထိုင်ကို ဖျက်ပြီး လက်နှက်အဖြစ်အသုံးပြုလို့ လူသတ်မူ့တွေဖြစ်ပွား နိုင်ကြောင်းရှင်းပြတယ်။
ဦးလှမောင်က မျက်စိမျက်နှာတွေပျက်ပြီး....ထောင်ပိုင်ကို ခြေသလုံး ဖက်မတတ်တောင်းပန်တယ်.....။
နောက် ပေါ်တင်ကြီး ကျနော်တို့ ရှေ့မှာ ဘာပြောသလည်း
ဆိုတော့......မနက်ဖြန် ကျနော့်အိမ်ကို သိန်း ၁၀၀ သွားယူလိုက်ပါ...
ကျနော်စာရေးပေးလိုက်
မယ်...ပက်လက်ကုလားထိုင် ကိုပဲခွင့်ပြုပေးပါဆိုတော့....ထောင်ပိုင်က စိတ်ဆိုးသွားတယ်....
ခင်ဗျား သိန်း ၁၀၀ မကဘူး...သိန်း ၅၀၀ ပေးလည်း ခွင့်မပြုနိုင်ဘူး....ခင်ဗျားကို ဒီလိုခွင့်ပြု
လိုက်လို့ တစ်ခုခုဖြစ်သွားရင်...ကျုပ်ဘ၀ပျက်မှာ...။
ပြီးရင် လာဒ်စားမူ့နဲ့ပါ ထောင်ကျမှာ.....
ရှင်းရှင်းပြောမယ်....ခွင့်မပြုနိုင်ဘူး.ကျုပ်ဘ၀အပျက်မခံနိုင်ဘူး.....သူ့ကိုအဆောင်ထဲပြန်ပို့လိုက်ပါဆို ပြောပြီး ထွက်သွားတယ်။
ဦးလှမောင် မျက်ဝန်းမှာ မျက်ရည်တွေဝဲလာတယ်...အကျဉ်းသား
နှစ်ယောက်က သူ့ကိုတွဲပြီး ပြန်ခေါ်သွားခါနီးမှာ....ကျနော်တို့ကို လက်ဆွဲပြီး.....
....ကျနော်နှုတ်ဆက်တယ်ဗျာ......ဆို လှုတ်တုတ်လှုတ်တုတ် ထွက်သွားကြတော့တယ်။
နောက်နေ့ မနက်လင်းလို့...ထောင်က တော်တော်နဲ့မဖွင့်တာနဲ့..ဘာဖြစ်တာ ပါလိမ့်လို့ နားစွင့်နေဆဲမှာပဲ ....ကျနော်တို့ တိုက်ဆောင်ကျ ၀န်ထမ်းက ၀င်လာရင်းက
ညက ဦးလှမောင် ဆုံးသွားကြောင်း.... အိပ်ရေးအပျက်လွန်ပြီး...ထောင်ဘေးနံရံကို မှီအိပ်ရင်းက
တဖြည်းဖြည်းလျှောကျသွား.....
လည်ပင်းက အသားတွဲတွေက အသက်ရှုလမ်းကြောင်းကိုပိတ်
လို့ အသက်ရှုရပ်ပြီး သေတာဖြစ်ကြောင်းပြောပြတယ် .....ဖြစ်ရလေ..ဦးလှမောင်ရယ်။
တကယ်
က ကျနော့် ပက်လက်ကုလားထိုင် သူထိုင်လို့လည်း မရပါဘူး....ကျနော့်ဟာက သေးသေး..သူ
ကအ၀ကြီး...ဘယ်ရလိမ့်မလည်း.....အဖိုးလည်း မတန်ပါဘူး.....။
ဒါပေမဲ့ ဦးလှမောင်အတွက်က
တော့ အသက်ဖြစ်သွားတာပေါ့ဗျာ...............။
ဒါ တကယ့်အဖြစ်ပျက်ပါ.....ကျနော့်ဘ၀မှာ
ဘယ်တော့မှ မမေ့နိုင်တဲ့အဖြစ်ပါ.....တစ်ခါတရံ ...ငွေဆိုတာ နေရာတိုင်း အသုံးမတဲ့ဘူးဆိုတာ
မာန်တက်နေချိန်မှာ ဘယ်သိလိမ့်မလည်း.......။
အဆင်ချောနေတဲ့အချိန်မှာ သရဲတင်မကဘူး
ငွေနဲ့ပေါက်ရင် သဘက်တောင် ကခိုင်းလို့ရတယ်.... အဆင်မချောတော့ဘူးဆိုရင်.....
ဝါးလေးတွေ နဲ့လုပ်ထားတဲ့ အဖိုးမတန်တဲ့ ပက်လက်ကုလားထိုင်တောင် ၀ယ်လို့မရလို့
အသက်ပေးခဲ့ရဘူး
တယ်.....။
အလှည့်မရောက်သေးခင် မာန်တက်ထားကြဦးပေါ့နော။
Maung Maung Wann
==============

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။