Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, January 10, 2014

ထာဝရ အသက်ရှင်နေနိုင်မည့် နည်းပညာတွေပေါ်ထွက်လာပါပြီ


Myanmaalinn
ထာဝရ အသက်ရှင်နေနိုင်မည့် နည်းပညာတွေပေါ်ထွက်လာပါပြီ

သေမှာကြောက်လို့ ပဲဖြစ်ဖြစ် ၊ နောက်ထပ်လူ့ ဘ၀အတွေ့ အကြုံအများကြီးယူချင်သေးလို့ ပါလို့ ဆင်ခြေပေး ပေး ဘယ်သူကတော့ သေချင်ပါ့မလဲ။ နည်းပညာဆိုတာ နတ်ဘုရားလိုဖြစ်လာတဲ့ အခုခေတ်ကြီးမှာ ခင်ဗျား ထာဝရအသက်ရှင်နေနိုင်ဖို့ လမ်းစတွေရှိပါတယ်။

၁။ ပုံတူကိုယ်ပွား ပွားခြင်း

အခုခေတ် ဆေးသိပ္ပံပညာရှင်တွေဟာ ပုံတူကိုယ်ပွားပွားခြင်း (Cloning ) မှာ အရေးပါတဲ့အောင်မြင်မှုတွေရရှိ နေပါပြီ။ သိုးတွေနွားတွေကို လိင်မဲ့မျိုးပွားစမ်းသပ်ချက်တွေဟာလည်း အောင်မြင်မှုတွေ အထိုက်အသင့်ရရှိခဲ့ ပါတယ်။ ဒီပညာရပ်သာ ရာခိုင်နှုန်းပြည့် အောင်မြင်လာခဲ့မယ်ဆိုရင် , လူတစ်ယောက်ကိုလည်း ပုံတူပွားဖို့  ဖြစ်နိုင်မှာပါ။ ဆဲလ်တစ်ခုကနေ ထပ်ဆင့်ပွားပြီး ခင်ဗျားနဲ့ မျိုးရိုးဗီဇထပ်တူကျတဲ့ ခင်ဗျား နောက်တစ်ယောက်ကို ပုံတူကိုယ်ပွား ပွားနိုင်မှာပါ။ တကယ်လို့ ခင်ဗျားမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ချို့ ယွင်းတာပဲဖြစ်ဖြစ်၊ မကောင်းတော့ရင်ပဲဖြစ်ဖြစ် ခင်ဗျားရဲ့ ပုံတူကိုယ်ပွားကနေ ရယူအစားထိုးနိုင်မှာပေါ့။ ချို့ ယွင်းလာတဲ့ကိုယ်တွင်း ကိုယ်ပြင် အစိတ်အပိုင်းတွေကို အစားထိုးရင်း ထာဝရအသက်ရှင်နေနိုင်သွားမှာပါ။ တစ်ခုရှိတာကတော့ ခင်ဗျားရဲ့ ကိုယ်ပွားက ခင်ဗျားနဲ့ မျိုးရိုးဗီဇတွေပဲ ထပ်တူကျမှာဖြစ်ပြီး စိတ်ကတော့ ထပ်တူမကျနိုင်တဲ့အတွက် သူ့ ကို သေချာကြည့်ထိန်းထားဖို့ လိုပါတယ်။



၂။ အိုမင်းလာမှုကိုရှောင်ရှားခြင်း

ကျွန်တော်တို့ သေဆုံးသွားရတဲ့ အဓိက အကြောင်းက ရိုးရိုးလေးပါပဲ။ အိုမင်းသွားလို့ ပါ။ အို၊နာ၊သေ၊ ဆိုသလို အသက်အရွယ် အိုမင်းလာတာနဲ့  ရောဂါအနာမျိုးစုံ စွဲကပ်လာပါတယ်။ အသက်ကိုဆွဲဆန့် ခြင်းဆိုတာ သိပ္ပံ နည်းကျ အိုမင်းနာမကျန်းဖြစ်မှုကို ကုသတဲ့ ကုထုံးတွေ (SENS) ဖြစ်ပါတယ်။ ဒီကုထုံးကို သဘာဝက လက်ဆောင်ပေးထားတဲ့ သတ္တ၀ါတွေကတော့ ပင်လယ်ကျောက်ပုဇွန်တွေပါ။ သူတို့ မှာ အသက်အရွယ်ကြီးမြင့် လာတဲ့နဲ့ ပတ်သက်တဲ့ အိုမင်းနာမကျန်းဖြစ်မှု လက္ခဏာတွေမရှိဘဲ အသက်ပိုကြီးတဲ့ ကျောက်ပုဇွန်က အသက်ငယ်တဲ့ ကျောက်ပုဇွန်ထက် ပိုပြီးတော့ သန်မာမြန်ဆန်ပါတယ်။ ဒါကြောင့် ဇီဝသိပ္ပံပညာရှင်တွေဟာ ဒီ SENS ကုထုံးကိုသာ လူတွေမှာ အောင်အောင်မြင်မြင်အသုံးချနိုင်ရင် အသက်ကြီးလို့ နာမကျန်းဖြစ်ပြီး သေတာမျိုးတွေ မရှိတော့ဘဲ လူတွေအားလုံးရဲ့အသက်ကို ပိုဆွဲဆန့် နိုင်မှာပါ။ အခုလောလောဆည် ဒီကုထုံးကို ကြွက်တွေမှာ စမ်းသပ်နေပြီး ကြွက်ရဲ့သက်တမ်းကို အရှည်ကြာဆုံးဆွဲဆန့် နိုင်တဲ့ ပညာရှင်ကို ဆုကြေးငွေထိုက်ထိုက်တန်တန် ပေးကာ SENS ကုထုံးကို လေ့လာလျက်ရှိပါတယ်။အခုလက်ရှိ စံချိန်ကတော့ ကြွက်တစ်ကောင်ကို ၁၈၁၉ ရက် အထိ အသက်ရှည်နာမကျန်းဖြစ်အောင်ထားခဲ့နိုင်တာဖြစ်ပြီး ပုံမှန်သက်တမ်း တစ်နှစ်ထက်နည်းတဲ့ ကြွက်တွေ အတွက် အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။



၃။ ၀ိညာဉ်ကူးပြောင်းနေထိုင်ခြင်း

ဒါကတော့ နာမ်ဝိညာဉ်ပိုင်း ဘက်ရောက်တဲ့နည်းတစ်နည်းပါ။ ထာဝရအသက်ရှင်နေထိုင်ဖို့ သင် ကြံနေပြီဆိုကတည်းက သိပ္ပံနည်းတွေကော ၊ ဂမ္ဘီရနည်းတွေ ပါ လေ့လာရတော့မှာပါ။ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ဘာသာတရားတစ်ခုဖြစ်တဲ့ ဟိန္ဒူကျမ်းစာတွေအရ ကျွန်တော်တို့ ဟာ ဘ၀သံသရာစက်ဝိုင်းကြီးထဲ မှာနေထိုင်နေကြတာပါ။ လူတွေဟာ ဒီဘ၀မှာ သေလွန်ပြီးရင် ဒီဝိညာဉ်နဲ့ ပဲ နောက်ဘ၀ကို ကူးပြောင်းကြပါတယ်။ နောက်ခန္ဓာတစ်ခုကို ကူးပြောင်းနေထိုင်တဲ့သဘောလို့ ပြောနိုင်ပါတယ်။ ဒီဘ၀မှာ လုပ်ခဲ့တဲ့ မကောင်းမှု၊ကောင်းမှုရဲ့ အကျိုးအပြစ်တွေ ကို နောက်ဘ၀မှာ ပြန်ခံစားရမယ်လို့ ဟိန္ဒူဘာသာမှာ ရေးမှတ်ထားပါတယ်။ဒီအယူအဆကို သမိုင်းရဲ့အထင်ကရ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ပိုက်သာဂိုရပ်(စ်)၊ပလေတို၊ ဆိုကရေးတီးစ်တို့ က လက်ခံခဲ့ပါတယ်။ တကယ်လို့ ကျွန်တော်တို့ သာ ၀ိညာဉ်တစ်ခုကို ပျက်စီးနေတဲ့ ခန္ဓာကိုယ်တစ်ခုကနေ အကောင်းတစ်ခုကို ရွှေ့ ပြောင်းနိုင်မယ်ဆိုရင် သေခြင်းတရားကို မေ့ပစ်လိုက်လို့ ရပါ တယ်။ မဖြစ်နိုင်ဘူးလို့ ထင်သလား။



၎။ နာနိုစက်ရုပ်နည်းပညာ

နာနိုစက်ရုပ်ဆိုတာ အနုကြည့်မှန်ဘီလူးနဲ့ ကြည့်မှမြင်နိုင်တဲ့ စက်ရုပ်ငယ်ကလေးတွေ ဖြစ်ပါတယ်။ နာနိုစက်ရုပ်ကလေးတွေကို သင့်ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်း၊အစိတ်အပိုင်းအကုန်လုံးထိ ၀င်ရောက်ပြီး ပျက်စီးနေတဲ့နေရာအစိတ်အပိုင်းတွေကို ပြုပြင်ဖို့ ဒီဇိုင်းထုတ် နိုင်လိုက်ပြီဆိုပါစို့ ။ သူတို့ တွေက ခင်ဗျားရဲ့ကိုယ်ထဲမှာ တစ်ချိန်လုံးနေထိုင်ပြီး ပျက်စီးသမျှကို လိုက်ပြုပြင်ပေးနေမှာပါ။ အိုမင်းပျက်စီး လာခြင်းမရှိ ထာဝရအသက်ရှင်နေနိုင်သွားမှာပေါ့။ ဒါဟာ စိတ်ကူးယဉ်ဆန်လွန်းလှတဲ့ သိပ္ပံဝတ္ထုတစ်ခုမဟုတ်ပါဘူး။ အခုမျက်မှောက်ခေတ်မှာ ဆေးသိပ္ပံပညာရှင်တွေဟာ မျက်လုံးကန်းနေတဲ့ကြွက်တစ်ကောင်ကို နာနိုစက်ရုပ်တွေ သုံးပြီးကုသပေးခဲ့နိုင်ပါတယ်။ ကြွက်ခန္ဓာကိုယ်ထဲကို နာနိုစက်ရုပ်ကလေးတွေ ထိုးသွင်းလိုက်ပြီးတာနဲ့ စက်ရုပ် တွေက ပျက်စီးနေတဲ့ စက္ခုအာရုံကြောကို ပြုပြင်ဖို့  သူတို့ ကိုယ်သူတို့ စုပေါင်းပြီး နာနိုဖိုင်ဘာမော်လီကျူးတွေ အဖြစ် တာဝန်ဝင်ထမ်းဆောင်ကာ နာ့ဗ်ကြောကို အစားထိုးပြုပြင်နိုင်ခဲ့ပါတယ်။



၅။ လူသားစက်ရုပ်

ခေတ်လွန်သိပ္ပံကားတွေတိုင်းမှာ ပါတဲ့ နည်းပညာဆိုတာ အပေါစားပြက်လုံးတစ်ခုမဟုတ်ပါဘူး။ အခုလက်တွေ့ ကျွန်တော်တို့ စက်ရုပ်လက်အစားထိုးတာတွေ၊စက်ရုပ်ခြေထောက်တပ်ဆင်တာတွေ
မြင်တွေ့ ကြားနေရပါတယ်။ အထင်ရှားဆုံးသာဓက ကတော့ အစားထိုးထားတဲ့ စက်ရုပ်ခြေထောက်နဲ့ အိုလံပစ်အပြေးပြိုင်ပွဲမှာ ဆုရခဲ့တဲ့ အော်စကာပစ်တိုးရီးယပ်စ် ကိုကြည့် ကြည့်ပါ ။ သူ့ ခြေထောက်တွေ ဘယ်လောက်များသန်စွမ်းတယ်ဆိုတာ တွေ့ ကြတယ်မလား။ နောက်ထပ်ရှေ့ ဆက်သွားမယ်ဆိုရင် ကျွန်တော်တို့ ရဲ့ ပျက်စီးလာမယ့် ခန္ဓာအစိတ်အပိုင်း တိုင်းကို စက်ရုပ်နည်းပညာအစိတ်အပိုင်းတွေ အစားထိုးနိုင်မှာပါ။ သတ္တု၊အလူမီနီယံတွေနဲ့ သန့် စင်တဲ့ ထာဝရအသက်ရှင် စက်ရုပ်တစ်ကောင် ဖြစ်ရတာဟာ သေရမှာထက်စာရင် ပိုပြီးကဗျာဆန်မှာပါ။ အထူးတပ်ဆင်ထားတဲ့စက်က ကျွန်တော်တို့ နှလုံးကို ခုန်စေမယ်၊ကြံ့ခိုင်အားပြည့်တဲ့ စက်ရုပ်စွမ်းရည်ခန္ဓာကိုယ်တွေနဲ့  စိတ်ပါရင် ခင်ဗျားရဲ့ ညာဘက်လက်ကိုတောင် မီးမှုတ်သေနတ် လုပ်ထားလိုက်လို့ ရသေးတယ်။ တာမီနေတာ ရုပ်ရှင်ကားဆိုတာ အဲဒီ့အချိန်ကျရင် သိပ်ဆန်းတော့မှာမဟုတ်ပါဘူး။



၆။ စိတ်နဲ့ ကွန်ပြူတာချိတ်ဆက်နေထိုင်ခြင်း

နာမည်ကျော် မက်ထရစ်နဲ့ Surrogates ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးကြမှာပေါ့။ စိတ်ကူးယဉ်သက်သက် အပျော်ကြည့်ဖို့ လို့ သင်ထင်နေပါသလား။ ဒီဇာတ်ကားမရိုက်ခင်ကတည်းက သိပ္ပံပညာရှင်တွေဟာ အဲ့ဒီပညာရပ်နယ်ပယ်ကို ခြေချပြီးပါပြီ။ ကျွန်တော်တို့ ရဲ့ စိတ်ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ပြီး Upload လုပ်မယ်။ ဒီဂျစ်တယ်ဦးနှောက်ဖြစ်သွားပြီး ကွန်ပြူတာဘ၀ထဲမှာ နေထိုင်မယ်။ စိတ်ကတော့ လူသားတစ်ယောက်ရဲ့ ပင်ကိုယ်စိတ်ပါပဲ။ ဒါက ဒီမှာရပ်မသွား ပါဘူး။ Upload တောင် လုပ်ခဲ့တာပဲ ပြန် Download လုပ်လို့ ရမှာပေါ့။ ကျွန်တော်တို့ ရဲ့ ဒီဂျစ်တယ်ဦးနှောက်စိတ်ကြီးကို စက်ရုပ်တစ်ရုပ်ကိုယ်ထဲ ထည့်လိုက်မယ်။ ဒါမှမဟုတ် ခင်ဗျားရဲ့ စိတ်ကို ကွန်ပြူတာထဲ 100 % upload လုပ်ပြီးတာနဲ့ ကွန်ပြူတာကမ္ဘာထဲက ပြန်မထွက်တော့ဘဲ ထာဝရနေနိုင်သွား နိုင်တယ်လေ။





၇။ အအေးခံသိမ်းဆည်းထားခြင်း

ဒီအချက်ဟာ အခုတင်ပြတဲ့အချက်တွေထဲမှာ အအောင်မြင်ဆုံးအချက်တွေဖြစ်ပါတယ်။ ရှေးခေတ်လူသေ အလောင်းတွေ ဆေးရည်စိမ်တာကို သင် စာအုပ်တွေရုပ်ရှင်တွေထဲ ဖတ်ဖူးမြင်ဖူးမှာပေါ့။ ဒီနည်းပညာကလည်း အဲ့သဘောပါပဲ။ ရေခဲသေတ္တာထဲသိုလှောင်ထားတဲ့အသားတွေက ပိုကြာရှည်ခံသလိုပဲ လူ့ ခန္ဓာကိုယ်ကိုလည်း နိုက်ထရိုဂျင်အရည်နဲ့ အအေးခံထားပြီး အနှုတ် ၁၉၆ စင်တီဂရိတ်ရှိတဲ့အတွက် ဆဲလ်ဖွဲ့ စည်းမှုတွေမ ထိခိုက်အောင်လို့  cryo-protectant အရည်ကို သွေးနေရာမှာ အစားထိုးထားပါတယ်။ ပြီးရင် ထိတ်လန့် စရာ စတီးအခေါင်းကြီးထဲမှာ လူကိုဇောက်ထိုးထားပြီး သိုလှောင်ထားလိုက်ပါတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ ရဲ့ ဦးနှောက်တွေက ကွန်ပြူတာဟာ့ဒစ် တွေလိုပါပဲ။ ဒေတာအချက်အလက်တွေ၊ သိုလှောင်ထားပြီး မပျက်စီးသေးရင် နောက်ခန္ဓာကိုယ်တစ်ခုနဲ့ ချိတ်ဆက်ပြီး ပြန်လည်နိုးထလာနိုင်ပါတယ်။
ဇောက်ထိုးထားရတာက ဦးခေါင်းပိုင်းကို ပိုအေးအောင်လုပ်ထားတာပါ။ ဒီနည်းပညာကို အခု ဆေးပညာအရ အချိန်အနည်းငယ်အတွင်း သေမှာသေချာနေတဲ့လူတွေ၊ခန္ဓာကိုယ်ပျက်စီးနေတဲ့လူတွေကို စမ်းသပ်ထားပါတယ်။ အခုလက်ရှိတော့ သူတို့ ကို ပြန်လည်နိုးထအောင်လုပ်ဖို့ နည်းပညာမရှိသေးပါဘူး။ တကယ်လို့ အနာဂတ်မှာ ပြီးပြည့်စုံတဲ့ နည်းပညာတစ်ခုရှိလာလို့ ရှိရင် အဲဒီနည်းနဲ့ ကုသခံနေတဲ့လူတွေ ကမ္ဘာမြေပေါ် ခြေထောက် ပြန်ထောက်နိုင်မှာပါ။ ဒီနည်းပညာကို အထင်တော့မသေးလိုက်ပါနဲ့ ။လက်ရှိ ဒီနည်းပညာနဲ့ ကုသခံ (စတီးအခေါင်းထဲဝင်) နေသူတွေ တစ်ကမ္ဘာလုံးမှာ အယောက် ၂၅၀ ကျော်ရှိပါတယ်။ သင်လည်း ဒီကုထုံးကို ခံယူပြီး ကျန်းမာသန်စွမ်းစွာနဲ့  အနာဂတ်မှာ ပြန်လည်နိုးထ လာဖို့ မျှော်လင့်ထားတယ်ဆိုတော့ ဒေါ်လာ (၂)သိန်းကျော်နဲ့  ကုထုံးခံယူနိုင်ပါတယ်။



Ref: listverse.com
By Trend Myanmar

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။