အမျိုးသမီးဆိုတာကို Second Sex အဖြစ် နဲ့ သတ်မှတ်ထားပြီး အားနွဲ့တယ်။ အခွင့် အရေး ယူတယ်။ ဥာဏ်ပညာနည်းတတ်တယ်ဆိုပြီး ချိုးနှိမ်ထားတတ်လေ့ရှိပါ တယ်။ ဒါပေမဲ့ ဒီလို Second Sex အမျိုးသမီးတွေကပဲ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတွေမှာ ဦးဆောင်နေကြတာ ဒုနဲ့ဒေးပါပဲ။ ဒီလို အမျိုးသမီးတွေက တစ်ယောက် ဖြစ်တဲ့ ဒေါက်တာမြသီတာဆွေတင်နဲ့ ရတီ အမျိုး သမီးပရိသတ်အတွက် ရည်ရွယ်ပြီး တွေ့ဆုံဖြစ်ခဲ့ ပါတယ်။
>>> အရင်ဆုံး အစ်မရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ပြောပြပေးပါလား။
အစ်မရဲ့ အဖေက ဆောက်လုပ်ရေး ဝန်ကြီး ဌာန၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊ ငွေ စာရင်းရုံးချုပ်က ဒု-ငွေစာရင်းအရာရှိချုပ် (အငြိမ်းစား) တစ်ဦးဖြစ်ပြီး၊ မေမေ ကကျတော့ အထက်တန်းပြကျောင်းဆရာမတစ်ဦးဘဝနဲ့ ပင်စင်ယူခဲ့ကြတဲ့ အစိုးရဝန်ထမ်းတွေဖြစ်လို့ အစ်မရဲ့ ငယ်ဘဝက ပုံမှန်အစိုးရဝန်ထမ်း မိသားစုတစ်ခုအဖြစ်နဲ့ ဘဝကို စတင်ခဲ့တာပါ။ အစ်မတို့က အရှေ့ရန်ကင်း၊ တိုက်အမှတ် (၂၆၈/၈) မှာနေပြီး၊ အစ်မတို့ ညီအစ်မ ၂ ဦးလုံး ဖေဖေနဲ့ မေမေတို့ရဲ့ မေတ္တာ ရိပ်အောက် မှာ နွေးထွေး တဲ့ မိသားစုဘဝကို စတင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကငယ်ငယ် လေးကတည်းက ကံ ကောင်းတယ်ဆိုရမလားပဲ မေမေတို့ညီအစ်မ (၇)ယောက်ထဲက အငယ်ဆုံး ညီမသုံးဦးဖြစ်တဲ့ အစ်မ အဒေါ်တွေပေါ့နော်။ အန်တီမိုး၊ အန်တီ ထား၊ အန်တီမူတို့ဟာ တစ်နှစ်ကြီး၊တစ်နှစ်ငယ် အပျို အရွယ်တွေပီပီ အစ်မကို ကမာရွတ်၊ အာတီး ယား လမ်း၊ (အခု သီရိမင်္ဂလာလမ်း)၊ ခြံအမှတ်(၃၃) မှာရှိတဲ့ အဘွားရဲ့ ခြံထဲမှာပဲ ခေါ်ထားပြီး၊ သူတို့ ရဲ့လက်ပေါ်မှာ အစ်မကြီးပြင်း ခွင့်ရခဲ့တယ်။ အစ်မကို အလှဆုံး အရုပ် တစ်ရုပ် ဖြစ်အောင် အမျိုးမျိုး ခြယ်မှုန်းပေးကြတာပေါ့။ ငယ်ငယ်က အစ်မကို ဥာဏ်သိပ်ကောင်းပြီး စာတော်တဲ့ စောင်းတီးပြီး၊ အကကောင်းတဲ့ ကောင်မလေး တစ်ဦး အဖြစ် ပတ်ဝန်းကျင်မှာ လက်ခံကြီးပြင်း ခဲ့တယ်။ အစ်မရန်ကင်းတီတီစီမှာ မူလတန်း အောင်တဲ့အထိ ကျောင်းတက်ခဲ့ပြီး၊ ၅ တန်းကနေ ၁ဝ တန်း အောင်တဲ့အထိကိုတော့ အထက(၁)ဒဂုံ ကျောင်းမှာ ဆက်လက်တက်ရောက် ပညာ သင် ကြားခဲ့ရတာပါ။
>>>အစ်မရဲ့ ငယ်ဘဝတုန်းက ဖြစ်ချင်ခဲ့တဲ့ ငယ် အိပ်မက်က ဘယ်လိုအိပ်မက်မျိုး ပါလဲ။
အစ်မမှတ်မိတယ် နွေရာသီကျောင်းပိတ် ရက် အားလပ်ရက်ဆိုရင် မေမေ ဦးစီးပြီး ဖွင့်တဲ့ အမျိုးသမီးအပ်ချုပ်သင်တန်းမှာ အစ်မက လက် ထောက်ဆရာမလေးတစ် ဦးပေါ့၊ မေမေက နွေရာသီကျောင်းပိတ်ရက်တိုင်း အပ်ချုပ်သင်တန်း ဖွင့်တယ်လေ။ အစ်မအသက် ၁၂ နှစ်လောက် ကတည်းက ဆရာစောင်းဦးချမ်းနဲ့ စောင်းတီးသင် ခဲ့ပြီး၊ မြန်မာ့အသံမှာတောင် သီချင်းကြီး ဆို/တီး ရိုက်ကူးထုတ်လွှင့်ဖြစ်ခဲ့သေးတယ်၊ Tennis လည်း သိမ်ဖြူမှာ သင်တန်းတက်ခဲ့ပြီး စနစ်တကျ ကစားဖြစ်တယ်၊ အချုပ်ပြောရရင် မေမေဟာ အစ်မကို အခုလို အမျိုးသမီးဆရာဝန်၊ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးအဖြစ် လောကအလယ်မှာ ရဲရဲဝင့်ဝင့်နဲ့ ရပ်တည်ဦးဆောင်နိုင်အောင် ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုတွေရအောင် ငယ်ငယ်က တည်းက ပြုစုပျိုးထောင်ပေးခဲ့တာကို အစ်မ ပြောပြချင်တာပါ။
အစ်မတို့ (၁ဝ )တန်းတုန်းက ၆ ဘာသာရှိတဲ့ အနက် အစ်မက အင်္ဂလိပ်၊ သင်္ချာ၊ ရူပနဲ့ဓာတုမှာ ပဲ ဂုဏ်ထူးရခဲ့ပေမယ့် ဆရာဝန်လိုင်း အမှတ်မီတဲ့ အတွက် ဆေးတက္ကသိုလ် (၁) ရန်ကုန်ကို ၁၉၈၂ ခုနှစ်မှာပဲ စတင်တက်ရောက်ခွင့်ရခဲ့တယ်၊ အစ်မ တို့နှစ်က (၁ဝ)တန်း အောင်ရင်Regional College မသွားဘဲ၊ တိုက်ရိုက် တက္ကသိုလ်တန်း တက်ခွင့်စရတဲ့ ပထမဆုံးနှစ်ပေါ့။ အစ်မက ငယ် ငယ်တုန်းကတည်းက ဂျူတီကုတ်နဲ့ နားကြပ်နဲ့ စတိုင်ကျကျ ဆရာဝန်မကြီးလုပ်ချင်တယ်၊ စစ် တပ်ထဲက စစ်သမီး ဝတ်စုံ ယူနီဖောင်းကိုလည်း အရမ်း သဘောကျခဲ့တယ်။
>>>ဒေါက်တာမြသီတာဆွေတင်ဘဝကနေ စီးပွား ရေးလုပ်ငန်းရှင် ဒေါ်မြသီတာဆွေတင်ဆိုတာ ဖြစ်လာခဲ့တာကရော ဆရာဝန်အလုပ်ကို ဝါသနာ မပါခဲ့တာပါလား။
ဒီအကြောင်းပြောရမယ်ဆိုရင် အစ်မအမျိုး သား အကြောင်းက စပြောရလိမ့်မယ်။ ၆-၁၂-၁၉၈၇ ရက်နေ့၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာFund Fair ကျင်းပတဲ့ညချမ်း အချိန်မှာပေါ့၊ မောင် မောင်ဆွေတင် (ခေါ်) လင်းဆွေတင် အမည်ရှိ သတို့သား တစ်ဦးဟာ အစ်မတို့ ဆေးကျောင်းက သူငယ်ချင်းတွေစုပြီး ဖွင့်ထားတဲ့ ice-cream shop ကို ရောက်ရှိလာပြီး၊ အစ်မကို မြင့်လျှင်မြင် ချင်း မေတ္တာသက်ဝင် ချစ်ခင်စုံမက်ပါသတဲ့၊ အစ်မရဲ့ အမျိုးသား (ကိုမောင်) က USA မှာ ၁၇ နှစ်ကြာနေခဲ့ကြပြီး၊ သူ့အမေနဲ့အတူ မြန်မာပြည်ကို အခုတစ်ခေါက် ပထမဆုံးအကြိမ်အဘွား နေမကောင်းလို့ဆိုပြီး ပြန်လာကြည့်ခိုက်ပေါ့။ သူ အိမ်ပြန် ရောက်ပြီး အဲဒီနေ့ည(၆-၁၂- ၁၉၈၇) မှာပဲ ကိုမောင့်အဘွားလည်း ကွယ်လွန်ခဲ့တယ်၊ အဘွားလည်းဆုံးပြီး ရက်လည်နေ့မတိုင်ခင် တစ် ရက်မှာပဲ ကိုမောင် အစ်မတို့အိမ်ကို ရှာဖွေ စုံစမ်းရောက်လာ ပြီး အဘွားရဲ့ ရက်လည် ဆွမ်း ကျွေးကိုလာရောက်ဖို့ဖိတ်ရင်း၊ ကိုယ့်ဘာသာ ကိုယ်လည်း မိတ်ဆက်ရင်းနဲ့ပေါ့၊ ဒီလိုနဲ့ (၂၉-၁-၁၉၈၈) မှာကိုမောင်နဲ့ အစ်မ လက်ထပ်ဖြစ်ခဲ့ တယ်။ အတိအကျ ပြန် ထွက် ကြည့်ရင်Love at 1st sight ဆိုတာကနေ ၅၄ ရက်အကြာမှာMarriage Ceremony ကျင်းပဖြစ်တာဟာဖြင့် ရှေးဘဝ ပဋ္ဌာန်းဆက်ေ ကြာင့်ပဲ ထင်ပါရဲ့၊ ဒါပေမဲ့ အစ်မ ရဲ့သမီး နှစ်ယောက်အတွက်တော့ နမူနာ မယူ သင့်တဲ့ ဖြစ်ရပ် တစ်ခုပါပဲ၊ ဒါပေမဲ့ ကိုမောင်ဟာ သူတော် ကောင်းတစ်ဦးပါ။ အင်မတန် စိတ် ထားဖြူစင်ပြီး၊ ဟန်ဆောင်မှုကင်း တဲ့အနေအထိုင် ရိုးရှင်းတဲ့ ဖခင်ကောင်း၊ ခင်ပွန်းသည် ယောက်ျား ကောင်း တစ်ဦးဖြစ်ပါတယ်။ အစ်မထက် ၁၄ နှစ် ကျော် ကျော် ကြီးတယ်။ ကိုမောင်က University of Maryland, USA မှာ ပညာသင်ကြားခဲ့တဲ့ Electronic Engineer တစ်ဦးပါ၊ NASA Green-belt Maryland နဲ့ Michigan Test Equipment Distribution (TED) စသည်တို့မှာ အလုပ် လုပ်နေရင်းက မြန်မာပြည်ကို ခဏပြန်လာ တုန်း အစ်မနဲ့တွေ့ပြီး ဒီမှာ အိမ်ထောင် ကျဖြစ်ခဲ့တာ ပါ။ အစ်မတို့ လက်ထပ်တော့ ကိုမောင်က ၃၆ နှစ်၊
>>> အစ်မက ၂၂ နှစ် Final Part II, Medical Student တစ်ဦးပေါ့။
အိမ်မတို့အိမ်ထောင်ကျပြီး သိပ်မကြာလိုက် ဘူး။ ၁၉၈၈ ခုနှစ်ဆူပူမှုအရေးအခင်းကာလ ရောက်ခဲ့ပြန်ပါတယ်။ အဲဒီတော့ ကျောင်းရက် ရှည်ပိတ်တာနဲ့ ကြုံရတာပေါ့။ ဒါ့ကြောင့် ၁၉၉ဝ ခုနှစ်မှာ အစ်မ MBBSဘွဲ့ယူစဉ်က သမီးကြီး အမရာ @ Annabella Sway Tin ကို မွေးပြီးပြီ၊ သမီးကြီး ၅ လ သမီးအရွယ်မှာ သမီး ငယ်ကိုယ်ဝန် ထပ်လွယ်ရ ပြန်တယ်၊ ဒါကြောင့် အစ်မ House Surgeon ဘဝမှာ အလုပ်တာဝန် တစ်ဖက်နဲ့ သမီးငယ်ကို ပင်ပင်ပန်းပန်း ကိုယ်ဝန်ဆောင် မွေးဖွားခဲ့တယ်။ ဘဝရဲ့ Challenges တွေပေါ့။ အိမ်ထောင်သားမွေးကိစ္စတွေဟာ အစ်မတို့ မိန်းမ သားတွေအတွက် မလွဲမသွေတွေ့ကြုံရတဲ့ ဂုဏ်ယူ စရာမိခင်ဘဝ ရရှိမှု တွေဖြစ်လို့ ဘယ်လို အခက် အခဲ အတားအဆီး တွေကိုပဲ ကြုံရပါစေမမှုခဲ့ပါ ဘူး။ အိမ်ထောင်သည် မိန်းကလေးတစ်ဦးဟာ ကိုယ့်ဘဝမှာ ရွေးချယ်စရာရှိလာရင် ကိုယ့်အတွက် ထက် ကိုယ့် မိသားစုအပေါ် တာဝန်ကျေပွန်လိုမှု (Conscientious) ကို ဦးစားပေးပြီး စဉ်းစား ရွေးချယ်တတ်တာ၊ မိသားစုအတွက် အနစ်နာခံ စရာရှိရင် မိခင်ဖြစ်သူ ကိုယ်ကပဲ အနစ်နာခံတာ(Compromising)၊၊ ကိုယ့်မိသားစုအပေါ်မေတ္တာ၊ ကရုဏာတရား ကြီးမားတတ်တာ(Compassio-nate & Caring)တွေဟာအစ်မတို့ မြန်မာအမျိုး သမီး မိခင်အများစုရဲ့ထူးခြားတဲ့ Core Character တွေပဲလို့ အစ်မတစ်ဦးလို ချစ်ခင် လေးစားရတဲ့ ပါမောက္ခ ဒေါက်တာဝင်းမင်းသစ်အမြဲပြောလေ့ရှိတယ်။ အရမ်း ကိုမှန်ပါတယ်၊ အစ်မရဲ့ဘဝမှာလည်းMBBS ဘွဲ့ရ ပြီးချိန်မှာ သမီးလေး(၂) ယောက်ရှိနေပြီဖြစ်တဲ့ အတွက် ထူးချွန်တဲ့ဆရာဝန်တစ်ဦးဖြစ်အောင်States မှာ FLEX စာမေးပွဲဖြေဖို့ ပြင်ဆင်ထားတာတွေ အားလုံးကို ဆက်မလုပ်တော့ဘဲ၊ အစ်မတို့ လင် မယား(၂) ဦး တိုင်းပင်လိုက်ပြီး၊ မြန်မာပြည် မှာပဲ ပြန်အခြေချ နေထိုင်ပြီး ကိုယ့်မိ သားစုကို ပြုစု ပျိုးထောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါပေမဲ့ (၇) နှစ်ကျော် သင်ယူခဲ့ရတဲ့ ဆေးပညာနဲ့ အဆက်အသွယ်ပြတ်သွားမှာစိုးတာက တစ် ကြောင်း၊ အဲ့ဒီအချိန်က အစ်မတို့နိုင်ငံ ပြည်သူပြည် သားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းမှာEfficient Medical Services တွေ လိုအပ်နေသေးတာက တစ်ကြောင်း၊ ကိုယ့် ဆရာသမားတွေနဲ့အတူ စုပေါင်းပြီး Quality Health Care Service Provider အဖြစ်လုပ်ပြ လိုတာ ကတစ်ကြောင်း စတဲ့အကြောင်းတွေ ကြောင့် စိတ်တူကိုယ်တူ ဆေးပညာရှင်တွေနဲ့ ပူးပေါင်းပြီး Pioneer Services International (PSI) Co., Ltd ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီး ဗဟိုရ်စည် အထူးကု ဆေးခန်းBahosi Medical Center ကို ၁၉၉၃ ခုနှစ်မှာ အောင်မြင်စွာ စတင် ဖွင့်လှစ်နိုင်ခဲ့တယ်။ အခုအချိန်မှာတော့ ခုတင် ၁၈ဝ ဆံ့အရွယ်ရှိ Bahosi Hospital ဟာ Top 10 Private Medical Services Provider တစ်ခုဆိုရင် မမှားဘူးထင်ပါတယ်နော်။ စီးပွား ရေး လုပ်ငန်းရှင်ဘဝက အဲဒီကစတယ်ပြောရမှာ ပဲ။
၁၉၉၃ ခုနှစ်လောက်ကျတော့ အစ်မတို့ တိုင်းပြည်ကလည်း စီးပွားရေးဆိုင်ရာ မူဝါဒတွေ ကို စနစ်တကျချမှတ်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍ ကို အတိုင်းအတာတစ်ခုအထိ ဖွင့်ပေးလာတဲ့ အတွက် အစ်မက အစ်မအမျိုးသားနဲ့ အတူ ပူးပေါင်းပြီး သူ့ရဲ့လက်ရှိစီးပွားရေးလုပ်ငန်း မှတ်ပုံတင်ထားတဲ့ Services Inter-national (Sole Proprietor) လုပ်ငန်းကို Services International (SI) Co., Ltd အဖြစ်ပြောင်းလဲ မှတ်ပုံတင် ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ အစ်မက ကိုမောင်နဲ့အတူ စီးပွားရေး လုပ်ငန်းထဲကို တဖြည်း ဖြည်း ဝင်ရောက်လာ ခဲ့ပါတယ်။ အစ်မ အမျိုးသား ဦးမောင်မောင်ဆွေတင်က နဂိုကတည်းက စကား နည်းပြီး အေးအေးဆေးဆေး နေတတ် သူဖြစ်တဲ့ အပြင် မြန်မာစကားပြော နှေးလွန်းတာကြောင့် လုပ်ငန်းကိစ္စစကားပြောရင် အစ်မပဲဝင်ပြီး ရှင်း ရင်း၊ ပြောရင်းကနေ ကုမ္ပဏီမှာအစ်မကပဲ ဦး ဆောင်လုပ်ကို င်သလို ဖြစ်လာခဲ့တယ်။ ကိုမောင် ကတော့ ဥက္ကဋ္ဌအနေနဲ့ အနောက်ကပဲနေပြီး Oversea အပိုင်းလောက်ပဲ ကိုင်တယ်။ အစ်မ ကတော့ ကျန်တဲ့ကိစ္စအားလုံး အပါအဝင် လုပ် ငန်းခွင်ထဲကိုပါ ဝင်ရောက် လုပ်ကိုင်ဖြစ်တော့ တာပါဘဲ။ ဆရာဝန်အလုပ်ကို ဝါသနာမပါလို့ မဟုတ်ပါဘူး။မိန်းမသားတစ်ယောက်အနေနဲ့ ဘယ်လို အလုပ် မျိုးကမှ သင့်တော်ပါတယ်။ ဘယ်လိုအလုပ်မျိုး ကတော့ မသင့်တော် ပါဘူးဆိုပြီး သတ်မှတ်နေကြ တဲ့အပေါ် အစ်မဘယ်လိုသုံးသပ်ချင်ပါသလဲ။ အစ်မရဲ့ သားကြီး လင်းမောင်မောင် @ Lawrence Sway Tin ကို ၁၉၉၆ မှာ ထပ်မံ မွေးဖွားခဲ့ပြီး၊ သားကြီး(၃) နှစ်သားအရွယ် ၁၉၉၉ ခုနှစ်မှာ အစ်မရဲ့အဖေဟာ အစာအိမ် ကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်။ ဖေဖေဟာငွေစာရင်း အရာရှိတစ်ဦးဖြစ်တော့ ကုမ္ပဏီမှာ အစ်မဘာမှ ပြန်ကြည့်စရာမလိုအောင် စာရင်းအပိုင်းကို ပိုင်ပိုင်နိုင်နိုင်ကိုင် တွယ်ထိန်း သိမ်းပေးခဲ့တာ။ ဖေဖေ မရှိတော့ အစ်မလက် တစ်ဖက်ပြုတ်တာပါဘဲ၊ အဲဒီအချိန်က နိုင်ငံတော် အကြီးအကဲတွေရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့Green Revolution စပြီး အကောင်အထည် ဖော်ဆောင်ရွက်ချိန် ဖြစ်တဲ့ အတွက် ဖေဖေမဆုံးခင်တစ်နှစ် လောက်မှာ ဝါးခယ်မဇာတိ ဧရာဝတီတိုင်းသား ဖေဖေရဲ့ အား ပေး တိုက်တွန်းမှု နဲ့ အစ်မတို့ SI Company ဟာ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းထဲ စတင်ခြေချ ရောက်ရှိလာခဲ့တယ်။ ပထမဆုံး စိုက်ပျိုးရေး စီမံ ကိန်းအနေနဲ့ ဧရာဝတီတိုင်း၊
စံကင်းကျွန်း ရေကြီး ကွင်း လယ်ယာမြေဖော်ထုတ်စိုက်ပျိုးရေး စီမံ ကိန်းကို စလုပ်ဖြစ် ခဲ့တယ်။ ”လယ်သူမလေး မထားမေ” ဆိုတဲ့ နာမည်နဲ့အတူ အစ်မလေ လယ်ကွင်း ကြီး တွေထဲအရောက် ကားတစ်တန်၊ လှေတစ်တန် ခရီးနှင်ခဲ့တယ်။ ဒေါင်းစပါးခင်း၊ ကိုင်းစပါးခင်းတွေကနေ လယ်ကွင်းနဲ့ကန်သင်း အစီအရီ ပုံစံပေါ်အောင် လယ်ယြာေ မကွက် ဖော် ထုတ်ပုံတွေ၊ ရေသွယ်တူးမြောင်းနဲ့ ရေတံခါးကြီး တွေ၊ ထွန်စက်နှင့်ရေစုတ် စက်ကြီးတွေ၊ မျိုးစပါး ပျိုးခင်းနဲ့ စပါးစိုက်ခင်းတွေ၊ စပါးခင်းကို ရိတ် သိမ်း၊ ခြွေ လှေ့၊ အခြောက်ခံ၊ ထုပ်ပိုး၊ ကြိတ်ခွဲ စသည့်လုပ်ငန်းအဆင့်ဆင့်တွေအပြင် ရာသီ ဥတုအချိန်ကိုက် လုပ်ငန်းအချိန်ဇယားအတိုင်း ဆောင်ရွက်ရတာတွေ၊ မဟုတ်ရင် မိုးလေဝသ ဒဏ်နဲ့ ပိုးမွှားဒဏ်ခံရပုံတွေ၊ မြေသြဇာ အသုံးချပုံ တွေ၊ စပါး-ငါးကန်တွေမှာ ဓာတ်မြေသြဇာရဲ့ ဖြစ် ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ၊ ဒေသခံေ တာင်သူတွေရဲ့ ဓလေ့စရိုက်တွေ Contract Farming ကိစ္စတွေ၊ ဒါတွေအားလုံး အစ်မ သေသေချာချာ နားလည်သဘောပေါက် အောင် လေ့လာသင်ယူခဲ့ရသလို တစ်ဖက်ကလည်း မိုးနည်းရေရှား ဒေသဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူး ခရိုင်၊ ပဒါန်းဒေသမှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းဖော်ထုတ် စိုက် ပျိုးရေးစီမံကိန်းနဲ့ တနင်္သာရီ တိုင်း၊ ကော့သောင်၊ ခမောက်ကြီးဒေသ မှာ ဆီအုန်းစိုက်ပျိုး ထုတ်လုပ် ရေးစီမံကိန်းကို လည်း၊ မြန်မာနိုင်ငံရဲ့ ချမှတ်ထား တဲ့ စီးပွားရေးဦး တည်ချက်တွေနဲ့အညီ အစ်မ တို့ တစ်တပ်တစ်အား ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရ တယ်။ အစ်မပြောချင်တာကတော့ ခက်ခဲကြမ်း တမ်းတဲ့ လုပ်ငန်းတွေမှာလည်း ယောက်ျားတွေလိုပဲ မိန်းမတွေလည်း စွမ်းဆောင်နိုင်မှုတွေ ရှိကြပါ တယ်။ ယောက်ျားတွေမှ လုပ်နိုင်ပါတယ်ဆိုတာ မရှိပါဘူး။
စံကင်းကျွန်း ရေကြီး ကွင်း လယ်ယာမြေဖော်ထုတ်စိုက်ပျိုးရေး စီမံ ကိန်းကို စလုပ်ဖြစ် ခဲ့တယ်။ ”လယ်သူမလေး မထားမေ” ဆိုတဲ့ နာမည်နဲ့အတူ အစ်မလေ လယ်ကွင်း ကြီး တွေထဲအရောက် ကားတစ်တန်၊ လှေတစ်တန် ခရီးနှင်ခဲ့တယ်။ ဒေါင်းစပါးခင်း၊ ကိုင်းစပါးခင်းတွေကနေ လယ်ကွင်းနဲ့ကန်သင်း အစီအရီ ပုံစံပေါ်အောင် လယ်ယြာေ မကွက် ဖော် ထုတ်ပုံတွေ၊ ရေသွယ်တူးမြောင်းနဲ့ ရေတံခါးကြီး တွေ၊ ထွန်စက်နှင့်ရေစုတ် စက်ကြီးတွေ၊ မျိုးစပါး ပျိုးခင်းနဲ့ စပါးစိုက်ခင်းတွေ၊ စပါးခင်းကို ရိတ် သိမ်း၊ ခြွေ လှေ့၊ အခြောက်ခံ၊ ထုပ်ပိုး၊ ကြိတ်ခွဲ စသည့်လုပ်ငန်းအဆင့်ဆင့်တွေအပြင် ရာသီ ဥတုအချိန်ကိုက် လုပ်ငန်းအချိန်ဇယားအတိုင်း ဆောင်ရွက်ရတာတွေ၊ မဟုတ်ရင် မိုးလေဝသ ဒဏ်နဲ့ ပိုးမွှားဒဏ်ခံရပုံတွေ၊ မြေသြဇာ အသုံးချပုံ တွေ၊ စပါး-ငါးကန်တွေမှာ ဓာတ်မြေသြဇာရဲ့ ဖြစ် ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ၊ ဒေသခံေ တာင်သူတွေရဲ့ ဓလေ့စရိုက်တွေ Contract Farming ကိစ္စတွေ၊ ဒါတွေအားလုံး အစ်မ သေသေချာချာ နားလည်သဘောပေါက် အောင် လေ့လာသင်ယူခဲ့ရသလို တစ်ဖက်ကလည်း မိုးနည်းရေရှား ဒေသဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူး ခရိုင်၊ ပဒါန်းဒေသမှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းဖော်ထုတ် စိုက် ပျိုးရေးစီမံကိန်းနဲ့ တနင်္သာရီ တိုင်း၊ ကော့သောင်၊ ခမောက်ကြီးဒေသ မှာ ဆီအုန်းစိုက်ပျိုး ထုတ်လုပ် ရေးစီမံကိန်းကို လည်း၊ မြန်မာနိုင်ငံရဲ့ ချမှတ်ထား တဲ့ စီးပွားရေးဦး တည်ချက်တွေနဲ့အညီ အစ်မ တို့ တစ်တပ်တစ်အား ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရ တယ်။ အစ်မပြောချင်တာကတော့ ခက်ခဲကြမ်း တမ်းတဲ့ လုပ်ငန်းတွေမှာလည်း ယောက်ျားတွေလိုပဲ မိန်းမတွေလည်း စွမ်းဆောင်နိုင်မှုတွေ ရှိကြပါ တယ်။ ယောက်ျားတွေမှ လုပ်နိုင်ပါတယ်ဆိုတာ မရှိပါဘူး။
>>> လူရယ်လို့ဖြစ်လာရင် အနိမ့်အမြင့် ဘဝတွေကို ကြုံတွေ့ရမှာပဲလို့ ဆိုကြ ပါတယ်။ အစ်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ လောကဓံတွေ ကိုရော အစ်မ ဘယ်လို ရင်ဆိုင်ေ ကျာ်ဖြတ်ခဲ့ရပါသလဲ။
လောကမှာ လူရယ်လို့ ဖြစ်လာရင် လောကဓံ ဆိုတာတော့ လူတိုင်းကြုံတွေ့ရစမြဲလေ။ အစ်မ လည်း လူသားထဲက တစ်ယောက်ပဲဆို တော့ အခုအသက်ထက် ဝက်ေ ကျာ်လာပြီမို့ ထိုက်သင့်တဲ့ ဘဝအတွေ့အကြုံနဲ့ လောကဓံကို ကြုံတွေ့ရင်ဆိုင်ကျော်လွှားခဲ့ရပြီးပါပြီ။ အစ်မဆိုရင် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာမှာ ပထမဆုံးအနေနဲ့ အစ်မ ဘဝ ထဲ ဖေဖေ ထွက်ခွာသွားတယ်။ ၂ဝဝ၇ ခုနှစ်၊ ဒီဇင်ဘာမှာပဲ အစ်မအမျိုးသား သွေးကင်ဆာ ရောဂါနဲ့ ဒီလောက် ထဲက ထွက်သွားပြန်တယ်။ အဲဒီနေ့က ကိုမောင် နဲ့အစ်မ
စတွေ့တာ အနှစ် (၂ဝ) တိတိ ပြည့်တဲ့ နေ့ပေါ့။ အစ်မက သားသမီး (၄) ယောက်နဲ့ ကျန်ခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလမှာ အစ်မ အင်မတန် ချစ်ခင် လေး စားရတဲ့ ကိုမောင်ရဲ့ ဖခင်ကြီး အစ်မတို့ကို ထားခဲ့ပြန်တယ်။ ပြီးခဲ့တဲ့ သြဂုတ်လ၊ ၂ဝ၁၂ မှာ ကျတော့ အစ်မရဲ့တစ်ဦး တည်း သောညီမလေး အသံမပေးဘဲ တိတ်တဆိတ် ထွက်ခွာသွားပြန် တယ်။ ဒီလို တစ်ယောက်ပြီးတစ်ယောက် အစ်မ ရဲ့ ဘေးက ထွက်သွားလိုက်တာ ငါ့အလှည့် ဘယ် တော့လည်း ဆိုပြီး သတိပြုမိလာတယ်။ ဒါပေမဲ့ ဒီဘဝထဲကိုလာစဉ်ကလည်း တစ် ယောက်တည်း ပဲလေ။ ပြန်တော့လည်း တစ် ယောက်ထဲပဲပေါ့။ အခုလူဘဝ သက် တမ်း (၇၅) နှစ်နဲ့ ပြန်တွက်ရင် အစ်မအနေနဲ့ ရက်ေ ပါင်း (၁ဝ,ဝဝဝ) လောက်ပဲ ကျန်တော့တဲ့အတွက် (ဒါတောင် အသက် ၇၅ နှစ်အထိ နေရဦးမှ) ကျန်တဲ့ အချိန်လေးအတွင်းမှာ လောကဓံနှင့် ကြုံတွေ့လာရင် ခံနိုင်ရည် ရှိအောင် သံသရာအတွက်ပါအောင်ဆိုပြီး ဘာသာရေးကို ပိုပြီး သတိထားလုပ် ဖြစ်တယ်။
စတွေ့တာ အနှစ် (၂ဝ) တိတိ ပြည့်တဲ့ နေ့ပေါ့။ အစ်မက သားသမီး (၄) ယောက်နဲ့ ကျန်ခဲ့ပြီးနောက် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလမှာ အစ်မ အင်မတန် ချစ်ခင် လေး စားရတဲ့ ကိုမောင်ရဲ့ ဖခင်ကြီး အစ်မတို့ကို ထားခဲ့ပြန်တယ်။ ပြီးခဲ့တဲ့ သြဂုတ်လ၊ ၂ဝ၁၂ မှာ ကျတော့ အစ်မရဲ့တစ်ဦး တည်း သောညီမလေး အသံမပေးဘဲ တိတ်တဆိတ် ထွက်ခွာသွားပြန် တယ်။ ဒီလို တစ်ယောက်ပြီးတစ်ယောက် အစ်မ ရဲ့ ဘေးက ထွက်သွားလိုက်တာ ငါ့အလှည့် ဘယ် တော့လည်း ဆိုပြီး သတိပြုမိလာတယ်။ ဒါပေမဲ့ ဒီဘဝထဲကိုလာစဉ်ကလည်း တစ် ယောက်တည်း ပဲလေ။ ပြန်တော့လည်း တစ် ယောက်ထဲပဲပေါ့။ အခုလူဘဝ သက် တမ်း (၇၅) နှစ်နဲ့ ပြန်တွက်ရင် အစ်မအနေနဲ့ ရက်ေ ပါင်း (၁ဝ,ဝဝဝ) လောက်ပဲ ကျန်တော့တဲ့အတွက် (ဒါတောင် အသက် ၇၅ နှစ်အထိ နေရဦးမှ) ကျန်တဲ့ အချိန်လေးအတွင်းမှာ လောကဓံနှင့် ကြုံတွေ့လာရင် ခံနိုင်ရည် ရှိအောင် သံသရာအတွက်ပါအောင်ဆိုပြီး ဘာသာရေးကို ပိုပြီး သတိထားလုပ် ဖြစ်တယ်။
>>> အစ်မရဲ့ဘဝမှာ အဆိုးဆုံးစိန်ခေါ်မှုဆိုတာကို တွေ့ကြုံခဲ့ရဖူးပါသလား။ အဲဒီစိန်ခေါ်မှုကိုရော အစ်မဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသလဲ။
၂ဝဝ၃ ခုနှစ်မှာ သားငယ်လေး လင်းညီညီ @ Leonard Sway Tin ကိုမွေးတော့ လွန်ခဲ့တဲ့ (၁ဝ) နှစ်ခန့်ကပေါ့။ အစ်မအတွက် အဲ့ဒီ (၁ဝ) နှစ်တာကာလအတွင်းမှာ စိန်ခေါ်မှုတွေ၊ ရွေးချယ် မှုတွေအတွက် ဆုံးဖြတ်ချက်တွေ အများ ကြီး လုပ်ခဲ့ရတယ်။ ကိုယ့်ဘာသာကိုယ် အဆိုပြု၊ ကိုယ့် ဘာသာကိုယ် ဆုံးဖြတ်ပေါ့။ အစ်မလျှောက် ခဲ့ရ တဲ့လမ်းကို အစ်မ ပြန်ကြည့်တဲ့အခါ ဒီလမ်းကို ကိုယ်တိုင်ရွေးချယ်ခဲ့တာဆိုပေမယ့် ကံနဲ့အများ ကြီးဆက်စပ်နေတာ ကိုတွေ့ရတယ်။ ကံ၊ ဥာဏ်၊ ဝီရိယပြည့် စုံမှ အော င်မြင်အကျိုးပေးတာ ဖြစ်ပေ မယ့်၊ကံစီမံရာလမ်းကြောင်းပေါ်မှာ အစ်မတို့ လျှောက်နေရတာပဲ၊ အစ်မက ဗုဒ္ဓဘာသာဝင်ပီပီ ဘုရား၊ တရား၊ သံဃာရတနာ(၃)ပါး ဂုဏ်ေ ကျးဇူး ကို အထူးသက်ဝင်ယုံကြည်တယ်။ သရဏဂုံ(၃)ပါးနဲ့ ငါးပါးသီလကို အတတ်နိုင်ဆုံးမြဲမြံစွာ စောင့်ထိန်းတယ်။ ကံ ကံ၏ အကျိုးကိုယုံကြည် တယ်။ မိမိပြုလုပ်တဲ့ ကံမှတစ်ပါး လောကကြီးကို စီမံဖန်တီးသူမရှိဘူးလို့ အစ်မယုံကြည်တယ်။ ဒါကြောင့်လည်း ကံကောင်းအောင် ကုသိုလ် ကောင်းမှု (ရသလောက်ပေါ့) မျာများလုပ်ပြီး၊ အကုသိုလ် ဒုစရိုက်တွေကို မလုပ်ဖြစ်အောင် ရှောင်ရှားတယ်။
လောကမှာ ပြုလုပ်ထိုက်တဲ့ အမြဲပြုလုပ် သင့်တဲ့ ကောင်းမှုကုသိုလ် (ပုညကြိယာဝတ္ထု) ၁ဝ မျိုးရှိတယ်။ ဒါန၊ သီလ၊ ဘာဝနာ(ဗုဒ္ဓနုဿတိ ဘာဝနာနှင့် မေတ္တာဘာဝ နာပွားများခြင်း)၊ အပစာယန(ရိုသေထိုက်သူကို ရိုသေခြင်း)၊ ဝေယျာဝစ္စ(သူတစ်ပါးကိစ္စကြီးငယ်ကို ပြုစုဆောင် ရွက်ခြင်း၊ ပတ္တိဒါန(မိမိပြုလုပ်သောကုသိုလ်ကို အမျှပေးဝေခြင်း)၊ ပတ္တာနုမောဒနာ(သူတစ်ပါး ကုသိုလ်ကောင်းမှုပြုသည်ကို မြင်ကြား အမျှပေး ဝေလျှင် ဝမ်းမြောက်စွာ သာဓုခေါ်ခြင်း)၊ ဓမ္မဿဝန(တရားနာယူခြင်း)၊
ဓမ္မဒေသနာ(တရား ဟော ပြောပြသခြင်း)၊ ဒိဋ္ဌိဇု ကမ္မ(ဖြောင့်မတ်သောအယူရှိခြင်းနှင့် ကံ-ကံ၏ အကျိုးကို ယုံကြည် ခြင်း) တို့ပဲ ဖြစ်တယ်။
ဓမ္မဒေသနာ(တရား ဟော ပြောပြသခြင်း)၊ ဒိဋ္ဌိဇု ကမ္မ(ဖြောင့်မတ်သောအယူရှိခြင်းနှင့် ကံ-ကံ၏ အကျိုးကို ယုံကြည် ခြင်း) တို့ပဲ ဖြစ်တယ်။
>>> ကြီးလေးရှုပ်ထွေးလေဖြစ်တဲ့ လုပ်ငန်း တာဝန် တွေကို အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့ အစ်မ က ဦးဆောင်ပြီးလုပ်နေရတော့ ဘယ်လို အခက် အခဲ တွေကို ကြုံရလေ့ရှိ ပါသလဲ။
အစ်မအနေနဲ့ လောကဓံလို့ပဲခေါ်ခေါ်၊ အခက်အခဲပြဿနာအရှုပ်အထွေးလို့ပဲ ပြောပြော ပေါ့နော်။ ကြုံတွေ့လာရင် ကိုယ့်စိတ်လှုပ်ရှားနေ တုန်း ဆုံးဖြတ်ချက်မချမိေ အာင် ကြိုးစားတယ်။ ပြီးတော့ အပြင်လူတစ်ယောက်အနေနဲ့ ဒီကိစ္စ အပေါ်အပြင်ဘက်ကနေ သုံးသပ်ကြည့်တယ်။ ငါ စွဲမပါအောင် ကြိုးစားပြီး စဉ်းစားတယ်။ မိတ်ဆွေ ကောင်းတွေနဲ့ လိုအပ်ရင် တိုင်ပင်တယ်။ တကယ် လို့ အချိန်ယူလို့ရတဲ့ ကိစ္စမျိုးဆိုရင် အလျဉ်စလို မလုပ်မိအောင် ဆုံးဖြတ်ချက်မချမိအောင် ကြိုးစားတယ်။ ကိုယ် ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်အစ်မကတော့ မှားမှားမှန်မှန် ဘယ်တော့ မှ နောင်တရမနေဘူး။ ဆရာတော်ဘုရားတွေက ပြောတယ်။ နောင်တ တစ်ဖန်ရပြီး ပူဆွေးသောက ရောက်နေတာဟာ (ကုက္ကုစ) နီဝရဏတရား (၆) ပါးထဲမှာ ပါဝင်တာဖြစ်လို့ အကုသိုလ် စေတ သိတ်တစ်ခုသာဖြစ်တယ်။ ဒါကြောင့် ကိုယ့် အတွက် ဘာမှအကျိုးမရှိတဲ့ အပြင် ကုသိုလ် စိတ်ကိုတောင် ဖြစ်ခွင့်မရအောင်တားမြစ်ပိတ်ပင် တဲ့အတွက် အစ်မဘယ်တော့မှ နောင်တရမနေ ဘူး။ သင်ခန်းစာပဲ ယူလိုက်တယ်။
>>> အားနွဲ့တဲ့မိန်းမသားတစ်ဦး ဖြစ်နေပေ မယ့်လည်း အခုလိုလုပ်ငန်းတွေ အောင်မြင်တိုးတက်နေတဲ့ လျှို့ဝှက်ချက်ဆိုရင် ဘာများပါလဲ အစ်မ။
အစ်မက ကိုယ့်ကိုယ်ကိုယ် ဘာသာရေးရဲ့ အဆုံးအမ အောက်မှာနေပြီး ကိုယ်လုပ်သင့်တဲ့ လုပ်ငန်းတွေကို တစ်ခုချင်းသုံးသပ်တယ်။ မိတ် ကောင်းဆွေကောင်းတွေနဲ့ တိုင်ပင်တယ်။ အကြံ ဥာဏ်ရယူတယ်။ ကိုယ့်ဝန်ထမ်းတွေကို လည်း အစ်မပြောတာကိုသာ လိုက်လုပ်တာထက် သူတို့ ရဲ့ အမြင်နဲ့ သဘောထားသုံးသပ်ချက်၊ အကြံ ဥာဏ် တွေကိုပါ နားထောင်ကြည့်တယ်။ လူတိုင်း၊ လူတိုင်းမှာ သူတို့ရဲ့ ကျွမ်းကျင်လိမ္မာတဲ့ အရည် အချင်းကောင်းတွေ အနည်းဆုံးတစ်ခုစီတော့ ရှိကြပါတ ယ်။ ခေါင်းေ ဆာင်လုပ်တဲ့သူကဒါကိုမြင်အောင်ကြည့်တတ်ဖို့ပဲလိုတယ်။ Exceptional Case ကတော့ အနည်းအကျဉ်းရှိ တာပေါ့ နော်။
>>> ကိုယ့်ရဲ့ Personal Development အတွက်ရော ဆက်ပြီးလေ့လာဖြစ် သင်ယူဖြစ်တဲ့ပညာရပ်မျိုး တွေ ရှိပါသလား။
အစ်မလေ အထူးသဖြင့် အစ်မခင်ပွန်းကွယ် လွန်ပြီးတဲ့နောက်မှာ ကိုယ့်စိတ်ကို နည်းနည်းမှ အလွတ်မပေးခဲ့ဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဖွင့်တဲ့ MOFA-BDS Basic Diplomatic Skill (အပတ်စဉ် ၂၁) ကိုလည်း တက်ရောက် ခဲ့သေးတယ်။ အခုလည်း လူမှုရေးအသင်းအဖွဲ့ တွေမှာ အစ်မအတတ်နိုင်ဆုံး တက်တက်ကြွကြွ နဲ့ ပါဝင်လုပ်ကိုင်ပေးနိုင်အောင် အစ်မကြိုးစား တယ်။ အခုဆိုရင် အစ်မမှာ ဓမ္မမိတ်ဆွေတွေ ရော၊ နှလုံးသားဂီတအလှူကို အရင်းခံပြီး ပေါက် ဖွားလာတဲ့ စိတ်တူကိုယ် တူရှိတဲ့ ”တူညီစိတ်ထား၊ ဖြူစင်မေတ္တာ”ဆိုတဲ့ အစ်မတို့သူငယ်ချင်းမိန်း ကလေးအဖွဲ့ရော၊ အခြားလူမှုရေးနဲ့NGO အသင်း အဖွဲ့တွေမှာရော ကိုယ်လုပ်ပေးနိုင်သလောက် လူအား၊ ငွေအား၊ ပညာအားတွေနဲ့ အစ်မရတဲ့ အချိန်မှာ ရသလို လုပ်ဖြစ်တယ်။ ချက်ချင်းအကျိုး ကတော့မိတ်ဆွေကောင်းတွေတိုးပွားရုံသာမက အချင်းချင်းမိတ်ဆွေေ ကာင်းတွေရဲ့ ဝတ္တရား အတိုင်း ဝိုင်းဝန်းစောင့်ရှောက်ဖေးကူကြတော့ Lonely ဖြစ်နေတဲ့ စိတ်လည်း မရှိတော့ဘူး ပေါ့။
BDS သင်တန်း(၃) လတက်ပြီးတဲ့နောက် နောက်ထပ်ဘာသင်တန်းတက်ရရင်ကောင်းမလဲ ပေါ့လေ။MBA (2) yearsCourse တက်မလား ဆိုပြီး အစ်မစဉ်းစားဖြစ်ေ သးတယ်။ ဒါပေမဲ့ Fundamental Buddhism Diploma Course ကို အစ်မရွေးလိုက်တယ်။ အခုဆိုရင် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္တတရား(၄)ပါး အကြောင်းကိုလည်း အစ်မ သိပြီ၊ သတိပဋ္ဌာန် တရား(၄) ပါးနဲ့ ပဋိစ္စသမုပ္ပာဒ်တရားနဲ့ သုတ္တန် ၊ ဝိနည်းအစရှိတဲ့ အခြေခံဗုဒ္ဓဘာသာသင်ရိုး ညွှန်း တမ်းအားလုံး သင်ကြား ရတယ်။ ဒီအတန်းကို တက်ရောက်လိုက်ရတာ အစ်မအတွက်၊ အခုဘဝ အတွက်ရော၊ နောင်ဘဝနဲ့ သံသရာအတွက် သာမက လွတ်မြောက်မှု(ဝိမုတ္တိ) အတွက်ပါ အကျိုးများလှပါတယ်။
>>>မိသားစု၊ အသိုက်အဝန်းဆိုတာမှာ ဖခင် နေရာမှာ လစ်လပ်သွားတဲ့အတွက် အစ်မရဲ့ သား၊ သမီး တွေကိုရော စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ရှိနေဖို့ အစ်မ ဘယ်လိုကြိုး စားပေးခဲ့ရပါသလဲ။
အစ်မအမျိုးသားဆုံးတာ အခုဆိုရင် ၅ နှစ် နဲ့ ၅ လရှိပြီပေါ့။ ကိုမောင်ဆုံးတဲ့အချိန်မှာ သမီး ကြီး Anna @ အမရာဆွေတင်က ၂ဝဝ၈ ခုနှစ်ISM Graduation Batch ၊ သမီးငယ် Izzy @ အိနြေ္ဒမဒီဆွေတင်က ၂ဝဝ၇ ခုနှစ် ၊ISM Graduation Batch ၊ သမီး(၂) ယောက် ဆက် တိုက် Graduation ရတဲ့အခါ သူတို့ကို ပထမ သူ့ အဖေနေထိုင်ခဲ့တဲ့ အမျိုးတွေလည်းရှိတဲ့United States ကိုပဲ ပို့မယ်လို့ စီစဉ်ထားတာ၊ နောက်တော့ သမီးတို့ကို Request လုပ်ပြီး၊ Australia ဘက်ကိုပြောင်း လိုက်တယ်။ အခု အစ်မသမီး (၂)ယောက်စလုံး UNSW-Sydney မှာ Under graduate Bachelor Degree Course ကို တက်နေကြတယ်။ ဒီနှစ်ကုန် လောက် ဆိုရင် သမီးကြီးကBachelor Degree (Commerce) ပြီးခါနီးပြီ၊ သူတို့ပြန်လာရင် အစ်မအားရှိတာပေါ့။ သမီးတို့ကFurther Study ကို States မှာ ဆက်တက်ချင်ေ နသေး တယ်။ ဒါပေမဲ့ အမေ့ကိုလည်း သနားနေတော့ ပြန်လာပြီး အစ်မကို ဝိုင်းကူဖို့များပါတယ်။ သမီးတို့ပြန်ရောက်ပြီးတာနဲ့ သားကြီး Lawrence @ လင်းမောင်ေ မာင်က အခု ISM မှာ Grade-11 ဆိုတော့ သူလည်းသွားရဦး မှာပေါ့။ သားငယ် Leonard @ လင်းညီညီကအခု မှ ISM Grade -4 ပဲရှိသေးတာ၊ ဒီကလေးတွေ ရဲ့ တာဝန်ကို အစ်မပဲထမ်းရတာပေါ့။ ဒါပေမဲ့ ဘုရားရှင်ဟော ပြောချက်အရ လူတိုင်းဟာ ကိုယ့် ရဲ့ ကိုယ်ကျင့် သိက္ခာ(ကျင့်ဝတ်)အပေါ် တာဝန် ယူမှု၊ တာဝန် ကျေပွန် မှုတွေက ကောင်းမှု ကုသိုလ် တွေဖြစ် တဲ့အတွက် ဘာပဲလုပ်ရလုပ်ရ၊ ယောနိ သောမနသိ ကာထားပြီး နှလုံးသွင်းကောင်းရင်၊ ဗြဟ္မာစိုရ် တရားလက်ကိုင်ထားပြီး အားလုံး အပေါ်ကိုယ်ချင်း စာနာတတ်ရင် ကိုယ်လုပ်သမျှ အားလုံးဟာ ကိုယ့်အတွက်ကြီးပါပဲ။ ကိုယ့်စိတ်ထားတတ်ရင် ကိုယ်ယူတတ်ရင် လောကကြီးက ကျေနပ်စရာ ပါပဲ။
>>> ဖခင်ရဲ့ ရင်ခွင်ဆုံးရှုံးလိုက်ရတဲ့ အစ်မရဲ့ သားသမီး တွေရဲ့ လိမ္မာရေးခြားရှိမှုကိုရော အစ်မ ဘယ်လို စီမံရပါသလဲ။
ငယ်ငယ်ကတည်းက ဆရာမ အမေရဲ့ လက် အောက်မှာ စည်းကမ်းကြီးစွာနဲ့ ကြီးပြင်းလာရတော့ အစ်မတို့က ခေါက်ရိုးကျိုးနေခဲ့ပြီ၊ ဆိုရှယ်လစ် ခေတ်လည်းဖြစ်တော့ ဒီနေ့ခေတ်လို အာရုံခံစား မှုတွေက ထွေလီဆန်းပြားတာသိပ်မရှိဘူး။ ရိုးစင်း တဲ့ဘဝပေါ့။ အဝတ်အစားဝတ်တာကအစ သွား လာနေထိုင်တာအဆုံး အမေမကြိုက်တာဆို မလုပ်မိအောင် နေခဲ့တယ်။ ဒီခေတ်နဲ့တော့ ကွာ တာပေါ့။ ဒီခေတ်ကတော့ ကလေးတွေရဲ့ အတွေး အမြင်ကို ကိုယ်ကနားလည်လက်ခံပေးပြီး၊ အကောင်း-အဆိုး သုံးသပ်ပြရုံပဲပေါ့။ဆုံးဖြတ်ချက် ကတော့ သူတို့ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပါပဲ၊ ဒီမိုကရေစီဆန်ဆန်၊ လွတ်လပ်တဲ့ တွေးခေါ် ယုံ ကြည်မှုပေါ့။ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ့် ဘာသာ ရွေးချယ်ကြတာများပါတယ်။ မိဘရဲ့ လွှမ်းမိုးမှု (influential)ကိုသိပ် လက်မခံချင်ကြ ဘူး။ အကောင်းနဲ့အဆိုးကတော့ အမြဲဒွန်တွဲနေ စမြဲပါ။ အတွေ့ အကြုံများတိုင်း ခေါင်းဆောင် ကောင်းတစ်ဦး မဖြစ်နိုင်ဘူး။ အဲဒီအတွေ့အကြုံ ကရတဲ့ အမှန်နဲ့အမှား၊ အားနည်းချက်နဲ့ အားသာ ချက်တွေကို သင်ခန်းစာယူပြီး လက်ေ တွ့ အခြေ အနေတွေပေါ်မှာ ပြန်လည်အသုံးချနိုင် မှသာ ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာ နိုင်တယ်ဆို တာကို ဆရာ ဦးကျော်ကျော်လှိုင်ရဲ့ (Radio talk-show) တစ်ခုမှာ ကြားလိုက်ရလို့ သိပ်မှန် တာပဲလို့ ကောက်ချက်ချလိုက်မိသေး တယ်။ အစ်မကတော့ ကလေးတွေကို မိဘမေတ္တာ အပြည့်ပေးပြီး သူတို့ရဲ့ နားလည်မှုကို ပြန်ယူ တာ နဲ့ပဲ ထိန်းကျောင်းပါတယ်။
>>> အလုပ်တွေလည်း အများကြီးလုပ်ရပြီး စီမံ ရတာ တွေလည်း များလှတဲ့ အစ်မအတွက် စိတ်ဖိစီး တာတွေလည်း များမှာပဲနော်။ ဒီလို စိတ်ဖိစီးမှု တွေကို အစ်မဘယ် လို ဖြေဖျောက်ရပါသလဲ။
အစ်မ မနက်မျက်စိနှစ်လုံးဖွင့်ကတည်းက ညအိပ်ရာဝင်တဲ့အထိ ဇယ်ဆက်သလို မပြတ် အလုပ်လုပ်နေရပေမယ့်Stress တွေ၊ Worry တွေ များပေမယ့် အစ်မ ဒီဘဝ ကို ကျေနပ်စွာပဲ ရပ် တည်နေနိုင်ပါတယ်။ ရုပ်ကို ကံ၊ စိတ်၊ ဥတု၊ အာဟာရက ပြုပြင်ပြောင်းလဲပေးတယ်တဲ့။ အစ်မ အခုရရှိထားတဲ့ ဒီရုပ်ခန္ဓာရဲ့ အဆင့် အတန်းက ကံက ပို့လိုက်တဲ့ အတိုင်းပဲပေါ့။ ဒါကို အစ်မတို့ သိပ်ပြီး ပြောင်းယူလို့မရပေမယ့် စိတ်ကောင်း မွေးပြီး စိတ်ကို ပကတိ ဖြူစင်နေအောင်ထားနိုင်ရင်၊ ရာသီဥတုနဲ့ နေရာထိုင်ခင်း
သင့်တင့်လျောက် ပတ်အောင် နေထိုင်ဝတ်စားတတ်ရင်၊ အစား အစာနဲ့ဆေးဝါး၊ အာဟာရကို လိုအပ် သလောက် သာ စားသုံးမှီဝဲ တတ်ရင်၊ ကိုယ့်ရဲ့ ရုပ်ကို အစ်မ တို့ ထိန်းထားနိုင်ပါတယ်။
သင့်တင့်လျောက် ပတ်အောင် နေထိုင်ဝတ်စားတတ်ရင်၊ အစား အစာနဲ့ဆေးဝါး၊ အာဟာရကို လိုအပ် သလောက် သာ စားသုံးမှီဝဲ တတ်ရင်၊ ကိုယ့်ရဲ့ ရုပ်ကို အစ်မ တို့ ထိန်းထားနိုင်ပါတယ်။
စိတ်ကိုတော့ တည်ငြိမ်မှု သမာဓိရအောင် အာနာပါနကမ္မဋ္ဌာန်းနဲ့ ကြိုးစားထိန်းပါတယ်။ အရေးကြီးဆုံးကတော့ ရုပ်၊ နာမ်နှစ်ပါးကို မြင် အောင်ရှုမှတ်ပြီး ဒီရုပ်၊ ဒီနာမ်တို့ရဲ့ မမြဲခြင်းတရား (အနိစ္စ)၊ ဆင်းရဲခြင်းတရား(ဒုက္ခ)၊ သူ့သဘော သူဆောင်ခြင်းတရား၊ကိုယ့်အလိုသို့ မလိုက်ခြင်း တရား (အနတ္တ)စတဲ့ လက္ခဏာရေး ၃ ပါးကို (အနိစ္စ၊ဒုက္ခ၊ အနတ္တ)အဖြစ် ရှုမြင်ခြင်း၊ သိခြင်း တို့ကို ကြိုးစားအားထုတ်မှတ်ယူနေခြင်း ဖြစ်ပါ တယ်။ ဒါကိုပဲ ဝိပဿနာလို့ ဆိုပါတယ်။ဆက်လက်ပြီးတော့ ဘုရားရှင်ရဲ့ နောက် ဆုံး စကားတော် ”ဝယ ဓမ္မာ သင်္ခါရာ၊ အပ္ပမာ ဒေန သမ္ပာဒေထ” (ဖြစ်ပေါ်လာသမျှသော ဘဘာဝတရားတို့သည် ပျက်စီးရသည်ချည်းသာ မြဲမြံသော သတိတရားဖြင့် သီလ၊ သမာဓိ၊ ပညာ တရားတို့ကို ပြည့်စုံတိုးပွားအောင် ကြိုးစားအား ထုတ်ကြကုန်လော) ဆိုတဲ့ အဆုံးအမအတိုင်း ကိုယ့်ရဲ့စိတ်ကို ဘာသာရေးအဆုံးအမအောက် မှာထားပြီး အတတ်နိုင်ဆုံး သတိမလွတ်မိအောင် ကြိုးစားနေထိုင်ပါတယ်။
>>> အစ်မကို နိုင်ငံတော်ကနေ ဘွဲ့တံဆိပ် ချီးမြှင့်ရ တဲ့အထိ အလှူအတန်းတွေ တစ်တပ်တစ်အား လုပ် နေတာဆိုတော့ အလှူအတန်း ပြုရတာကို ရော အစ်မ ဘယ်အချိန်ကတည်းက ဝါသနာပါ နေခဲ့တာ ပါလဲ။
အစ်မနေနဲ့ အလှူအတန်းပြုတယ်ဆိုတာ ထက် ဒီသာသနာတော်ကြီးနဲ့ ကြုံတောင့်ကြုံခဲ ကာလမှာ အစ်မတို့ကလည်း အခုလို အဆင့် အတန်း၊ ဥာဏ်ပညာနဲ့ လူလြာ ဖစ်ခိုက်၊ မြတ်စွာ ဘုရားရှင်ရဲ့ သာသနာတော်ကို အရှည်တည်တံ့ ပြန့်ပွားအောင် သာသနာပြုလုပ်ငန်းတွေ လုပ် ချင်ခဲ့တာပါ။ အမှန်ကတော့ သာသနာပြုတယ်ဆိုတာ အကုသိုလ်မှန်သမျှကို မပြုလုပ်ခြင်း၊ ကုသိုလ် ဟူသမျှကို ပြုလုပ်ခြင်း၊ မိမိစိတ်ကို ဖြူစင်အောင် ထားခြင်းစတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို လူအများလိုက်နာ ကျင့်ကြံလာအောင် ဆောင်ရွက် ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် သာသနာပြုလုပ်ငန်း ဆိုတာ ဘုရားဟောကြားခဲ့တဲ့တရား တွေကို ဟောပြောခြင်း၊ ရေးသားခြင်း၊ သင်ကြား ပို့ချပေး ခြင်းလို့ ခေါ်နိုင်ပါတယ်။
သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လည်း တစ်ဦးချင်းထက် အသင်းအဖွဲ့အနေနဲ့ ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်ဖြစ်လာတယ်။ အစ်မတို့ မြန်မာနိုင်ငံမှာ ဘုရားရှ င်ဟောကြား တော်မူခဲ့တဲ့ စစ်မှန်တဲ့ထေရဝါဒ ပရိယတ္တိစာပေ တွေရှိပြီးဖြစ်လို့ ဒီပရိယတ္တိစာပေတွေကို သင်ကြား ပို့ချသူများနဲ့ သင်ယူသူတွေပါရှိပါမှ ပရိယတ္တိစာပေ ဟာ အရှည်တည်တံ့မှာဖြစ်တယ်။ ဒါကြောင့် အဲဒီ ပရိယတ္တိ စာသင်သားပုဂ္ဂိုလ်တွေ ပရိယတ္တိစာပေကို မပူမပင်၊ မကြောင့်မကြအားထုတ်နိုင်ကြဖို့ ကျောင်း၊ သင်္ကန်း၊ ဆေး၊ ဆွမ်းစတဲ့ ပစ္စည်းလေးပါး အထောက်အပံ့များ (ပစ္စယာနုဂ္ဂဟ) ဖြင့် အစ်မ အနေနဲ့ ကိုယ်တတ်နိုင်သလောက် တာဝန်ယူ ဖြည့်ဆည်းပေးတယ်။ အစ်မတို့ကိုလည်း ဓမ္မာနုဂ္ဂဟဖြင့် တစ်ဖန်ပြန်ပြီး ချီးမြှောက်ပေးကြ တယ်။
ဒီပရိယတ္တိစာပေကို သင်ယူကြားနာ မှတ် သားရပါမှပဲ ပဋိပတ္တိ၊ ပဋိဝေဒ(၂) ပါးကို ပြည့် အောင် ဖြည့်စွမ်းနိုင်မှာလေ။ သီလ၊ သမာဓိ၊ ပညာတည်းဟူသော ဒီပဋိပတ္တိကျင့် စဉ်ကို ကြိုး ပမ်းအားထုတ်ပြီးသူတွေကလည်း လူအများ လိုက်နာကျင့်ကြံလာအောင် ဆက်လက်ဟောပြော ပြသပေးနေမှသာ ထိုပဋိပတ်ကျင့်စဉ်များ မပျောက်ပျက်ဘဲ ဒီလောကကြီးထဲမှာ အရိယာ သူတော်ကောင်းများရှိနေမှာဖြစ်တယ်။
အစ်မကိုယ်တိုင်လည်း သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်(ရန်ကုန်) မှာဖွင့်လှစ် တဲ့Fundamen-tal Buddhism Diploma Course(First Batch) ကို တက်ရောက်သ င်ကြားပြီးခဲ့ပြီ၊ အစ်မ ကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာအခြေခံ အချက် တွေကို သိထားပါမှ အစ်မလုပ်ချင်တဲ့ သာသနာ ပြုလုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက် လုပ် နိုင်မယ်လို့ ယုံကြည်တယ်။ ဒါမှလည်း နေ့စဉ် လူမှုရေးရာ ကိစ္စတွေမှာ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာ တရားတွေနည်းပါးလာပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မာစိုရ်တရားက နေရာတိုင်းမှာ ထွန်းကားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပဋိပတ္တိ ကျင့်သုံးနေသူများ အား လိုအပ်တဲ့ ပစ္စည်းလေးပါး (ပစ္စ ယာနုဂ္ဂ) ဖြင့် တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့လိုပါ တယ်။
တစ်ဖက်ကလည်း ဗုဒ္ဓဘာသာစာပေပြန့် ပွားရေးအတွက် တရားတော်များကို အမှန်တကယ် တတ်သိကျွမ်းကျင်ပြီး၊ ထပ်ဆင့်ဟောပြောသူ၊ သင်ကြားပြသပေးသူ၊ ကျမ်းစာပြုစုသူတွေများ စွာပေါ်ပေါက်တည်ရှိနေမှသာ ဗုဒ္ဓဘာသာ စာပေ တွေ ပြန့်ပွားပြီးသာသနာတော်ကြီးလည်း အရှည် ထွန်းကားစည်ပင်နေမှာ ဖြစ်ပါတယ်။ အစ်မ တို့လို မိခင်တွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာ နဲ့ အကျွမ်းတဝင်ရှိအောင် ပြုလုပ်ပေးခြင်း၊ ဗုဒ္ဓဝင် နိပါတ်တော်တွေကို နားထဲစွဲဝ င်နေအောင် ပြော ပြရှင်းပြပေးခြင်း၊ ဘုရား၊ တရား၊ သံဃာ အပေါ် ယုံကြည်ပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီးမီး ဆက်ကပ်လှူဒါန်းပုံများကို သင်ကြားပေးခြင်း ရှင်ပြု ပဉ္ဇင်းခံေ ပးတာ၊ ဗုဒ္ဓဘာသာ အခြေခံ ယဉ်ကျေးမှု သင်တန်းတွေမှာ သင်ကြားစေခြင်းဖြင့် အိမ်တွင်းသာသနာပြုလုပ်ငန်းကို တတ်အားသရွေ့ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစ်မတို့ ရပ်ကွက် (ယောမင်းကြီးရပ်ကွက်) အတွင်းမှာ လည်း အဖိုး တန်လှတဲ့ ဗုဒ္စဘာသာဘဝကို လူတိုင်းသိရှိ ခံစား နိုင်အောင် အသိမှန်၊ အယူမှန်၊ သမ္မာဒိဋ္ဌိများ ဖြစ် လာအောင် ဟောပြောစည်းရုံးတဲ့ သာသနာ ပြုလုပ်ငန်းတွေကိုလည်း အစ်မတတ် အားသရွေ့ ဆောင်ရွက်တယ်။ မကြာခင်ကပဲမကြာခင်ကပဲ ဓမ္မဒါနတရားပွဲကို (၅) ရက်တိုင်တိုင် အစ်မတို့ ရပ်ကွက်မှာ ပြုလုပ်ဖြစ်တယ်။ ဘုရားရှင်ဟော ပြောခဲ့တဲ့အတိုင်း ”သဗ္ဗဒါနံ၊ ဓမ္မဒါနံ၊ ဇိနာတိ” ဆိုသလို ”အလှူတကာ့ အလှူထဲတွင် တရားအလှူ သည် အမြတ်ဆုံးဖြစ် သည်” မဟုတ်ပါလား။
နိုင်ငံတော်ကနေ အစ်မရဲ့ သာသနာရေး ဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် အသိအမှတ် ပြုပြီး သာသနာ့နုဂ္ဂဟဘွဲ့ချီးမြှင့်ပေးတာဖြစ်လို့ အစ်မကိုယ်တိုင် ဥပါသိကာ တစ်ယောက်အဖြစ်ခံ ယူပြီး၊ ဥပါသိကာရဲ့ ဂုဏ်အရည်အချင်းတွေနဲ့အမြဲ ပြည့်မီနေအောင် နေထိုင်သွားရမယ့်အပြင် အစ်မ ပြောပြခဲ့တဲ့ သာသနာပြုလုပ်ငန်းတွေကို လည်း အသက်ထက်ဆုံးလုပ်သွားမယ့်အပြင် အဓိဋ္ဌာန် ချထားရုံမက သစ္စာလည်းပြုထားတယ် အခုလို လှူဒါန်းနိုင်၊ သာသနာပြုနိုင်အောင်လည်း တစ် ဖက်က သမ္မာ အာဇီဝအသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို အစ်မစွမ်းအားရှိသလောက် ဆက်လက်လုပ်ကိုင်သွားဦးမှာပဲ ဖြစ်ပါတယ်။
>>> အခု အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲ မှုတွေ အများကြီးလုပ်နေတယ်။ ဒီလိုပြောင်းလဲ မှုတွေက အစ်မတို့လို စီးပွားရေး လုပ်ငန်းရှင်တွေ အပေါ်မှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေ ပါသလဲ။
အခုဆိုရင် သမ္မတကြီးဦးသိန်းစိန်၊ လွှတ် တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ နိုင်ငံတော်အစိုးရ လက်ထက်မှာ အစ်မတို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အလယ်မှာ မျက်နှာငယ်စရာမလိုေ တာ့ဘူး။ အားလုံးတန်းတူရည်တူဝင်ဆံ့နိုင်၊ သွားလာလည် ပတ်နိုင်၊ စီးပွားရေးလုပ်ငန်းတွေကို ချိတ်ဆက် လုပ်ကိုင်နိုင်ပြီဖြစ်လို့ လုပ်စရာတွေကတော့ လမ်း ပွင့်လာ လိုက်တာ စီးပွားရေးလုပ်ငန်းလမ်းကြောင်း ရွေးမမှားအောင်နဲ့Business Partner အရွေး မမှားအောင်အထူး ဂရုပြုနေရပါတယ်။ အစ်မ ကတော့ အစ်မရဲ့ ကလေးတွေ အတွက် အရမ်း ဝမ်းသာမိတယ်။ အခု ဆိုရင် သမီးတို့ နိုင်ငံခြားက ပညာသင်ပြီးပြန်ရောက်ရင် သူတို့တွေရဲ့ အိပ် မက်တွေကို သူတို့ရဲ့ ဥာဏ်ပညာ အစွမ်းရှိ သလောက်၊ ကံ၊ ဥာဏ်၊ ဝီရိယ စိုက်ထုတ်ပြီး ကြိုးစားလုပ်ဖို့ပဲလိုပါတယ်။ မူဝါဒ တွေ၊ လုပ်ထုံး လုပ်နည်းတွေက တဖြည်းဖြည်း ပြည့်စုံလာပြီး၊ ဘယ်တော့မှ နောက်ပြန် မသွား နိုင်ေ တာ့ဘူးလို့ အစ်မယုံကြည်တယ်။ အစ်မကတော့ လမ်းသစ် ဖောက်နိုင်သရွေ့ သူတို့အတွက် ရှေ့ကတောရှင်း ရင်း လမ်းစဖောက်ခဲ့မယ်။ သူတို့အတွက် အသင့် လျှောက်နို င်အောင် ကြိုးစားပေးမယ်။ ပြီးရင် ကိုယ်တတ်နိုင်သလောက် လက်တွဲခေါ်မယ်။ ဒါပေမဲ့ ဒီခေတ်ကလေးတွေက ပိုပြီးSmart ဖြစ် ပါတယ်။ IQ လည်းမြင့်ကြတယ်။ Creative ပို ဖြစ်တယ်။ Challange စိန်ခေါ်မှုတွေ၊ စိတ် လှုပ်ရှားမှု Excitement တွေကလည်း ပိုမို လက်ခံ သဘောကျတယ်။ သူတို့Genetration အတွက် အလွန် လှပတဲ့ အနာဂတ်ကို အစ်မမြင်နေရပါ တယ်။ အစ်မလေ နိုင်ငံတော်လူကြီးတွေ၊ လွှတ် တော်ထဲက တာဝန်ရှိသူတွေ အားလုံးက အစ်မ တို့နိုင်ငံနဲ့ ပြည်သူတွေ အကျိုး အတွက် နေ့မနား၊ ညမအား ကြိုးစားဆောင်ရွက်နေချိန်မှာ အစ်မတို့ ပြည်သူတွေကလည်းပဲ စိတ်ရှည်စွာနဲ့ ယုံယုံကြည် ကြည် စောင့်ကြည့်နေ ထိုင်ကြဖို့လိုပါတယ်။ ဆန္ဒ တွေ သိပ်စောပြီး စိတ်မထိန်းနိုင်ရင် မလိုလားအပ် တဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး ဘယ်သူ့အတွက် ကိုမှ အကျိုးမရှိတဲ့၊ အချိန်ကုန်လူပင်ပန်းပြီး အကျိုးမဲ့သက်သက် ဖြစ်သွားမှာ အစ်မ စိုးရိမ်ပါ တယ်။ အားလုံး စိတ်ရှည်ရှည်ထားကြပါ။ တာဝန်ခံ ထားတဲ့ သူတွေ သူတို့တာဝန်သူတို့ သိပါတယ်။ လုပ်ကြပါ လိမ့်မယ်။ အားလုံးဟာ တိုင်ြး ပည်အပေါ် မှာ ချစ်လို့၊ ခင်လို့၊ တိုးတက်ကြီး ပွားစေချင်လို့၊ ဆုံးရှုံး နစ်နာမှုတွေ မဖြစ်စေချင်လို့စတဲ့ တူညီတဲ့ စိတ်သဘောထားတွေ အားလုံးရင်မှာရှိနေကြတယ် ဆိုတာ မြင်တွေ့ နေရပါတယ်။
>>> အစ်မကို ကြည့်လိုက်ရင် အမြဲကြော့ရှင်းပြီး လှနေ တာဆိုတော့ Fashion Design တွေ ဘာတွေကို ရော အစ်မစိတ်ဝင်စားပါ သလား။
Fashion Design ကို အစ်မ သဘောကျ တယ်။ အထူးသဖြင့် အစ်မက မုဆိုးမဖြစ်ပေမယ့် ကိုယ့်မိသားစုဆွေမျိုးနဲ့ ကိုယ့်ပတ်ဝန်းကျင် အလယ်မှာ ကိုယ်က စံနမူ နာပြ နေထိုင်သွားလာ နေရတာဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ်လည်း ရပ်တည်လုပ်ကိုင်နေရတော့ out of Fashion Design ဖြစ်နေလို့တော့ မရ ဘူးပေါ့။ ဒါပေမဲ့ ကိုယ့်အသက်အရွယ်ရယ်၊ ကိုယ့် ပုံစံအနေအထားရယ်ကို မူတည်ပြီး ကိုယ်နဲ့ လိုက် ဖက်မယ့်ပုံစံကိုပဲ အစ်မ ဝတ်ဆင်တယ်။ အစ်မက ဆံပင်ဆိုရင် အမြဲအခုလို ဆံထုံးပုံစံနဲ့ပဲ နေလေ့ရှိပါ တယ်။ ဒါကြောင့်ဆံထုံးနဲ့ လိုက်တဲ့ အဝတ်အစား ဒီဇိုင်းပဲ ဝတ်ဖြစ်တော့တာပေါ့။
>>> စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတွေ၊ မိခင် နေရာ ကနေ သားသမီးတွေအတွက် ရုန်းကန်နေတဲ့ အမျိုးသမီးတွေအတွက် အစ်မရဲ့ ဘဝနဲ့ယှဉ်ပြီး ဘယ်လို အား ပေးစကားပြောချင်ပါသလဲ။
ကိုယ့်ကြောင့် သူများဒုက္ခရောက်ရမယ့် ကိစ္စ အစ်မအမြဲရှောင်တယ်။ အစ်မရှေ့ပိုင်းမှာ ပြောခဲ့ သလို လောကမှာ ကိုယ်ကိုယ်တိုင်က စိတ်ကို အမြဲဖြူစင်နေအောင် စိတ်ကောင်းမွေးပါ။ (ယောနိ သော မနသိကာရ) နှလုံးသွင်းကောင်းအောင် နဲ့အမြဲ အကောင်းဘက်မြင်တတ်အောင် ကြိုးစား ပါ။ ကိုယ့်ရဲ့ ဒေါသ၊ လော ဘ၊ မောဟေ တွကို အတတ်နိုင်ဆုံးသတိနဲ့ယှဉ်ထိန်းသိမ်းပြီး ဒုစရိုက် အကုသိုလ်ကံ မကျူးလွန်မိအောင် ရှောင်ကြဉ်ပါ။ နောက်ပြီး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ရေး အဆုံးအမအောက်မှာ မိမိကိုယ်ကို မွေ့လျော် အောင် အဆုံးအမအတိုင်း နေထိုင်၊ ပြောဆို၊ စိတ်ထားနိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် ကိုယ့်ရဲ့ ကံလည်း ကောင်းလာပါ တယ်။ ဘဝမှာ အမြဲနိမ့် မနေသလို အမြဲလည်းမြင့်မနေနိုင်ဘူးဆိုတာ သတိရှိပါ။ အစ်မတို့ ဗုဒ္ဓဘာသာဝင်တွေကတော့ မြတ်စွာဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေ အတိုင်း နာယူလေ့လာကျင့်ကြံ အားထုတ်ပြီး၊ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမနဲ့ အညီ နေထိုင် မယ်ဆိုရင် ဒီဘဝသာမက သံသရာ အတွက်ပါ အလွန်ပဲ အကျိုးကျေး ဇူးများလှပါတယ်။ အစ်မ တို့လို အိမ်ထောင်ရှင်မိန်းမတွေပဲ ဖြစ်ဖြစ်၊ အမျိုး သမီးလုပ်ငန်းရှင်တွေပဲ ဖြစ်ဖြစ်၊ ကိုယ့် အိမ် ထောင်စု(ကိုယ့်မိသားစု)နဲ့ကိုယ့်ရုံး၊ ကိုယ့်ဌာန၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သည် အကျိုးပြုတဲ့ လူတစ်ဦးဖြစ်ပါစေ။ ကိုယ့်ရဲ့ကျင့် ဝတ်တာဝန်ကို ကျေပွန်ပါစေ။ စံပြုထိုက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်အောင် ကိုယ့်တန်ဖိုး ကိုယ်မြှင့် တင်နိုင်အောင် ကြိုးစားပါလို့ အစ်မကတော့ အကြံပြုချင်ပါတယ်။ အစ်မကို သိပ်တတ်နေလို့ ဒီစကားတွေ ပြောနေတယ်လို့တော့ မထင်ပါနဲ့။ အစ်မလည်းရတဲ့ ကိုယ်ပိုင်အချိန်တွေမှာ စာဖတ် ရင်းကနေ သိချင် တာတွေကို လေ့လာရင်းကနေ အစ်မရ လိုက်တဲ့ အသိတွေကို ပြန်ပြောတာပါ။ ပြီးတော့ အစ်မတို့ အမျိုးသမီးတွေဟာ စာပေလေ့လာတာနဲ့ စာဖတ် တဲ့ အကျင့်ရှိအောင် ကြိုးစားသင့်တယ်။ စာပေ အသိကလည်း အမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင် ပေးပါတယ်။
>>> အစ်မလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တော့ရော ရှေ့ဆက်ပြီး ဘာတွေတိုးချဲ့သွားဖို့ ရှိပါသေးလဲ။
SI Company ဟာ Trading ကိုပဲ စတင် လုပ်ကိုင်နေရင်းက Property Development & Construction စီမံကိန်းများ ဘက်ကိုဝင်ရောက်လုပ်ကိုင်ဖြစ်လာ ခဲ့တယ်။ Malaysia နဲ့ Thailand ကBusiness partner များနဲ့လည်း ပူးပေါင်းပြီး စီမံကိန်းတွေကိုလုပ်ကိုင်ဖြစ်တယ်။ ဒါပေမဲ့လည်း အစ်မတို့ ကြိုးစားခဲ့သလောက် အောင်မြင်မှုမရ ခဲ့ဘူးလို့ အစ်မသုံးသပ်မိတယ်။ ၁၉၉၆ -၁၉၉၇ မှာ တစ်ကြိမ်၊ ၂ဝဝ၆ ခုနှစ်မှာ တစ်ကြိမ် အရှေ့ တောင်အာရှ စီးပွား ရေးဂယက် ရိုက်ခတ်မှုကို အစ်မတို့ ခံလိုက်ရသေးတယ်။ ဘာပဲဖြစ်ဖြစ်အစ်မကို အမြဲနားလည်ခွင့်လွှတ်ပေးတတ်တဲ့ လူတိုင်းအပေါ်Benefit of Doubt အမြဲပေး တတ်တဲ့ အစ်မခင်ပွန်းရဲ့ အားပေးမှုေ ကြာင့် စီးပွားရေးလုပ်ငန်းထဲမှာ အစ်မ ဆက်လက်ရပ်တည် နိုင်ခဲ့ပါတယ်။ အစ်မရလိုက်တဲ့ သင်ခန်းစာက ”ကိုယ့်အိုးနဲ့ကိုယ်ဆန်တန်အောင်သာချက်ပါ” ဆိုတာပါဘဲ ဆိုလိုချင်တာကတော့ ကိုယ့်ရဲ့ ကာယစွမ်းအား၊ ဥာဏစွမ်းအား၊ ဓနအင်အား၊ မိတ္တစွမ်းအားနဲ့၊ စိတ္တ(စာရိတ္တ) စွမ်းအားရှိ သလောက်ကိုသာချိန်ဆပြီး၊ ကိုယ့်ရဲ့ အားသာ ချက် /အားနည်းချက်တွေကို အရင်နားလည် အောင် လုပ်ပြီးမှသာအလုပ်တစ်ခုကို စနစ်တကျ အစီအစဉ်ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွ က်ခြင်းအား ဖြင့် အောင်မြင်မှုရ လဒ်ကောင်းများကို အနှေးနဲ့ အမြန် မလွတ်တမ်း ဆွတ်ခူးနိုင်မှာ ဖြစ် တယ်လို့ အစ်မသုံးသပ်မိတယ်။ ဒီလိုနဲ့ အစ်မတို့ SI Co.,Ltd ဟာ တနင်္သာရီတိုင်းမှာ ၁၉၉၈-၉၉ ခုနှစ် လောက်ကတည်းက ဆီအုန်းစိုက်ပျိုးရေး လုပ်ငန်း နှင့် အတူရောက်ရှိလာခဲ့တာ ယနေ့အထိဆိုရင် ၁၅ နှစ်လောက်ရှိပြီ၊ အခုဆိုရင် တနင်္သာရီတိုင်း ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကဝက်-ကော့မပြင်း ဒေသမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းကို မလေးရှားဆီအုန်းအဖွဲ့နဲ့ ပူးပေါင်းပြီးJV Co. (Myanmar Stark Prestige Plantation Co.,Ltd) ကို MIC ခွင့်ပြုချက်နဲ့ ဖွဲ့စည်းတည် ထောင်ကာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ဖွံ့ဖြိုး ရေးကိုပါ ဦးတည်ဆောင်ရွက်နေပါတယ်။ ခဲမဖြူ၊ အဖြိုက်နက် သတ္တုနဲ့ သစ်အခြေခံစက်မှုလုပ်ငန်း တွေမှာလည်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားဖို့ရှိပါ တယ်။ အခုဆိုရင်အစ်မတို့မြန်မာနိုင်ငံရဲ့ တစ်နေ့ တခြား တိုးပွားလာတဲ့ ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအတွက် Commercial ဆိုင်ခန်း၊ Office ရုံးခန်းနဲ့ Residential Condo Apart-ment တွေ အများကြီးလိုနေသေးတာ တွေ့ရတဲ့ အပြင် အိမ်ခန်း၊ ဆိုင်ခန်း၊ ရုံးခန်းငှားရမ်းခ ဈေး တွေကလည်း အလုပ်လုပ်လို့ေ ကာင်း တဲ့ အနေ အထားမှာ ရှိတာကြောင့် အစ်မအခုပြော သွားတဲ့ Industry/ Manufacturing (Agro based/ wood based)လုပ်ငန်းတွေအပြင် Property Development ဘက်မှာလည်း တိုးချဲ့ ဆောင် ရွက်လျက်ရှိပါတယ်။Bahosi Hospital ကို လည်း လက်ရှိ အနေအထား ထက်တိုးချဲ့ဆောင်ရွက် သွားဖို့ အစီအစဉ် ရှိတာကြောင့် အခုညှိနှိုင်း ဆောင်ရွက်နေပါတယ်။ အတည်ပြုညှိနှိုင်းပြီးသွား ရင် အားလုံးချပြ ကြော်ငြာသွားမှာပါ။ States မှာရှိ တဲ့ ဆွေမျိုးမိတ်ဆွေတွေကလည်း Trading ဆိုင် ရာ လုပ်ငန်းတွေအတွက် စိတ်ဝင်တစား လာ ရောက် လေ့လာဆွေးနွေးဖြစ်နေတယ်။ မြန်မာပြည် ကို အားလုံး စိတ်ဝင်တစားရှိနေပြီး ကမ်းလှမ်း နေ ကြတော့၊ ကိုယ့်ဘရိတ် ကိုယ့်အုပ်မှပဲ လုပ်ငန်း လက်စသတ် မယ်ထင်တယ်။
ဖြိုးစုပိုပိုhttp://yatimagazine.com/archives/8272

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။