Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 12, 2014

သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲတစ်ပွဲ


Win Maw Shwethanzin with ခင်နှင်း ကြည်သာ and 18 others
သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲတစ်ပွဲ
====================
ညတစ်ညမှာပေါ့….
ကျမ မေမေနဲ့ စကားများတယ်.. . ပြီးတော့ မေမေ့ကိုအော်ဟစ်ပြီး အိမ်ကပြေးထွက်လာခဲ့တယ်။
လမ်းပေါ်ရောက်မှသတိရတယ်… ပိုက်ဆံပါမလာခဲ့ဘူး။ဖုန်းဆက်စရာ အကြွေလေးတောင်ပါမလာခဲ့ဘူး။

ဒီလိုနဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့ ရောက်လာခဲ့တယ်။ ဆိုင်ထဲကပျံ့ လွင့်လာတဲ့ ခေါက်ဆွဲရနံ့ ကြောင့် ဗိုက်ကလည်းဆာလာတယ်…ပိုက်ဆံကလည်း တစ်ပြားမှမရှိ…။
အဲဒီအချိန်မှာ ဆိုင်ရှင်ဦးလေးကြီးက ခေါက်ဆွဲဖျောနေရင်း လှမ်းမေးတယ်…။
“ ဟေ့…တူမကြီး…ခေါက်ဆွဲစားချင်လို့ လား”
“ သ..သ. မီးမှာ …ပိုက်ဆံ ပါမလာ ဘူး ..”
လို့  ရှက်ရှက်နဲ့ ပြန်ဖြေခဲ့တယ်..။
“ လာပါ တူမကြီးရ … ဦးကျွေးပါ့မယ်…လာဝင်ထိုင်…ဦး ခေါက်ဆွဲပြုတ်လိုက်ဦးမယ်…”
ခဏကြာတော့ …အငွေ့ တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲ ရောက်လာပါတယ်…။ နည်းနည်းစားပြီးတော့ ကျမပါးပြင်ပေါ် မျက်ရည်စတွေ လှိမ့်ဆင်းလာပါတော့တယ်…။ဆိုင်ရှင်ဦးလေးကြီးကမြင်တော့မေးတယ်…။.
“ ဘာဖြစ်လို့ လဲ တူမကြီးရဲ့  …”
“ ဘာမှမဟုတ်ပါဘူး…ဦးလေးခုလို သမီးအပေါ် စေတနာထားတာတွေ့ ရတော့ ၀မ်းနည်းမိလို့ ပါ…ဒီလမ်းမှာတွေ့ တဲ့သူစိမ်းတစ်ယောက်ကတောင် သမီးကို ခေါက်ဆွဲကျွေးတယ် သမီးမေမေကတော့ …သမီးနဲ့  စကားများပြီး သမီးကို လိုက်ရိုက်တယ်…မေမေ သိပ်ရက်စက်တာပဲ…”
ဆိုင်ရှင်ဦးလေးကြီးက သက်ပြင်းတစ်ချက်ချလိုက်ပါတယ်…
“ တူမကြီးရယ်… အဲဒီလို ဘာလို့ တွေးရတာလဲ… ဦးလေးခေါက်ဆွဲလေးတစ်ပွဲ ကျွေးတဲ့ စေတနာကိုတောင် သမီး ဒီလောက်ခံစားရတယ်နော်…သမီးမေမေ ကတော့ သမီးငယ်ငယ်လေးကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့တာ မဟုတ်လား…အဲဒါတွေအတွက် အမေ့ကိုကျေးဇူးမတင်ဘဲ အမေနဲ့  ရန်ဖြစ်လာရတယ်လို့  ကွယ်…”
ဒီစကားကိုကြားလိုက်ရတော့ ကျမ တကယ့်ကို အံ့အားသင့်သွားခဲ့ရပါတယ်…။
ငါဘာလို့ ဒါကိုမတွေးမိခဲ့ပါလိမ့်…သူစိမ်းတစ်ယောက်ရဲ့ ခေါက်ဆွဲလေးတစ်ပွဲကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတွေတင်မိနေပြီး ငါငယ်ငယ်ကတည်းက ကျွေးမွေးပြုစုခဲ့တဲ့ အမေ့မေတ္တာတွေကိုကျတော့ နည်းနည်းလေးမှ ကျေးဇူးမတင်မိခဲ့ပါလား…။
အိမ်ပြန်လမ်းမှာ အမေ့ကိုပြောဖို့စကားတွေ စဉ်းစားလာခဲ့တယ်… “ အမေ… သမီးဘက်က မှားတာပါ…သမီးကိုခွင့်လွတ်ပါ…” လို့…။
အိမ်ရောက်တော့ အမေ့ခမြာ ကျမထွက်သွားလို့ စိုးရိမ်တကြီးနဲ့ နေရာအနှံ့လိုက်ရှာပြီး ပြာလောင်ခတ်နေတာတွေ့ရတယ်..။ ကျမကိုလည်း မြင်ရော.. အမေက
“ အို..သမီးလေးရယ်…အမေ့ဖြင့်စိတ်ပူလိုက်ရတာကွယ်…လာအထဲဝင်…သမီးဗိုက်ဆာနေရောပေါ့…အမေ သမီးအတွက် ထမင်းခူးထားတယ်…ပူတုန်းလေးစားလိုက်ဦးနော်…” လို့ ညင်သာစွာပြောပါတယ်…။
ကျမ ဟန်မဆောင်နိုင်တော့ပါဘူး… ။ အမေ့ရဲ့ရှေ့မှာ ရှိုက်ကြီးတငင် ငိုကြွေးမိပါတော့တယ်…။
......... .......... .............. ............
ဒီလိုပါပဲ...ကျနော်တို့ဟာ…ပတ်ဝန်းကျင်က သူစိမ်းတွေရဲ့  အကူအညအသေးအဖွဲလေးတွေဆိုရင် ကျေးဇူးတတင်ရှိတ⁠တ်ကြပြီး ဆွေမျိုးတွေ အထူးသဖြင့် မိဘတို့ရဲ့  စွန့်လွှတ်အနစ်နာခံမှုတွေကိုတော့ ဒါဝတ္တရားပဲလေ…လို့ သဘောထားတ⁠တ်ကြတယ်…။
ကျနော်တို့ မွေးစကနေ ခုချိန်ထိရနေတဲ့ မိဘမေတ္တာဆိုတာ အဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ…။
မိဘတွေဟာ သားသမီးတွေဆီက ဘာမှမျှော်လင့်မထားပါဘူး…။ ဒါပေမယ့် တို့တတွေက မိဘတို့ မေတ္တာကို အသိအမှတ်ပြု တန်ဖိုးထားကြရအောင်လားဗျာ………..
Ref: academictips.org/blog
ဦးသုည ... စကားလုံးဖလှယ်သည်
ကိုယ်ဖတ်ရတာလေးတွေကို ပြန်ဖြန့်ဝေပေးတာလည်း မေတ္တာတစ်မျိုးပါ
@@@သာသနာနွယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။