Myanma Spectrum
ခုအချိန်မှာ ဒီအလုပ်က ကိုယ်နဲ့ အပေးအယူတည့်တဲ့ အလုပ်ဖြစ်နေပြီလို့ ပြောတဲ့ ခင်ဝင့်ဝါ
9-1-2014
ပည်သူ့အချစ်တော် ခင်ဝင့်ဝါကတော့ ခုလောလောဆယ် ကားရိုက်တွေနဲ့ အလုပ်တွေ ရှုပ်နေတာပါ။ သူမရဲ့ သရုပ်ဆောင်ပညာကို မကြာခင် ခံစားကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ ‘စိတ်ကောက်Lady’ ဆိုတဲ့ ကားလေးပါ။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး ခင်ဝင့်ဝါက ‘အခုရိုက်နေတဲ့ ကားလေးက စိတ်ကောက်Lady တဲ့။
ဒါရိုက်တာကကိုသားကြီး ၊မင်းသားက ကိုကောင်းပြည့်ပါ။ ဇာတ်လမ်းပုံစံလေးကတော့ အချစ်ဖန်စီကားလေးပါပဲ။ ညီမကို လာငှားကြတဲ့ ဇာတ်လေးတွေကတော့ အသစ်တစ်ယောက်လဲဖြစ်တဲ့အတွက် အရမ်းဟဲဗီးကြီးတွေလဲ ပေးမရိုက်ဘူး။
ညီမရဲ့ပုံစံနဲ့လိုက်မယ့် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေးတွေနဲ့ ကလေးကြိုက်တဲ့ကားလေးတွေ၊ ဆယ်ကျော်သက် ကောင်မလေးတွေကြိုက်မယ့် ကားလေးတွေ လာငှားကြတာများတယ်။ ညီမကိုယ်တိုင်ကလဲ အနုပညာလုပ်သက် အကြာကြီးမဟုတ်တဲ့အတွက် အခုချိန်မှာတော့ ဒီလိုဇာတ်လေးတွေနဲ့မှ ကိုယ်လဲအဆင်ပြေသလို ကိုယ့်ပုံစံနဲ့လိုက်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အနုပညာအလုပ်ဆိုတာ သိတဲ့အတိုင်း စိတ်ရှည်ရတယ်။ အရာရာကို သည်းခံရတယ်။ လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက် အဆင်မပြေမှုတွေ၊ စိတ်အနှောင့်ယှက်တွေကတော့ကြုံကြမှာပါပဲ။
ညီမကိုယ်တိုင်ကလဲ ဒီအလုပ်ကိုဝါသနာပါတဲ့အတွက် အတတ်နို်င်ဆုံးကြိုးစားပြီးတော့ သရုပ်ဆောင်ပါတယ်။ ဥပမာ ဒါရိုက်တာတွေက သင်ပေးသလို ကိုယ်နဲ့တွဲဖက် သရုပ်ဆောင်တဲ့ ကိုယ့်ရှေ့ကလူတွေကလဲ ကိုယ့်ကိုလက်တွဲပြီးသင်ပေးတယ်။ အဲဒီအတွက် ညီမဖက်ကလဲ ညီမကြိုးစားလို့ရသလောက်ကို အစွမ်းကုန်ကြိုးစားတယ။် တစ်ကားထက် တစ်ကားကို ကားရိုက်တဲ့ အတွေ့အကြုံတွေလဲ ရသလို ပညာတွေလဲတိုးတယ်။ အဲဒီအတွက် ဒီအလုပ်က ညီမနဲ့အခုချိန်မှာ အပေးအယူတည့်တဲ့ အလုပ်တစ်ခုဖြစ်နေပါပြီ’လို့ ပြောပြခဲ့ပါတယ်။
From: themeltingpot4u

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။