Golden Land Myanmar
အကယ် ဒမီ ရခြင်း၊ မရ ခြင်းက အနုပညာ ဖန်တီး မှုအပေါ် သက်ရောက်မှု မရှိဟု နေတိုးပြော
အနုပညာ လောကထဲ မှာ အောင်မြင်မှု တစ်ခု ရအောင် ကူညီ ပံ့ပိုးပေးတဲ့ ကျေးဇူး တွေက အဖေ နဲ့ အမေရယ်၊ ဂျော်လီဆွေ နဲ့ သားများ ဖြစ်ကြောင်း လည်း ပြောပြခဲ့ဖူး သူ နေတိုးက အကယ်ဒမီ ဆုရှင် များကို မွေးထုတ် ပေးတဲ့ ဒါရိုက်တာ ဝိုင်းနဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးခဲ့ ပါတယ်။
အခုနှစ် အကယ်ဒမီ ဆုပေးပွဲမှာ ဒါရိုက်တာ ဝိုင်း အကယ်ဒမီ မရရှိ ခြင်းအပေါ် နေတိုး က “အကယ်ဒမီ ရခြင်း၊ မရခြင်းက ကျွန် တော်တို့ရဲ့ အနုပညာ ဖန်တီးမှုကို ဘာမှသက် ရောက်မှု မရှိပါ ဘူး။ အရှင်းဆုံး ပြောရရင် ကျွန်တော်တို့ အားလုံးက အနုပညာ တစ်ခုကို ဖန်တီး တဲ့အချိန်မှာ အကောင်း ဆုံး ဖြစ်အောင် ကြိုးစား ဖန်တီးကြတာပဲ။ အကယ်ဒမီ ဆိုတာ တစ်နှစ် တစ်ခါ ကျွန်တော် တို့ရဲ့ ကြိုးစား မှုကို အသိအမှတ် ပြုတဲ့ သဘောပါ။ အကယ်ဒမီ စည်းမျဉ်း စည်းကမ်းတွေ ဝင်နေတဲ့ ဇာတ်ကား တွေကတော့ အကယ်ဒမီ ရကြ တာပေါ့” လို့ ပြောပြ ခဲ့ပါတယ်။
ဆက်လက်ပြီး အနုပညာ သမား တစ်ယောက် အတွက် အကယ်ဒမီ ဆို တာ ပေးဆပ်မှု တစ်ခုကို အသိအ မှတ်ပြု ပေးတဲ့ အနု ပညာ မှတ်တိုင် တစ်ခု လို့ ပြောရင် ရပါ သလား လို့ မေးကြည့်တော့ “အနုပညာ သမားတွေရဲ့ ပေးဆပ်မှု ကတော့ ဒီအကယ် ဒမီဆု ကိုရဖို့ မျှော်မှန်း ပြီးတော့ လုပ်တဲ့လူ ရှားကြတယ် လို့ မြင်ပါတယ်” လို့ ပြောပြ ခဲ့ပါ တယ်။
အဲဒီနောက် မှာတော့ ခုဒါရိုက် တာဝိုင်း နဲ့ ရိုက်ကူး ခဲ့တဲ့ ဇာတ်ကား ကြီးမှာ ကိုနေ တိုးကို ပရိသတ် တွေက ဘယ်လို ဇာတ်ရုပ်မျိုး မြင် တွေ့ရမှာလဲ လို့ မေး ကြည့်တော့ “ကျွန်တော် သိပ်ခန့် မှန်းရ ခက်တဲ့ ကောင်မလေး တစ်ယောက်ကို ချစ်မိတဲ့ အခါမှာ သူ့အတွက်ဆို ဘာမဆို လိုက် လုပ်ပေးတဲ့လူ တစ်ယောက် အဖြစ် ဒီဇာတ်ကား မှာ ပရိသတ်တွေ မြင်ရ မှာပါ” လို့ ကိုနေတိုးက ပြောပြခဲ့ ပါ တယ်။
Popular News
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။