We Love Music
"အရင်က ငါသီချင်းတွေဆိုပြီး ပိုက်ဆံတွေရမယ်လို့ တစ်ခါမှမတွေးခဲ့မိဘူး။ ကျွန်တော်စိတ်ကူးယဉ်တာက တစ်မျိုး ။ Karate-Do တစ်ခုဖွင့်ချင်တာ၊ ဆရာဂျင်မီရဲ့ ဂျူကာဒိုကိုရောက်တော့ ကျွန်တော်က ၁၆နှစ်၊ ၃နှစ်လောက်သင်တယ်။ ကျွန်တော်က မကောင်းဘူး။ ကိုယ်က ဆော်ရရင် ကျေနပ်နေတယ်၊ ကိုယ့်ကိုဆော်သွားပြီဆိုရင် စိတ်က ထိန်းမရချင်တော့ဘူး။ အဲဒီပညာက စိတ်ဓါတ်ရေးရာနဲ့ အများကြီးဆိုင်တယ်။
များများသည်းခံရင် များများတိုးတက်မှာပဲ။ Karate မှာ မကျွမ်းကျင်ခဲ့ပေမယ့် အခက်အခဲတွေကို ရင်ဆိုင်ချင်တဲ့ စိတ်တော့ရခဲ့ပါတယ်။ ပထမနှစ်ရောက်တော့ Boxing Training ၀င်ပြီး စင်ပေါ်တက်ထိုးတယ်။ ကျွန်တော် မနိုင်ခဲ့ဘူး။ ကိုယ့်ကိုထိရင် ဟန်မပျက်နေနိုင်တဲ့ အကျင့်တစ်ခုပဲ အမြတ်ထွက်တယ်။ အဲဒီကိစ္စကို အိမ်ကလည်း သဘောမတူဘူးလေ။ မိဘတွေက ဂီတနဲ့ပဲ သဘောတူခဲ့တယ် ဆိုပါစို့။ အခုလည်း ကြိုးဝိုင်းတစ်ခုထဲ ရောက်နေပြန်ပြီ။ အချိန်အကန့်အသတ်မရှိ၊ ဒိုင်လူကြီးလည်း မပါဘူး။ သည်ပွဲကတော့ ကျွန်တော် ရှုံးလို့မဖြစ်ဘူး။"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။