Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 14, 2013

လှချင်သူများ အတွက် ပါ

 
Today Myanmar
လှချင်သူများ အတွက် ပါ

သင့် အသားအရေက သင့်အကြောင်းကို ပြောပြနိုင် ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ် ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လား စတဲ့ အချက်တွေကို သင့် အသားအရေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့် အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန် တစ်မိနစ်၊ နှစ်မိနစ် အတွင်းမှာပဲ သင့် ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။


အရေပြား ကျန်းမာရေးဟာ ခန္ဓာကိုယ် အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့် အသားအရေ ကျန်းမာ လှပရေး အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက် ရပါတယ်။

(၁) မိတ်ကပ်များ နှင့် ဘယ်သောအခါမှ မအိပ်သင့်ပါ

မိတ်ကပ် လိမ်းခြယ် ထားတဲ့ မျက်နှာကို သန့်စင် ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့် ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန် ကြာလာတဲ့ အခါမှာ အသားအရေကို ထိခိုက်စေနိုင် ပါတယ်။ မိတ်ကပ် အကြွင်းအကျန် တွေကြောင့် ချွေးပေါက် ပိတ်တာ၊ အရေပြား ရောင်ရမ်းတာနဲ့ ပျက်စီးတာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ ဆပ်ပြာနဲ့ ဆေးကြော သန့်စင် ပေးပါ။

(၂) တာရှည် ခံအောင် ပြုပြင်ထားသော အစာများကို လျှော့စားပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီနဲ့ ပြုပြင်ထားတဲ့ ကောက်နှံစာတွေနဲ့ ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲ ရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုး မပေးနိုင်ပါဘူး။ ပြုပြင်ထားတဲ့ အစာတွေ စားမယ့် အစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံ ချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးမှသာ ဗီတာမင်၊ သတ္တုဓာတ် နဲ့ တခြား မရှိမဖြစ် အာဟာရ ဓာတ်တွေ ရရှိပြီး အသားအရေ နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေ ပါတယ်။

(၃) ကောင်းသော အဆီကို စားပါ

အိုမီဂါသရီး ဖက်တီးအက်စစ် ဆိုတဲ့ အဆီကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တာကြောင့် အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ ငါးနဲ့ ငါးအဆီ ပါဝင်တဲ့ အစာတွေကို စားတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့ အဆီ ဖြစ်တာကြောင့် ဟင်းလျာတွေကို ချက်ပြုတ်တဲ့ အခါမှာ ထည့်သုံးသင့် ပါတယ်။

(၄) ဆော်ဒါ အချိုရည်နှင့် အခြား အချိုရည်များကို ရှောင်ပါ

ဆော်ဒါနဲ့ တခြား အချိုရည်တွေမှာ ကယ်လိုရီ ပါဝင်မှု များတာကြောင့် ကိုယ်အလေးချိန် များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေ ပါတယ်။ ရေကို အလုံအလောက် သောက်ပြီး ရေဓာတ် ပြည့်ဝအောင် နေတာက အသားအရေကို ကျန်းမာ လှပစေ ပါတယ်။

(၅) အလှကုန် ပစ္စည်းများ အတွက် ငွေများစွာ မဖြုန်းသင့်ပါ

နုပျို လှပဖို့ အတွက် ဈေးကွက်ထဲမှာ အသားအရေထိန်း ပစ္စည်းတွေ မျိုးစုံ ရှိနေပါတယ်။ ဈေးကြီးတိုင်း ကောင်းတယ် ထင်ပြီး အများကြီး လျှောက် မဝယ်ပါနဲ့။ သင့် အသားအရေ အမျိုးအစားကို ကျွမ်းကျင်သူနဲ့ စမ်းသပ် စစ်ဆေးပြီး သင့် အသားအရေ အမျိုးအစားနဲ့ သင့်တော်တဲ့ အသားအရေထိန်း ပစ္စည်းကိုသာ ရွေးဝယ်ပါ။

(၆) ဘယ်သောအခါမှ နေပူဆာ မလှုံသင့်ပါ

ခရမ်းလွန် ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြား ကင်ဆာနဲ့ အရွယ် မတိုင်ခင် အိုမင်း ရင့်ရော်မှု တို့ကို ဖြစ်စေနိုင် ပါတယ်။ ဒါကြောင့် နေရောင်ခြည် ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင် သွားတိုင်း နေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။ တစ်နှစ်မှာ တစ်ကြိမ် ဦးခေါင်းမှ ခြေဖျား အထိ အရေပြားကို စမ်းသပ် စစ်ဆေးပါ။

(၇) ဝက်ခြံနှင့် မျက်နှာပေါ်က အပြစ် အနာအဆာ များကို လက်ဖြင့် မထိရပါ

မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ် ထိတွေ့တာကြောင့် အဖုအပိမ့်တွေကို ပို ဆိုးစေပြီး အနာကျက် သွားချိန်မှာ အမာရွတ် ထင်ကျန်စေ ပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ရှိနေရင် အရေပြား အထူးကု ဆရာဝန် ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။

(၈) ရေ အမြန်ချိုးပြီး အစိုဓာတ် ထိန်းပါ

ရေကို အချိန် အကြာကြီး ချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ် ခန်းခြောက်စေ ပါတယ်။ ဒါကြောင့် အချိန်တိုတို အတွင်း ရေချိုးပြီး အစိုဓာတ် ရှိနေအောင် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးသင့် ပါတယ်။

(၉) ကိုယ်အလေးချိန်ကို အမြဲ ထိန်းပါ

အရေပြားက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်း တက်သွားချိန်မှာ အရေပြားကို ဆွဲဆန့် လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ် ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆိုရင် ဗိုက်ပူ လာတာကြောင့် အကြောပြတ်ရာ အဖြစ်များ ပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏ မြင့်တက်တာ နဲ့ ရုတ်တရက် ပြန်ကျတာ တွေကြောင့် မျက်နှာ အရေပြားရဲ့ တင်းအား လျော့ကျပြီး အိုမင်းတယ်လို့ ထင်ရစေ ပါတယ်။

(၁ဝ) ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု ရှိပါ

ကိုယ့်ကိုယ်ကိုယ် လှတယ် ဆိုတဲ့ ယုံကြည်မှုကို ထားရှိ ပေးပါ။ ယုံကြည်မှုကြောင့် သင့် အလှက ပိုတောက်ပ နေပါလိမ့်မယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။