Smart Pro Journal
ZTE ရဲ့  Eco-Mobius စမတ်ဖုန်း ရေပန်းစား
2014 CES မှာ ဝင်ရောက်ပြသခဲ့တဲ့ တရုတ်ပြည် အခြေဆိုက် ZTE ရဲ့  စမတ်ဖုန်း ဖြစ်ပါတယ်။ Eco-Mobius လို့ အမည်ပေးထားပြီး Modular စမတ်ဖုန်း ဖြစ်ပါတယ်။
Modular စမတ်ဖုန်း ဆိုတာ ဒီလိုပါ။ Desktop ကွန်ပြူတာတွေရဲ့  Motherboard တွေလိုပဲ ပစ္စည်းအစိတ်အပိုင်း အားလုံးကို အလွယ်တကူ အဖြုတ်အတတ်လုပ်လို့ရမယ့် ဖုန်း ဖြစ်ပါတယ်။ ဒီတော့ စမတ်ဖုန်းဆိုပေမယ့် PC တစ်လုံးလိုပဲ ပစ္စည်းတွေ အသစ်ပေါ်တိုင်း၊ memory တိုးချင်တိုင်း ပစ္စည်းတွေကို ဖြုတ်ရုံ၊ တတ်ရုံပဲ ဖြစ်ပါတယ်။ စမတ်ဖုန်း အသစ် ဝယ်စရာ မလိုပါဘူး။ အဟောင်းနေရာကိုပဲ အသစ် ပစ္စည်း ထည့်သွင်းရုံ ဖြစ်ပါတယ်။ ဥပမာ Memory ပြောင်းမယ်။ RAM ကို 2GB ကနေ 3GB တိုးမယ်။ Processor ကို quad core ကနေ hexa ပြောင်းမယ် အစရှိသဖြင့် လုပ်ဆောင် ချက် အားလုံးကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်ဖုန်း အသစ် ဝယ်စရာမလိုပဲ ကိုယ့်ဖုန်းက အမြဲတမ်း အသစ်ဖြစ်နေမှာ ဖြစ်ပါ တယ်။
လက်ရှိ CES မှာ ပြသသွားတဲ့ ZTE ရဲ့  Eco-Mobius က Concept အဆင့်မှာသာ ရှိသေးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် တကယ်ဖြစ်လာဖို့အတွက် မကြာတော့ ပါဘူး။ ZTE တင်မက အခြား ဥရောပ၊ အာရှနဲ့ အမေရိကန် စမတ်ဖုန်း ကုမ္မဏီများလည်း Modular စမတ်ဖုန်း ထုတ်လုပ်လာဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။