“ရေဘ၀ဲတစ်ကောင်ရဲ့ နိဂုံး”
ရေဘ၀ဲဆိုတာ စုပ်ခွက်တွေ အများကြီးပါတဲ့ ခြေ(၈)ချောင်းရှိတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့သတ္တ၀ါပါ။ အကောင်အကြီးကြီးတွေ ဆိုရင် ပေါင်၇၀ လောက် အထိလေးပါတယ်။ ဒါပေမယ့် အကောင် ဘယ်လောက်ကြီးကြီး သူ့ခန္ဓာကိုယ်က အရမ်းကို ပျော့ပျောင်း လွန်းတယ်။ ဘယ်လောက်တောင် ပျော့ပျောင်းလွန်းလဲဆို သူသွားချင်တဲ့ ဘယ်နေရာမျိုးကိုမဆို ဘယ်လောက်ကျဉ်းကျဉ်း ရောက်အောင် တိုးဝှေ့ဝင်နိုင်တဲ့အထိ ပျော့ပျောင်းလှတယ်။
ရေဘ၀ဲမှာ... ကျောရိုးမရှိဘူးရှင့်။ ဒါကြောင့် ကျပ်စေ့အ၀ိုင်းလောက် အပေါက်သေးသေးလေးကိုတောင် သူတို့ခန္ဓာကိုယ်ကြီးနဲ့ ရအောင် တိုးဝင်နေနိုင်တယ်။ သူတို့ အနှစ်သက်ဆုံးက ပင်လယ်ခရုခွံ အလွတ်တွေထဲမှာ တိုးဝင်ပုန်းနေပြီး နဘေးနားက ဖြတ်သန်း ကူးခတ်သွားတဲ့ ငါး၊ ပုဇွန်တွေရဲ့ ခေါင်းကို သူ့တို့ရဲ့လက်တံလေးတွေကို ထုတ်ပြီး ဖမ်းယူကိုက်ဖြတ်၊ ပြီးရင်တော့ သူတို့ရဲ့အဆိပ်ရည်တွေနဲ့ ထိတွေ့ မူးမေ့စေပြီးမှ သေဆုံးသွားတာနဲ့ အလွယ်တကူ မြိန်ရေယှက်ရေ စားတော့တာပါဘဲ။ ဒါကြောင့် ပင်လယ်သမုဒ္ဒရာထဲမှာတော့ ရေဘ၀ဲ ဆိုတာတခြားသတ္တ၀ါတွေအတွက် ကြောက်စရာ အကောင်းဆုံး
သတ္တ၀ါထဲမှာ အပါအ၀င်ဘဲပေါ့။
ဒါပေမယ့် ဒီလိုကြောက်စရာကောင်းတဲ့ ရေဘ၀ဲကို ကျွန်မတို့လို လူတွေအတွက်ကတော့ လွယ်လွယ်နဲ့ ဖမ်းယူနိုင်တဲ့ နည်းလမ်းက ရှိနေပြန်တယ်။ တံငါသည်တွေက ရေဘ၀ဲရဲ့ ပင်ကိုယ်ရှိနေတဲ့ သဘာဝကို ကောင်းကောင်းကြီးသိနေတော့ အခုလို အသုံးချလိုက်တယ်။
တံငါသည်တွေက ပုလင်းတွေကို တစ်လုံးနဲ့တစ်လုံး ကြိုးနဲ့ဆက်ချည်ပြီး ပင်လယ်ရေအောက် ကြမ်းပြင်အထိ ချပေးလိုက်တယ်။ ရေဘ၀ဲတွေက သူတို့သဘာဝအတိုင်း ပုလင်းတွေကို တွေ့တာနဲ့ သူ့ထက်ငါ ဦးအောင် ပုလင်းတွေထဲကို တိုးဝှေ့ဝင်ရောက်တော့တာပါဘဲ ။ အဆုံးမှာတော့ ပင်လယ်ပြင်မှာ ဆရာကြီးလုပ်နေတဲ့ ရေဘ၀ဲတွေလည်း တံငါသည်တွေရဲ့ သားကောင်အဖြစ် ပုလင်းထဲမှာရောက်ပြီး ဖမ်းခံရတော့တယ်။ ပြီးမှ တံငါသည်တွေက ဒီပုလင်းတွေကို ပင်လယ်ထဲက ပြန်ဆယ်ယူ၊
နောက်တော့.. လူကုံထံတွေရဲ့ ထမင်းဝိုင်းမှာ တန်ဘိုးရှိတဲ့ ဟင်းလျှာတစ်ခွက်အဖြစ်နဲ့ ဘ၀နိဂုံးချုပ်ပေးလိုက်တော့တ ယ်။
ဘာတွေက.. ဘယ်သူတွေက.. ရေဘ၀ဲတွေကို ဖမ်းဆီး ချုပ်နှောင်လိုက်တာလဲ။ ပုလင်းတွေက ဖမ်းတာလား။ ပုလင်းတွေက လမ်းလျှောက်ပြီး ရေဘ၀ဲတွေ အနောက်ကနေ တစ်ကောက်ကောက် လိုက်ပြီး ဖမ်းဖို့လဲ မစွမ်းဆောင်နိုင်ပါဘူး။ ဖမ်းဆီးဖို့ဝေလာဝေး၊ ပုလင်းတွေက သူ့ဟာသူ ပင်လယ်ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး
စောင့်နေတာပါ..။
အမှန်တကယ်တော့ ရေဘ၀ဲတွေဟာ သူတို့ကိုယ်သူတို့ ဖမ်းဆီး ချုပ်နှောင်နေမိတာပါ။ သူတို့ဟာ အကျဉ်းမြောင်းဆုံး လမ်းကိုမှ၊
မှောင်မိုက်ပြီး ထွက်ပေါက်မရှိတဲ့ တစ်ဖက်ပိတ်နေတဲ့ လမ်းကိုမှ၊
ရွေးချယ်မိတော့ ကိုယ့်သေတွင်းကိုယ် တူးမိနေသလို ဖြစ်နေတော့တာပေါ့။
ကျွန်မတို့ပတ်ဝန်းကျင်မှာလည်း လူအချို့တွေရဲ့ တွေးခေါ်မှုတွေဟာ ဒီရေဘ၀ဲ အကောင်တွေလိုပါဘဲ။ ဒီလို လူစားမျိုးတွေဟာ စိတ်ညစ်စရာတွေနဲ့ ကြုံတွေ့တဲ့အခါတိုင်း၊ စိတ်ဆင်းရဲ စိတ်ဒုက္ခရောက်တဲ့ အခါတိုင်း၊ မျှော်မှန်းချက်ဆန္ဒတွေ မပြည့်ဝတဲ့အခါတိုင်း၊ အပြောကျယ်လှတဲ့ လွတ်လပ်သာယာလှတဲ့ ဘ၀ပင်လယ်ကြီးကို ကျောခိုင်းစွန့်ခွာပြီး ညှို့အားကောင်းပြီး ဖြားယောင်းသွေးဆောင်တတ်တဲ့ ပုလင်းထဲကို
ပျော်ပျော်ကြီး တိုးဝင်မိတတ်ကြတယ်။
တကယ်တော့ ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာကြီးနဲ့အလားသဏ္ဍ န် တူတဲ့၊ ဘ၀ပင်လယ်ကြီးထဲမှာလည်း ကောင်းတဲ့ရွေးချယ်မှုတွေ အများကြီးရှိနေပါလျှက်နဲ့ ပုလင်းပေါက်နဲ့တူတဲ့ မကောင်းမှုရဲ့
ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး တိုးဝင်မိမယ် ဆိုရင်တော့ တစ်ချိန်မှာတော့ မကောင်းသောနိဂုံးတွေနဲ့ပဲ မုချရင်ဆိုင်ရမှာပါ။
မိမိဆန္ဒ တဒင်္ဂလေးအတွက်နဲ့ ဘ၀တွေကို အပျက်အစီးမခံဘဲ ဘယ်အရာမဆိုသတိနဲ့၊ ဥာဏ်နဲ့ ဆင်ခြင်ပြီးမှ လုပ်ဆောင်ဖို့ ရေဘ၀ဲရဲ့ အမူအကျင့်တွေက ကျွန်မကို မီးမောင်းထိုးပြလိုက်သလိုပါ ပဲ။
မြသွေးနီ
www.myathwayni.com
ရေဘ၀ဲဆိုတာ စုပ်ခွက်တွေ အများကြီးပါတဲ့ ခြေ(၈)ချောင်းရှိတဲ့ ပင်လယ်ထဲမှာ နေထိုင်တဲ့သတ္တ၀ါပါ။ အကောင်အကြီးကြီးတွေ ဆိုရင် ပေါင်၇၀ လောက် အထိလေးပါတယ်။ ဒါပေမယ့် အကောင် ဘယ်လောက်ကြီးကြီး သူ့ခန္ဓာကိုယ်က အရမ်းကို ပျော့ပျောင်း လွန်းတယ်။ ဘယ်လောက်တောင် ပျော့ပျောင်းလွန်းလဲဆို သူသွားချင်တဲ့ ဘယ်နေရာမျိုးကိုမဆို ဘယ်လောက်ကျဉ်းကျဉ်း ရောက်အောင် တိုးဝှေ့ဝင်နိုင်တဲ့အထိ ပျော့ပျောင်းလှတယ်။
ရေဘ၀ဲမှာ... ကျောရိုးမရှိဘူးရှင့်။ ဒါကြောင့် ကျပ်စေ့အ၀ိုင်းလောက် အပေါက်သေးသေးလေးကိုတောင် သူတို့ခန္ဓာကိုယ်ကြီးနဲ့ ရအောင် တိုးဝင်နေနိုင်တယ်။ သူတို့ အနှစ်သက်ဆုံးက ပင်လယ်ခရုခွံ အလွတ်တွေထဲမှာ တိုးဝင်ပုန်းနေပြီး နဘေးနားက ဖြတ်သန်း ကူးခတ်သွားတဲ့ ငါး၊ ပုဇွန်တွေရဲ့ ခေါင်းကို သူ့တို့ရဲ့လက်တံလေးတွေကို ထုတ်ပြီး ဖမ်းယူကိုက်ဖြတ်၊ ပြီးရင်တော့ သူတို့ရဲ့အဆိပ်ရည်တွေနဲ့ ထိတွေ့ မူးမေ့စေပြီးမှ သေဆုံးသွားတာနဲ့ အလွယ်တကူ မြိန်ရေယှက်ရေ စားတော့တာပါဘဲ။ ဒါကြောင့် ပင်လယ်သမုဒ္ဒရာထဲမှာတော့ ရေဘ၀ဲ ဆိုတာတခြားသတ္တ၀ါတွေအတွက် ကြောက်စရာ အကောင်းဆုံး
သတ္တ၀ါထဲမှာ အပါအ၀င်ဘဲပေါ့။
ဒါပေမယ့် ဒီလိုကြောက်စရာကောင်းတဲ့ ရေဘ၀ဲကို ကျွန်မတို့လို လူတွေအတွက်ကတော့ လွယ်လွယ်နဲ့ ဖမ်းယူနိုင်တဲ့ နည်းလမ်းက ရှိနေပြန်တယ်။ တံငါသည်တွေက ရေဘ၀ဲရဲ့ ပင်ကိုယ်ရှိနေတဲ့ သဘာဝကို ကောင်းကောင်းကြီးသိနေတော့ အခုလို အသုံးချလိုက်တယ်။
တံငါသည်တွေက ပုလင်းတွေကို တစ်လုံးနဲ့တစ်လုံး ကြိုးနဲ့ဆက်ချည်ပြီး ပင်လယ်ရေအောက် ကြမ်းပြင်အထိ ချပေးလိုက်တယ်။ ရေဘ၀ဲတွေက သူတို့သဘာဝအတိုင်း ပုလင်းတွေကို တွေ့တာနဲ့ သူ့ထက်ငါ ဦးအောင် ပုလင်းတွေထဲကို တိုးဝှေ့ဝင်ရောက်တော့တာပါဘဲ
နောက်တော့.. လူကုံထံတွေရဲ့ ထမင်းဝိုင်းမှာ တန်ဘိုးရှိတဲ့ ဟင်းလျှာတစ်ခွက်အဖြစ်နဲ့ ဘ၀နိဂုံးချုပ်ပေးလိုက်တော့တ
ဘာတွေက.. ဘယ်သူတွေက.. ရေဘ၀ဲတွေကို ဖမ်းဆီး ချုပ်နှောင်လိုက်တာလဲ။ ပုလင်းတွေက ဖမ်းတာလား။ ပုလင်းတွေက လမ်းလျှောက်ပြီး ရေဘ၀ဲတွေ အနောက်ကနေ တစ်ကောက်ကောက် လိုက်ပြီး ဖမ်းဖို့လဲ မစွမ်းဆောင်နိုင်ပါဘူး။ ဖမ်းဆီးဖို့ဝေလာဝေး၊ ပုလင်းတွေက သူ့ဟာသူ ပင်လယ်ကြမ်းပြင်မှာ ငြိမ်ငြိမ်လေး
စောင့်နေတာပါ..။
အမှန်တကယ်တော့ ရေဘ၀ဲတွေဟာ သူတို့ကိုယ်သူတို့ ဖမ်းဆီး ချုပ်နှောင်နေမိတာပါ။ သူတို့ဟာ အကျဉ်းမြောင်းဆုံး လမ်းကိုမှ၊
မှောင်မိုက်ပြီး ထွက်ပေါက်မရှိတဲ့ တစ်ဖက်ပိတ်နေတဲ့ လမ်းကိုမှ၊
ရွေးချယ်မိတော့ ကိုယ့်သေတွင်းကိုယ် တူးမိနေသလို ဖြစ်နေတော့တာပေါ့။
ကျွန်မတို့ပတ်ဝန်းကျင်မှာလည
ပျော်ပျော်ကြီး တိုးဝင်မိတတ်ကြတယ်။
တကယ်တော့ ကျယ်ပြောလှတဲ့ ပင်လယ်သမုဒ္ဒရာကြီးနဲ့အလားသဏ္ဍ
ဖြားယောင်းမှုနောက်ကို ကောက်ကောက်ပါအောင် လိုက်ပြီး တိုးဝင်မိမယ် ဆိုရင်တော့ တစ်ချိန်မှာတော့ မကောင်းသောနိဂုံးတွေနဲ့ပဲ မုချရင်ဆိုင်ရမှာပါ။
မိမိဆန္ဒ တဒင်္ဂလေးအတွက်နဲ့ ဘ၀တွေကို အပျက်အစီးမခံဘဲ ဘယ်အရာမဆိုသတိနဲ့၊ ဥာဏ်နဲ့ ဆင်ခြင်ပြီးမှ လုပ်ဆောင်ဖို့ ရေဘ၀ဲရဲ့ အမူအကျင့်တွေက ကျွန်မကို မီးမောင်းထိုးပြလိုက်သလိုပါ
မြသွေးနီ
www.myathwayni.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။