Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, June 15, 2013

ဒေါ်အောင်ဆန်းစုကြည်(သို့မဟုတ်)ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ

 
Tun Wai
ဒေါ်အောင်ဆန်းစုကြည်(သို့မဟုတ်)ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်ခဲ့သူ

“တစ်ကောင်တည်းဒါပေမဲ့ခြင်္သေ့”ဆို သော စာအုပ်အမည်လေးကို သတိရမိ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းခြံဝင်း ကြီးထဲတွင် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ အထိ နှစ်ပေါင်းများစွာတစ်ကိုယ်တည်းအကြိမ် ကြိမ်နေထိုင်ခဲ့ရသူဖြစ်သည်။ လွှတ်လိုက်၊ ပြန်ဖမ်းလိုက်သံသရာထဲတွင် တစ်ကိုယ်တည်း နှစ်ပေါင်းများစွာေ နထိုင်ခဲ့ရသူသာဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်အကျဉ်းသားဘ၀ဖြင့် နေထိုင်နေရစဉ်ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်ကွယ်လွန်သွား ခဲ့သည်။ ခင်ပွန်းသည်၏ဈာပနကို မြန်မာ ပြည်ဒီမိုကရေစီအရေးနှင့် နှိုင်းယှဉ်ရွေးချယ်ခဲ့ ရလေရာ မြန်မာပြည်အတွက်သာ သူမ ရွေးချယ်ခဲ့သည်။ သည့်အတွက် ခင်ပွန်း သည်၏နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင် ခွင့်မရခဲ့။ ခင်ပွန်းသည်၏အလောင်းကို မမြင်တွေ့နိုင်ခဲ့ပါချေ။ အရွယ်မရောက် သေးသောသားနှစ်ယောက်၏ ဘ၀ရှေ့ရေး၊ ပညာရေး၊ လူမှုရေးအစစအရာရာကို လျစ်လျူရှုကျောခိုင်းခဲ့ရသည်။ တွမ်နှင့် အလက်ဇန်းဒါးသားနှစ်ယောက်၏ဘ၀မှာ ဖခင်မဲ့သွားရသောဘ၀တွင် မိခင်ကလည်း မြန်မာပြည်ထဲတွင် အကျဉ်းကျနေရသည်။ မြန်မာစစ်အစိုးရ၏ အရေးအကြီးဆုံး၊ အတင်းကြပ်ဆုံးအကျဉ်းသားမှာ အလက် ဇန်းဒါးနှင့် တွမ်တို့၏ မိခင်ဖြစ်နေလေ သည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှကြည့် လျှင် အမိမြန်မာပြည်နှင့် သန်း ၆၀ ပြည် သူတို့၏ဘ၀အတွက် မိမိသားနှစ်ဦးကို စွန့်ပစ်ထားခဲ့ရသည်။ ခင်ပွန်းသည်မှာ သူ့ဇနီး၏မျက်နှာကို နောက်ဆုံးအကြိမ်ပင် မြင်သွားခွင့်မရခဲ့နိုင်ပါချေ။ အလွန်ညံ့ဖျင်း လှသောတယ်လီဖုန်းကြိုးထဲမှ ကြားတစ် ချက်၊ မကြားတစ်ချက်ဇနီးသည်၏အသံ ကိုသာ ခက်ခက်ခဲခဲကြားလိုက်ရခြင်းသည် သာ သူ့အတွက်ဇနီးသည်မှ ပေးအပ်နိုင်ခဲ့ သော ဆန္ဒမျှသာဖြစ်ခဲ့ရသည်။

ကျွန်တော်သည် ၁၉၈၈-၈၉ ကာလ များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခြံ ၀င်းထဲတွင် နေထိုင်ခဲ့ဖူးလေရာမိုက်ကယ် ကိုလည်းကောင်း၊ တွမ်နှင့် အလက်ဇန်းဒါး တို့ကိုလည်းကောင်းအနီးကပ်ဆက်ဆံခဲ့ဖူး ပါသည်။
ကျွန်တော်တို့နှင့် ဒေါ်အောင်ဆန်း စုကြည်နေ့ဘက်၊ တစ်ခါတစ်ရံညဖက်ညဥ့် နက်သည့်တိုင် နိုင်ငံရေးကိစ္စများဆွေးနွေး နေသည်ကို ဘာတစ်ခုမျှဝင်မပါဘဲ ဧည့်ခန်း၏ထောင့်တစ်နေရာတွင် တိတ် ဆိတ်စွာထိုင်နေတတ်သော မိုက်ကယ်ကို ကျွန်တော်မြင်ယောင်နေမိပါသေးသည်။

တစ်ခါက ကျွန်တော်ဒေါ်အောင်ဆန်း စုကြည်နှင့်စကားပြောနေလေရာနေ့လည် စာစားချိန်တွင် တွမ်သည်သူ၏မိခင်ကိုယ် တိုင်နေ့လည်စာကျွေးမွေးပေးစေလိုသဖြင့် ကျွန်တော့်ကြောင့် အလုပ်များနေရသော မိခင်ကိုစိတ်ဆိုးနေပါသည်။ စိတ်ကောက် နေပါသည်။ ထိုအခါဒေါ်စုက သားငယ် ၏ဆန္ဒထက်နိုင်ငံရေးကိစ္စကို မပျက်ပြား လိုသဖြင့် တွမ်ကို Tom Go Away ဟု ခပ်မာမာလေသံဖြင့် ပြောဆိုလိုက်ရာတွမ် မှာ မျက်နှာလေးမဲ့ကာမဲ့ကာ၊ မျက်ရည် များလည်လျက် မိခင်အပါးမှ ထွက်သွား ခဲ့သည်ကို အမှတ်ရနေမိပါသည်။

အထီးကျန်ရက်လနှစ်များကို တစ်ကိုယ် တည်းဖြတ်သန်းခဲ့ရသော ဒေါ်အောင်ဆန်း စုကြည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်တော်တို့စတွေ့သည့်အချိန်က အန်တီ စုသည် ၄၄ နှစ်သာရှိပါသေးသည်။ တကယ် တော့ ဒေါ်အောင်ဆန်းစုကြည်အသက် ၄၅ နှစ်လောက်ကတည်းကပင် သူမ၏ ခင်ပွန်း၊ သားနှစ်ယောက်နှင့် နှစ်ရှည်ကွဲ ကွာအကျဉ်းသားဘ၀ဖြင့် တစ်ကိုယ်တည်း အထီးကျန်ဘ၀ကို စတင်လျှောက်လှမ်းခဲ့ ရသူဖြစ်သည်။ ထိုစဉ်က ကျွန်တော်တို့မှာ အသက် ၂၄ နှစ်သာရှိသေးသဖြင့် ကျွန်တော်တို့ထက် အနှစ် ၂၀ ကြီးသော အန်တီစုကို အမေအရွယ်၊ အစ်မအရွယ် ထင်ခဲ့မိသည်။ တကယ်တမ်းကျွန်တော်တို့ အရွယ်ရောက်သဖြင့် အသက် ၄၅ နှစ် အရွယ်ဖြင့် တစ်ကိုယ်တည်းခရောင်းလမ်း၊ ဆူးခင်းလမ်း၊ ဓားတောင်များနှင့် မီးပင် လယ်များကို ဖြတ်သန်းခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ အသက်အရွယ် နှင့် အလွန်ပင်ငယ်ရွယ်နေခဲ့မှန်း ယခုမှ သိမြင်လာခဲ့သည်။ အသက် ၄၅ နှစ် အရွယ်သာရှိသေးသော မိန်းမတစ်ဦး၏ ဘ၀မှာ ခင်ပွန်း၊ သားနှစ်ယောက်နှင့် ထာဝရနီးပါးခွဲခွာနေထိုင်ခဲ့ရခြင်းလည်း ဖြစ်လေသည်။

မိခင်ကြီးဒေါ်ခင်ကြည်ကွယ်လွန်ခဲ့ခြင်းနှင့် နောက်ပိုင်းဖြစ်ရပ်များ

၁၉၈၈ ခုနှစ် နိုဝင်ဘာလထဲတွင် ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး၊ အန်တီစု၏ မိခင်ကြီးဒေါ်ခင်ကြည်သည် ကြာရှည် မကျန်းမမာဖြစ်နေရာမှကွယ်လွန်သွားခဲ့ လေသည်။
ဒေါ်အောင်ဆန်းစုကြည်မှာ မိခင် ကြီးကိုအလွန်ပင်ချစ်မြတ်နိုးသူဖြစ်သည်။ အင်္ဂလန်တွင် မဟာဝိဇ်္ဇာအတွက် ကျမ်းပြု စုနေစဉ်မိခင်ဒေါ်ခင်ကြည်နေမကောင်း သဖြင့် မြန်မာပြည်သို့ပြန်လာခဲ့ရာမှ အစပြု၍ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့တိုင်းပြည် သန်း ၆၀ ၏ အရေးအရာကိစ္စများထဲသို့ တဖြည်းဖြည်းချင်းထဲထဲဝင်ဝင်ဝင်ရောက် လာခဲ့မိရာမှ သန်း ၆၀ ၏ အားအကိုး၊ အားအထားဆုံးလူထုခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လေတော့သည်။
၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက်တွင် မွေးဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဆင်နွှဲခဲ့သော ဖက်ဆစ်ဂျပန်တော်လှန် ရေးကာလအတွင်းက မိခင်ဒေါ်ခင်ကြည် ၏ဗိုက်ထဲတွင် ကိုယ်ဝန်အရင့်အမာကြီး နှင့် လိုက်ပါတိမ်းရှောင်နေခဲ့ရသော အနေအထားဖြင့်ဘ၀ကို စခဲ့သူဖြစ်သည်။

သမိုင်းဝင်ဖက်ဆစ်တော်လှန်ရေး ကာလက ဒေါ်ခင်ကြည်သည်ဗိုလ်ချုပ် အောင်ဆန်း၏ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်ထားရှိရာဧရာဝတီမြစ်ကမ်းသရက် မြို့အနောက်ဘက်တောနက်ကြီးထဲတွင် လိုက်ပါတိမ်းရှောင်ခဲ့ရသည်။ ထို့အတွက် လူထုခေါင်းဆောင်ဖြစ်လာမည့်ဒေါ်အောင် ဆန်းစုကြည်၏အစလူ့လောကထဲသို့မ၀င် ရောက်မီပဋိသန္ဓေအရင့်အမာနှင့် ဘ၀က တည်းက ဒေါ်အောင်ဆန်းစုကြည်သည် တော်လှန်ရေးကာလ၊ တော်လှန်ရေး မိုးသံ လေသံ၊ ကြမ်းတမ်းခက်ခဲသော အခြေအနေ ကြားမှပင် ဖြတ်သန်းမွေးဖွားခဲ့သူဟု ဆိုနိုင်လေသည်။ ဒေါ်အောင်ဆန်းစုကြည် မွေးဖွားပြီး ၁၉၄၇ ဇူလိုင် (၁၉) ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းစုကြည်သည် ၂ နှစ် မပြည့်မီ တစ်လအလို ၁ နှစ်နဲ့ ၁၁ လ သမီးကို ဖခင်ကြီးက ထာဝရခွဲခွာခဲ့ ရသူ ကံဆိုးရှာသူဖြစ်ခဲ့ရသည်။ ဖခင်ဗိုလ် ချုပ်အောင်ဆန်းနှင့် ၂ နှစ် သမီးအထိ မနေထိုင်ခဲ့ရသော်လည်း ဒေါ်အောင်ဆန်း စုကြည်၏ စိတ်ဓာတ်နှင့်ရုပ်လက္ခဏာ မျက်နှာသွင်ပြင်ပါဗိုလ်ချုပ်အောင်ဆန်း နှင့် ချွတ်စွပ်ထပ်တူကျနေသည်ကို တွေ့ခဲ့ ရလေသည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပြောပြ ရာတွင် သူ့ဖခင်အပေါ်တွင် သူ့ဖခင်က ချစ်လွန်း၍ ကလူကျီစယ်သည်များကို တစ်ချက်တစ်ချက်မှတ်မိကြောင်းသာ ပြောပြနိုင်တော့သည်။

ကျွန်တော့်အား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောပြ ခဲ့သည်များတွင် သူ့မွေးချင်း (၃) ယောက် အနက် ကိုလင်း (အောင်ဆန်းလင်း)အား သူမသည်အလွန်ပင်ချစ်မြတ်နိုးသတိရ နေဆဲဖြစ်ကြောင်း သိရလေသည်။ ကန်တော်ကြီးနတ်မောက်လမ်းထဲရှိ ရေ ကန်ကလေးထဲတွင် ကံဆိုးလှစွာရေနစ်သေ ဆုံးခဲ့ရသော အောင်ဆန်းလင်းသာရှိခဲ့ လျှင် သိပ်ကောင်းမှာပဲဟူသောစကားမျိုး ကျွန်တော်တို့အား ပြောပြတမ်းတလေ သည်။ အောင်ဆန်းလင်းကလည်း သူ့ညီမ လေးအား အလွန်ချစ်မြတ်နိုးခဲ့လေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀သည် သူအလွန်ချစ်မြတ်နိုးသော ဖခင်နှင့် အစ်ကိုအောင်ဆန်းလင်းတို့အား လူမမည် စာမမြောက်ဘ၀တည်းက ခွဲခွာခဲ့ရသည်။ နောက်တော့ အိန်္ဒိယနှင့် အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စုစသည်တို့တွင် တစ်ကိုယ်တည်းပညာသင်ကြားရင်းရုန်းကန် နေခဲ့ရသည်။ ကျွန်တော်နယူးယောက်တွင် နေထိုင်စဉ်မြေအောက်ရထားကို တစ်ခါ တစ်ရံကျပ်ကျပ်တည်းတည်းစီးပြီး သွားလာ ရသည့်အခါကုလသမဂ်္ဂအဆောက်အဦ ဌာနချုပ်သို့ရောက်သွားသည့်အခါများတွင် အန်တီစုအားသတိရမိလေသည်။ ဤမြေ အောက်ရထားနှင့် ကုလသမဂ္ဂ UN ဌာန ချုပ်ဝန်းကျင်လမ်းမများတွင် လွန်ခဲ့သော အနှစ် ၂၀ ၀န်းကျင်က အန်တီစုတစ်ယောက် အပြေးအလွှားရုံးတက်ရုံးဆင်းရုန်းကန် လှုပ်ရှားခဲ့မည့်ပုံရိပ်များကို စိတ်တွင်မှန်းဆ ၍ မြင်ယောင်မိပါသည်။

အန်တီဒိုရာသန်းအေး (ဗိုလ်ချုပ် အောင်ဆန်းအကြိုက်ဆုံးသီချင်း “လှေကလေးကိုလှော်မည်”ကို သီဆိုသူ တေးသံရှင်) ရေးသားခဲ့ဖူးသော စာတစ် ပိုဒ်ထဲတွင် အန်တီစုတစ်ယောက်နယူးယောက် ၏ အလွန်ပင်ရက်စက်အေးမြလှသော ရာသီဥတုထဲတွင် ဘ၀ကို ရုန်းကန်ခဲ့ရပုံ များကို ဖတ်ရသည်။ ထိုအချိန် ထိုစဉ်က ဗိုလ်မှူးကြီးလွင်က ဒေါ်အောင်ဆန်းစုကြည် ၏ သံတမန် Passport ကို ပြန်သိမ်းကာ သာမန်မြန်မာနိုင်ငံသား Passport ကိုသာ အစားထိုးပေးခဲ့ပုံကိုလည်း မှတ်မိနေပါ သည်။ အမျိုးသားခေါင်းဆောင်ကြီးတစ် ဦး၏ သမီးဖြစ်သူ သံတမန် Passport ပြန်သိမ်းခံလိုက်ရသည့်နောက်ပိုင်း USA တွင် နေထိုင်ရသည့်ဘ၀သည်ပို၍ပင် ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရလေသည်။

ပြည်ပတွင် နှစ်ပေါင်း ၃၀ နီးပါး ကျင်လည်ရုန်းကန်ခဲ့ရသော်လည်း မိခင် မြန်မာနိုင်ငံသားနှင့် မြန်မာ Passport ကို လုံးဝမစွန့်လွှတ်ခဲ့တဲ့ ကြံ့ကြံ့ခံကာ တစ်နေ့မြန်မာပြည်ပြန်မည်ဟုဆုံးဖြတ် ထားခဲ့သော သံနိ္ဓဋ္ဌာန်ကို ကျွန်တော် ပြည်ပတွင် နှစ်ပေါင်း ၂၀ နီးပါးနေထိုင် ခဲ့ရဖူးသဖြင့် ပို၍ပင် သဘောပေါက်လေး စားမိခဲ့လေတော့သည်။
အဘွားဒေါ်စုနှင့် ဒေါ်အောင်ဆန်းစုကြည်ဒေါ်အောင်ဆန်းစုကြည်၏အဘွား ဗိုလ်ချုပ်အာင်ဆန်း၏ မိခင်ကြီးဘ၀ကို ကျွန်တော်အလွန်ပင်လေးစားရသောအချက်မှာ မြန်မာ့လွတ်လပ်ရေးအတွက်အဘွား ဒေါ်စုသည်သားသုံးယောက်ရှိသည့်အတွက် နှစ်ယောက်ကိုစတေးခဲ့ရသည်။ အကြီးဆုံး အလိမ်္မာဆုံးသားကြီးအမျိုးသားကျောင်း ကျောင်းအုပ်ကြီးဦးဘ၀င်းနှင့် အငယ်ဆုံး သား၊ ဇွတ်တရွတ်လုပ်တတ်ဆုံးသား ဗိုလ်ချုပ်အောင်ဆန်းနှစ်ယောက်စလုံး၏ ရုပ်ကလာပ်များ လဲလျောင်ထားရှိရာ ဂျူဗလီတာခန်းမထဲသို့ ၁၉၄၇ ခုနှစ် ဇူလိုင်လမိုးသည်းသည့်ကြားတွင် အဘွား စုသည်အပြေးဝင်ရောက်လာခဲ့စဉ်က အဘွားစုခံစားခဲ့ရသော ဝေဒနာကို ကျွန်တော်မှန်းဆ၍ အလွန်ပင်ကြေကွဲမိခဲ့ သည်။

မိမိရင်မှ ၀မ်းနှင့် လွယ်ကာ၊ လွယ်မွေး ခဲ့ရသော သားအရင်းနှစ်ယောက်စလုံး၏ ရုပ်ကလာပ်များရှိရာ ဂျူဗလီတာခန်းမကြီး ထဲသို့မိခင်ကြီးဒေါ်စုသောကဗျာပါဒများ ဖြင့် မျက်ရည်များပြိုကျလျက် ၀င်ရောက် လာခဲ့ရလေသည်။ သားကြီးနှင့် သားထွေး တို့၏အလောင်းများ ရုပ်ကလာပ်များဆီ သို့တစ်လှည့်စီကြည့်ရှုငိုကြွေးခဲ့လေသော နတ်မောက်မှအဘွားစု၏ဝေဒနာကို ယူကျုံးမရကျွန်တော်ဖြစ်ခဲ့ရပါသည်။

အဘွားစုသည်သားအရင်းနှစ်ယောက် ကိုပေးဆပ်၍ မြန်မာ့လွတ်လပ်ရေးအတွက် ပါဝင်ကြိုးပမ်းခဲ့သော အာဇာနည်တို့၏ မိခင်ကြီးဖြစ်သည်။ ခင်ပွန်းလည်းဆုံး သားကြီး၊ သားငယ်တို့ မိမိထက်အရင်လူ့ လောကမှ ရုတ်တရက်ထွက်ခွာသွားခဲ့ကာ မိမိအားထားရစ်ခဲ့ကြပြီး အထီးကျန်ရက် လနှစ်များကို နတ်မောက်အိမ်တွင် အဘွားစုတစ်ကိုယ်တည်းဖြတ်သန်းခဲ့ရဖူး သည်။
တစ်ဖန်အဘွားစု၏မြေးဒေါ်အောင် ဆန်းစုကြည် (အန်တီစု) သည်လည်း မိမိ အကျဉ်းကျနေရာ ရန်ကုန်မြို့၏ အနောက် ဘက်မိုင်ထောင်သောင်းချီဝေးသောအရပ် တွင် ခင်ပွန်းသည်ကွယ်လွန်၍ အဖမဲ့အမိ မဲ့ဖြစ်နေသော သားတွမ်နှင့်အလက်ဇန်း ဒါးတို့အားပစ်ထား၍ မြန်မာလူမျိုးသန်း ၆၀ အတွက် မိမိဘ၀ကို တစ်ကိုယ်တည်း ဖြတ်သန်းနေခဲ့ရလေသည်။ အဘွားစုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ဘ၀သည် ခပ်ဆင်ဆင်ပင်ဖြစ်ခဲ့လေသည်။
ကျွန်တော့်အမြင်တွင် ဗိုလ်ချုပ် အောင်ဆန်း၏အဘိုးဗိုလ်မင်းရောင်သည်နယ်ချဲ့အင်္ဂလိပ်တို့၏လက်ချက်ဖြင့် ခေါင်း ဖြတ်အသတ်ခံခဲ့ရသည်။
ထို့ကြောင့် “အောင်ဆန်းမိသားစု” သည် မြန်မာ့လွတ်လပ်ရေးအတွက် မြန်မာဒီမိုကရေစီအရေးတော်ပုံအတွက် တိုင်းရင်းသားအားလုံးအပါအ၀င် သန်း ၆၀ သောပြည်သူတို့အတွက်သာ အသက် ရှင်နေသော စတေးခဲ့ရသော ပေးဆပ်ခဲ့ ရသော မိသားစုသာဖြစ်သည်။

အောင်ဆန်းမျိုးဆက်၏ အမြင့်မား ဆုံးအလံတော်ကို သမီးဒေါ်အောင်ဆန်း စုကြည်က လွှင့်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်သမီးဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းခဲ့ရသော ဆက်လက်လျှောက် လှမ်းနေရဆဲဖြစ်သော ခရီးကြမ်းကား ဓားတောင်တန်းများနှင့် မီးပင်လယ်ပြင် ကြီးကာဆီးနေသော ခရီးကြမ်းသာဖြစ် ချေသောကြောင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်သောရဲရင့်သောပုဂ်္ဂိုလ်သည်ဒေါ်အောင် ဆန်းစုကြည် (သို့မဟုတ်) ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်နေသူသာ ဖြစ်ချေတော့သည်။

မိုးဟိန်း(၈၈- အရေးတော်ပုံ)
The hot news weekly

ပြန်လည်မျှဝေပါတယ်။
15.6.2013

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။