Nine Nine Sanay @ နိုင်းနိုင်းစနေ
အင်္ဂလန်က အသက် ၅၃နှစ်အရွယ် Henry နဲ့ ၄၄နှစ်အရွယ် Joanne က လွန်ခဲ့တဲ့အနှစ် ၂ဝကျော်က ချစ်သူရည်းစားပေါ့။ သားတစ်ယောက်လည်း ရှိသေးသတဲ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတို့လက်တွဲဖြုတ်ခဲ့တာ အနှစ် ၂ဝရှိခဲ့ပြီ။ တစ်ယောက်တစ်နေရာစီ အဝေးမှာနေကြပေမယ့် သားကြောင့် သူတို့အဆက်အသွယ် မပြတ်ခဲ့ဘူး။ ၂ဝဝ၄ခုနှစ်မှာ Joanne နေထိုင်မကောင်းဖြစ်ခဲ့တယ်။ ၂ဝဝ၉ခုနှစ်ရောက်တော့ ကျောက်ကပ်အစားထိုးကုသဖို့ လိုလာတယ်။ ဒါကို Henry ကြား...တာနဲ့ ဆေးရုံကိုချက်ချင်းလာပြီး လိုအပ်တဲ့အကူအညီတွေ ပေးခဲ့တယ်။ ကျောက်ကပ်အစားထိုးကုသရမယ်ဆိုတာကို သိတော့ Henryက ချက်ချင်းပဲ ဆေးစစ်ချက်ယူတယ်။ ဆေးစစ်ချက်တွေကိုက်ညီတော့ သူ့ကျောက်ကပ်ကို ချစ်သူဟောင်း Joanneကိုလှူဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါကို Joanne က ဝမ်းနည်းဝမ်းသာပြောတာပေါ့ "ကျွန်မတို့ ခွဲခဲ့ကြတာကြာပြီ.. ဒါပေမယ့် သူ့အသက်ကို မမူဘဲ ကျွန်မကို သူကယ်လိုက်တယ်"။ Henryကလည်း "ဒီလိုခံစားချက်က ထူးဆန်းတယ်။ ဒါပေမယ့် မှန်ကန်တဲ့အလုပ်တစ်ခုကို လုပ်လိုက်တယ်ဆိုတာကို ကျွန်တော်သိတယ်"လို့ ဆိုတယ်။
ခွဲစိတ်ကုသမှုခံယူပြီးနောက် သူတို့နှစ်ယောက် ပိုဆက်သွယ်ဖြစ်ခဲ့ကြတယ်။ အချင်းချင်း နောက်တစ်ခေါက် ထပ်ချစ်ကြမှာမဟုတ်ပေမယ့် ဘဝမှာတော့ သူတို့ဟာ တစ်ယောက်ယောက်မရှိလို့ မဖြစ်တော့ပါဘူး။
**** ဟင်း... ကိုယ့်ချစ်သူဟောင်းရဲ့ အသံနဲ့ရုပ်ကို မမြင်ချင်အောင် မုန်းနေကြပြီလား.. !_!
**** ဟင်း... ကိုယ့်ချစ်သူဟောင်းရဲ့ အသံနဲ့ရုပ်ကို မမြင်ချင်အောင် မုန်းနေကြပြီလား.. !_!
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။