Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 15, 2014

အလှအပကို ထိန်းသိမ်းပေးမယ့်သဘာဝ နည်းလမ်းများ


ပိုပိုဇော်(သဘာဝအားအင်)
အလှအပကို ထိန်းသိမ်းပေးမယ့်သဘာဝ နည်းလမ်းများ
•••••••••••••••••••••••••••••••••••••••••••••••••••••••
by ‪#‎ပိုပိုဇော်‬(သဘာဝအားအင်)January 15, 2014 at 2:14am

အလှ အပကို ထိန်းသိမ်းမယ် ဆိုရင် သဘာဝ နည်းလမ်းက ထိရောက်မှုလည်း ရှိ၊ စိတ်လည်း ချရပါတယ်။ ဒါကြောင့် သဘာဝတရား ထဲက အရာတွေဟာ ကျွန်မတို့ အတွက် အလှအပ ကို ပေးနိုင်တဲ့ အရာ တစ်နည်း အားဖြင့် Passports to Your Beauty ကိုပေါ့။ ဒီ Passport တွေက သင့်အနီးမှာ အများကြီး ရှိနိုင်ပါတယ်။ ဘာတွေဖြစ် မလဲ၊ ဘယ် Passport ကိုတော့ ဘယ်လို အလှမျိုးဆီ ကို သွားရာမှာ သုံးမလဲ လေ့လာ ရအောင်နော်။

သဲ၊ သကြား၊ ဆား

အရေပြားပေါ် က ဆဲလ် သေလေးတွေ ကို ပုံမှန် ချွတ်ပေးခြင်းက ချောမွေ့တဲ့ အသားအရေ ကို ပိုင်ဆိုင်စေပါတယ်။ ဘရာဇီးသူလေး တွေဟာ ရွှေအိုရောင် အသားအရေ အလှ ကို ပိုင်ဆိုင်ကြပါတယ်။ သူတို့ ရဲ့ အသားအရေ ဟာ ချောမွေ့ ညီညာ ကြပါတယ်။ သူတို့ သုံးတဲ့ Scrub ကတော့ ထူးဆန်းတဲ့ အရာ မဟုတ်ပါဘူး။ ကမ်းခြေမှာ ရှိတဲ့ သဲမှုန်တွေပါပဲ။ ကမ်းခြေမှာ ရေချိုးရင်းနဲ့ သဲတွေ နဲ့ ခြေလက်တွေကို ပွတ်သတ်လို့ ရသလို သဲဆပ်ပြာ ကိုလည်း သုံးနိုင်ပါတယ်။ ဒါမှ မဟုတ် ဆပ်ပြာတိုက် ရင်း သဲ သန့်သန့် လေးတွေကို ရောပြီး ပွတ်ပေးလို့ ရပါတယ်။ သဲသန့်သန့်ကို မှ အရှာရ ခက်နေတဲ့ နေရာတွေ မှာတော့ သကြား ဒါမှမဟုတ် ဆား တစ်မျိုးမျိုး ကို အစား ထိုးနိုင် ပါသေးတယ်။

လက်ဖက်

လက်ဖက်စိမ်း ရဲ့ အစွမ်းသတ္တိ ဟာ အလှအပ အတွက် သိပ်ကို အကျိုးပြုတဲ့ အတွက် ယနေ့မှာ လက်ဖက်စိမ်း နဲ့ထုတ်တဲ့ အလှကုန်တွေ အမြောက် အမြား ကိုတွေ့ရ မှာပါ။ တရုတ်တွေက ရေနွေး ကြမ်းကို သောက်သုံးခြင်း က နုပျိုစေတယ်လို့ ယုံကြည် ကြပါတယ်။ သြစတြေးလျ က အမျိုးသမီး များကတော့ လက်ဖက်စိမ်း အဆီကို သူတို့ အသား အရေကို ထိန်းသိမ်းဖို့ သုံးစွဲကြ ရတာကို နှစ်ခြိုက် ကြပါတယ်။ တချို့ကတော့ ခေါင်းလျှော်ရည် ထဲ ထည့်သုံးကြပါတယ်။

အုန်းဆီ

အုန်းဆီ ရဲ့ အာနိသင် ဟာ ဆံကေသာ နဲ့ အသားအရေ အတွက် သိပ်ကို ကောင်းမွန် လှပါတယ်။ အိန္ဒိယက မိန်းကလေးတွေ ဟာ နက်မှောင် ထူထဲပြီး သန်စွမ်း တောက်ပြောင်တဲ့ ကေသာ အလှကို ပိုင်ဆိုင်ကြတာ အုန်းဆီကြောင့် ဖြစ်ပါတယ်။ အုန်းဆီသန့်ကို ဒီအတိုင်း လိမ်းလို့ ရသလို ပိုကောင်း တဲ့ နောက် တစ်နည်း ကတော့ ရေအနည်း ငယ်ထဲမှာ အုန်းဆီထည့် အပူပေးပြီးတော့ အဲဒီ ဆီကို ဆံနွယ် အရင်းကနေ အဖျားထိ လိမ်းပေးပါ။ လိမ်းပြီးရင် ဦးရေပြား ကိုနှိပ်နယ်ပေးပါ။ တစ်ညတာ ထားပြီး ခေါင်းလျှော် ။ရေဆေးပစ်ပါ။ တစ်ပတ် တစ်ခါ ပုံမှန်လုပ်ရင် ပါးနေတဲ့ ဆံပင်တွေ သန်လာပါလိမ့်မယ်။
နေပူတွေထဲ သွားရမယ် ဆိုရင်တော့ နေလောင်ခံတဲ့ Lotion တွေလူးပြီး ကာကွယ်ရမှာပါ။ ဒါပေမဲ့ မိမိ အသားအရေက အလှကုန် အများစုနဲ့ မတည့်တတ်ဘူး ဆို ရင်ကော။ လွယ်ပါတယ်။ ရှားစောင်း လက်ပပ် အရွက် တစ်ခုကိုယူပြီး အခွံခွာ ရေဆေးပြီး ခပ်ပါးပါး လှီးလိုက်ပါ။ ပြီးရင် Blender ထဲကိုထည့်၊ အုန်းဆီ ၂ ဇွန်း၊ ၃ ဇွန်း ထည့်ပြီး မွှေပါ။ ပြီးရင် ပုလင်း တစ်လုံးထဲ ထည့်ပြီး ပိတ်ထားပါ။ နေပူ ဒဏ်ကြောင့် အသားအရေ မခြောက် သွားအောင် အစိုဓာတ်ကို သဘာဝ အတိုင်း ဖြည့် ဆည်းပေး မယ့် ခရင်မ် ဖြစ်သွားပါ ပြီ။

သံပရာသီး

သံပရာဟာ ယနေ့သဘာဝကို အခြေခံတဲ့ အလှကုန် အတော်များများမှာ ပါဝင်ပါတယ်။ မိမိ ကိုယ်တိုင် လည်း သံပရာသီး နဲ့ ကိုယ့် အလှအတွက် အသုံးပြုနိုင် တာတွေ ရှိပါတယ်။ အဲဒီထဲက တချို့ကတော့

တံတောင်နဲ့ဒူးတွေမည်းနေရင်

ရေမချိုးခင် နာရီဝက်အလိုမှာ ကလေးတွေ လိမ်းတဲ့ အဆီ Baby Oil တစ်ခုခုကို တစ်ဇွန်းစာ ယူပြီး သံပရာ ရည် တစ်ဇွန်း နဲ့ ရောပါ။ တံတောင်ဆစ် များကို ပွတ်ပါ။ ခေတ္တ ထားလိုက်ပါ။ ရေချိုးတဲ့ အခါ အဲဒီ တံတောင် နဲ့ ဒူးများကို ကြေးတွန်း ကျောက်ခဲလေး နဲ့ အသာ ပွတ်ပေး ပါ။ ရေချိုး ပြီးရင် Lotion လိမ်းပါ။ ချောမွေ့ပြီး ကွက်မည်း တာတွေ ပျောက်သွားပါ လိမ့်မယ်။

အသားအရေ မွဲခြောက် ကြမ်းတမ်းနေရင်

ဒိန်ချဉ် ၃ ဇွန်း နဲ့ သံပရာ တစ်ဇွန်းကို သမအောင် မွှေပြီး ခြေလက် များကို လိမ်းပေးပါ။ မိနစ် ၂ဝ ကြာရင် ရေဆေးပစ် လိုက်ပါ။ ပုံမှန် လုပ်ပေးရင် အသားအရေ စိုပြည် ဝင်းပ လာပါလိမ့်မယ်။

ဆား ဝက်ခြံတွေ ထွက်နေရင်

ထိပ်ဖူး မည်း မည်းလေး တွေ နဲ့ ဆား ဝက်ခြံတွေက သိပ် ရုပ်ဆိုး စေပါတယ်။ မျက်နှာကို သစ်၊ ရေခြောက်အောင် သုတ်ပြီး အဝတ် သန့်သန့် တစ်ခု နဲ့ နှာခေါင်း တစ်ဝိုက်က ဆားဝက်ခြံ အရင့်တွေ ကို ညှစ်ထုတ်ပါ။ ပြီးရင် သံပရာခြမ်း တစ်ခြမ်းကို ယူပြီး ပျားရည် အနည်းငယ် အစက်ချ လိုက်ပါ။ အဲဒါ နဲ့ နှာခေါင်း နဲ့ ဆားဝက်ခြံ ရှိတဲ့ နေရာတွေကို ပွတ်ပေးပါ။ တစ်ပတ် ဆက်တိုက် ပြုလုပ်ပေးပါ။ ဒုတိယ ရက်က စပြီး ဆားဝက်ခြံတွေ ညှစ်ထုတ်တာ မလုပ်ဘဲ သံပရာသီး နဲ့ ပျားရည် ကို သာ ပွတ်ပေးရုံ ဖြစ်ပါ တယ်။ တဖြည်းဖြည်း နဲ့ သိသာ ပျောက်ကင်းသွား တာ တွေ့ရမှာပါ။

ကြက်ဥ

ကြက်ဥ ကို သုံးနိုင်တဲ့ နည်းတွေက အများကြီးပါ။ ဒီတစ်ခါတော့ ဗောက် အတွက် သုံးကြည့် ရအောင်ပါ။ ဆံပင်မှာ ဗောက်တွေ သိပ်များပြီး ဗောက်ပျောက် ခေါင်းလျှော် ရည် နဲ့ လည်း မထူးဘူး ဆိုရင်တော့ အချိန်ရတဲ့ တစ်ရက်မှာ ကြက်ဥ တစ်လုံးကို ခွဲ အနှစ်ကို ယူပြီး သံလွင်ဆီနဲ့ ထည့်ကာ သမအောင် မွှေပါ။ ပြီးရင် ခေါင်းကို မိမိ နှစ်သက်ရာ ခေါင်းလျှော်ရည် နဲ့ သန့်အောင် လျှော်ပစ်ပါ။ ရေမခြောက်ခင်မှာ ကြက်ဥ နဲ့ သံလွင်ဆီ ကို ဆံပင် အရင်း ကနေ အဖျားထိ လူးပါ။ ၁၅ မိနစ်နေ ရင် ခေါင်းပြန်လျှော်လိုက်ပါ။

မာဦး
photo copy from google search
credit to >>ရတီမဂ္ဂဇင်း
source >>>http://natureenergycares.blogspot.com/2014/01/blog-post_1939.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။