Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, January 20, 2014

ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုပါတယ်


Zaw Wonn Maung with Maha Mingyi and 19 others
ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုပါတယ်
-----------------------------------------------------
ကမ္ဘာမှာ ဘယ်နိုင်ငံ မှာ မဆို တပ်မတော် ဆိုတာ တခုတည်း ဘဲ ရှိသင့်ပါတယ်။ဒါပေမဲ့ တပ်မတော်ဟာပြည်ပရန် ကာကွယ်ရေးကိုသာ အဓိက ကာကွယ်တားဆီးသည့် တပ်မတော်ဖြစ်ရမည့်အစား ပြည်တွင်းစစ်များ ဆင်နွဲကာ တိုင်းရင်းသားပေါင်းစုံအပေါ် ဒုက္ခမျိုးစုံပေးနေခြင်းတို့ ဟာ တိုင်းပြည်ကို ယခင်ကကဲ့သို့  စစ်တပ်အာဏာဖြင့် အုပ်စိုးကာ ထင်ရာစိုင်းနေဆဲ ဖြစ်ကြောင်း သိသာပေါ်လွင်နေပါတယ်။ မြန်မာ နိုင်ငံပြည် တွင်း ငြိမ်းချမ်း ရေး အတွက် အဖြေရှာ ရန် ကြိုး ပမ်း ခြင်းဖြစ် ပါက လူမျိုးရေး၊ ဘာသာရေးကို အခြေခံထားတာမဟုတ်ဘဲ၊ ဒီမိုကရေစီရေး ကို တန်ဖိုးထားအခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့၊ ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတရပ် ပြည်သူကိုကာကွယ်မယ့် ပြည်သူ့တပ်မတော်ဆိုတာ ပြည်သူတရပ်လုံးကနေပြီး ဖွဲ့စည်းရမှာပါ။

ပြည် ထောင်စု တပ်မတော် ဖွဲ့စည်း ရေး အား တိုင်းရင်း သား များကအဘယ် ကြောင့် တောင်းဆို နေပါသလဲ။ တပ်မတော် ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်မတော်ရဲ့ ပဋိဉာဉ် ပျက်စီးသွားပြီ၊ ရပ်တည်ချက်မမှန်တော့ဘူး ဆိုရင် ပြည်သူတွေကို ကာကွယ်မယ့် ပြည်သူ့တပ်မတော်စစ်စစ် မရှိမချင်း လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တန်ဖိုးမထား တိုက်ခိုက်မှုတွေ ခံနေရဦးမှာပါပဲ။ဒီတပ်မတော်ဟာ အာဏာရှင်တပ်မတော် ဖြစ်နေသေးသရွေ့၊ ခရိုနီတပ်မတော်ဖြစ်နေသေးသရွေ့၊ ပြည်သူ့တပ်မတော်အစစ်တရပ် ပေါ်လာဖို့ လိုနေမှာပါပဲ။ ပြည်သူတွေဟာ ကိုယ်ကျိုးစီးပွားအတွက် သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေအတွက် ကာကွယ်ပိုင်ခွင့်ဟာ တရားဥပဒေနဲ့ အညီကို ရှိပါတယ်။ လူတိုင်းကိုယ့်အသက်အန္တရာယ်ကို ကာကွယ်ပိုင်ခွင့်ဟာ ဥပဒေတိုင်းမှာ ရှိပါတယ်။

ပြည် ထောင်စု တပ်မတော်ဖွဲ့စည်း ခွင့်ပြုသင့် သည်၊ မပြုသင့် သည် တို့ကို အခြေခံ လူထုကြီး တရပ် လုံးလိုက်ပါ စဉ်းစား ရမည့် အချိန်၊ သဘော ထား အမြင်များ ထုတ်ဖေါ် ရမည့်အချိန် ရောက်နေပါပြီ။ ပြည် ထောင်စု တပ်မတော်ဆိုသည်မှာ မြန်မာ့ တပ်မတော်တရပ် တည်းနှင့် သက်ဆိုင် သည့် ကိစ္စ မဟုတ်၊တိုင်းရင်း သားပေါင်း စုံ လူထု ကြီး တရပ်လုံး နှင့်ဆိုင် သည့်ကိစ္စဖြစ်နေပါတယ်။အကယ်၍ တပ်မတော် ကသာ နိုင်ငံရေး တွင်ဝင်ရောက် မစွက် ဘက်ဘဲ ပြည်သူ လူထု ကို ကာကွယ် သည့် တပ်သာ ဖြစ်ခဲ့ မည်ဆို ပါကပြည် ထောင်စု တပ်မတော် ဖွဲ့စည်း ရေးဟူ သည်မှာ ဆွေးနွေး ရန်ပင်လိုမည် မထင်ပါ။

မည်သည့်တိုင်းရင်းသားမျှလည်းလက်နက်ကိုင်တော်လှန်နေမည်မဟုတ်ပါ။တိုင်းရင်းသားတွေ၊ ပြည်သူတွေ လူတန်းစား မညီမျှမှု အဖိနှိပ် အချုပ်ချယ်ခံ အောက်မှာ နှစ်ပေါင်းကြာရှည်စွာနေ လာခဲ့ရပြီး အာဏာရှင်လူတစ်စုရဲ့ အမိမြေ၏ အမွေအနှစ်ဟူသမျှ၊ အဆီအနှစ်မှန်သမျှ ကို ဝါးမြိုခဲ့တာ ကြောင့် ကျွန်တော်တို့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ တပ်မတော်အကြား ချောက်ကမ်းပါးတစ်ခုလို ခြားစေ ခဲ့ခြင်း ဖြစ်ပါတယ်။ အပြောင်းအလဲကို လက်မခံလိုသူ၊ ခေတ်နောက်ပြန်ဆွဲလိုသူဆိုတာ ခေတ်တိုင်း ခေတ်တိုင်း၊ စနစ်တိုင်းမှာ ရှိကြတာပဲ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးကိုဖန်တီးနိုင်စွမ်းက အရေးပါပါတယ်။

တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့တဲ့ တပ်မတော်ဟာ လူထုအကျိုးပြု လူထုအစေခံ တပ်မတော်ဖြစ်ဖို့၊ တပ်မတော်ဟာ နိုင်ငံရေးမှာမပါဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ခံရသူတွေကဘဲ တိုင်းပြည်ကို အုပ်ချုပ် ဦးဆောင်ဖို့၊ တိုင်းရင်းသားနယ်မြေတွေရဲ့ ပြည်တွင်းရေးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးဖို့ စတဲ့ အခြေခံ မူသြဝါဒတွေကိုလည်း ဗိုလ်ချုပ်ကချမှတ် ထားခဲ့ပြီးဖြစ်ပါတယ်။ မှန်ကန်တဲ့ အခြေခံမူတွေအပေါ်မှာ ရိုးရိုးသားသား ရှင်းရှင်းလင်း လင်း မှန်မှန်ကန်ကန်မရပ်ဘဲ ပုဂ္ဂိုလ်ရေးတွေနဲ့ပဲ လိုက်စည်းရုံးရင် တိုင်းပြည်က ဘာမှဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်လိုနေတာက စစ်မှန်တဲ့အပြောင်းအလဲပါ။

မကြာ သေးမီ ကပင် RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ် ကြီး ယွက်စစ်က “အစိုးရ ရဲ့နိုင်ငံရေး ဆွေး နွေးပွဲ မူဘောင် ကို သဘော မတူဘူး။ ထာဝရငြိမ်း ချမ်း ရေးရဘို့လက်နက် စွန့်ရ မှာဖြစ် လို့ဘဲ”ဟု ပြောကြား ခဲ့ပါတယ်။တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့ အစည်း များက ၄င်းတို့ ၏ တပ်များ ပါပါဝင် ဖွဲ့စည်းစေ လျက် ပြည်ထောင် စုတပ် မတော် တည် ဆောက်ရေး တင်ပြ နေခြင်း သည်ပေါင်းစည်း ရေးကို တောင်း ဆိုနေခြင်း ဖြစ်ပါတယ်။ ကာချုပ် မင်းအောင် လှိုင်က ၂၀၁၃ ခုနှစ် ဒီဇင်္ဘာ လ(၁) ရက်နေ့ က “လက်ရှိ တပ်မတော် သည် တိုင်းရင်း သား လူမျိုး အားလုံး ပါဝင်ဖွဲ့ စည်းထား သော တပ်မတော်ဖြစ်သည်။” လို့ပြောဆိုလာတဲ့ အတွက် မေးချင်တာက လူများ စုကြီးမှာ မြန်မာ လူမျိုးများ ဖြစ်နေပါတယ်။မြန်မာ မဟုတ်သည့် အခြား တိုင်းရင်း သားဦး ရေ မည်မျှ ရှိသည် ကို ကာချုပ်ကစာရင်း ထုတ်ပြန် ပေး နိုင်ပါသလား??? လူမျိုး ကိုယ် စားပြုမှု ကောရှိပါသလား???? တိုင်း ရင်း သား များပါ ပါဝင်ဖွဲ့ စည်းထား သည် ဆိုရုံမျှ နှင့်ပြည် ထောင်စုတပ်မ တော်ဟု ခေါ်၍ မရနိုင်ပါ။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ အနုနည်း အကြမ်းနည်းသုံးဖို့တွက်ကိန်းချထားခဲ့ကြတယ်။ အကယ်၍ လက်နက်ကိုင် တိုင်းရင်းသား တွေက သဘောတူလက်ခံတာနဲ့၎င်းလက်နက်ကိုင်အဖွဲ့တွေကိုနအဖစစ်သားတွေနဲ့ရောမွှေဖို့။ ၄င်းအဖွဲ့ဝင်တွေခေါင်းဆောင် တွေကို အကြောင်းအမျိုးမျိုး ပြပြီးတချို့ကိုခွဲထုတ်၊ ဖဲ့ထုတ်၊ တချို့ကို ပြဿနာဖန်တီးပြီး ဖမ်းဆီးထိန်းသိမ်းစတဲ့နည်းနဲ့ ၀ါးစည်းပြေသလိုလုပ်ဖို့ အဲလိုလုပ်ပြီးမှ သူတို့ထွင်ထားတဲ့ပုံစံနဲ့ ရွေးကောက်ပွဲကို ကလိမ်ကကျစ်နည်းနဲ့ ကျင်းပဖို့ပြည်သူ့ထောက်ခံမဲ၉၀/၉၅-ရာခိုင်နှုန်း ရတယ်လို့ လိမ်ညာကြေညာပြီး အစိုးရသစ်ဖွဲ့ဖို့၊ ကမ္ဘာ့ဘဏ်၊အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့နဲ့ အခြားနိုင်ငံတွေဆီကငွေတောင်းဖို့၊ ရတဲ့ငွေတွေထဲက အချို့ကို ရာထူးကြီးငယ်အလိုက် ဝေစုခွဲယူပြီးနိုင်ငံခြားဘဏ်တွေမှာ အပ်ဖို့၊ စတဲ့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့ အစောကြီး ကထဲကိုကြံစီနေခဲ့ကြတယ်။ နိုင်ငံတော်ရဲ့ စေတနာမှန်-ဆိုတာ တိုင်းရင်းသားတွေ ဘ၀တုန်း လူမျိုးပြုန်းအောင်ချေမှုန်းဖို့လုပ်တာဟာ နိုင်ငံတော်ရဲ့ စေတနာမှန်တဲ့လား။

နိုင်ငံတနိုင်ငံမှာ တပ်မတော် ဆိုတာ တစ်ခုထဲရှိရမယ်ဆိုတာ လက်ခံပါတယ် ဒါပေမဲ့ တပ်မတော်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးတဲ့ ပြည်သူ့တပ်မတော်သာလျှင် ဖြစ်ရပါမယ်။နိုင်ငံရေးနှင့် ကင်းရှင်းရပါမယ်။အာဏာရှင်လူတစ်စုကိုသာ ကာကွယ်တဲ့တပ်မတော် မဖြစ်သင့်ပါဘူး။ အာဏာရ လူ့အဖွဲ့အစည်း (တပ်မတော်ကိုအခြေခံ) နဲ့ အတိုက်အခံ(လူထုကိုအခြေခံ)၊ မဏ္ဍိုင်ကြီးလေးခုအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ထိန်းကျောင်းမှု၊ တိုင်းရင်းသားများ၊ အစိုးရ၊ တပ်မတော်အကြားမှာရှိတဲ့ ငြိမ်းချမ်းရေးမှသည် ပြည်ထောင်စုစစ်စစ်ဖော်ဆောင်ရေး ပြဿနာအားလုံးဟာ မျဉ်းပါးပါးလေးပေါ်မှာသာ ရှိပါတယ်။

တိုင်းရင်းသားတွေနဲ့ အစိုးရတို့အကြားမှာ နှစ်ဖက်လက်အောက်ငယ်သားတွေနဲ့ နယ်မြေခံလူထုတွေဟာ အမျိုးမျိုး ဒုက္ခဆင်းရဲ အသက်၊ သွေး၊ ချွေးနဲ့ ဘ၀တွေ စတေးခဲ့ကြရပါတယ်။ သူတို့တွေအားလုံးရဲ့ ဘုံသဘောဆန္ဒကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုချင်တာပဲ ဖြစ်ပါတယ်။တိုင်းရင်းသားတို့ ၏ ဘ၀မှာ သူ တို့ကို သင်ပေးလိုက် တာက လက်နက် ကိုင် မထားလျှင် မြန်မာ့ တပ်မတော် ၏ဖိနှိပ် ရက်စက် မှုများ ခံကြရ မည် ဆိုတဲ့ ဘ၀ပေး အ သိဖြစ် လာခဲ့ကြပါတယ်။နှစ်ပေါင်းများစွာ စစ်အစိုး ရများ၏ ပြုမူ ဆက် ဆံမှုများ မှာ ယုံကြည် စရာ မကောင်း ခဲ့ပါဘူး၊ဥပဒေ အရ မည်သည့် အာမခံ ချက်မျှ မရခဲ့၊ လက်တွေ့ မှာ အစိုးရ စစ်တပ် ကစတင် တိုက်ပွဲများ ပြန်လည် ဖေါ် ခဲ့ခြင်း ကြောင့်လည်း ဖြစ် ပါတယ်။ သမ္မတဦးသိန်းစိန် ဟာတိုင်းရင်းသား လူမျိုးအဖွဲ.ပေါင်း(၁၃)ဖွဲ. တင်ပြခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်မူ ကိုညောင်နှစ်ပင်အမျိုးသားညီလာခံတုန်းကပင်ဆန်.ကျင့်သည့်သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

ဥပဒေဘောင်အတွင်းဝင်ရောက်လာစေရန် ဆိုတာကော တရားဥပဒေမရှိဘဲ မင်းဆိုးမင်းယုတ်တွေကြီးစိုးနေတဲ့နိုင်ငံမှာ ဘယ်ကဥပဒေဘောင်အတွင်းကို ၀င်ရမှာလဲ၊ လိမ်ညာလှည့်စားတာ၊ အပြောတမျိုး အလုပ်တမျိုး လုပ်တာ၊ကတိဖျက်တာ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို အကြောင်းရှာ အမှုဆင်ပြီးဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အကျင့်စာရိတ္တ …….စတာတွေ ပျက်စီးကုန်ပါပြီ။ ယုံကြည်မှုပြန်လည်တည်ဆောက်ဖို့လိုပါတယ်။
ဇော်ဝမ်းမောင်…။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။