Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, January 4, 2014

ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား



ပြည်ထောင်စု မြန်မာနိုင်ငံတော် ပထမဆုံး လွတ်လပ်ရေးနေ့ အခမ်းအနား

Written By - တင်နိုင်တိုး

မြန်မာနိုင်ငံသည် ၄ ဇန်န၀ါရီ ၁၉၄၈ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးရရှိကာ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် ပတ်သက်၍ ဦးသန့်(နောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်)က မှတ်တမ်းတင်ခဲ့ဖူးသကဲ့သို့ ထိုခေတ်ကာလ သိမီသူများကလည်း ပြန်လည်ပြောပြခဲ့ကြသည်။ ထိုခေတ်ကာလ အခမ်းအနား ကျင်းပခဲ့ကြပုံကို အောက်ပါအတိုင်း လေ့လာတွေ့ရှိ ရပါသည်။

ပါလီမန် လွှတ်တော်ရင်ပြင်

နံနက် ၄ နာရီအချိန်တွင် တိုင်းပြည်ပြုလွှတ်တော် မျက်နှာစာရှိ အလံတိုင်ရှိရာ မြက်ခင်းပြင်သို့ ယာယီသမ္မတ စ၀်ရွှေသိုက် ရောက်ရှိလာခဲ့သည်။ သူနှင့်အတူ ကိုယ်ရံတော် ဗိုလ်များဖြစ်ကြသည့် ကာနယ်မြင့်သိန်း၊ ကာနယ်ထင်စီတို့အပြင် အတွင်းဝန်ဦးရွှေဘော်၊ အိမ်တော်ဝန်ဦးစံဖေတို့ လိုက်ပါလာခဲ့ကြသည်။ ထို့ပြင် ယာယီဝန်ကြီးချုပ် သခင်နု၊ ယာယီပါလီမန် လွှတ်တော်ဥက္ကဋ္ဌ၊ ယာယီဝန်ကြီးများလည်း ရောက်ရှိလာခဲ့ကြသည်။ ၎င်းပြင် တိုင်းမင်းကြီးများ၊ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြား အထူးသံတမန်များ၊ ရာဇ၀တ် တရားသူကြီးများလည်း စုရုံးရောက်ရှိ ခဲ့ကြသည်။

တပ်များကို စစ်ဆေးခြင်း

စည်တော်ရွမ်းလိုက်ချိန်တွင် နိုင်ငံတော် ယာယီသမ္မတကြီး စ၀်ရွှေသိုက် အဆောင်အယောင်များဖြင့် ဆင်ဝင်ရှေ့သို့ ထွက်လာခဲ့သည်။ ထို့နောက် စည်တော်ရပ်သွားကာ ကရင်အမျိုးသားတပ်၏ ဘင်ခရာသံနှင့်အတူ သမ္မတကြီးက ဗမာ့တပ်မတော်၊ ဗမာ့ရေတပ်၊ ဗမာ့လေတပ်၊ သောင်းကျန်းမှုနှိမ်နင်းရေးတပ်၊ ဗမာ့လက်နက်ကိုင် ပုလိပ်အဖွဲ့တို့အား တစ်တပ်ပြီးတစ်တပ် လိုက်လံစစ်ဆေးခဲ့သည်။ ထိုအချိန်အထိ အလံတိုင်ထိပ်မှ ယူနီယံဂျက်အလံက ဆောင်းလေကြောင့် တဖျပ်ဖျပ် လှုပ်ရှားနေဆဲဖြစ်သည်။

ယူနီယံဂျက် အလံကို ရုပ်သိမ်းခြင်း

နံနက် ၄ နာရီ မိနစ် ၁၉ တွင် ပရိသတ်အားလုံး ငြိမ်ကြရန် မီးရောင်အချက်ပေးပါသည်။ အလံတိုင်၏ အရှေ့ဘက်နှင့် အနောက်ဘက်တွင် အသီးသီး ရပ်နေကြသော ဗာမင်ဟမ် စစ်သင်္ဘောမှ အရာရှိနှစ်ဦးနှင့် ဗမာ့ရေတပ်မှ အရာရှိနှစ်ဦးတို့က အခါတော်ပေး အမြောက်သံကို နားစွင့်နေကြသည်။ နံနက် ၄ နာရီ မိနစ် ၂၀ တိတိတွင် ရန်ကုန်မြစ်ဆိပ်၌ ဆိုက်ကပ်ထားသော ဗာမင်ဟမ် စစ်သင်္ဘောမှ အမြောက်ပစ်ဖောက် အချက်ပေးလိုက်ပါသည်။ ထိုအခါ ဘင်ခရာတပ်ဖွဲ့က စတင်တီးမှုတ်လိုက်၏။ ယူနီယံဂျက်အလံက တဖြည်းဖြည်း တိုင်ထိပ်မှကျလာသည်။ အင်္ဂလိပ် ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းသံများ၊ ဥသြဆွဲသံများ ဆူညံသွားသည်။ သေနတ်ပစ်ဖောက်သံ၊ ဗြောက်အိုးဖောက်သံများနှင့်အတူ ကောင်းကင်ပြင်တစ်ခုလုံး မီးရှူးမီးပန်းများဖြင့် လင်းထိန်သွားသည်။ ယူနီယံဂျက်အလံကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံတော်အလံ လွှင့်ထူခြင်း

ဗြိတိသျှအစိုးရ၏ ယူနီယံဂျက်အလံကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ဗမာ့ရေတပ်မှ အရာရှိ စောချစ်စိန်က ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို့ ကြိုးဖြင့်ဆွဲတင် လွှင့်ထူလိုက်ပါသည်။ ထိုစဉ် စစ်တီးဝိုင်းက မြန်မာနိုင်ငံတော် သီချင်းကို တီးမှုတ်ပေးနေပါသည်။ အလံတော်တိုင်ထိပ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ပုဏ္ဏားတော်များက ခရုသင်းမှုတ်လိုက်ကာ မင်းပရိသတ်အပေါင်းက မြန်မာနိုင်ငံတော် အလံကို အလေးပြုကြသည်။ စည်တော်ကလည်း ရွမ်းလျက်ရှိနေသည်။

ပါလီမန် လွှတ်တော်ခန်းမ

နံနက် ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင်းရှိ ပါလီမန်လွှတ်တော် ခန်းမအတွင်းသို့ ပရိသတ်များ ၀င်ရောက်နေရာယူကြသည်။ ပရိသတ်စုံညီ ရောက်ရှိပြီးနောက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် နိုင်ငံတော်သမ္မတကြီး စ၀်ရွှေသိုက်၊ ၀န်ကြီးချုပ်သခင်နု၊ ယာယီပါလီမန်ဥက္ကဋ္ဌ ပျော်ဘွယ်ဦးမြတို့ ခန်းမအတွင်းသို့ ၀င်ရောက်လာရာ ပရိသတ်တို့က မတ်တတ်ရပ် အရိုအသေ ပြုခဲ့ကြသည်။ သမ္မတကြီး စင်မြင့်ထက်၌ နေရာယူပြီးနောက် သမ္မတရာထူးကို လက်ခံသိမ်းပိုက်ကြောင်း ကြေညာလိုက်သည်။ ထို့နောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အတည်ဖြစ်ကြောင်း ကြေညာလိုက်ရာ ပရိသတ်အားလုံးက တစ်ခဲနက် သြဘာပေးကြသည်။

ထို့နောက် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသူများအား ဂုဏ်ပြုသောအားဖြင့် ၂ မိနစ် ငြိမ်သက်နေကြသည်။ ယင်းနောက် ၀န်ကြီးချုပ် သခင်နုက အောင်စေသတည်း အစချီ လွတ်လပ်ရေးကြေညာစာတမ်းကို ဖတ်ကြားပါသည်။ ပြီးသောအခါ ဦးကျော်မြင့်လေးက တိုင်ပေးသည့် နိုင်ငံတော်သီချင်းကို စုရုံးရောက်ရှိလာကြသည့် ပရိသတ်များက သီဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်မိန့်ခွန်း

ဝန်ကြီးချုပ် သခင်နုက ကျမ်းသစ္စာကျိန်ဆို လက်မှတ်ရေးထိုးလိုက်ပြီးနောက် လွတ်လပ်ရေး မိန့်ခွန်းတစ်ရပ်ကို ဟောကြားခဲ့သည်။ ၀န်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် “ဒီနေ့ ကျွန်တော်တို့လက်ထဲကို ရောက်လာတဲ့ လွတ်လပ်ရေးကြီးဟာ အစဉ်ထာဝရ ခိုင်မြဲတည်တံ့ပါစေ။ လွတ်လပ်ရေးနဲ့အတူ ရရှိလာတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကြီးဟာလည်း အစဉ်ထာဝရ ခိုင်မြဲတည်တံ့ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။” စသည်ဖြင့် ပါရှိခဲ့သည်။

ဘုရင်ခံအိမ်တော်

လွတ်လပ်ရေးနေ့ အခမ်းအနားကို ဘုရင်ခံအိမ်တော်၌လည်း ကျင်းပခဲ့သည်။ ဘုရင်ခံနေထိုင်ရာ အိမ်တော်မှာ ယခုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း ရှိခဲ့ဖူးကြောင်းဆိုသည်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နေထိုင်ရာ အိမ်တော်သည် လွတ်လပ်ရေးရရှိပြီးနောက် သမ္မတအိမ်တော် ဖြစ်လာခဲ့သည်။ နံနက် ၆ နာရီ မိနစ် ၃၀ တွင် ဘုရင်ခံအိမ်တော်၌ အာဏာလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ သမ္မတကြီး စ၀်ရွှေသိုက်နှင့် ဇနီးမဟာဒေ၀ီ၊ ၀န်ကြီးချုပ်ဦးနုနှင့် ဇနီးဒေါ်မြရီ၊ စ၀်ခွန်ချို၊ ဗိုလ်လက်ျာ စသူတို့ တက်ရောက်ခဲ့ကြသည်။

အချိန်ကျရောက်သောအခါ ဘုရင်ခံနှင့် ဘုရင်ခံကတော်တို့ အလံတင် အခမ်းအနား လုပ်မည့်နေရာသို့ ထွက်လာခဲ့ကြသည်။ ထို့နောက် ယူနီယံဂျက် အလံကိုချပြီး မြန်မာနိုင်ငံတော် အလံကို လွှင့်ထူလိုက်ကြသည်။ မြန်မာနိုင်ငံတော်အလံ လွှင့်ထူစဉ် ဘုရင်ခံဆာဟူးဘတ်ရန့်(စ်)အပါအ၀င် ပရိသတ်များက အလံတော်အား အလေးပြုခဲ့ကြသည်။

ဘုရင်ခံ ပြန်လည်ထွက်ခွာ

ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)သည် အလံတင်အခမ်းအနား ပြီးဆုံးသည်နှင့် အိမ်တော်မှ သင်္ဘောဆိပ်သို့ တန်းဆင်းခဲ့သည်။ ထိုစဉ်က သင်္ဘောဆိပ်မှာ ပန်းဆိုးတန်း၌ တည်ရှိပါသည်။ သမ္မတကြီး စ၀်ရွှေသိုက် အပါအ၀င် အားလုံးက လိုက်ပို့ကြသည်။ ဘုရင်ခံနှင့် ဇနီးတို့သည် ပန်းဆိုးတန်းဆိပ်တွင် ဆိုက်ကပ်ထားသော ဗာမင်ဟမ် စစ်သင်္ဘောဖြင့် ပြန်လည်ထွက်ခွာခဲ့ကြသည်။

ကန်တော်ကြီးအတွင်း အခမ်းအနား

ဘုရင်ခံကို သင်္ဘောဆိပ်သို့ လိုက်လံပို့ဆောင်ခဲ့ကြပြီးနောက် နံနက် ၈ နာရီ အချိန်တွင် ရန်ကုန်မြို့ ကန်တော်ကြီး၌ အခမ်းအနား ဆက်လက်ကျင်းပ ခဲ့ပါသည်။ သမ္မတစ၀်ရွှေသိုက်၊ ၀န်ကြီးချုပ် သခင်နုတို့ မိသားစုများသည် ကရ၀ိတ်ဖောင်တော်စီးနင်းကာ ကန်တော်ကြီးအတွင်း လှည့်လည်စဉ် ကမ်းထက်မှပရိတ်သတ်က လက်ပြနှုတ်ဆက်ခဲ့ကြသည်။ သမ္မတကြီး၊ ၀န်ကြီးချုပ်နှင့် မိသားစုဝင်များကလည်း ပြန်လည်လက်ပြ နှုတ်ဆက်ခဲ့ကြ၏။

ပျော်ပွဲရွှင်ပွဲများ

လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကို ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် ကျင်းပခဲ့ကြသည်။ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်တွင် ပြခန်းများ၊ ဈေးဆိုင်ခန်းများဖြင့် စည်ကားနေခဲ့သည်။ ရန်ကုန်မြို့တွင်သာမက မြန်မာပြည် မြို့ရွာအသီးသီးတွင် လည်းကောင်း၊ ပြည်ပစတင်ဖွင့်လှစ်စ မြန်မာသံရုံးအချို့တွင် လည်းကောင်း လွတ်လပ်ရေးနေ့ အခမ်းအနားအဖြစ် ပျော်ပွဲရွှင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။

ပထမဆုံး လွတ်လပ်ရေးနေ့တွင် ၃ ရက်ညဘက် ညဥ့်နက်အထိ စားကြသောက်ကြ စကားပြောကြနှင့်မို့ ၄ ရက်တွင် အလံတင် အခမ်းအနားသို့ အချိန်မီ မရောက်ခဲ့သည့် ဆရာကြီးကိုသန်း (ကြည့်မြင်တိုင်)ကမူ “ဆူးလေခုံးတံတားကြီးပေါ်ရောက်တော့ ကျွန်တော်တို့ ဂျစ်ကားပိတ်မိနေတယ်။ ထွက်တာနောက်ကျတော့ အတွင်းဝန်ရုံးမှာလုပ်တဲ့ အလံတင်အခမ်းအနားကို မမီတော့ဘူးလေ။ အလံတင်ပြီးလို့ အမြောက်တွေတောင် ဖောက်နေပြီ။ အဲဒီအချိန်မှာ ရန်ကုန်မြို့တစ်မြို့လုံး သေနတ်သံတွေ တညံညံနဲ့။ မိုးပေါ်ထောင်ဖောက်ကြတာ။ လွတ်လပ်ရေးရတဲ့ အထိမ်းအမှတ် အနေနဲ့ပေါ့” ဟု ပြန်လည်ပြောကြားခဲ့သည်။

(ဗြိတိသျှအစိုးရ၏ ယူနီယံဂျက်အလံကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ဗမာ့ရေတပ်မှ အရာရှိ စောချစ်စိန်က ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို့ ကြိုးဖြင့်ဆွဲတင် လွှင့်ထူလိုက်ပါသည်။ ထိုစဉ် စစ်တီးဝိုင်းက မြန်မာနိုင်ငံတော် သီချင်းကို တီးမှုတ်ပေးနေပါသည်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။