ဆရာစံက ကြိုးပေးမသတ်ဖြတ်ခြင်းမခံရမီ ဘာပြောသွားသလဲဆိုတာ
ကြိုးပေးသတ်ဖြတ်ခြင်း မခံရမီ နောက်ဆုံးစကားမှာ အောက်ပါအတိုင်းဖြစ်သည် -
`` သွားပြီးအားလုံးပဲ၊ အောင်ပါစေဆိုတဲ့ဆုကို တောင်းပေးကြပါ။
အမျိုးဘာသာ သာသနာပညာကြီးပွားရန်အတွက် ကြိုးစားသဖြင့် ဤကဲ့သို့
ကြိုးပေးခံမည်ကို မကြောက်ပါ။´´ လို့
ရဲရဲတောက် အာဇာနည်ပီသစွာ ပြောကြားခဲ့သည်။
ဗုဒ္ဓဘာဝင်ဗမာအများစုသည် ပုန်ကန်ထကြွခြင်းကို ကျရှုံးခြင်းတစ်ရပ်အဖြစ်
ယူဆကြသော်လည်း ၄င်းသည် ဗမာ့လွတ်လပ်ရေးအတွက်
အလှည့်အပြောင်းတစ်ခုအဖြစ် ကျွန်တော်သတ်မှတ်သည်။
ပုန်ကန်ထကြွခြင်းသည် နိုင်ငံရေးခေါင်းဆောင်မျိုးဆက်သစ်တစ်ခုဖြစ်သည့်
ဘမော်နှင့်ဦးစော ကဲ့သို့သော ပုဂ္ဂိလ်များကို မွေးဖွားပေးခဲ့ပြီး ဆရာစံ၏
အမှုစစ်ဆေးခြင်းတွင် ဦးဘမော်နှင့်ဦးစောတို့ကလည်း ကာကွယ်ခုခံသည့်ဘက်မှ ပါဝင်ခဲ့သည်။
ထို့ကြောင့် ဆရာစံသည် ကိုလိုနီအစိုးရကို ဆန့်ကျင့်ခဲ့သည့် လူထုကြီးအား
ဦးဆောင်မှုပေးခဲ့သော အမျိုးသားစိတ်ဓာတ်ရှိသူ သူရဲကောင်းတစ်ဦးအဖြစ်
ကျွန်တော်အသိအမှတ်ပြုလိုက်ခြင်းဖြင့်ဖော်ပြလိုက်ပါသည်။
နယ်ချဲ့မိစ္ဆာတို့ တော်လှန်မှုကြောင့် ရန်ကုန်၊ပဲခူးစီရင်စု၊
သာယာဝတီထောင်တွင် ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် (အသက်၅၅)နှစ်တွင်
ဇိန်ဇာရွာသူကြီး ဦးသောင်းဆင်၊ ပန်းဆွဲရွာသူကြီး ဦးစံရုံ၊ မြေဇီသူကြီး ဦးဘိုတင်၊ ငဖြူ
ကလေးသူကြီး ဦးသာမြန်၊ ပင်စင်ရ အမှုတွဲထိန်းစာရေးကြီး သုံးဆယ်မြူနီစပါယ်ဥက္ကဋ္ဌ
ဦးငွေဒင်၊ ဂုံမင်းမြောင်သူကြီး ဦးဘိုကာ၊ ပုလိပ်ရာဇ၀တ်ဝန်ထောင်ဦးပိုက်၊
လက်ဖတင်နင် စစ်ဗုလ်ရှာရာ၊ ထောင်မှူးကလေးအဖေ မစ္စတာ
ပီးလေနှင့်မစ္စတာဟာဘဲဆန်၊ အရေးပိုင်captain
ကလပ်၊ ထောင်ဆရာဝန်ကြီး ဒေါက်တာဦးအောင်ထွန်း၊ ဒုတိယအရေးပိုင်
ဦးအုန်းတို့ရှေ့တွင် ကြိုးပေးသတ်ဖြတ်ခြင်း ခံရသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။