Eternal Light Magazine
“အရောက်သာလှမ်းခဲ့ပါတော့ မိညိုရယ်”
► မိညိုရေ
ငါတို့ပြည်က သစ်ပင်တွေတောင်
နင်တို့လို အတောင်ပေါက်ပြီး ...
ဟိုဘက်ကမ်း ရောက်ကုန်ကြပြီဆို
ဟုတ်မှဟုတ်ပါလေစ မိညိုရယ် ... ။
ငါတို့ပြည်က သစ်ပင်တွေတောင်
နင်တို့လို အတောင်ပေါက်ပြီး ...
ဟိုဘက်ကမ်း ရောက်ကုန်ကြပြီဆို
ဟုတ်မှဟုတ်ပါလေစ မိညိုရယ် ... ။
► မိညိုရေ
ဒါတွေကို ငါမယုံနိုင်လို့
ခို်င်လုံတဲ့သူတွေဆီပြေး
ဆွေးနွေးကြည့်တော့ သိရပြီပေါ့ မိညိုရယ် ... ။
► မိညိုရေ
ငါတို့ပြည်က သစ်ပင်တွေကို
သူတို့လိုသလို အဖျားတိ
အားရှိအောင် ဆေးတွေချိတ်
လူခြေတိတ်မှ တိတ်တဆိတ်သယ်
သူတို့နယ်မှာ တွင်းတူးစိုက်
အဖူးလိုက် အခက်လိုက် အရွက်လိုက်
အခုစိုက် အခုရှင် ကြည့်လိုက်ရင် အသွင်မပျက်
သူတို့အတွက်တော့ ကိုက်မှာပေါ့ မိညိုရယ် ... ။
► မိညိုရေ
တိုင်းတစ်ပါးသားတွေက
ကားကြီးကားငယ် အသွယ်သွယ်နဲ့
သစ်ပင်တွေသယ်
ဒါကိုမမြင်သလို မျက်ကွယ်ပြု
ဘာဥပဒေနဲ့မှ အပြစ်မပေး
မစစ်မဆေး အရေးမယူ
ငွေပေးသူရှိရင် ငါတို့သစ်ပင်တွေ
ကမ္ဘာ့အပြင်များ ရောက်သွားမလား မိညိုရယ် ... ။
► မိညိုရေ
ဟိုဘက်ပြည်သားတွေက
ငါတို့ပြည်က ပစ္စည်းများဆိုရင်
မြင်မြင်သမျှ တရားဝင်ဝင် မ၀င်ဝင်
သစ်ပင်စို သစ်ပင်ခြောက် လိုသလောက်ဝယ်
လာဝယ်သမျှ တို့ပြည်က ချချရောင်းနေရင်
မမြင်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ
တို့တိုင်းပြည်မှာ ကျရောက်လာမှာပေါ့ မိညိုရယ် ...။
► မိညိုရေ
ဘုရားပေးတဲ့ငါတို့ပြည်မှာ
ဝမ်းရေးဆိုတာ စားလို့မကုန်
ရတနာမျိုးစုံ အကုန်ရှိ
နင်သိသမျှ နည်းပညာတွေနဲ့
တိုင်းပြည်အတွက် အကျိုးပြု
ပြည်သူ့အတွက် ရှေ့တန်းတင်
အသွင်သစ်နဲ့ ခေတ်မီတိုးတက်တဲ့
ဒီမိုကရေစီ နိုင်ငံသစ်ကြီး တည်ဆောက်ရအောင်
အရောက်သာလှမ်းလာခဲ့ပါတော့ မိညိုရယ် ။ ။
မောင်ယဉ်မွန်(မောဝ်နေခြည်)
Eternal Light Magazine
November 2013
ဒါတွေကို ငါမယုံနိုင်လို့
ခို်င်လုံတဲ့သူတွေဆီပြေး
ဆွေးနွေးကြည့်တော့ သိရပြီပေါ့ မိညိုရယ် ... ။
► မိညိုရေ
ငါတို့ပြည်က သစ်ပင်တွေကို
သူတို့လိုသလို အဖျားတိ
အားရှိအောင် ဆေးတွေချိတ်
လူခြေတိတ်မှ တိတ်တဆိတ်သယ်
သူတို့နယ်မှာ တွင်းတူးစိုက်
အဖူးလိုက် အခက်လိုက် အရွက်လိုက်
အခုစိုက် အခုရှင် ကြည့်လိုက်ရင် အသွင်မပျက်
သူတို့အတွက်တော့ ကိုက်မှာပေါ့ မိညိုရယ် ... ။
► မိညိုရေ
တိုင်းတစ်ပါးသားတွေက
ကားကြီးကားငယ် အသွယ်သွယ်နဲ့
သစ်ပင်တွေသယ်
ဒါကိုမမြင်သလို မျက်ကွယ်ပြု
ဘာဥပဒေနဲ့မှ အပြစ်မပေး
မစစ်မဆေး အရေးမယူ
ငွေပေးသူရှိရင် ငါတို့သစ်ပင်တွေ
ကမ္ဘာ့အပြင်များ ရောက်သွားမလား မိညိုရယ် ... ။
► မိညိုရေ
ဟိုဘက်ပြည်သားတွေက
ငါတို့ပြည်က ပစ္စည်းများဆိုရင်
မြင်မြင်သမျှ တရားဝင်ဝင် မ၀င်ဝင်
သစ်ပင်စို သစ်ပင်ခြောက် လိုသလောက်ဝယ်
လာဝယ်သမျှ တို့ပြည်က ချချရောင်းနေရင်
မမြင်နိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ
တို့တိုင်းပြည်မှာ ကျရောက်လာမှာပေါ့ မိညိုရယ် ...။
► မိညိုရေ
ဘုရားပေးတဲ့ငါတို့ပြည်မှာ
ဝမ်းရေးဆိုတာ စားလို့မကုန်
ရတနာမျိုးစုံ အကုန်ရှိ
နင်သိသမျှ နည်းပညာတွေနဲ့
တိုင်းပြည်အတွက် အကျိုးပြု
ပြည်သူ့အတွက် ရှေ့တန်းတင်
အသွင်သစ်နဲ့ ခေတ်မီတိုးတက်တဲ့
ဒီမိုကရေစီ နိုင်ငံသစ်ကြီး တည်ဆောက်ရအောင်
အရောက်သာလှမ်းလာခဲ့ပါတော့ မိညိုရယ် ။ ။
မောင်ယဉ်မွန်(မောဝ်နေခြည်)
Eternal Light Magazine
November 2013

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။