၂ဝ ရာစုရဲ့ ဟောလိဝုဒ် အနုပညာ လောက မှာ ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့ပြီး ညှို့မင်းသမီး ရယ်လို့ ရေပန်းစားခဲ့ သူကတော့ ယနေ့တိုင် ပရိသတ်တွေ ကြားမှာ ပြောမဆုံးနိုင်အောင် ဖြစ်နေသူ ကမ္ဘာကျော် မင်းသမီး အဲလိဇဘက်တေလာ ပါ။ အဲလိဇဘက်တေလာ ကို လစ်(ဇ်)တေလာ လို့ လည်း ခေါ်ပါတယ်။
သူများ ထက်ထူးတဲ့ ညှို့အား ပြင်း ခရမ်းရောင်မျက်လုံး၊ ပီပြင်တဲ့ သရုပ်ဆောင် ချက်နဲ့ အဝတ်အစား ဖက်ရှင် ဒီဇိုင်းတွေက သူမကို နာမည်ကျော် ဟောလိဝုဒ် စူပါတစ်ယောက် ဖြစ်စေခဲ့ပါတယ်။ အဲလိဇဘက်တေလာရဲ့ ဖက်ရှင်တွေက အခုချိန် ထိအောင် အတုခိုးနေရဆဲပါ။
သူများ ထက်ထူးတဲ့ ညှို့အား ပြင်း ခရမ်းရောင်မျက်လုံး၊ ပီပြင်တဲ့ သရုပ်ဆောင် ချက်နဲ့ အဝတ်အစား ဖက်ရှင် ဒီဇိုင်းတွေက သူမကို နာမည်ကျော် ဟောလိဝုဒ် စူပါတစ်ယောက် ဖြစ်စေခဲ့ပါတယ်။ အဲလိဇဘက်တေလာရဲ့ ဖက်ရှင်တွေက အခုချိန် ထိအောင် အတုခိုးနေရဆဲပါ။
သူမ ကို ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဗြိတိန် – အမေရိကန်နွယ်ဖွား အမျိုးသမီး ဖြစ်ပြီး ဘဝ တစ်လျှောက်မှာ လော့စ်အိန်ဂျလိစ်၊ ကာလီ ဖိုးနီးယား၊ အမေရိကန် နိုင်ငံတွေ မှာ ကျင်လည်နေထိုင် ခဲ့ပါတယ်။ ၁၉၄၃ ခုနှစ်မှာ MGM ကုမ္ပဏီက ရိုက်ကူးတဲ့ Lassie Come Home ဇာတ်ကား အတွက် ရွေးချယ်ခံ ရကာ ဒီဇာတ်ကားမှာ ပါဝင် တဲ့ အဓိက ဇာတ်ကောင်နှစ်ဦး စလုံးကို ပရိသတ် တွေ အားပေး လက်ခံခဲ့ကြပါတယ်။ ဒါကြောင့် MGM ကုမ္ပဏီက သူမကို တစ်ပတ် လုပ်အားခ ဒေါ်လာတစ်ရာနဲ့ ခုနစ်နှစ် စာချုပ်ချုပ် ဆိုခဲ့ပါ တယ်။
ယင်းနှစ်မှာပဲ စာရေးဆရာ ချားလို့ဘရွန်တီ ရဲ့ ဝတ္ထု Jane Eyne ကို ရုပ်ရှင်ပြန် ရိုက်ကူးရာမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ National Velvet ရုပ်ရှင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အဲလိ ဇဘက်တေလာ ရယ်လို့ ပရိသတ်တွေက အသိအမှတ်ပြု လက်ခံခဲ့ကြပါ တယ်။ ဒီဇာတ်ကား ရိုက်တော့ အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။
၁၉၅ဝ မှာ Father of the Bride ၊ ၁၉၅၁ မှာ A Place in the sun ၊ ၁၉၅၆ မှာ Giant ၊ ၁၉၅၈ မှာ Cat on a Hot Lin Roof ၊ ၁၉၅၉ မှာ Last Summer စသည့် ရုပ်ရှင် ဇာတ်ကား များ ဆက်တိုက် ရိုက်ကူးခဲ့ပြီး ၁၉၆ဝ ခုနှစ်မှာ Butter Field 8 ရုပ်ရှင်ဇာတ်ကား နဲ့ အော်စကာ ဆု ရရှိခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ကလီယိုပါထရာ ရုပ်ရှင် ရိုက်ကူးခဲ့ပြီး ပူးတွဲ သရုပ်ဆောင်ရစ်ချက် ဘာတွန်နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးက Who’s Afraid of Virginia Woolf?၊ ရုပ်ရှင် အပါအဝင် စုစုပေါင်းရုပ်ရှင် ၁၁ ကား ရိုက်ကူးခဲ့ ပါတယ်။ တေလာက ဒီဇာတ်ကား နဲ့ ဒုတိယမြောက် အော်စကာဆု ရရှိခဲ့ပါတယ်။
၁၉၇ဝ ပြည့်များ နှစ်လယ်ပိုင်း ကစလို့ ရုပ်ရှင် ရိုက်ကူးမှုကို ခပ်ကြဲကြဲ သာပြုလုပ်ခဲ့ပြီး ရုပ်သံ အစီအစဉ် ရိုက်ကူးမှုနဲ့ ပြဇာတ် ကပြမှုတွေ မှာ ရံဖန်ရံခါ ပါဝင်ခဲ့ပါတယ်။ သူမက ရုပ်ရှင် ရိုက်ကူးမှုတွေကြောင့် နာမည်ကြီး သလို ၈ ကြိမ်တိုင် အောင် အိမ်ထောင်ပြုခဲ့ တာကြောင့်လည်း လူတွေ ပြောစရာဖြစ်ခဲ့ပါတယ်။
ဘယ်လိုပဲ နာမည်ပျက်တွေ ရှိရှိ တေလာက ပရဟိတ လုပ်ငန်းတွေလုပ်ကာ အများအကျိုး ဆောင်ရွက်တတ်သူ ဆိုတာကို လက်မခံလို့ မရပါဘူး။ ၁၉၈ဝ ပြည်များ နှစ်လယ်ပိုင်း ကစလို့ HIV/ AIDS ရောဂါဝေဒနာ ခံစားနေရ တဲ့သူတွေဘက် က ရပ်တည်ပေးခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ AIDS ရောဂါသုတေသန လုပ်ငန်းအတွက် အမေရိကန် ဖောင်ဒေးရှင်း တစ်ခု ပူးတွဲတည် ထောင်ခဲ့ပါတယ်။
၁၉၉၃ ခုနှစ်မှာ အဲလိဇဘက်တေလာ AIDS Foundation တည်ထောင်ခဲ့ပါတယ်။ ပရဟိတလုပ်တဲ့ သူမရဲ့စိတ်ကောင်း စေတနာကို ဂုဏ်ပြုတဲ့ အနေ နဲ့ American Film Institute က Presedential Citizens Medal ၊ The Legion of Honour ၊ The Jean Hersholt Humanitarion Award၊ Life Achievement Award စတဲ့ဆုတွေ ချီးမြှင့်ခဲ့တဲ့ အပြင် အမေရိက ရုပ်ရှင်လောကရဲ့ ၇ ယောက်မြောက် အမြင့်မြတ် ဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
၁၉၉၃ ခုနှစ်မှာ အဲလိဇဘက်တေလာ AIDS Foundation တည်ထောင်ခဲ့ပါတယ်။ ပရဟိတလုပ်တဲ့ သူမရဲ့စိတ်ကောင်း စေတနာကို ဂုဏ်ပြုတဲ့ အနေ နဲ့ American Film Institute က Presedential Citizens Medal ၊ The Legion of Honour ၊ The Jean Hersholt Humanitarion Award၊ Life Achievement Award စတဲ့ဆုတွေ ချီးမြှင့်ခဲ့တဲ့ အပြင် အမေရိက ရုပ်ရှင်လောကရဲ့ ၇ ယောက်မြောက် အမြင့်မြတ် ဆုံး ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
သူမက ခရစ်ယာန် ဘာသာဝင် တစ်ဦး ဖြစ်ခဲ့ပေမယ့် အသက် ၂၇ နှစ် အရွယ် ကစပြီး ဂျူးဘာသာကို ပြောင်းလဲ ကိုးကွယ်ခဲ့ပါတယ်။ သူမရဲ့ ဘဝ တစ်လျှောက်လုံးမှာ အစ္စရေး လူမျိုးတွေ ကို ထောက်ခံ ကာကွယ်ပေး ခဲ့ပါတယ်။ အီရတ် စစ်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ ၂ဝဝ၃ ခုနှစ်မှာ ကျင်းပတဲ့ ၇၅ ကြိမ်မြောက် အော်စကာ ဆုပေးပွဲကို တက် ရောက်ဖို့ ငြင်းခဲ့ပါတယ်။ ဒါ့အပြင် ဆတ်ဒမ်ဟူစိန် ကို အီရတ်ကနေ ထွက်ခွာဖို့ တောင်းဆိုတဲ့ သမ္မတ ဘု(ရှ်) ကို လူသိရှင်ကြား ရှုံ့ချခဲ့ပါတယ်။ အီရတ် စစ်ပွဲတွေ ကတစ်ဆင့် တတိယ ကမ္ဘာစစ်ဖြစ်မှာကို စိုးရိမ်မိတယ်လို့ သူမက ဆိုခဲ့ပါတယ်။
National Velvet ဇာတ်ကားက စတင်လို့ ပရိသတ်တွေရဲ့ အသည်းနှလုံးမှာ နေရာယူနိုင်ခဲ့ ကာ ဝေဖန်ရေး သမားတွေရဲ့ သဘောကျမှု ကို ခံခဲ့ရတဲ့ တေလာက နောက်ပိုင်း ဇာတ်ကားတွေ အတွက် တစ်ပတ်ကို အမေရိကန် ဒေါ်လာ ၇၅ဝ သရုပ်ဆောင်ကြေး ရခဲ့ပါတယ်။ Courage of Lassic၊ Brothers’ Life With Father၊ Cynthia Bishop၊ Carol Pringle in A Date စတဲ့ ဇာတ်ကားတွေ ကလည်း အဲလိဇဘက်တေ လာ ရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကား ထဲမှာ ပါဝင်ပါ တယ်။
နောက်ပိုင်းမှာ အနုပညာ လှုပ်ရှားမှုတွေကို ခပ်ကြဲကြဲသာ လုပ်ဆောင်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ပြဇာတ် တစ်ခုမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီပြဇာတ်က ရရှိတဲ့ အမြတ်ငွေ အမေရိကန် ဒေါ်လာ တစ်သန်း ကို တေလာရဲ့ AIDS ဖောင် ဒေးရှင်းကို လှူဒါန်းခဲ့ပါတယ်။ အသက်ကြီး လာတာ နဲ့အမျှ သူမရဲ့ကျန်းမာရေး အခြေအနေက ဆိုးရွား လာခဲ့ပြီး နှစ်ရှည်လများ ကျန်းမာရေး ချို့တဲ့ခဲ့ကာ ၂ဝ၁၁ ခုနှစ် မတ်လ အသက် ၇၉ အရွယ် မှာ ကွယ်လွန်ခဲ့ပါတယ်။
ခေတ်ဆန်တဲ့ အပြင်အဆင်၊ ညှို့အားပြင်း သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ် စွဲလမ်း နှစ်ခြိုက်ခဲ့တဲ့ လူသေသွားပေမယ့် အားလုံးရဲ့ ရင်ထဲမှာ အမြဲ ရှင်သန်နေမယ့် ဟောလိဝုဒ် မင်းသမီး အဲလိဇဘက်တေလာ အကြောင်း ကို တင်ဆက် လိုက်ပါတယ်။
သိမ့်နှင်းအိမ်
Ref: Wiki
http://yatimagazine.com/archives/8182

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။