Khant Nyi Phae
“ဆန္ဒ နဲ့ လက်တွေ့ဘဝ”
တို့ လိုချင်တာက
ဒီမိုကရေစီ အစစ်
တို့ ရနေတာက...
စစ် ဒီမိုကရေစီ ။
ဒီမိုကရေစီ အစစ်
တို့ ရနေတာက...
စစ် ဒီမိုကရေစီ ။
တို့တွေ အားကိုးတာက
တရားဓမ္မ
တို့တွေ ဖြစ်နေတာက
အဓမ္မ တရား ။
ငါတို့တွေ မျှော်မှန်းတာက
သာယာဝပြောတဲ့ ရွှေနိုင်ငံ
ငါတို့တွေ ရောက်သွားတာက
“ဝ” ပြော သမျှ သာယာနေရတဲ့ ဟိုဝှာနိုင်ငံ ။
ကဲ. ပြောပြန်ရင်လည်း
လက်ထိပ်စော်နံ.
ခံနေရပြန် ရင်လည်း
သေချင်စော်နံ.
အမှန်တရား ဆိုတဲ့အရာဟာ
ယောင်လို့တောင် မရှာနိုင်သေးတဲ့ဘဝမှာ
ကျောချလည်း ဓားပြမှန်းမသိသေး
ဟိုဒင်းချလည်း အာသာကမပြေသေးတဲ့နောက်
မမှားလည်း မှောက်သာခံရုံမှတပါး
တစ်ခြား ဘာများတတ်နိုင်ဦးမည်နည်း ။
“ခန့်ညီဖေ”
၀၉၊၀၉၊၂၀၁၃ တနင်္လာနေ့ ညနေ ၄း၂၅
တရားဓမ္မ
တို့တွေ ဖြစ်နေတာက
အဓမ္မ တရား ။
ငါတို့တွေ မျှော်မှန်းတာက
သာယာဝပြောတဲ့ ရွှေနိုင်ငံ
ငါတို့တွေ ရောက်သွားတာက
“ဝ” ပြော သမျှ သာယာနေရတဲ့ ဟိုဝှာနိုင်ငံ ။
ကဲ. ပြောပြန်ရင်လည်း
လက်ထိပ်စော်နံ.
ခံနေရပြန် ရင်လည်း
သေချင်စော်နံ.
အမှန်တရား ဆိုတဲ့အရာဟာ
ယောင်လို့တောင် မရှာနိုင်သေးတဲ့ဘဝမှာ
ကျောချလည်း ဓားပြမှန်းမသိသေး
ဟိုဒင်းချလည်း အာသာကမပြေသေးတဲ့နောက်
မမှားလည်း မှောက်သာခံရုံမှတပါး
တစ်ခြား ဘာများတတ်နိုင်ဦးမည်နည်း ။
“ခန့်ညီဖေ”
၀၉၊၀၉၊၂၀၁၃ တနင်္လာနေ့ ညနေ ၄း၂၅

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။