Burma News
နောက်ကြည့်မှန်တစ်ခါတည်းပါသည့် ဆိုင်ကယ်ဦးထုပ်
ဆိုင်ကယ်မောင်းသူများအတွက် သတင်းကောင်းလေးပါ။ ဆိုင်ကယ်ဦးထုပ် ဆောင်းရုံ နဲ့ နောက်ဘက်က မြင်ကွင်းအားလုံးကို မြင်တွေ့ နိုင်ပါပြီ။ ဒီတော့ ဆိုင်ကယ်မှာ နောက်ကြည့်မှန် တပ်ထားစရာ မလိုတော့ပါဘူး။
ဆိုင်ကယ်မှာတင်မဟုတ်တော့ဘူး။ စစ်ဘက်ဆိုင်ရာမှာလည်း အသုံးပြုမှာ ဖြစ်ပါတယ်။ ကွန်မက်ဒို စစ်သားများ အသုံးပြုဖို့အတွက်လည်း နောက်ဘက်ကို မြင်ရမယ့် ဦးထုပ်မျိုး ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီအတွက် ဘာနည်းပညာပစ္စည်းမှထွေထွေထူးထူးတပ်ဆင်ထားခြင်း မရှိပါဘူး။ ပိုလီကာဗွန်နိုက် သားနဲ့လုပ်တဲ့ အကြမ်းခံ၊ ပေါ့ပေါ့ပါးပါး ဦးထုပ်ဖြစ်ပြီး အနောက်ကို မြင်ရအောင်ကျ မှန်ပဲထည့်ထားတာပါ။
သို့ပေမယ့် အတွင်းက မှန်ထည့်သွင်းတပ်ဆင်ပုံက အင်မတန် ထူးခြားပါတယ်။ ဒါကြောင့်လည်း အနောက်ကို ယခုလို ရှင်းရှင်းလင်းလင်း မြင်ရတာ ဖြစ်ပါတယ်။ အကြမ်းလည်း အတော်ခံတယ်လို့ ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၈၀ ဝန်းကျင်နဲ့သတ်မှတ် ရောင်းချနေတော့ နည်းတဲ့ဈေးလည်း မဟုတ်ပါဘူး။ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာ၊မှာယူ နိုင်ပါတယ်။
http://amzn.to/11oxczg
--
ColayOnline

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။