Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 3, 2014

အကယ်ဒမီဆိုတာ ပန်းတိုင်မဟုတ်ဘူး အပိုဆုသပ်သပ်လို့သတ်မှတ်ထားတဲ့ ဒါရိုက်တာဝိုင်း


မြန်မာ့ရောင်စဉ်
အကယ်ဒမီဆိုတာ ပန်းတိုင်မဟုတ်ဘူး အပိုဆုသပ်သပ်လို့သတ်မှတ်ထားတဲ့ ဒါရိုက်တာဝိုင်း

၂၀၁၂ အကယ်ဒမီပေးပွဲမှာ ဒါရိုက်တာဆုနဲ့လွဲချော်ကံခေခဲ့တဲ့ ဒါရိုက်တာဝိုင်းက အကယ်ဒမီဆိုတာသူ့အတွက် ပြောပလောက်တဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ဖွင့်ဟလာပါတယ်။ အကယ်ဒမီနဲ့ပတ်သတ်ပြီး ခံစားချက်မရှိတဲ့ ဒါရိုက်တာဝိုင်းနဲ့ ပြောဖြစ်တာတွေကတော့ ‘ပရိသတ်ကို ပြောချင်တာကတော့ နဂိုကတည်းက ပရိသတ်တွေကို ၀ိုင်းကို မမှန်းကြပါနဲ့လို့ပြောပြီးသားပါ။ အစ်ကိုတို့က ဗုဒ္ဓဘာသာတွေပါ။ ကံကံဧ။် အကျိုးကိုယုံကြည်ပါတယ်။ လူတွေ စိတ်မချမ်းမြေ့ရင် အဲဒီဒဏ်ကို လုပ်တဲ့သူတွေပြန်ခံရမှာပါ။ ပရိသတ်ကြီး ခံစားရသလိုပဲ လုပ်တဲ့သူတွေလဲ ပြန်ခံစားရမှာပါ။ ကိုယ်သာ အကယ်ဒမီကို လိုချင်ခဲ့မယ်ဆိုရင် အမှန်တရားတွေကို ဖုံးကွယ်ထားမှာပါ။ ကိုယ့်အတွက် အကယ်ဒမီဆိုတာအရေးမကြီးလို့ ပွဲမတိုင်ခင်ကတည်းကကို အကုန်အစင် ထုတ်ဖော်ပြောပြီးသားပါ။ ပြောတဲ့အတိုင်းပဲ ၈၀ရာခိုင်နှုန်းဖြစ်ခဲ့တဲ့အတွက် အစ်ကို့အနေနဲ့ အကယ်ဒမီအပေါ်မှာထားတဲ့ သဘောထားကိုပြပြီးတဲ့အတွက် သိပ်ပြီးမခံစားရပါဘူး။ အစ်ကို အင်တာဗျူးမှာ ပြောခဲ့ဖူးတယ်။ ပေးတဲ့အဆင့်အတန်းက ရွေးချယ်တဲ့သူရဲ့ အရည်အချင်း အဆင့်အတန်းပဲ။ သူငယ်တန်းတက်တဲ့သူက သူငယ်တန်းကိုပဲ အကောင်းဆုံးလို့ထင်တယ်။ အဲလိုပဲ MSCတက်တဲ့သူက MSCကိုပဲ အကောင်းဆုံးလို့ထင်မှာပဲ။ ဒီလိုပါပဲ ကိုယ့်အဆင့်အတန်းနဲ့ပဲ ကိုယ်စကားပြောကြတာပါ။ ဘာလို့လဲဆိုတော့ လူတစ်ယောက်က မတရားခံရပါများရင် စပ်ဖျဉ်းဖျဉ်းတော့ဖြစ်တယ်လေ။ ဒါပေမဲ့ ၀ိုင်းကတော့ အရည်ထူလာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်မှန်းတောင် မသိတော့ပါဘူး။ ပွဲစကတည်းက အစ်ကိုပြောပြီးသား။ အစ်ကို့အပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားကို သိပြီးသားဖြစ်တဲ့အတွက်ကို ၃ယောက်မှာ ၂ယောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂုဏ်လာပြုတာ။ ကိုယ့်အတွက် ဒီပွဲကို တက်ခဲ့တာမဟုတ်ဘူး’တဲ့။

ရသင့်ရထိုက်တဲ့သူတွေ မရတဲ့အပေါ်မှာလဲ သူက ထပ်ပြီး ‘အစ်ကိုတို့နိုင်ငံမှာ ဖွတ်တွေမရှိအောင် ကြိုးစားရမယ်။ ဖွတ်တွေမရှိတဲ့နေ့ဟာ အစ်ကိုတို့အတွက် နေရာတကာမှာ အဆင်ပြေသွားတဲ့ နေ့ပါပဲ။ အစ်ကို့ရဲ့ပန်းတိုင်က အကယ်ဒမီမဟုတ်ဘူး။ ရုံထဲမှာလာကြည့်တဲ့ပရိသတ်တွေအတွက် စိတ်ကျေနပ်မှုရမယ်။ အစ်ကို့ကားကို ကြည့်တဲ့၂ နာရီမှာ သူတို့အတွက် စိတ်ခံစားချက်တစ်ခုခုရမယ် ဆိုရင် အစ်ကိုကျေနပ်တယ်။ ဒါဟာ အစ်ကို့ရဲ့ပန်းတိုင်ပဲ။ ကျန်တဲ့အကယ်ဒမီဆိုတာ အစ်ကို့အတွက် Bonus ပါ။ သိပ်ပြီးပျော်ရွှင်စရာကောင်းတဲ့အတွက် အပိုဆုရတဲ့သဘောလို့ပဲ ခံယူထားပါတယ်။ အကယ်ဒမီဆိုတာကို မတိုင်ခင်ကတည်းက လက်ပံအဖွဲ့သားတွေအားလုံးကို အကယ်ဒမီဆိုတာ ငါတို့ရဲ့စစ်ပွဲမဟုတ်ဘူး။ ဒါဟာ ငါတို့ရဲ့ပျော်ပွဲရွှင်ပွဲကစားနည်းတစ်ခုရဲ့ အပိုပေးတဲ့ဆုလို့ပဲ ပြောထားပြီးသားပါ။ အဲဒီအတွက် ရရင်လဲပျော်လိုက်၊ မရရင်လဲ ဘာမှမဖြစ်ဘူး။ အဲဒီသဘောပါ။ အစ်ကို့အတွက်အကယ်ဒမီဆိုတာဘာမှအထူးတလည်မရှိပါဘူး’လို့ ဖွင့်ဟသွားပါတယ်။ နိုင်ငံတော်ကပေးတဲ့ အကယ်ဒမီကိုမရပေမဲ့ ပရိသတ်ကပေးတဲ့ အကယ်ဒမီကို ရခဲ့တဲ့အပေါ် ကိုယ့်ရဲ့ အနုပညာပြောင်မြောက်လားဆိုတဲ့ မေးခွန်းကိုတော့ ‘ကိုယ့်ကိုယ်ကိုယ်ထူးချွန်တယ်လို့ ဘယ်တော့မှ မသတ်မှတ်ထားဘူး။ အဲလိုသတ်မှတ်ထားရင် အစ်ကိုဟာ ခွေးဖြစ်သွားတာကြာပါပြီ။ အစ်ကိုဟာ အမြဲတမ်းဖန်တီးမှုတွေ၊ လေ့လာမှုတွေ၊ ကြိုးစားမှုတွေနဲ့ ရှင်သန်နေရတဲ့လူတစ်ယောက်လို့ပဲ လက်ခံထားပါတယ်။ အစ်ကို ထူးချွန်အောင်ကြိုးစားရမှာပါ’တဲ့။

အကယ်ဒမီနဲ့ပတ်သတ်လို့စီစစ်အကဲဖြတ်တဲ့အပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ‘သူတို့ပေးတဲ့အပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုကြောင့်ပေးတယ်ဆိုတာကို ရှင်းပြသင့်တယ်လို့ထင်တယ်။ နိုင်ငံခြားမှာက အဲလိုမျိုး ရှိတယ်။ အဲဒါကြောင့်မို့အငြင်းပွားမှုတွေမဖြစ်ကြတာလေ။ ရှင်းပြရင်တော့ကောင်းတယ်။ ဒါပေမဲ့ပေါ့ စုံစုံစိစိနဲ့စာနယ်ဇင်းတွေစုံစုံလင်လင်နဲ့ ရွေးချယ်ထားတဲ့ကားမှာ ပါဝင်တဲ့သူတွေစုံလင်ဖို့တော့လိုတယ်။ နောက်ပြီးပွင့်လင်းဖို့နဲ့မှန်ကန်ဖို့လဲအရေးကြီးပါတယ်’လို့ သူက ရှင်းပြပါတယ်။

ပရိသတ်အားပေးမှုမြင့်ခဲ့ပေမဲ့ လက်ပံမှာဒါရိုက်တာဆုမရခဲ့တဲ့ အပေါ်မှာတော့ ‘ကျိန်းသေတာကတော့ ကိုယ်တို့အရိပ်ဆိုးတွေသာ ပျောက်မယ်ဆိုရင်တော့ ကိုယ်တို့ရုပ်ရှင် အကယ်ဒမီမှမဟုတ်ပါဘူး။ ထူးချွန်တဲ့သူတွေဟာ အကယ်ဒမီရနေမှာပါ။ ထူးချွန်တဲ့သူတွေ စင်ပေါ်မရောက်ဖူးဆိုတာ တစ်ခုခုဖြစ်နေလို့ပဲ။ ဥပမာ တကယ့်တကယ်ကျွမ်းကျင်တဲ့ဝန်ကြီးဌာနကြီးတစ်ခုက ၀န်ကြီးတစ်ယောက်ဟာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်မဟုတ်ပဲ စစ်ဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့သဘောပါပဲ။ ဒါဟာအစ်ကိုတို့တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ အုပ်ချုပ်ပုံစနစ်တွေနဲ့ဆိုင်ပါတယ်။ အကယ်ဒမီနဲ့ဆွဲပြောတာမဟုတ်ပါဘူး။ နေရာတိုင်း၊ နေရာတိုင်းမှာ အဲဒီပြဿနာရှိပါတယ။် အစ်ကိုက အစ်ကိုရဲ့ အနုပညာဖန်တီးမှုကို အကယ်ဒမီဆုအတွက် သုံးသပ်၇မယ်ဆိုရင် တော်တော်လေးကို ညံ့ဖျင်းတဲ့သူတစ်ယောက်ဖြစ်သွားပြီ။ ဆုကို သုံးသပ်စရာ၊ ဆုံးဖြတ်စရာမလိုဘူး။ အကယ်ဒမီဆိုတာကို အစ်ကိုတို့အနုပညာရှင်တွေအားလုံးနားလည်ပြီးသားပါ။ မပြောတာသာရှိမယ်။ တကယ်ဆုံးဖြတ်ရမှာက ကြည့်တဲ့ပရိသတ်အတွက်ပဲ ဆုံးဖြတ်ရမှာပါ’လို့သူက ပြောပြခဲ့ပါတယ။်
Trend Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။