ခရိုနီစီးပွားရေးနှင့်လူနေမှုဘဝ
--------------------------------
မြန်မာ့လူမှုနိုင်ငံရေးဓလေ့ မြန်မာတို့၏စိတ်အခံအရ အကွဲအပြဲအားသန်ပါတယ်။ ကွဲတတ်ပါတယ်။ ကွဲလေ့ရှိပါတယ်။ဒါ့ကြောင့် ‘ဘုံတူညီချက်’ (Common ground) ဆိုတာ ရှာဖို့ခက်လိမ့်မည်ထင်ပါတယ်။သို့ကြောင့် ဖက်ဆစ်တော်လှန်ရေးအကြိုကာလကစတင်ခဲ့သော၊ လွတ်လပ်ရေးကြိုးပမ်းမှု ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တပ်ပေါင်းစုနိုင်ငံရေးလမ်းကြောင်းကို အတုယူရမည်ဟု သဘောရပါတယ်။ ဗိုလ်ချုပ်ဦးဆောင်မှုဖြင့်၊ လက်ဝဲညီညွတ်ရေးအခြေခံဖြင့် လွတ်လပ်ရေးအရယူပေးခဲ့သလို၊ ယနေ့ခေတ်တွင်လည်း ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးကို အခြေခံကာ၊ ဒီမိုကရေစီအရယူစေခြင်ပါတယ်။ ‘လက်တွဲနိုင်သမျှ အင်အားစုအားလုံးနှင့် လက်တွဲမည်’ ဆိုသော ဗိုလ်ချုပ် လမ်းစဉ် သို့မဟုတ် တပ်ပေါင်းစုလမ်းကြောင်းနှင့် မှဖြစ်လိမ့်မည်ဟု တင်မြင်မိပါတယ်။ တပ်ပေါင်းစုနိုင်ငံရေး စိတ်ဓာတ်မပျောက်မှသာ၊ မြန်မာ့ဒီမိုကရေစီ ဝင်္ကပါလမ်းမှ ဖောက်ထွက်နိုင်လိမ့်မည် ထင်ပါတယ်။
နှစ်ပေါင်းများစွာ တိုင်းပြည်မှာ နေစရာမရှိအောင် ဒုက္ခပေးပြီး အခုအချိန်ထိလည်း တာဝန်မဲ့၊ သူရဲဘောကြောင်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွတ် အစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်မယူမှုတွေကြောင့် လယ်သမားတွေမှာ လယ်ယာမြေပျက်ဆီးဆုံးရှုံးတဲ့ဒါဏ် အလုပ်လက်မဲ့ ဒါဏ်တွေကို ခံနေရပါတယ်။ ကိုယ်ပိုင်တဲ့လယ်တွေကို အသိမ်းခံရတာ၊ ကိုယ်နေထိုင်တဲ့ရွာကို မတရားရွှေ့ပြောင်းခံရတာ၊ မတရား ဖမ်းဆီးထောင်ချခံရတာတွေကို ဘယ်လောက် ခံပြင်းရပြီး စိတ်ဒဏ်ရာ ဘယ်လောက်ရတယ်ဆိုတာ နားလည်ကြမှာပါ။ လူအများစုမှာ စီးပွားရေး မပြေလည် ကျပ်တည်းသည့် ဒါဏ်ကို လူးလှိမ့်ခံနေကြရပါ တယ်။ ၀င်ငွေနှင့် ထွက်ငွေ မလုံလောက်ကြဘူး၊ လုပ်ပိုင်ခွင့်ရယ်၊ ငွေကြေးရယ်၊ အခွန် အမိန့် ကြော်ငြာစာလေးတစ်ခုရယ်နဲ့ ဆင်းရဲ၊ ချမ်းသာ ကွာဟကုန်တာပါ။ခရိုနီ စီးပွားရေးစနစ်က မြန်မာနိုင်ငံလူ့အဖွဲ့အစည်းရဲ့ လူမှုဘဝ(စီးပွားရေးဘဝ၊ နိုင်ငံရေးဘဝ၊ လူမှုရေးဘဝ) တွေထဲအထိ နက်နက် ရှိုင်းရှိုင်းခြေကုပ်ယူ ကြီးထွားနေပြီး မြန်မာနိုင်ငံလူ့အဖွဲ့စည်းရဲ့ ရိုးတွင်းချဉ်ဆီထဲအထိ ထိုးဖောက်အမြစ်တွယ်ထားပြီးဖြစ် နေပါပြီ။ဒီစီးပွားရေး စနစ်ကြောင့် ဘဲ ရှိနေပြီးလူမှုပဋိပက္ခ၊ မရှိသေးတဲ့ လူမှုပဋိက္ခတွေ လူအဖွဲ့အစည်းအတွင်းမှာ အဆက်မပြတ်ဖြစ်ပေါ်တိုးပွား လျှက်ရှိနေတာဘဲ ဖြစ်ပါတယ်။
ယနေ့မြန်မာနိုင်ငံလူ့အဖွဲ့အစည်းဟာ အရင်းရှင်ကုန်ထုတ်လုပ်ရေးစနစ် က အဓိကလွှမ်းမိုး ထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဓနရှင်လူတန်းစားတွေဟာ အနောက်နိုင်ငံများလို မြေရှင်ပဒေသရာဇ်စနစ် အတွင်းမှာ သန္ဓေတည်ကြီးထွားခဲ့ရတာမျိုးမဟုတ်ဘဲ လွတ်လပ်ရေးမတိုင်မီကထဲက နယ်ချဲ့အရင်းရှင်စနစ်ရဲ့ လိုအပ်ချက်အရ ပေါ်ထွက်လာရ တဲ့ လူတန်းစားတရပ်ဖြစ်ပါတယ်။ အဲဒီမှာ နယ်ချဲ့ရဲ့ လက်ဝါးကြီးအုပ်အရင်းရှင်လူတန်းစား ဆိုတာကတော့ နိုင်ငံရေးအာဏာကို အသုံးချပြီး တိုင်းပြည်ရဲ့ သယံဇာတပစ္စည်း တွေကို ထင်သလိုထုတ်ယူခွင့်၊ သုံးစွဲခွင့် ရရှိပြီး စီးပွားရေးလုပ်ငန်းများကို နိုင်ငံရေးအာဏာဖြင့် အပြည့်အဝ စောင့်ရှောက်ကာကွယ်ပေးထား ခြင်းခံရတဲ့ နယ်ချဲ့အရင်းရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အတိုင်းအတာအရ အဆမတန်ကြီးမားဖွံ့ဖြိုး စေတဲ့ လူတန်းစားပဲဖြစ်ပါတယ်။
ကိုလိုနီတိုင်းပြည်အဆင့်ကနေပြီး လွတ်လပ်တဲ့တိုင်းပြည်ဖြစ်လာတဲ့ ဗမာနိုင်ငံအခြေအနေဟာ နိုင်ငံရေးအရ လွတ်လပ်မှုရှိ လာပါသော်လည်း စီးပွားရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေးနဲ့စစ်ဘက်ရေးရာတွေမှာ အနှောင်အဖွဲ့တွေရှိနေခဲ့ပါတယ်။အဲဒါကြောင့် နယ်ချဲ့လက်ဝါးကြီးအုပ်အရင်းရှင်များရဲ့ စီးပွားရေးလုပ်ငန်းများကို ဆက်လက်ခွင့်ပြုထား ခဲ့ကြရပါတယ်။ သို့သော်လည်း အုပ်စိုးသူအပြောင်းအလဲဖြစ်လာတယ်။ နယ်ချဲ့အုပ်စိုးသူအစား တိုင်းရင်းသား အုပ်စိုးသူတွေက အစားထိုးဝင်ရောက်လာတယ်။ စီးပွားရေးလုပ်ငန်းများတွင် ဗြိတိသျှလက်ဝါးကြီးအုပ် အရင်းရှင်များက ချုပ်ကိုင်ခွင့်မရတော့ပါဘူး။နယ်ချဲ့ရဲ့စီးပွားရေးလုပ်ငန်းများနေရာမှာ တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များက အစားထိုး ဝင်ရောက်လုပ်ကိုင်ဖို့ အခြေအနေသစ်ဖြစ်ပေါ်လာပေမဲ့ အဲဒီ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက ချုပ်ကိုင်၊ ဆောင်ရွက်မလဲဆိုတဲ့ ပြဿနာ ပါရှိလာခဲ့ပါတယ်။
နောက်တစ်မျိုးက လက်ဝေခံဓနရှင်လူတန်းစား သူတို့က ကိုလိုနီခေတ်ဦးမှာ တရုတ်လူမျိုးနှင့် ကုလားလူမျိုးများ ကို ခေါ်သွင်းပြီး ရောင်းဝယ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံကြွယ်ဝပြီး ကျွမ်းကျင်တဲ့ အတွက် ဗြိတိသျှအရင်းရှင်ကြီးများ မလုပ်နိုင် သော၊ မလုပ်ချင်သော ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသေးစားစက်မှုလုပ်ငန်းအချို့ကို လုပ်ကိုင်စေပြီး နယ်ချဲ့ရဲ့ဒေါက်တိုင်တွေဖြစ်လာ စေဖို့ ဒီလိုလုပ်ကိုင်ဆောင်ရွက်သူတွေကို လက်ဝေခံဓနရှင် လူတန်းစားလို့ ခေါ်ပါတယ်။
လက်ဝေခံဓနရှင်လူတန်းစားကိုလည်း အာဏာပိုင်တွေက ယုံကြည်မှု အပြည့်အဝမရှိဘူး။ နိုင်ငံရေးအခြေအနေ အပြောင်းအလဲအောက်မှာ အာဏာရအစိုးရဟာ ကိုလိုနီအစိုးရက ချန်ထားရစ်တဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လုပ်ကိုင်ခွင့် လိုင်စင်ကို အစိုးရရဲ့ အခွင့်အာဏာကပဲ ပေးစွမ်းနိုင်တယ်၊ ဆုံးဖြတ်နိုင်တယ်။ အဲဒီမှာတင်ဘဲ အာဏာပိုင်တွေရဲ့ ယုံကြည် စိတ်ချရသူ (ဆွေမျိုးတော်စပ်သူ၊ နိုင်ငံရေးအရ ယုံကြည်စိတ်ချရသူ) များကိုသာ ဦးစားပေးခွင့်ပြုပေးခဲ့ကြတယ်။ အဲဒီလိုနဲ့ မကြာခင်မှာပဲ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူတွေဟာ ထူးကဲတဲ့ အကျိုးအမြတ်တွေ ရရှိလာခဲ့ကြတယ်။ ယခင် လက်ဝေခံဓနရှင်များလို လုပ်ငန်း အကျိုးအမြတ်အဖြစ် စားကြွင်း စားကျန်လောက်ပဲရတာ မဟုတ်ဘဲ အသားရော၊ အဆီပါရရှိလာကြတယ်။ အဲဒီမှာတင်ပဲ အာဏာရလူတန်းစားက လွတ်လပ်ရေးရပြီးနောက် ဓနရှင်လူတန်းစားအမျိုးစားသစ်တမျိုးကို ဖန်တီးလိုက် နှိုင်ခဲ့ပါတယ်။ ဒီလို လူတန်းစားမွေးမြူနည်းကတော့ နိုင်ငံရေးအာဏာဖြင့် မွေးမြူပြီး၊ နိုင်ငံရေးအာဏာကို ခိုင်မြဲစေဖို့ အင်္ဂလိပ်ဆီက ရလိုက်တဲ့ အမွေတွေထဲက တခုပါပဲ။
ခရိုနီစီးပွါးရေး ဒေါက်တိုင်တွေ ကြောင့်စစ်အာဏာရှင်စနစ်ဟာ ပိုပြီးသက်ဆိုးရှည်စေခဲ့တာပါ၊ မိမိကိုယ်ကျိုးစီးပွားအတွက် လူထုကို လုံးဝသစ္စာဖေါက်ခဲ့တာပါ၊၊ အုပ်စိုးသူအာဏာရှင်တွေ သဘောတူညီမူနဲ့ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး အကြိုကာလတွေမှာ ရှောင်လွဲလို့မရ ထိတွေ့ဆက်ဆံရမဲ့ သူတွေကတော့ ဒီကနေ့ ရေပန်းစားနေတဲ့ ခေတ်ပျက်သူဌေး ဒါမှမဟုတ် ခရိုနီလုပ်ငန်းရှင်ကြီး တွေပဲ ဖြစ်ပါတယ်။ခရိုနီစီးပွားရေးစနစ်ကို ပစ်ပယ်ပါမယ်လို့ သမ္မတက ဘယ်လိုပဲပြောပြော တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဟာ လူဦးရေသောင်းဂဏန်း လောက်ပဲရှိတဲ့ မိသားစုတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီ ဘယ်လောက်ပဲဆိုဆို တိုင်းပြည်ရဲ့ လူလတ်တန်းစား တွေ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတ၀ါးပါပဲ။
မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့် မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ စိတ်ကြိုက် ၀င်ကစားသွားခဲ့ပါတယ်။ ဒီအစိုးရတက်ခါစမှာ အရှုံးပေါ်တဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ကို လွှဲပါတယ်။ ဒီတစ်ခါ ရောင်းတဲ့အစား ငှားပါတယ်။ ငှားတာကလည်း နှစ်တွေ အရှည်ကြီးပါပဲ။ရသွားတဲ့ နေရာကောင်း အတော်များများတွေက ခရိုနီတွေနဲ့ တာဝန်ရှိသူတွေရဲ့ သားသမီးဆွေမျိုး ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းပဲ မဟုတ်လား။ အရင် အစိုးရလက်ထက်မှာမကဘဲ အခု အစိုးရလက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ခရိုနီတွေနဲ့ တာဝန်ရှိသူအချို့ရဲ့ မိသားစုဝင်တွေ၊ မြေဈေးကစားသူတွေ လက်ထဲကို တရားဝင် ရောက်ရှိသွားခဲ့ပါတယ်။
ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့ ဒေါ်လာဈေး အပြောင်းအလဲများမှာလည်းအိမ်ခြံမြေ လုပ်ငန်းများမှ တစ်ဆင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍၀င်ရောက်လာခဲ့သည့် အပေါ်တွင် သက်ရောက်မှုရှိနေပါတယ် အိမ်ခြံမြေ အခွန်စနစ်သစ်မတိုင်မီက အမည်ပေါက်ပြုလုပ်ရာမှာ ဝင်ငွေခွန်ဆောင်ရာ၌ တရားဝင်ငွေကြေး ကိုဖေါ်ပြရပါတယ် အိမ်ခြံမြေအခွန် စနစ်သစ်စတင်ပြီးနောက်မှာ အခွန်နှုံးထား၁၅%. ပေးဆောင်ရင် ဝင်ငွေရလမ်း ဖေါ်ပြဘို့မလိုဘူးလေ အဲဒီအားသာချက်ကိုနင်းပြီး ပြည်ပတရုပ်တွေက အခွင့်ကောင်းယူပြီး နိုင်ငံသားတစ်ဦးချင်းဆီကို တဆင့်ခံပြီး ဝယ်ယူလာကြတာပါဘဲ။
အိမ်ခြံမြေဈေးကွက် ဈေးကစားမှုတွေကြောင့် ငွေကြေး ဈေးကွက်မှာ အပြောင်းအလဲ တွေဖြစ်ပေါ်လာပါတယ် အဲဒီလိုမျိုး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ထုတ်လုပ်သူ တောင်သူများအပေါ်သို့ ထိခိုက်လာပါတယ် မြန်မာ့လူဦးရေ၏ ၆၇ရာခိုင်နှုန်းမှာ တောင်သူများဖြစ်တဲ့အတွက် တကယ်တမ်းနစ်နာရတာ တောင်သူလယ်သမားတွေပါဘဲ မြေဈေးကစားမှုတွေကြောင့် ပြည်ပရင်းနှီးမြုတ်နှံသူတွေဆီကနေ တရားမဝင် ဒေါ်လာငွေ အလုံးအရင်းနှင့် ဝင်လာမှုတွေကြောင့် ငွေဈေးကွက်မှာ ဒေါ်လာဈေးကျကုန်ပါတယ်။ အိမ်ခြံမြေ လုပ်ငန်းများမှ တစ်ဆင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍ ၀င်ရောက်လာခဲ့သည့် အပေါ်တွင် သက်ရောက်မှု ရှိနေပါတယ်။ဒေါ်လာဈေးကျတယ်ဆိုရင် ပြည်တွင်းမှာတင် မဟုတ်ဘူး ပြည်ပမှာလည်းကျရပါတယ်။ ဒေါ်လာဈေးတွေကျနေပြီဆိုရင် အပြင်မှာ ကျလို့ကျတာလား၊ ဘာကြောင့် ကျတာလဲဒေါ်လာဈေးက တစ်ကမ္ဘာလုံး လိုက်ကျလို့ကျတာ လား.... ပြည်တွင်းမှာ ဒေါ်လာငွေ အ၀င်များရင် …ရောင်းလိုအားများပြီး ၀ယ်လိုအား နည်းနေရင် ဒီပြဿနာရှိပါတယ် ဒါပေမဲ့.. အိမ်ခြံမြေလုပ်ငန်းများမှတစ်ဆင့် အမေရိကန် ဒေါ်လာသန်းနှင့်ချီ၍ ၀င်ရောက်လာတဲ့ အတွက်.. ပြည်တွင်းမှာသာ.. ဒေါ်လာဈေးကျလာတာဖြစ်တဲ့အတွက် ပို့ကုန်လုပ်ငန်းများနှင့် အတူ၎င်းနှင့်ဆက်စပ်နေသော ထုတ်လုပ်မှုလုပ်ငန်းများထိခိုက်လာပါ တယ။် အမေရိကန်ဒေါ်လာငွေ တန်ဖိုးကျဆင်းပါက လုပ်ငန်းများထိခိုက်မှု ဖြစ်ပေါ်စေပါတယ်။ ပို့ကုန်ဈေးကွက်မှာ ငွေပြန်ဖော်ရာတွင် မူလရရှိနေသည့် ပမာဏနှင့် များစွာ ကွာဟနေသောကြောင့် ၀င်ငွေလည်း လိုက်ပါကျဆင်းနေကာ ပို့ကုန်လုပ်ငန်းတွေ လည်ပတ်ဖို့ မလွယ်ပါဘူး လုပ်ငန်းရှင်လက်မှာ လည်းငွေမရှိ ပို့ကုန်ကလည်း ကျဖြစ်နေတဲ့အခါ အလုပ်သမားတွေ တောင်သူတွေ ထိပါတယ် ပဲဈေး ကျနေပြီ မတ်ပဲနဲ့ ပဲစင်းငုံ။ ဆန်ဈေးတက်မလာဘူး…. စပါးဈေးကတော့ အနိမ့်ဈေးမှာပဲ သွားနေတုန်းပဲ…ဆိုရင်… ပို့ကုန်လုပ်ငန်းရှင်ကလည်း….. သူရှင်သန်နိုင်တဲ့အတိုင်း အတာထိပဲ….တောင်သူတွေဆီက…ပေးဝယ်နိုင်မှာပေါ့…. ဒါကြောင့်တောင်သူတွေ……ရတဲ့ဈေးကကျတယ်၊ တောင်သူတွေဝယ်သုံးရတဲ့…. သွင်းအားစုဖြစ်တဲ့…ဓာတ်မြေသြဇာဈေးကျလား၊ တခြားပစ္စည်းဈေးတွေကျလား ဆိုတော့ မကျဘူး…တောင်သူတွေဟာ ရာသီဥတုကြောင့် တစ်မျိုး….ငွေဈေးကြောင့် တစ်မျိုး …တိုက်ရိုက်ကိုထိခိုက် ခံနေကြရပါတယ်….။
ကုန်ဈေးနှုန်း..ကရောကျပါသလား…မကျပါဘူး….ဒီကုန်ဈေးနှုန်းနဲ့ ဘယ်လိုစားသောက်အသက်ရှင်နေထိုင်ကြရမှာလဲ လူတွေက အခုထိလည်းကာလတိုဈေးကွက်ထဲက ရုန်းမထွက်နိုင် ကြဘူး….မတရား အခွင့်အရေးရနေတဲ့သူတွေက ခေတ်နောက် ပြန်ဆွဲနေတယ်… ဒါ့ကြောင့်… ပို့ကုန်ကိုထိခိုက်သလို သူနဲ့ဆက်စပ်တဲ့ ထုတ်လုပ်မှု… လုပ်ငန်းထိပါတယ်…..။ ဥပမာ ပဲ ၊ဆန်၊ ထုတ်လုပ်မှုပိုင်းတွေ မှာ တောင်သူဆီကိုသွားပြီးဒီအကျိုးဆက်က ရောက်သွားမယ်။ တောင်သူမှာ အရင်းအနှီး မရှိရင် ထုတ်လုပ်မှုကိုထိခိုက်ပြီး စားသုံးမှုကို ထိခိုက်မှာပါ။ အလုပ်ရှင် တော်တော်များများ ဟာ…..သူတို့အတွက်ကိုက်အောင် ကုန်ကျစရိတ်ကို လျှော့ကြရတယ် လျှော့တဲ့နေရာမှာ .တခြားလျှော့လို့မရတော့ လုပ်အားခမှာပဲ လျှော့ကြရတယ်။ နောက်ပြီး အထည်ချုပ်လို ဟာမျိုးတွေ၊စက်ရုံတွေမှာဆိုရင် အလုပ်သမား တွေ ရှိတယ်။ သူတို့အထိနာမယ်။ လုပ်ခ မြှင့်ဖို့တောင်းတဲ့… အလုပ်သမားတွေ တောင်းဆိုသလောက် အလုပ်ရှင်တွေ မပေးနိုင်သေးပါဘူး… ပွင့်လင်းမြင်သာတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးဖို့…လိုပါလိမ့်မယ်။ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ လုပ်ဆောင်နေတဲ့ အထဲမှာ ကုန်သွယ်မှု မူဝါဒတစ်ခုတည်း ပြောင်းလဲလို့မရဘူး။ ငွေကြေးစနစ်၊ ငွေကြေးမူဝါဒပါပြောင်းလဲမှရမှာပါ…ဘယ်ကရလာတဲ့ငွေနဲ့ဘယ်သူရင်းနှီးမြှုပ်နှံတာလဲဆိုတဲ့ဇစ်မြစ်ကိုအရင်..သိအောင်လုပ်ရမှာပါ..ဒါတွေက၀င်ငွေရလမ်းဖော်ပြပြီးသားငွေ တွေလား၊ပြည်ပလုပ်ငန်းရှင်တွေကအမည်ခံပြီးဆွဲတာလား၊ ဘယ်သူမှ လည်း မသိဘူး။
နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး ဆယ်သက်စားမကုန်တဲ့ ချမ်းသာပြီးသား …..လုပ်ငန်းရှင်ကြီးတွေထက် လုပ်ငန်းရှင်ငယ်လေးတွေကို ဦးစားပေးပြီးလက်တွဲဆောင်ရွက်ဖို့ …..ဒေါ်အောင်ဆန်းစုကြည်က….တလျှောက်လုံးသတိပေးခဲ့ပါတယ်….။ ဒါပေမဲ့ အာဏာအလွဲသုံးသူတွေကတော့ မရှက်မကြောက်ချီတက်ဆဲပါပဲ…..လုပ်ငန်းငယ်လေးတွေ…အခွန်ကင်းလွတ်ဘို့….မည်သို့ပင်ပြောနေကြပါသော်လည်း တကယ့်လက်တွေ့မှာ ယခင်ကထက်ပင် အခွန်ပိုပြီး တိုးလို့ကောက်ယူနေတာတွေတွေ့ရပါတယ်….လူလတ်တန်းစားတွေ ထိခိုက်ရင်… ဆင်းရဲတဲ့လူအများစုတွေ ထိခိုက်ပါတယ်…ဆင်းရဲမွဲတေမှုက အရင်းအမြစ် အကျဆုံးပြဿနာပါ… လူတန်းစားမညီမျှမှု…. အခွင့်အရေး မညီမျှမှုကနေ…. နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ စီးပွားရေး မတည်ငြိမ်မှုတွေ….. လူမှုရေး ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်….
နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားကြီးအတွင်း၌ ဆောင်ရွက်နေကြသော ပျက်စီးမှု အဝဝတို့၌ အသားကျနေကြသော ခေါင်ထက်၌ အတွင်းတွင် ပေါက်ထွက်နေသော အရိုးစွဲအောင် ကျင့်သားရနေကြတဲ့ လူလူချင်း ခေါင်းပုံဖြတ် မတရားအမြတ်ရှာတဲ့ စီးပွားရေး စနစ်ဆိုး နိုင်ငံတော်စီးပွားရေးမှန်သမျှ လက်ဝါးကြီးအုပ်ထားတဲ့ စနစ် ကို ဖျက်ပြီး ပြည်သူ့စီးပွားရေးစနစ် ဖြင့် အစားထိုးရပါမယ်။ အဲဒီလို ပြည်သူ့ စီးပွားရေး စနစ်ကို အစားထိုးရာတွင်လည်း အုပ်ချုပ်သူလူတန်းစားများနှင့် အာဏာရ အသိုင်းအဝန်း လက်ဝါးကြီးအုပ် စီးပွားရေးဦးပိုင်စနစ် နှင့် တိုင်းသူပြည်သားတို့ရဲ့ အတွေးအခေါ် ပိုင်းဆိုင်ရာကို အမြစ်ကလှန်ပြီး ပြောင်းလဲဘို့လိုပါတယ်။
ဇော်ဝမ်းမောင်….။
--------------------------
မြန်မာ့လူမှုနိုင်ငံရေးဓလေ့ မြန်မာတို့၏စိတ်အခံအရ အကွဲအပြဲအားသန်ပါတယ်။ ကွဲတတ်ပါတယ်။ ကွဲလေ့ရှိပါတယ်။ဒါ့ကြောင့်
နှစ်ပေါင်းများစွာ တိုင်းပြည်မှာ နေစရာမရှိအောင် ဒုက္ခပေးပြီး အခုအချိန်ထိလည်း တာဝန်မဲ့၊ သူရဲဘောကြောင်တဲ့ စစ်ခေါင်းဆောင်တွေနဲ့ ကြံ့ဖွတ် အစိုးရ သမ္မတ ဦးသိန်းစိန်ရဲ့ တာဝန်မယူမှုတွေကြောင့် လယ်သမားတွေမှာ လယ်ယာမြေပျက်ဆီးဆုံးရှုံးတဲ့
ယနေ့မြန်မာနိုင်ငံလူ့အဖွဲ့အ
ကိုလိုနီတိုင်းပြည်အဆင့်ကနေ
နောက်တစ်မျိုးက လက်ဝေခံဓနရှင်လူတန်းစား သူတို့က ကိုလိုနီခေတ်ဦးမှာ တရုတ်လူမျိုးနှင့် ကုလားလူမျိုးများ ကို ခေါ်သွင်းပြီး ရောင်းဝယ်ရေးလုပ်ငန်းများတွ
လက်ဝေခံဓနရှင်လူတန်းစားကိုလ
ခရိုနီစီးပွါးရေး ဒေါက်တိုင်တွေ ကြောင့်စစ်အာဏာရှင်စနစ်ဟာ ပိုပြီးသက်ဆိုးရှည်စေခဲ့တာပ
မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှုကို ကာကွယ်တဲ့ ဥပဒေရှိပေမယ့် မူးယစ်ဆေးဝါးက တရားမ၀င်ရတဲ့ငွေ လာဘ်ပေးလာဘ်ယူမှုက တရားမ၀င်ရတဲ့ငွေတွေဟာ ဒီအမိန့်ကြော်ငြာစာကြောင့် တရားဝင်ငွေတွေဖြစ်ပြီး မူးယစ်ရာဇာတွေ စိတ်ကြိုက် ၀င်ကစားသွားခဲ့ပါတယ်။ ဒီအစိုးရတက်ခါစမှာ အရှုံးပေါ်တဲ့ ၀န်ကြီးဌာန လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ကို လွှဲပါတယ်။ ဒီတစ်ခါ ရောင်းတဲ့အစား ငှားပါတယ်။ ငှားတာကလည်း နှစ်တွေ အရှည်ကြီးပါပဲ။ရသွားတဲ့ နေရာကောင်း အတော်များများတွေက ခရိုနီတွေနဲ့ တာဝန်ရှိသူတွေရဲ့ သားသမီးဆွေမျိုး ပတ်သက်ရာ ပတ်သက်ကြောင်းတွေချည်းပဲ မဟုတ်လား။ အရင် အစိုးရလက်ထက်မှာမကဘဲ အခု အစိုးရလက်ထက်မှာပါ ရန်ကုန်၊ မန္တလေးက မြေတော်တော်များများဟာ ရင်းနှီးမြှုပ်နှံမှုကော်မရှ
ပြည်တွင်းမှာ လက်ရှိဖြစ်နေတဲ့ ဒေါ်လာဈေး အပြောင်းအလဲများမှာလည်းအိမ်
အိမ်ခြံမြေဈေးကွက် ဈေးကစားမှုတွေကြောင့် ငွေကြေး ဈေးကွက်မှာ အပြောင်းအလဲ တွေဖြစ်ပေါ်လာပါတယ် အဲဒီလိုမျိုး ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ထုတ်လုပ်သူ တောင်သူများအပေါ်သို့ ထိခိုက်လာပါတယ် မြန်မာ့လူဦးရေ၏ ၆၇ရာခိုင်နှုန်းမှာ တောင်သူများဖြစ်တဲ့အတွက် တကယ်တမ်းနစ်နာရတာ တောင်သူလယ်သမားတွေပါဘဲ မြေဈေးကစားမှုတွေကြောင့် ပြည်ပရင်းနှီးမြုတ်နှံသူတွေ
ကုန်ဈေးနှုန်း..ကရောကျပါသလ
နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံ
နိုင်ငံတော် အုပ်ချုပ်ရေး ယန္တယားကြီးအတွင်း၌ ဆောင်ရွက်နေကြသော ပျက်စီးမှု အဝဝတို့၌ အသားကျနေကြသော ခေါင်ထက်၌ အတွင်းတွင် ပေါက်ထွက်နေသော အရိုးစွဲအောင် ကျင့်သားရနေကြတဲ့ လူလူချင်း ခေါင်းပုံဖြတ် မတရားအမြတ်ရှာတဲ့ စီးပွားရေး စနစ်ဆိုး နိုင်ငံတော်စီးပွားရေးမှန်သ
ဇော်ဝမ်းမောင်….။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။