‘Someone Like You’ သီချင်းနဲ့ UK ရဲ့ အယ်လ်ဘမ် ဇယားတွေထဲမှာ နေရာယူခဲ့သူ။ ၂ဝ၁၂ ခုနှစ် ဂရမ်မီ ဆုပေးပွဲမှာ တစ်ညတည်း နဲ့ ခြောက်ဆုတောင် ဆွတ်ခူးနိုင် ခဲ့ပြီး ဆုတွေ တစ်ပွေ့ တစ်ပိုက် နဲ့ အောင်ပွဲခံခဲ့ သူ ရယ်လို့ မီဒီယာ စာမျက် နှာတွေပေါ် မှာ နေရာယူခဲ့ သူကတော့ ’19′ အယ်လ်ဘမ် နဲ့ ဂီတလောကထဲ ကို ဝင်ရောက်လာခဲ့ သူ အက်ဒဲလ်ပါ။
မင်းရဲ့အယ်လ်ဘမ်ထဲက သီချင်းတွေက ကိုယ့်အကြောင်းကို ရေးထားတာ ဆိုပေမယ့် နားထောင်ရတဲ့ သူတွေအဖို့ သူတို့ဖြစ်ရပ်နဲ့ အရမ်း တိုက်ဆိုင်နေတယ်။ ‘Rolling in the Deep’ နဲ့ ‘Someone Like You’ သီချင်းကို ပထမဆုံး နားထောင်တဲ့ အချိန်ကဆို ‘ဘုရားရေ ငါ့ အကြောင်းများ ရေးထားလေ သလားလို့ ထင်မှတ် မှားရတဲ့ အထိပါပဲ။ ပရိသတ်တွေ အဖို့ အဲဒီလို ခံစားရအောင် တမင်တကာ ရည်ရွယ်ပြီး ရေးထားတာလား ဒါမှမဟုတ်ခံစားချက်ကို အခြေ တည် ပြီး ရေးထားတာလား။
အက်ဒဲလ်ကို ၁၉၈၈ မေလ ၅ ရက်၊ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြောက်ပိုင်းမှာ မွေးဖွား ခဲ့ပါတယ်။ အမည် အပြည့်အစုံက Adele Laurie Blue Adkins ပါ။ သူမရဲ့ ပွဲဦးထွက် အယ်လ်ဘမ် ’19′ ကို ၂ဝဝ၈ ခုနှစ် မှာ ဖြန့်ချိ ခဲ့ပြီး စီးပွားရေး အရ ရော ပုဂ္ဂိုလ်ရေး အရပါ တအားအောင်မြင်ခဲ့ပါ တယ်။ ဝေဖန်ရေး သမားတွေကတောင် သူမကို ချီးကျူးခဲ့ ရပါတယ်။ ’19′ အယ်လ်ဘမ်နဲ့ ၂ဝဝ၉ ခုနှစ်က ကျင်းပခဲ့တဲ့ ဂရမ်မီ ဆုပေးပွဲမှာ Best New Artist ဆု နဲ့ Best Female Pop Vocal Performance ဆုကို ရရှိခဲ့ပါ တယ်။
၂ဝ၁၁ ခုနှစ် အစောပိုင်းမှာ ’21′ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီး ပွဲဦးထွက် အခွေထက်ပင် နှစ်ဆကဲ အောင်မြင်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ဆိုရင် ကော်ပီချပ်ရေ ၂၅ သန်း ရောင်းခဲ့ရပါတယ်။ ဂရမ်မီ ဆု ခြောက်ဆုကို တစ်ညတည်းနဲ့ သိမ်းပိုက် သွားတာကိုပဲကြည့်။ ဒါတင်ပဲလား ဆိုတော့ Brit Awards နှစ်ဆုနဲ့ American Music Award ဆုတွေအပြင် ဆုပေါင်း များစွာကို အပိုင်သိမ်းနိုင်ခဲ့ပါတယ်။
အက်ဒဲလ်က သီချင်းဆို တင်ကောင်းတာ မဟုတ်ပါဘူး။ သီချင်း ရေးတဲ့ နေရာမှာလည်း ခံစားမှု ရသ ပေါ်လွင်အောင် ရေးနိုင်တဲ့ တေးရေး ဆရာ တစ်ဦးပါ။ ဘယ်လောက်များလဲ ဆိုရင် သူ့သီချင်းကို နားထောင်တဲ့ ပရိသတ်တွေ က အပြင်က သူတို့ ဘဝနဲ့ သီချင်း စာသားတွေက တိုက်ဆိုင် လွန်းတာကြောင့် ငါ့အကြောင်းများ ရေးထားလေ သလားလို့ ထင်မှတ် မှားရတဲ့အထိပါပဲ။ တချို့ဆို သီချင်း နားထောင်ရင်း ရည်းစားဟောင်း ကို သတိရလို့ တရှုံ့ရှုံ့ငိုရတဲ့အထိ သူမသီချင်းတွေ က ရိုက်ချက်ပြင်း လှပါတယ်။ သူမသီချင်းတွေက လည်း အလွမ်းအဆွေးနဲ့ အသည်းကွဲ သီချင်းတွေ ချည်းပဲကိုး။
ဘီ(လ်)ဘုတ် ဇယားတွေမှာလည်း သူမရဲ့ သီချင်းတွေက ကာလကြာရှည် ရပ်တည်နိုင်ခဲ့တာ ဂီတသမိုင်းမှာ ပထမဦးဆုံးပါပဲ။ အဲ့ဒီလို ထိတ် ထိတ်ကြဲ အောင်မြင်မှုတွေကြောင့် အမေရိကန်ရဲ့ တိုင်း(မ်)မဂ္ဂဇင်းကြီးက သူမကို ကမ္ဘာပေါ်မှာ သြဇာအာဏာ အရှိဆုံးသူ တစ်ယောက် အဖြစ် သတ်မှတ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အောင်မြင်မှုတွေ တစ်ပွေ့ တစ်ပိုက် ရရှိနေတဲ့ အက်ဒဲလ်ရဲ့ငယ်ဘဝက ကြည်နူးစရာ မကောင်းလှပါဘူး။ သူမ မိဘတွေက ငယ်ငယ်ရွယ်ရွယ် နဲ့ အိမ်ထောင်ကျခဲ့ပြီး အက်ဒဲလ် နှစ်နှစ် သမီးအရွယ်မှာ ဖခင် က သူတို့ သားအမိ နှစ်ယောက်ကို ပစ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း အက်ဒဲလ် က သူ့ဖခင်ကို အရမ်း နာကြည်းနေတာ မဆန်းပါဘူး။ ဂီတနဲ့ ပတ်သက်ရင်တော့ အသက် လေးနှစ် အရွယ်မှာ သီချင်း စတင် သီဆို ခဲ့ပြီး စွဲလမ်း နှစ်ခြိုက်လာခဲ့ပါတယ်။ ငယ်ငယ်တုန်းက Spice Girls အဖွဲ့ကို အားကျခဲ့ပြီး ”ကျွန်မ ဒီနေ့ ဒီနေရာကို ရောက်လာခဲ့တာ Spice Girls အဖွဲ့ ကိုအားကျ အတုယူခဲ့လို့ပါ” လို့ အက်ဒဲလ်က ပြော ခဲ့ဖူး ပါတယ်။
မင်းလို လူမျိုးတွေ့နိုင်ဦးမလားလို့ သီချင်းထဲ က မျှော်လင့်တောင့်တနေတဲ့ အက်ဒဲလ်က အခု အချိန်မှာ ပျော်ရွှင် ချမ်းမြေ့စရာ ကောင်းလှတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နေပါပြီ။ အက်ဒဲလ် က ရန်ပုံငွေ အသင်း တည်ထောင်သူ ဆိုင်မွန်ကိုနက်ကီနဲ့ တွဲနေကြောင်းကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလမှာ မီဒီယာ များက ဖော်ပြခဲ့ကြပြီး နှစ်ဦးသားမှာ ကလေး ရတော့မယ် ဆိုတာကို ၂ဝ၁၂ ခုနှစ် ဇွန်လ က အတိအလင်း ကြေညာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ သားဦးလေး မွေးဖွား သန့်စင်ခဲ့ပါတယ်။ သားလေး မွေးပြီးကတည်းက ပွဲလမ်း သဘင်တွေမှာ ထင်ထင်ပေါ်ပေါ် သွားလာ တာ မရှိတော့ပါဘူး။
အားလုံး သိကြတဲ့ အတိုင်း ပျော်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အက်ဒဲလ် ရဲ့အတိတ်က အချစ် စာမျက်နှာမှာ ဒဏ်ရာဒဏ်ချက် တွေနဲ့ပါ။ ဒါကြောင့်လည်း သူမရဲ့ အသည်းကွဲ သီချင်းတွေက သက်ဝင် လှုပ်ရှားလှပါတယ်။ နှလုံးသားမှာ ဒဏ်ရာ အကြီးအကျယ် ရဖူးတဲ့သူက စာရေးဆရာမ၊ သီချင်းရေး ဆရာစသဖြင့် အနုပညာ လောကမှာ အောင်မြင်တယ်လို့ ပြောတာ ကြားဖူးပါတယ်။ အဲ့ဒါကြောင့်ပဲ အက်ဒဲလ် တို့ အောင်မြင်နေလေသလားပဲ။ ကဲ ဒါတွေထားပါ လေ။ Someone Like You သီချင်းနဲ့ ပရိသတ်တွေ မျက်ရည်လည်အောင် လုပ်ခဲ့ပြီး သူမရဲ့ခံစားချက် ကို အချစ်ဟောင်းကို ပြန်ကြားစေခဲ့တဲ့ အက်ဒဲလ် နဲ့ အင်တာဗျူး လုပ်ဖြစ်ခဲ့ပါတယ်။

’21′ အယ်လ်ဘမ်ထဲက သီချင်းတွေက မင်းရဲ့ အချစ်ရေးကို အခြေတည်ပြီး ရေးထားတာ လို့ ပြောခဲ့ဖူးတယ်နော်။ ရေးဖြစ်သွားတဲ့ အကြောင်း လေး ပြောပြပါဦး။
ကျွန်မက ဒီအကြောင်းတွေကို သီချင်းရေး ဖြစ်အောင် ရေးမယ် ဆိုပြီး ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ခုံပေါ်မှာ ထိုင်ပြီးတော့ သီချင်းရေးဖို့ ဈာန်ဝင်စားလာမယ့် အချိန်ကို ဖြည်းဖြည်းချင်း စောင့်တယ်။ ရေးမယ် ဆိုပြီး အစီ အစဉ် ဆွဲမထားခဲ့ပါဘူး။ စီစဉ်ထားရင်လည်း ရေးဖြစ်မှာ မဟုတ်ပါဘူး။ ခံစားချက် အရ ရေးဖြစ်ခဲ့တာပါ။ ကျွန်မရဲ့ရည်းစားဟောင်း အကြောင်းက သိပ်စိတ်ကုန်ဖို့ ကောင်းတယ်။ ကျွန်မက အဲ့ဒီတုန်းက ငယ်သေးတော့ သူ့ ထက်သာတဲ့သူ (ဒါမှမဟုတ်) အနည်းဆုံးတော့ သူ့လို လူမျိုးနောက်ထပ် တွေ့လိမ့်မယ်လို့ မျှော် လင့်မိတယ်။ ကျွန်မတို့ အရမ်းကို ချစ်ခဲ့ကြ တယ်။ ဒါပေမဲ့ သေချာပြန် စဉ်းစားမိတော့ ဆယ်ကျော်သက် အရွယ်က ကိစ္စတွေပါ။ ဒါနဲ့ ကျွန်မ သီချင်း ရေးဖို့ စိတ်ကူးတော့ ဒီအကြောင်းကို ရေးဖို့ စိတ်ကူး ရသွားတယ်။ သူနဲ့ ပတ်သက်ခဲ့တာတွေကို ပြန်ရေး ချဖို့ အချိန် သိပ်မယူခဲ့ရပါဘူး။
မင်းရဲ့အယ်လ်ဘမ်ထဲက သီချင်းတွေက ကိုယ့်အကြောင်းကို ရေးထားတာ ဆိုပေမယ့် နားထောင်ရတဲ့ သူတွေအဖို့ သူတို့ဖြစ်ရပ်နဲ့ အရမ်း တိုက်ဆိုင်နေတယ်။ ‘Rolling in the Deep’ နဲ့ ‘Someone Like You’ သီချင်းကို ပထမဆုံး နားထောင်တဲ့ အချိန်ကဆို ‘ဘုရားရေ ငါ့ အကြောင်းများ ရေးထားလေ သလားလို့ ထင်မှတ် မှားရတဲ့ အထိပါပဲ။ ပရိသတ်တွေ အဖို့ အဲဒီလို ခံစားရအောင် တမင်တကာ ရည်ရွယ်ပြီး ရေးထားတာလား ဒါမှမဟုတ်ခံစားချက်ကို အခြေ တည် ပြီး ရေးထားတာလား။
မဟုတ်ပါဘူး။ ကျွန်မက အဲဒီလိုမျိုး အောင်မြင်ချင်တာ မဟုတ်ဘူး။ ရည်ရွယ်ပြီး လုပ်ခဲ့တာမျိုး မရှိဘူး။ ကျွန်မ ရေးချင်တဲ့ အကြောင်းကို ခံစားချက် အတိုင်း ချရေးလိုက်တာ။ အဲ့ဒါကြောင့် သီချင်း တွေက အားလုံးနဲ့ တိုက်ဆိုင်မှုတွေ ရှိနေတာပါ။ ကျွန်မရဲ့ ရင်တွင်း ခံစားချက် တွေကို ချရေးထားတဲ့ အတွက် နားထောင် ရတဲ့ ပရိသတ်တွေနဲ့ တိုက်ဆိုင်မှု ရှိသွားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်မ သီချင်း ရေးတဲ့ အခါ ရေးဖို့ အာရုံပေါ် လာတဲ့ အချိန် မှ ချရေးဖြစ်ပါတယ်။
မင်းရဲ့ပရိသတ်တွေ နဲ့ အပြင်မှာ တွေ့တဲ့အခါ သီချင်းတွေက သူတို့ဖြစ်ရပ်နဲ့ တိုက်ဆိုင်တာပဲလို့ လာပြောတာမျိုး ကြုံဖူးလား။
လုံးဝကို ကြုံဖူးတာပေါ့။ ကျွန်မသီချင်းတွေက သူတို့ဖြစ်ပျက် ကြုံတွေ့တာနဲ့ တိုက်ဆိုင်မှုရှိတာ တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။
ရည်းစားဟောင်းကိုရော မင်းရဲ့သီချင်းတွေ နားထောင်မိစေချင်လား။ သူ နားထောင်ဖူး၊ မဖူး ဆိုတာ မင်းဘယ်လိုသိနိုင်မလဲ။
ရည်းစားဟောင်းနဲ့ ပတ်သက်ရင် အဆင်မပြေဘူး။ ဒါကြောင့်လည်း လမ်းခွဲခဲ့ကြတာလေ။ ကျွန်မတို့က သူငယ်ချင်းတွေလည်း မဟုတ် ဘူး။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်စလုံး နဲ့ ရင်းနှီးဖူးတဲ့ သူငယ်ချင်းတွေ ရှိ တယ်လေ။ သူနားထောင်ဖူးမှာ ပါ။ ပြီးတော့ ’21′ အယ်လ်ဘမ် က UK မှာ အချိန် ကာလ တစ်ခု အထိ နံပါတ် တစ်နေရာက ရပ်တည် နိုင်ခဲ့တယ် ဆိုတော့ နားမထောင်ဖူးစရာ အကြောင်း တော့ မရှိပါဘူး။ နားထောင်ပြီး သူ ဘယ်လိုတွေး မလဲတော့ မသိဘူး။ သူနဲ့ လမ်းခွဲ ပြီးတော့ သူငယ် ချင်းကောင်းတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ ‘Rolling in the Deep’ နဲ့ ‘Someone Like You’ သီချင်းတွေကို ကြားရင် ကျွန်မ သူ့ကို ဘယ် လောက် ချစ်တယ် ဆိုတာ သိမှာပါ။ ဒါပေမဲ့ သူ နဲ့ ပြန်တွဲချင်နေတယ် လို့တော့ မထင်စေချင်ဘူး။ ကျွန်မ ဒီသီချင်းတွေ ရေးခဲ့တုန်းက ခံစားရတဲ့ ကြည်နူးမှုလေးကို သူ သီချင်း နားထောင်တဲ့ အခါ မှာ ခံစား မိစေ ချင်တယ်။ သူက ကျွန်မ ဘဝမှာ အရေး ပါတဲ့သူ တစ်ယောက် ပါ။ သူ့အကြောင်း ရေးဖွဲ့ထားတဲ့ သီချင်းတွေကလည်း ကျွန်မ ဘဝကို ပြောင်းလဲစေခဲ့တယ် ဆိုတော့ ကောင်းတဲ့ နည်းလမ်းနဲ့ အကျိုးပြုနေတုန်းပေါ့။
မင်းရဲ့နောက်လာမယ့် အယ်လ်ဘမ်တွေထဲ မှာရော ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို သီချင်းရေးဦးမှာလား။
လက်ရှိ အချိန်မှာတော့ အဲဒီလို တွေးထား တယ်။ ဒါပေမဲ့ တေးရေးဆရာ တစ်ယောက် အနေ နဲ့ ဘယ်လို ဆက်လုပ်ဖြစ်မလဲ ဆိုတာပေါ် မူတည် ပါတယ်။ ပရိသတ်တွေက ကျွန်မ သီချင်းကို နားမထောင်ချင်တဲ့ အချိန် လည်း ရှိလာနိုင်တော့ ကျွန်မ အမြဲတမ်း သီချင်းတွေ ဆိုဖြစ်ပါ့မလားလို့ သံသယ ဝင်မိတယ်။ ဒါပေမဲ့ သီချင်းတွေ ဆက်ရေး ဖို့ အခွင့်အရေး ရမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မ တေးရေးဆရာပဲ ဖြစ်ခဲ့မယ် ဆိုရင် ဆယ်နှစ် အတွင်း အဆိုတော် ဖြစ်လာမှာ မဟုတ်ဘူး။ ကျွန်မ ရဲ့ ကိုယ်ရေး ကိုယ်တာ ခံစားချက်အကြောင်း ရေး ထားတဲ့သီချင်းကို တခြားသူ ဆိုလိုက်ရင် ဘယ်လို ခံစားမိမလဲ ဆိုတာ မပြောတတ်ဘူး။ ဒါကြောင့် ကျွန်မ သီချင်းရေး တဲ့ ပုံစံပြောင်းမယ်။ ကျွန်မက အနုပညာရှင် တစ်ယောက်ဖြစ်လို့သာ လူတွေ စိတ်ဝင်စားတာကို ခံရတာပါ။ ကျွန်မ ဖန်တီးတဲ့ သီချင်းတွေက လုံးဝ ကိုယ်ရေး ကိုယ်တာသက်သက် ပါ။ ‘Someone Like You’ သီချင်း လိုမျိုး ကျွန်မ ထပ်ရေးဖြစ်မှာ မဟုတ်ဘူး။ သူများကိုလည်း ပေးဆိုမှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေမို့လို့ပါ။
အက်ဒဲလ်ရဲ့ အင်တာဗျူးဖော်ပြပြီးပြီ ဆိုတော့ သူမရဲ့ လတ်တလော သတင်းလေးလည်း ပြောပြ ချင်သေးတယ်။ အောက်တိုဘာလက သားဦးလေး မွေးပြီးကတည်းက ထင်ထင်ပေါ်ပေါ် မတွေ့ရ တော့တဲ့ အက်ဒဲလ်က အခုနှစ်မှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားတွေမှာ အောင်ပွဲ ခံနိုင်ခဲ့ပြန် ပါတယ်။ ပြီးခဲ့တဲ့နှစ် ဂရမ်မီ ညတုန်းကလို ဆု ခြောက်ဆုကို တစ်ယောက်တည်း မယူနိုင်ခဲ့ပေမယ့် အက်ဒဲလ်အတွက် ဝမ်းနည်းစရာ မရှိပါဘူး။ ဘာကြောင့်ဆို ဒီနှစ် ကျင်းပတဲ့ ဆုပေး ပွဲတိုင်းလိုလို ဆုရခဲ့တာချည်းပါပဲ။ ဇန်နဝါရီ ၁၃ ရက်က ကျင်းပတဲ့ အကြိမ် ၇ဝ မြောက် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ ‘Skyfall’ ရုပ်ရှင်တေး နဲ့ ရွှေကမ္ဘာလုံး ဆုကို ရရှိခဲ့ ပါတယ်။ ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပတဲ့ Brit Award ဆုပေးပွဲမှာလည်း ‘Skyfall’ သီချင်းနဲ့ ဆုရခဲ့ပြီး ဖေဖော်ဝါရီ ၁ဝ ရက်က ကျင်းပတဲ့ ဂရမ်မီ ဆုပေးပွဲမှာလည်း ‘Set Fire To The Rain’ သီချင်း နဲ့ Best Pop Solo Performance ဆုကို ရခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပတဲ့ အော်စကာ ဆုပေးပွဲမှာလည်း ‘Skyfall’ သီချင်း နဲ့ ရုပ်ရှင် ဇာတ်ဝင်တေးဆု ရရှိခဲ့ပါတယ်။
သိမ့်နှင်းအိမ်
Ref: Wiki, Now, Hollywoodlife.com
http://yatimagazine.com/archives/7890

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။