Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 15, 2013

လူတွေပျော်စေချင်တဲ့စိတ်နဲ့ ဂမ်နမ်စတိုင်ကို ဖန်တီးခဲ့သူ PSY

 

ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက် ပိုင်းထဲမှာ ရေပန်း အစားဆုံး အနုပညာရှင် တစ်ယောက်ကတော့ ပုံမှန် သတင်းကြီးနေကျ ကမ္ဘာ့ အနောက်နိုင်ငံများက အနုပညာရှင်တွေ ထဲက မဟုတ်ခဲ့ပါဘူး။ ငယ်ရွယ်ချောမောတဲ့ လူငယ် ထဲက မဟုတ်သလို ရုပ်ရှင်ကားကြီးတွေရဲ့ ဇာတ်လိုက်ကျော်၊ အနု ပညာ ထူးချွန်ဆုများရှင်တစ်ဦးလည်း မဟုတ်ခဲ့ဘဲ ကမ္ဘာ့အရှေ့ပိုင်း၊ တောင်ကိုရီးယားနိုင်ငံက လူလတ်ပိုင်း ရပ်အဆိုတော်တစ်ဦး ဖြစ်ပါတယ်။
သူ့ရဲ့ နာမည်ကတော့ PSY လို့ခေါ်ပြီး အသက် ကတော့ ၃၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ အမြွှာ ကလေးနှစ်ဦးရဲ့ ဖခင်လည်းဖြစ်ပြီး You Tube ဝက်ဘ်ဆိုက်မှာ တင်လိုက်တဲ့ သီချင်းသရုပ်ဖော် ဂမ်နမ်စတိုင်ဆိုတဲ့ ဗီဒီယိုလေး တစ်ခုကြောင့် သူ ကိုယ်တိုင် မထင်မှတ်ထား ရလောက်အောင်ပဲ ကမ္ဘာအရပ်ရပ်က လူသန်းပေါင်းများစွာက စိတ်ဝင်တစား အားပေးမှုကို ရရှိခဲ့ပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ဝင်ခဲ့တဲ့အပြင် ကမ္ဘာကျော် အနုပညာရှင်များ ကပါ အသိအမှတ်ပြုခဲ့တဲ့ အတွက် ဒီနှစ်ဝက်မှာ သူက ထိပ်ထိပ်ကြဲ အောင်မြင်မှု ရရှိလျက် ရှိပါတယ်။ ကမ္ဘာအနှံ့မှာ သူ့ဂမ်နမ်စတိုင် သီချင်းဟာ ရေပန်းစားပြီး သူ့အကဟာလည်း လူတကာက အတုယူ ကခဲ့ကြပါတယ်။ သူ့ရဲ့ဗီဒီယိုကို ၅၁ ရက်နဲ့ လူသန်း ၁ဝဝ ကျော်ဝင်ကြည့်ခဲ့ပါတယ်။ မကြာသေးခင် ကာလအထိ ဆိုရင်တောင် ကြည့်ရှုသူ သန်း၁၇ဝနီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂမ်နမ်ဆိုတာ ကတော့ တောင်ကိုရီးယားရဲ့ မြို့တော် ဆိုးလ်နဲ့ ကပ်နေတဲ့ ချမ်းသာတဲ့မြို့ဖြစ်ပြီး လူငယ်တွေ သွားလည်ကြ၊ ပျော်ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဂမ်နမ် စတိုင်သီချင်းဟာ PSY အနုပညာကြေးကို ၁ဝ ဆလောက် မြင့်တက်သွားစေခဲ့ ရုံမက ဖခင် ပိုင်တဲ့ ကုမ္ပဏီက စတော့ရှယ်ယာ ဈေးများဟာလည်း သူ့ကျော်ကြားမှုနဲ့ ရှယ်ယာဈေးက နှစ်ဆ အထိ မြင့်တက်သွားပါတယ်။ အခုတော့ PSY့ ဟာ သူ့ရဲ့ ၇ခွေမြောက် အယ်လ်ဘမ် အတွက် ပြင်ဆင်လျက်ရှိပါတယ်။ သူ့အောင်မြင်မှု ရဲ့ သော့ ချက်က ဘာများပါလိမ့်။ သူမတူအောင် ဖန်တီး လိုစိတ်ရှိခြင်းနဲ့ ကိုယ်ပိုင်ဟန် ရှိခြင်းတို့ကြောင့် ပါပဲ။ ဂမ်နမ်စတိုင် ဆိုတာကရော ဘာအကြာင်းကို အရင်းတည်လာခဲ့တဲ့ သီချင်းပါလဲ၊ ဂမ်နမ်မြို့လေး ကရော ဘယ်လိုမြို့လဲ၊ တစ်မုဟုတ်ချင်း ကမ္ဘာ ကျော်ဖြစ်လာတဲ့အခါ သူ့ရဲ့ခံစားချက်၊ ဒါတွေကို လေ့လာကြည့်နိုင်ဖို့ သူ့ရဲ့အင်တာဗျူးဖြေပုံကို လည်း ကြည့်လိုက်ရအောင်နော်။
Q:အခုကျော်ကြားသွားတဲ့ ဗီဒီယိုလေးကို ဖန်တီး ခဲ့တုန်းက ဘယ်လိုအိပ်မက်မျိုး ရှိခဲ့သလဲ။
A: ဟာသစစ်စစ်တစ်ခုကို ဒီအခွေမှာ ထည့်ချင် တယ်ဆိုရုံပါပဲ။ ကမ္ဘာ့စီးပွားရေး ကျနေတဲ့ ဒီလိုချိန်ခါမှာ အားလုံးကိုမေ့ပြီး ရယ်မော ပျော်ရွှင်စေချင်တာပါ။ လတ်တလော ဒုက္ခတွေကို မေ့ပြီး အခိုက်အတန့်လေး ပဲဖြစ်ဖြစ် ပျော်စေချင်တယ်၊ ဖျော်ဖြေချင်တယ်။
Q: ဂမ်နမ်စတိုင်ဆိုတာ ဘာလဲလို့တော့ နိုင်ငံ ခြားမီဒီယာတွေက လေ့လာကုန်ကြပြီ။ ဂမ်နမ် အကြောင်းကို ဘာလို့ဆိုရတာလဲ။
A: ကိုယ်တိုင်ကတော့ ဂမ်နမ်ကို ကိုရီးယားရဲ့ Beverly Hills လို့ တင်စားတာ ကြားဖူးတယ်ဗျ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ပြောရရင် ဆိုးလ်ဟာ တောင်ကိုရီးယားရဲ့ မြို့တော်ဆိုရင် ဂမ်နမ်က ဆိုးလ်ရဲ့ မြို့တော်ပေါ့။ ပြီးတော့ တကယ့်ဂမ်နမ် သားတွေက သူတို့က ဂမ်နမ်ကလို့ မပြောချင်ဘူး ဗျ။ ဂမ်နမ်သားတွေက သူတို့ဘာသာ ဂမ်နမ်သား ရယ်လို့ ဂုဏ်ယူအောင်လို့ရယ်၊ ဂမ်နမ်သူလေးကို ချစ်မိတဲ့ ကောင်လေးက သူလည်း ဂမ်နမ်စတိုင်နဲ့ လူပါပဲလို့ဆိုတဲ့ ဟာသဆန်ဆန် အချစ်သီချင်းလေး လည်း ဖန်တီးရင်းရယ် ဆိုဖြစ်တာပါ။ အခုဆိုရင် ဂမ်နမ်စတိုင်သီချင်းကြောင့် လူတွေ ပျော်ကြ၊ ကြိုက်ကြတော့ ဂမ်နမ်သားတွေအနေနဲ့ အခုဆို ရင် ဂမ်နမ်က မဟုတ်ဘူးလို့ ပြောရခက်နေတာမျိုး မရှိတော့ဘူးပေါ့။
Q: ဒါဆို လူတွေ ကိုရီးယားကိုလာရင် ဘယ်ကို သွားဖို့ ညွှန်းချင်သလဲ။
A: ပထမဆုံးအနေနဲ့တော့ ကျွန်တော့်ရဲ့ ဖြေဖျော်ပွဲကိုပေါ့။ နောက်ပြီး ဂမ်နမ်ကိုရောပေါ့။ ဂမ်နမ်က တကယ့်ကိုပျော်စရာ နေရာကောင်း လေးပါ။
Q: ကိုယ့်ကိုယ်ကိုယ် CNN မြင်လိုက်ရတော့ ဘယ်လိုခံစားရလဲ။
A: ကျွန်တော်မယုံနိုင်လောက်အောင်ကိုပါဘဲ။ တခြားနိုင်ငံခြား ဝက်ဘ်ဆိုက်တွေမှာ မြင်တုန်းက လည်း တကယ့်ကိုကောင်းတာပါပဲလို့ ခံစားမိ တယ်။
Q: PSY့ ရဲ့အကြောင်းနဲ့ ဂမ်နမ်အကြောင်း လေး ပြောပြပေးပါ။
A: ဂျယ်ဆန်ပက်ပါ။ လုံးဝကို မတူတဲ့နာမည်ပေါ့။ ကျွန်တော့်မှာ အမြွှာကလေး နှစ်ယောက်ရှိပါတယ်။ သူတို့ လေးနှစ်ရှိပြီ။ သူတို့က ဖျော်ဖြေပွဲဆိုတဲ့ စကားလုံးကို ကောင်းကောင်းနားလည်နေကြပါ ပြီ။ ဒီတော့ သူတို့ ဖခင်ဖြစ်တဲ့ ကျွန်တော့်အလုပ်က ဘာလဲဆိုတာကိုလည်း သိကြပါတယ်။ ကျွန်တော့် ဖြေဖျော်ပွဲကိုလည်း ကြိုက်ကြတယ်။ ကျွန်တော် ဘော့စ်စတွန်မှာ ဂီတကောလိပ် တစ်ခုဖြစ်တဲ့ Berklee College မှာ ကျောင်း တက်ခဲ့တုန်းက လေးနှစ်လုံးလုံး ကျွန်တော်ကတော့ Fresh man ပါပဲ။ ကျွန်တော်က ကိုရီးယား ငွေကြယ်ပွင့် တစ်ပွင့် ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။ များသောအားဖြင့် ကိုရီးယားပေါ့ပ် ဂီတ သမား တွေက ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အဖွဲ့လိုက်လေးတွေပါ။ သူတို့ထဲက အများစု ကျွန်တော့်ရဲ့ ဂျူနီယာပါ။ ဂမ်နမ်ဆိုတာက တောင်ကိုရီးယားမှာ နေ့ရောညပါလှပတဲ့ နေရာ တစ်ခုပါ။ ဒါကြောင့် အဲဒီနေရာက စုံတွဲအကြောင်း ကို ဂမ်နမ်စတိုင် သီချင်းမှာ ထည့်ခဲ့တာပါ။
Q: ‘Gangnam Style’ ကို သူမတူ ရိုက်ခတ် သွားအောင် ဖန်တီးဖို့ ဘယ်လိုအာရုံရခဲ့လဲ။
A: ဒီသီချင်းကို ကျွန်တော်တင် ခဲ့တာက ဇူလိုင် ၁၅ ရက်နေ့က။ အဲဒီနေ့ကနေ ၁ဝရက်လောက် ကြာတဲ့အထိတော့ ကျွန်တော် ဘာမှမတွေ့ခဲ့ပါဘူး။ အဲဒီ ၁ဝ ရက်နောက်ပိုင်းမှာ တခြားဘာသာစကား တွေနဲ့ ဒီသီချင်း အပေါ် ထင်မြင်ချက်တွေ ပေးလာ ကြတာ။ Twitter ပေါ်မှာလည်း ကျွန်တော့်ဗီဒီယို ကို နာမည်ကျော်တွေ အတော် များများလည်း ကြည့်ကြတာ၊ ကြိုက်တာကို တွေ့လာရတယ်။ အဲဒီအခါမှာ ဘာတွေဖြစ်နေ ပြီဆိုတာ ကျွန်တော် နားလည်လိုက်တယ်။
Q: ဒီသီချင်းက မင်္ဂလာပွဲအက သီချင်းအဖြစ်လည်း အတော်လေးကို လူကြိုက်များလာတယ် နော်။
A: (ရယ်လျက်) ဒီသီချင်းက မင်္ဂလာပွဲတွေ အတွက် သင့်တော်မယ်လို့တော့ ကျွန်တော် မတွေးမိပါဘူး။ ဒါက Formal Dance လည်း မဟုတ်ဘူးလေ။ Chessy Dance ပေါ့။ ဒါပေမဲ့ ကျွန်တော် သဘောကျတယ်။
Q: ဒီလိုကပုံ ကနည်းမျိုး ဘယ်လိုရလာတာလဲ။
A: အသစ်အဆန်းဖြစ်မယ့် အရာတစ်ခုခုကို ကျွန်တော် ကြိုးစားလေ့လာပါတယ်။ Horse Dance အတွက် တစ်လလောက် အချိန်သုံးလိုက် ရတာမျိုးပေါ့။ ကျွန်တော်နဲ့ အဖွဲ့သားတွေက ညပေါင်း သုံးဆယ်လောက် စတူဒီယိုမှာပဲ အလုပ် လုပ်ကြ၊ စဉ်းစားကြတယ်။ နောက်ထပ် ကျွန်တော့် ကကွက်က ဘာဖြစ်မလဲပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုရီးယားမှာက ကျွန်တော့်အကကို မျှော်လင့်ချက်ကြီးကြီး ထားကြသူတွေလည်း ရှိ တယ်လေ။ ဒါကြောင့် အတော်လေး စိတ်ဖိစီးမှုရှိ ခဲ့ပါတယ်။
Q: အမေရိကတေးဂီကိုရော နားထောင်ဖြစ်ပါ သလား။
A: ကိုရီးယားက ဂီတသမားတိုင်းက ကိုယ်ကြိုက်တဲ့ ဂီတတွေကနေ လေ့လာကြပါတယ်။ ကျွန်တော် လက်စ်ဗီးဂက်စ် မှာတုန်းက iHeart Radio festival ကိုသွားတော့ ခန်းမထဲကို လျှောက်သွားတဲ့ အခါ တစ်ယောက် က လှမ်းမေးတယ်၊ ခင်ဗျား PSY လားတဲ့။ ပြီးတော့ သူကပြောတယ် ”ငါ ဂျွန်ဘွန်ဂျိုဗီပါ” တဲ့။ ကျွန်တော်ဆိုတဲ့သူကလည်း သူ့ရဲ့သီချင်းတွေ နားထောင်လာတာ”You Give Love a Bad Name” ဆိုတဲ့ သီချင်းကတည်း ကပေါ့။ ဒါနဲ့ အဲဒီလိုပြောလိုက်တာ တကယ့်အချိန် ကောင်းလေး ဖြစ်သွားတာပေါ့။ ဒါနဲ့ ကျွန်တော်တို့ ဓာတ်ပုံအတူ ရိုက်ကြတယ်။ သူက အဲဒါကို သူ့ ဖေ့စ်ဘွတ်မှာ တင်ပေးတယ်။ မယုံနိုင်လောက် အောင်ပါဘဲ။
Q: ဘော့စ်စတွန်နဲ့ Barklee ဂီတကောလိပ်တို့ မှာ ကျောင်းတက်ခဲ့သေးတယ်နော်။ ကျောင်းရော ပြီးခဲ့လား။
A: မပြီးခဲ့ပါဘူးဗျာ။ လေးနှစ်လုံးလုံး Fresher လေးပါ။ အတန်းချိန်က ကျွန်တော့်အတွက် စောလွန်းတာကိုး။
Q: ဒါပေမဲ့ ကျောင်းက ခင်ဗျားရဲ့Taste ကို တော့ လွှမ်းမိုးခဲ့တယ်မ ဟုတ်လား။
A: အဲဒီတုန်းက ကျွန်တော်က တေးရေးဆရာ တစ်ယောက်ဖြစ်အောင် ကြိုးစားနေတာ။ အဆိုတော်ဖြစ်အောင် မဟုတ်ဘူး။ တခြားသူတွေ ဖန်တီး တီထွင်တာတွေကို ကျွန်တော် လေ့လာသင် ယူလို့ မရဘူး။ ဒါနဲ့ ကိုယ့် ဘာသာ ဖန်တီးတယ်။ အခုတော့ ရိုးရိုးသားသား ပြောရမယ်ဆိုရင် စာမလုပ်ခဲ့တာကို ကောင်းကောင်း နောင်တရမိတယ်။ အခုဆို ဟာမိုနီတွေ အကြောင်း ဒါမှမဟုတ် ဘာမဆိုကိုပေါ့။ ဘာဆိုဘာမှ ကျွန်တော်မသိဘူး။ ဒါကြောင့် သီချင်းရေးတဲ့အခါ အတော့်ကိုအား စိုက်ရပါတယ်။
Q: ဘယ်လိုဂီတကို နားထောင်ရင်း ကြီးပြင်းလာပါသလဲ။
A: ကျွန်တော့်ဘဝတာအတွက် စံပြ၊ ဟီးရိုးဆိုရင် Queen (Freddie Mercuryof Queen) ရဲ့ တေးရေးကျွမ်းကျင်မှုကို သဘောကျပါတယ်။ ကျွန်တော်က သူတို့အနားကိုတောင် မကပ်နိုင်ပါ ဘူး။ ဒါပေမဲ့ သူ့ရဲ့ Showmanship ကိုတော့ ဗီဒီယိုကနေ ကျွန်တော် လေ့လာလို့ရပါတယ်။ အခုတော့ ကျွန်တော်က UK မှာ နံပါတ်တစ်စာရင်း ဝင်လာပြီဆိုတော့ အခွင့်အရေးများရမယ်ဆိုရင် Queen နဲ့တွေ့ပြီး သူ့ဂီတကို ကျွန်တော် ဘယ်လောက် သဘောကျ တယ်ဆိုတာ ပြောချင်တယ်။ Queen နဲ့ ဘွန်ဂျိုဗီပြီးတော့ Aerosmith and Guns N’ Roses တို့ကို သဘောကျပါတယ်။
Q: ဘယ်လိုဖြစ်လို့ အဆိုပိုင်းကို ပြောင်းလာတာ လဲ။
A: ကျွန်တော် အမေရိကန်မှာ ရှိခဲ့တုန်းက သီချင်းတစ်ပုဒ်ရေးဖို့ ကြိုးစားတယ်။ အဲဒီတုန်းက ၉၉ – ၂ဝဝဝ ခုနှစ်လောက် အားလုံးဟစ်ပ်ဟော့ ခေတ်ထချိန်၊ အဲဒီကနေ အတော်လေးစိတ်ပါလာ ပြီး Tupac,Notorious B.I.G., Dr. Dreç Eminemç Snoop Dogg တို့သီချင်းတွေ နားထောင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုနဲ့ ရည်ရွယ်ချက်ကို အခုရောသမပြီး အခု တော့ ကလို့ကောင်းတဲ့ ရော့ခ်သီချင်းတွေကို လုပ်နေပါ တယ်။
Q: ဖျော်ဖြေမှုမလုပ်တဲ့အချိန်မှာဆို ဘာများလုပ် ပါသလဲ။
A: သောက်နေတာပေါ့။ ဒါက အကြီးကျယ်ဆုံး ဝါသနာပဲ။ (ဆိုးလ်မြို့တော် ခန်းမရင်ပြင်မှာ ဆိုဂျူသောက်နေတဲ့ PSY ရဲ့ ဓာတ်ပုံတစ်ပုံထွက်လာ ပြီးတဲ့နောက် Jinro က ယခင်က တစ်နှစ်စာအတွက် အမေရိကန် ဒေါ်လာတစ်သိန်းနဲ့ ကမ်းလှမ်းရာကနေ PSYရဲ့ အောင်မြင်မှုတွေ ပိုရလာတဲ့အတွက် ကမ်းလှမ်းငွေ ပမာဏမြင့်တက်ပြီး ဒေါ်လာ သုံးသန်းအထိ မြှင့်တင် ကမ်းလှမ်းခံခဲ့ရပါတယ်။ ဂမ်နမ်စတိုင်နဲ့ မအောင်မြင်ခင်လေးက သူနဲ့ စာချုပ် သက်တမ်းတိုးဖို့ မဆုံးဖြတ်ခဲ့တဲ့ OB Beer ကလည်း နောင်တရနေတယ်လို့ သိရပါတယ်။)
ဇင်မြင့်စံ
http://yatimagazine.com/archives/6612

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။