We Love Music
ဂစ်တာသမားတွေ လက်စွမ်းပြမယ့် ပထမဆုံးနဲ့ အကြီးကျယ်ဆုံးပွဲ အခမဲ့ဖျော်ဖြေမည်
မြန်မာဂစ်တာအကျော်အမော် ၂၂ယောက်အပါအဝင် လူငယ်ဂီတာသမားတွေ ပါဝင်တီးခတ်ကြမယ့် Myanmar Instrumental Show ကို ရန်ကုန်မြို့ မိုင်ဒါကွင်းမှာ ကျင်းပတော့မယ်လို့ ဇန်နဝါရီ ၁၄ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ချစ်စမ်းမောင်၊ တိုးတိုး၊ နိုင်ဇော်၊ ဇော်မျိုးထွဋ်၊ ပက်ထရစ်၊ ဝင်းမော်၊ ဇော်မင်းသိန်း၊ ဇော်လတ် စတဲ့ ဂစ်တာသူရဲကောင်းတွေ ဦးဆောင်ပါဝင်ပြီးတီးခတ်မယ့် မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ အကြီးကျယ်ဆုံး ဂစ်တာလက်စွမ်းပြတဲ့ပွဲကို ဇန်နဝါရီ ၂၆ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုဂစ်တာသမားတွေ စုစည်းဖို့အတွက် ၄-၅လလောက် ကြိုတင်စီစဉ်ခဲ့ရတာဖြစ်ပြီး တီးခတ်သူအားလုံးက အားတက်သရော ပါဝင်ဖို့ပြောကြတယ်လို့ ပွဲစီစဉ်တဲ့ ကိုဂင်္ဂါက ဆိုပါတယ်။
မြန်မာပြည်က ဂစ်တာသူရဲကောင်း အကျော်အမော်တွေနဲ့ ပါဝင်တီးခတ်ရမယ့် အခွင့်အရေးဟာ အိပ်မက်တစ်ခုလိုဖြစ်ပြီး စင်ပေါ်မှာ အတူတူတီးခတ်ရမယ့်အတွက် စိတ်လှုပ်ရှားတယ်လို့ ဇော်လတ်က ဆိုပါတယ်။
မြန်မာပြည်မှာ ပထမဆုံးကျင်းပမယ့်ပွဲဖြစ်တာကြောင့် ရင်ခုန်သလို သူ့အနေနဲ့ အမြန်တစ်ပုဒ် အနှေးတစ်ပုဒ် တီးခတ်မယ်လို့ Iron Cross ရဲ့ Lead ဂစ်တာသမား ချစ်စမ်းမောင်က ဆိုပါတယ်။
ဝင်ကြေးအခမဲ့ဖြစ်တဲ့ အကြီးကျယ်ဆုံးသော အတီးသမားတွေ လက်စွမ်းပြမယ့်ပွဲကို အနယ်နယ်အရပ်ရပ်က ဂစ်တာသမားတွေလည်း စာရင်းသွင်းပြီး တီးခတ်နိုင်တယ်လို့ ဆိုပါတယ်။
Credit: kamayut media
Photo : Rock Will Never Die
Photo : Rock Will Never Die
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။