Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 10, 2013

သမ္မတဖြစ်ချင်သူ နှစ်ယောက်နဲ့ ၂၀၁၅ အတွက် နည်းနည်းလေး ပြောမယ်.....

 
 

သမ္မတဖြစ်ချင်သူ နှစ်ယောက်နဲ့ ၂၀၁၅ အတွက် နည်းနည်းလေး ပြောမယ်.....

၂၀၁၅ ခုနှစ်အတွက် အပြိုင်အဆိုင် စိတ်ကူးယဉ်ကြပေတော့သည်...... စင်မြင့်ပေါ်တွင် ရှိသူများကား သမ္မတအိပ်မက်အား စိတ်ကူးယဉ်နိုင်ကြပေသည်...... ၎င်းတို့ပါတီများ မည်သည့်ရံပုံငွေဖြင့် ရပ်တည်သည်ကို မသိရှိရသော်လည်း တိုင်းရင်းသား ဒေသများရှိ တိုင်းရင်းသားများအား ကိုယ်စားပြုသည့် ပါတီများနှင့် ပါတီငယ်များအဖို့တော့ ရံပုံငွေဆိုသည်မှာ ထမင်းလုံးတစ္စေပင် ဖြစ်နေသည်.....


ကြံ့ဖွံ့ ဥက္ကဌနှင့် ဒီချုပ် ဥက္ကဌတို့၏ ထူးခြားသည့် ခြေလှမ်းများအား ယခင်အကောင့် မပျက်မီက ထုတ်ဖော်ဝေဖန်ခဲ့ပေသည်..... ဒီချုပ်ဥက္ကဌမှာ သမ္မတဖြစ်ချင်သည်ဟု ယခင်ကပင် ပြောဆိုခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ကြံ့ဖွံ့ဥက္ကဌ အသစ်မှလည်း အခွင့်အရေးရှိလျင် သမ္မတဖြစ်ချင်သည်ဟု ထုတ်ဖော်ပြောလာပေသည်...... သို့ရာတွင် ကြံ့ဖွံ့ဥက္ကဌသည် သမ္မတဖြစ်ချင်သည် ဆိုသည့်စကားအား ပညာသားပါးပါး ပြောသွားသည်ဟု သုံးသပ်ရသော် မှားအံ့မထင်.....

ကြံ့ဖွံ့ဥက္ကဌ၏ စကားအား မဝေဖန်ခင် မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်မှုကို အနည်းငယ်ပြောလိုပေသည်..... မြန်မာနိုင်ငံတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတအား ပြည်သူမှ တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ပေ...... သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့မှ ဒုတိယ သမ္မတသုံးဦးအား အမည်တင်သွင်း၍ အဆိုပါ ဒုသမ္မတ သုံးဦးအနက်မှ တစ်ဦးအား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခြင်း ဖြစ်ပေသည်..... တနည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ခြင်း ဖြစ်ပေသည်......

ထို့ကြောင့် ကြံ့ဖွံ့ဥက္ကဌသည် ၎င်းသမ္မတ ဖြစ်လိုသည်မှာ “သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက သမ္မတအဖြစ် တာဝန်ယူဖို့ တင်ပြလာမည်ဆိုလျင်” ဟု ပညာသား ပါပါပြောခဲ့ပေသည်…… “သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒ” ဟု ပြောကြားခဲ့သည့်အတွက် ၎င်း၏ ရည်မှန်းချက်နှင့် သမ္မတဖြစ်ရန် ဆန္ဒပြင်းပြမှုအား သိရှိနိုင်ပေမည်…. ယခုလက်ရှိတွင်လည်း ပြည်သူ့လွှတ်တော် ဥက္ကဌသည် ပါတီအမတ်များနှင့် ပါတ်သက်၍ တစ်သားတည်းရှိသည်ကို ပြရင်း စည်းရုံးရေး ဆင်းနေပေသည်…..

သမ္မဖြစ်ချင်သည့် သူနှစ်ဦးအနက် ကြံ့ဖွံ့ဥက္ကဌမှ စည်းရုံးရေး ဆင်းနေသည်မှာ လွန်စွာ ကြာမြင့်နေပီ ဖြစ်သည်….. သို့ဖြစ်၍ အခြားသမ္မတ ဖြစ်ချင်သူ ဒီချုပ်ဥက္ကဌကို ပြန်ပြောင်းကြည့်မိပေသည်….. ဒီချုပ်ဥက္ကဌအနေဖြင့် သမ္မတဖြစ်ရန်မှာ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ၏ ထောက်ခံမှုက များစွာ အရေးပါပေသည်….. မည်မျှပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်သော်ငြား၂၅ ရာနှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များအား ဖယ်ထား၍ ၇၅ ရာနှုန်းသော လွှတ်တော်ကိုယ်စားလှယ်များ၏ ၁၀၀ ရာနှုန်းသော ထောက်ခံမှု ရမှသာ ဒီချုပ်ဥက္ကဌအနေဖြင့် သမ္မတရာထူးအား မှန်းနိုင်ပေမည်…….

၇၅ ရာနှုန်းသော အမတ်များနေရာသည် နိုင်ငံတစ်နိုင်ငံလုံးရှိ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ နေရာပင် ဖြစ်ပေသည်…… NLD အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် မဲဆန္ဒနယ်တိုင်းတွင် အနိုင်ရရန် ခက်ခဲပေသည်….. အထူးသဖြင့် တိုင်းရင်းသား မဲဆန္ဒနယ်များတွင် တိုင်းရင်းသားတို့၏မဲဖြင့် ၎င်းတို့ပါတီကိုယ်စားလှယ်သာ တက်လာပေမည်….. သို့ဖြစ်သည့်အတွက် ဒီချုပ်ဥက္ကဌအနေဖြင့် တိုင်းရင်းသားများ၏ ထောက်ခံမှုလည်း အပြည့်အဝ ရရှိရန်လိုပေသည်….. သို့ဆိုလျင် သမ္မတအိပ်မက်အား ဒီချုပ်ဥက္ကဌ ရဲရဲဝံ့ဝံ့ မက်နိုင်ပေလိမ့်မည်….. လက်ရှိတွင်မှု ကြံ့ဖွံ့ဥက္ကဌမှာ ယခင်က တပ်မတော်မှ လာသည်ဖြစ်သဖြင့် ၂၅ ရာနှုန်းသော တပ်မတော်သားတို့ ထောက်ခံမှုကို ရရန် ၎င်းအနေဖြင့် ဒီချုပ် ဥက္ကဌထက် အနည်းငယ် မဲသာသယောင်ရှိပေသည်…..

ဤနေရာတွင် ပါတီကြီးနှစ်ခု၏ နောက်ခံလူအင်အားနှင့် အရည်အချင်းကို ဆန်းစစ်ရန် လိုအပ်လာပေသည်….. ကြံ့ဖွံ့ပါတီသည် ယခင်က တိုင်းပြည်အုပ်ချုပ်ခဲ့သူများနှင့် ဖွဲ့စည်းထားသဖြင့် အုပ်ချုပ်ရေးပိုင်းတွင် ကောင်းသည် ဆိုးသည် အပထား အတွေ့အကြုံ လုံလောက်စွာ ရှိပေသည်….. ဒီချုပ်ဥက္ကဌထံတွင်ကား ၎င်းအနီး ဝန်းရံထားသူများတွင် အရည်အချင်းပြည့်မှီသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ နည်းပါးပေသည်….. လူ့ဘောင်သစ် ဥက္ကဌ ကိုမိုးသီးဇွန်၏ စကားအား အငှားသုံးရလျင်မူ အမြောက်တပ်ကြီးသား ရှိနေပေသည်…..

အချို့ကား ဒီချုပ်ဥက္ကဌနှင့် အာဖရိကရှိ နယ်ဆင်မင်ဒဲလားနှင့် နှိုင်းယှဉ်၍ NLD နှင့် အာဖရိကအမျိုးသား ကွန်ဂရက် (ANC) ကဲ့သို့ ပုံပမာထား၍ လူထုခေါင်းဆောင် အာဏာရခဲ့သော်ဟု စိတ်ကူးယဉ်ကြပေသည်….. စိတ်ကူးယဉ်ခြင်းသည် လူသားတိုင်းအတွက် မျှော်လင့်ချက်အား ကြိုတင်ထိတွေ့ခွင့်ရခြင်းပင်….. သို့ရာတွင် လက်တွေ့နှင့် နီးစပ်ရန်များစွာ လိုအပ်ပေသည်….. အာဖရိကတွင် လူထုခေါင်းဆောင် အာဏာရပြီးချိန်တွင် ကြုံတွေ့ရသည် စီးပွားရေး အခက်အခဲများ၊ အလုပ်လက်မဲ့နှုန်း မြင့်မားလာမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုမျိုး မဖြစ်စေရန် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်…..

အထူးသဖြင့် လူထုခေါင်းဆောင် တက်လာသည့် အခါတိုင်း တိုင်းတစ်ပါး ရင်းနှီးမြှုပ်နှံမှုတို့မှာ ၎င်းတို့၏အခြေအနေကို ရင်တမမဖြင့် နေရသည့်အတွက် ဒီချုပ်ဥက္ကဌအနေဖြင့် သမ္မတရာထူးအား မှန်းထားလျင် ထိုကဲ့သို့သော ကိစ္စရပ်များလည်း ကြိုတင်စဉ်းစားရန် လိုအပ်ပေသည်….. အကယ်၍ ဒီချုပ်ဥက္ကဌ သမ္မတဖြစ်ခဲ့သော် NLD ၏ အနာဂါတ်မှာ အရည်အချင်းရှိသူ ရှားပါးမှုကြောင့် ဝေဝါးနေပေတော့သည်….. ANC နဲ့ NLD အဓိက မတူညီသည့်အချက်မှာ နယ်ဆင်မင်ဒဲလား မရှိသည့်တိုင် ANC တွင် ဦးဆောင်မှု ပေးနိုင်မည့် ခေါင်းဆောင်ကောင်း အများအပြားရှိပေသည်…. NLD တွင်ကား ဒီချုပ် ဥက္ကဌ သမ္မတဖြစ်၍ ဒီချုပ်ဥက္ကဌရာထူးအား စွန့်လွှတ်လိုက်ရလျင် ၂၀၂၀ အတွက် ဒေါ်စု၏ အနာဂါတ်သည် NLD ၏ ကျန်းမာကြံ့ခိုင်မှုအပေါ်တွင်သာ မူတည်နေပေတော့သည်…..

ယနေ့ မြန်မာနိုင်ငံရေး ရေချိန်အနေဖြင့် တမူထူးခြားသည်ကား သမ္မတဖြစ်ချင်သည့် ဥက္ကဌ နှစ်ဦး တိတိပပ ဆိုရလျင်မူ ဆန့်ကျင်ဘက်ပါတီနှစ်ခုမှ ဥက္ကဌများ၏ ဆက်ဆံရေးပင်….. ယှဉ်ပြိုင်ဘက် နှစ်ဦးပင် ဖြစ်သော်ငြား အလွန်ပင် နွေးထွေးသော ဆက်ဆံရေးရှိနေသည်ကိုကား အံ့သြဖွယ်တွေ့ရှိရပေသည်…… စဉ်းစားစရာသည်ကား တစ်ဦးသည် တိုင်းပြည်၏ အာဏာပြုရာ မဏ္ဍိုင်ဖြစ်သော ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်၍ တစ်ဦးသည် ဥပဒေများ မတိမ်းမစောင်း မယိမ်းမယိုင်စေရန် ထိမ်းသိမ်းပေးရမည့် တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဌပင်တည်း…… သို့ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦး၏ ထူးခြားသော ဆက်ဆံရေးမှသည် မည်သည့်ထူးခြားဖြစ်စဉ် ဖြစ်ပျက်လာမည်ကို စောင့်ကြည့်ရပေတော့မည်…..

ထိုသည်ကား သမ္မတရွေးချယ်မှုနှင့်ပါတ်သက်၍ လက်ရှိ ထုတ်ဖော်ပြောဆိုထားသည့် သမ္မတဖြစ်ချင်သူနှစ်ဦး၏ ရေပန်းစားမှုနှင့် သေခြာမှုအပေါ် အခြေခံ၍သုံးသပ်ခြင်းပင်….. တကယ်ရလာဘ်သည် ထိုထက်မက ထွက်လာနိုင်ပေသည်…. ဤနေရာတွင် မည်သည့်နေရာမှ စီးဆင်းလာမှန်းမသိသည့် ဝင်ငွေများဖြင့် မဲဆွယ်မည့် ကြံ့ဖွံ့ပါတီ၏ အားကိုလည်း လျှော့တွက်၍ မရစကောင်း….. ထို့အတူပင် စပွန်ဆာများနှင့် လူထု၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ကရုဏာမှ ဆင်းသက်လာမည့် ဒီချုပ်ဥက္ကဌ၏ မဲ ကိုလည်း ချန်ထား၍မရ…… သို့ဖြစ်သည့်အတွက် ၂၀၁၅ ကား အတော်ပင် ပွဲစဉ်လှချေတော့သည်…..

နိဂုံးချုပ်အနေဖြင့် ပြောရလျင်မူ သမ္မဖြစ်ခွင့်အား လွှတ်တော်အမတ် မည်သူမဆို အိပ်မက် မက်နိုင်ကြပေသည်…… သမ္မတရွေးချယ်မှုမှာ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခြင်း ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များအား ပစားပေးနေခြင်းကိုလည်း နားလည်ပေးနိုင်ပါသည်….. သို့ရာတွင် သမ္မတဆိုသည့် ရာထူးသည် တိုင်းပြည်တပြည်အား အုပ်ချုပ်ရန် အမြင့်ဆုံးသော ရာထူးဖြစ်သဖြင့် တိုင်းပြည်အတွင်းရှိ နိုင်ငံသားများ၏ ယုံကြည်ကိုးစားမှု ရရှိရန် လိုအပ်ပေသည်……

သို့ဖြစ်သည့်အတွက် ယခုလက်ရှိ သမ္မတရာထူး မှန်းနေသူ နှစ်ဦးသည် လက်ဝယ်ရှိထားသည့် ရာထူးများအရ နိုင်ငံအပေါ်တွင် တစ်စုံတစ်ခုသော အတိုင်းအတာထိ အကျိုးပြုဥပဒေများ ထုတ်နိုင်မည့် နေရာတွင် ရှိနေပေသည်…. မိမိတို့ သမ္မတရာထူး လိုချင်သည်ဟု ပြောနေမည့်အစား ၎င်းရာထူးဖြင့် ထိုက်တန်သည် ဆိုသည်အား တိုင်းပြည်အကျိုးပြု လုပ်ငန်းများ၊ လိုအပ်ချက်များကို လက်ရှိထမ်းဆောင်နေသည့် ရာထူးမှ လုပ်ပိုင်ခွင့် တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခြင်းဖြင့် အရည်အချင်းအား ပြသသင့်သည်ဟု မြင်မိပေတော့သည်….. သို့မဟုတ်ပါမူ ရင်ခုန်ဖွယ်မရှိသော သမ္မတအိမ်ဖြူတော်သို့သွားသည့် ခြေလှမ်းများသာမြင်နေရမည် ဖြစ်သဖြင့် စိတ်မသက်မသာ ဖြစ်မိပေသည်…..

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။