Aye Chan Mon
အိုင်းစတိုင်းက ပေးသော သင်ခန်းစာ
အိုင်းစတိုင်းဟာ အသက် ၄ နှစ်သားအထိ စကားမပြောပါဘူး။ အသက် ၇ နှစ်သားအထိ စာမဖတ်တတ်ပါဘူး။ ကျောင်းဆရာမကလည်း သူ့ကို ဥာဏ်ထိုင်းတဲ့ သူ အဖြစ် သတ်မှတ်ခဲ့ပါတယ်။
အိုင်းစတိုင်းဟာ ငယ်စဉ်ကတည်းက အသက်ကြီးတဲ့ အချိန်အထိ ပါလာတဲ့ အားနည်းချက်တွေ ရှိပါသေးတယ်။ စာကြာကြာမဖတ်နိုင်ပါဘူး။
စာကြာကြာဖတ်မိရင် အားလုံးကို ပြန်မမှတ်မိနိုင်လောက်အောင် မှတ်သားမှုမှာ အားနည်းချက် ရှိပါတယ်။ ကိစ္စအရာတိုင်းကို သာ...မန် လူတွေထက် နှေးကွေးစွာ ဖြေရှင်းတတ်သူ ဖြစ်ပါတယ်။ တွေးခေါ် ဆုံးဖြတ်မှုမှာ နွေးသူ လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ သင်္ချာတစ်ဘာသာပဲ အောင်ပြီး အခြားဘာသာများ ကျရှုံးမှုကြောင့် ကောလိပ်ကျောင်းတက်ခွင့် ဆုံးရှုံးခဲ့သူလည်း ဖြစ်ပါတယ်။

သင်္ချာညံ့တယ်လို့ ထင်ထားခဲ့ကြပေမယ့် ဂျီသြမေတြီမှာ ဆရာတစ်ဆူလို တော်လာပြီး ရူပဗေဒ ဆိုင်ရာ တွေးခေါ်မှုမှာလည်း အသစ်အဆန်းများ ရှိတယ်ဆိုတာ သိမြင်လာခဲ့ပါတယ်။ နောက်ဆုံး ရူပဗေဒမှာ ဆရာတစ်ဆူ ဖြစ်လာပြီး နိုဘယ်လ်ဆုကြီး ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါကြောင့် ယနေ့တိုင် ကမ္ဘာက လေးစားရတဲ့ သိပ္ပံ ပညာရှင် တစ်ဦး ဖြစ်ပြီး လူသေပေမယ့် သူ့နာမည်ကတော့ ကမ္ဘာ တည်သရွေ့  ကျန်ရှိနေအုံးမှာ ဖြစ်ပါတယ်။
---
---
---
---
---
သင်ခန်းစာ - လူတိုင်းမှာ ပင်ကိုယ်အရည်ချင်း ကိုယ်စီ ရှိပါတယ်။ စာမေးပွဲ တစ်ခါကျလို့၊ အမှတ်လေးနည်းလို့၊ လုပ်ငန်းခွင်မှာ ကျဆုံးမှု တစ်ခုကြုံလို့ ငါဟာ လူပျော့လူညံ့ပါလား၊ ငါသူတို့လောက် မတော်ပါလား လို့ မှတ်ယူ ရင်တော့ မှားသွားပါမယ်။ ယင်းကဲ့သို့ တွေးမြင်ယုံကြည်၊ ကောက်ချက်ချမှုကြောင့်လည်း သူတစ်ဦး တစ်ယောက်ရဲ့  ဥာဏ်ရည်ဟာ ကွန့်မြူးမှု နိမ့်ပါးလာခြင်း ဖြစ်ပါတယ်။
ဘဝမှာ အမြင့်မားဆုံးအောင်မြင်မှုကို လိုချင်သူဟာ အပြောမှာ နိမ့်ချပေမယ့် အတွေးမှာ စိတ်ဓာတ်ကို အဆုံးစွန်ထိ မြင့်တင်ထား ရမှာ ဖြစ်ပါတယ်။
International news for myanmar
အေးချမ်းမွန် Credit To > April Maung Maung < Thanks
Re-posted By ACM 9-9-2013
https://www.facebook.com/excellencemedia

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။