ကရစ်ဘီယံပင်လယ်ဓားပြများ ဇာတ်ကား ၄ ကားစလုံးဟာ သောက်သောက်လဲ ဝင်ငွေ ကောင်းခဲ့သလို အဓိကဇာတ်ကောင် ဓားပြဗိုလ် ဂျက်စပဲရိုးရဲ့စတိုင်ဟာလည်း ပရိသတ်တွေ အာရုံ မှာ စွဲထင်ကျန်ရစ်ခဲ့တာကတော့ ငြင်းစရာမလိုတဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။
Pirates (၃) ကားစလုံးမှာ ပါဝင်ခဲ့တဲ့ အင်္ဂလန်နှင်းဆီကီရာ နိုက်တလေနေရာ မှာ အစားဝင်လာတဲ့ စပိန်နတ် မိမယ်ပင်နီလို့ပ်ခရုဇ်ကလည်း အပြစ်ပြောစရာ မရှိအောင် သဏ္ဌာန်လုပ်သရုပ်တူခဲ့ပြီး ဂျက်စပဲရိုး တစ်ဖြစ်လဲ ဂျွန်နီဒက်ပ်နဲ့ လိုက်ဖက်ညီခဲ့တာ ကြောင့် ကရစ်ဘီယံဓားပြများ အပိုင်း ၅ ကို မကြာခင် အသက်သွင်းဖို့ ပြင်ဆင်နေကြပြီပဲဖြစ် ပါတယ်။ ဇာတ်ကောင်စရိုက်စုံကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ ဂျွန်နီဒက်ပ်ဟာ အနုပညာ လောဘကြီးသူတစ်ဦး ဖြစ်တာကြောင့် လည်း အတူနေချစ်သူ ဗင်နက်ဆာနဲ့ ချစ်ခရီး ပြိုလဲခဲ့ရတာကလည်း ကရစ်ဘီယံပရိသတ်တွေ အတွက်တော့ နားလည်ရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ ရတာ အမှန်ပါပဲ။
Pirates (၃) ကားစလုံးမှာ ပါဝင်ခဲ့တဲ့ အင်္ဂလန်နှင်းဆီကီရာ နိုက်တလေနေရာ မှာ အစားဝင်လာတဲ့ စပိန်နတ် မိမယ်ပင်နီလို့ပ်ခရုဇ်ကလည်း အပြစ်ပြောစရာ မရှိအောင် သဏ္ဌာန်လုပ်သရုပ်တူခဲ့ပြီး ဂျက်စပဲရိုး တစ်ဖြစ်လဲ ဂျွန်နီဒက်ပ်နဲ့ လိုက်ဖက်ညီခဲ့တာ ကြောင့် ကရစ်ဘီယံဓားပြများ အပိုင်း ၅ ကို မကြာခင် အသက်သွင်းဖို့ ပြင်ဆင်နေကြပြီပဲဖြစ် ပါတယ်။ ဇာတ်ကောင်စရိုက်စုံကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူ ဂျွန်နီဒက်ပ်ဟာ အနုပညာ လောဘကြီးသူတစ်ဦး ဖြစ်တာကြောင့် လည်း အတူနေချစ်သူ ဗင်နက်ဆာနဲ့ ချစ်ခရီး ပြိုလဲခဲ့ရတာကလည်း ကရစ်ဘီယံပရိသတ်တွေ အတွက်တော့ နားလည်ရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ ရတာ အမှန်ပါပဲ။
Sexiest Male Movie Stars of All Time ဆုရှင် ၂ ကြိမ်ဖြစ်သလို Top 100 Movie Stars စာရင်းဝင်သူ ဂျွန်နီဒက်ပ်ဟာ ထိပ်တန်းသရုပ် ဆောင်တစ်ယောက်ဖြစ်သလို ဂီတကိုလည်း အရူး အမူးခုံမင်စွဲလမ်းသူတစ်ဦးပါပဲ။ The Kids အဖွဲ့ဝင်ဂစ်တာသမားတစ်ဦးဖြစ်သလို လက်ရှိမှာလည်း P Band မှာ ဝင်တီးနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား ဘဝမှာ ဂီတသမားတစ်ဦးအဖြစ်နဲ့ ကျင်လည်ဖို့ အနုပညာရပ်ဝန်းကို ခြေချလာခဲ့သူဟာ လုံးဝ မမျှော်လင့်ထားတဲ့ ကမ္ဘာကျော်မင်းသားတစ်လက် ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့တာကိုတော့ ဇာတ်ဆရာ အလိုကျဖြစ်လာရတာပဲလို့ တင်စားကြရဦးမှာ ပဲပေါ့။ ပြင်သစ်မင်းသမီးချော ဗင်နက်ဆာပါရာဒစ် နဲ့ ချစ်ကျွမ်းဝင်ခဲ့အပြီးမှာ ပြင်သစ်စကားပြော တတ်လာသူဟာ ပါရီမှာလည်း Man Ray Restaurant ဖွင့်လှစ်ထားပြီး သားသမီး ၂ ဦး ရှေ့ရေးအတွက် လုပ်ငန်းတွေထူထောင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဗြိတိန်ချန်နယ် ၄ ရဲ့ ဂန္ထဝင်မင်းသား စာရင်းမှာ မာလွန်ဘရန်ဒိုပြီးရင် ဂျွန်နီက ဒုတိယ နေရာမှာရှိနေသူဖြစ်ပြီး သားငယ်ဂျက်ရဲ့အမည်ကို လက်မောင်းပေါ်မှာ တက်တူးရေးထိုးထားသူ ငွေကြယ်ပွင့်တစ်ပွင့်ပဲ ဖြစ်ပါတယ်။
ကင်တပ်ဘီမှာ မွေးဖွားခဲ့ပြီး ဖလော်ရီဒါမှာ ကြီးပြင်းခဲ့သူ ဂျွန်နီဒက်ပ်ဟာ ထိပ်တန်းဝင်ငွေ ကောင်းတဲ့ဇာတ်ကား တော်တော်များများမှာ ပီပြင် ခဲ့ပေမယ့် အော်စကာရွှေစင် ဆုနဲ့ လမိုင်း မကပ်နိုင်တာကိုလည်း ဂျက်စပဲရိုးပရိသတ်တွေက သဘောမတွေ့ဖြစ်နေရပါတယ်။ အခုလည်း ထူးထူးခြားခြား သိပ္ပံ ဆန်းကြယ် ဇာတ်ကား သစ် Transcendence ကို ဂျွန်နီဒက်ပ်နဲ့ ဒါရိုက်တာ ဝေါလီဖစ္စတာတို့ ပူးပေါင်းကြံစည်နေကြပြီပဲ ဖြစ် ပါတယ်။ စူပါဇာတ်ညွှန်း ဆရာ ဂျက်ပါဂ လန်ရဲ့ လက်ရာကောင်းတစ်ပုဒ်ဟာ ဂုဏ်ကြီးရှင်သိပ္ပံ ပညာရှင်တစ်ယောက်ရဲ့ မယုံနိုင်ဖွယ်ရာအကြံသစ် နဲ့ အိုင်တီကမ္ဘာတို့ သဟဇာတဖြစ်လာပုံတွေကို အထူးပြုလုပ် ချက်တွေ လှိုင်လှိုင်အသုံးပြုပြီး 3D ပရိသတ်တွေကို ဖမ်းစားထားတာလို့ သိရပါတယ်။
အလန်းဇယားမင်းသမီး ရီဘက်ကာဟောနဲ့ ဂျွန်နီ တို့ ပွဲဦးထွက်ဆုံဆည်းခွင့်ရတဲ့ ဇာတ်ကားဖြစ်သလို ဝါရင့်ပေါလ်ဘက်တနီပါ အားဖြည့်ထားတာ ကြောင့်လည်း ဒီ Sei Fi Thriller ကားသစ်ကို ဝေဖန်ရေးဆရာတွေကပါ စောင့်မျှော်နေကြခြင်းပါပဲ။Transcendence ဇာတ်ကားသစ်ဟာ မီဂါစတားလီယိုနာဒိုရဲ့ Inception ဇာတ်ကားဆန် ဆန်ခံစားဖော်ကျူးထားတာဖြစ်ပြီး Inception ဖန်တီးသူဒါရိုက်တာ ခရစ္စတိုဖာနိုလန်ကိုယ်တိုင်က ၅ဝ ရာခိုင်နှုန်း ရှယ်ရာထည့်ဝင်ထုတ်လုပ်တဲ့ အိုင်တီဇာတ်လမ်းသစ် တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို ဒေါ်လာသန်း ၁၅ဝ သတ်မှတ် ထားပြီး Warner Bros နဲ့ Lionsgate စတူဒီယို တို့မှာ အဓိကရိုက်ကူးမှာဖြစ်သလို အောက်ဒိုး ရိုက်ကွင်းတွေကိုတော့ မိုင်ဟာဖီ၊ လော့အင်ဂျလိစ် နဲ့ နယူးယောက်တစ်ဝန်းမှာ ရိုက်ကူးမှာလို့လည်း သိရပါတယ်။ သူတစ်ခါမှ မရိုက်ဖူးတဲ့ သိပ္ပံပညာ ရှင်ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ဂျက်စပဲရိုး က ”ဒီကားက စိန်ခေါ်မှုအသစ်ပေးတဲ့ ဇာတ်ကား ပါပဲ။
အရင်အက်ရှင်ဇာတ်ကားတွေထက်တော့ ပိုခွကျမှာ ပိုလက်ဝင်မှာ သေချာပါတယ်။ ခက် တာက လူဆိုတာ မလုပ်ဖူးတာကို လုပ်ချင်တဲ့စရိုက် ရှိတယ်လေ။ ကျွန်တော်အကောင်းဆုံး ကြိုးစား သွားဖို့ ကတိပြုပါတယ်။ ဒါရိုက်တာကလည်း အသေမောင်းပါတယ်။ ပရိသတ်တွေ နှစ်သက်ရင် အပင်ပန်းခံရကျိုးနပ်တယ်လို့ပဲ ခံစားရပါတယ်” လို့ ရင်ဖွင့်စကားဆိုလာပါတယ်။ ကရစ်ဘီယံသား ဂျက်စပဲရိုးတစ်ယောက် သိပ္ပံပညာရှင်ကြီး တစ်ယောက်ဖြစ်နေပြန်ပြီလို့ သတင်းကောင်းပါး ရင်း ….
ရဲသစ်
Facts
ဇာတ်ကား Transcendence
အမျိုးအစား Sei Fi Thriller
အဆင့် PG 13
ပြသချိန် ၂း ဝ၅ မိနစ်
ဒါရိုက်တာ ဝေါလီဖစ္စတာ
ဇာတ်ညွှန်း ဂျက်ပါဂလန်
သရုပ်ဆောင် ဂျွန်နီဒက်ပ်
ရီဘက်ကာဟော
ပေါလ်ဘက်တနီ
ရိုက်ကွင်း U.S.A
စတူဒီယို Lionsgate
ဘတ်ဂျက် ၁၅ဝ သန်း
အမျိုးအစား Sei Fi Thriller
အဆင့် PG 13
ပြသချိန် ၂း ဝ၅ မိနစ်
ဒါရိုက်တာ ဝေါလီဖစ္စတာ
ဇာတ်ညွှန်း ဂျက်ပါဂလန်
သရုပ်ဆောင် ဂျွန်နီဒက်ပ်
ရီဘက်ကာဟော
ပေါလ်ဘက်တနီ
ရိုက်ကွင်း U.S.A
စတူဒီယို Lionsgate
ဘတ်ဂျက် ၁၅ဝ သန်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။