Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 10, 2013

ဓာတ်​ပုံ​ဆ​ရာ​တွေ​ကို ​မ​ချစ်​သင့်​တဲ့ ​အ​ကြောင်း​အ​ရင်း ၄၁ ​ချက်



ဓာတ်​ပုံ​ဆ​ရာ​တွေ​ဆို​တာ ​တ​ခြား​သူ​တွေ​နဲ့ ​မ​တူ ​ကွဲ​ပြား​နေ​တဲ့ ​သ​တ္တ​ဝါ​တွေ ​ဖြစ်​ကြ​ပါ​တယ်။ ​ကျွန်​တော်​တို့​ဟာ ​အ​နု​ပ​ညာ​ရှင်​တွေ ​ဖြစ်​သ​လို ​လုပ်​ငန်း​ရှင်​တွေ​လည်း ​ဖြစ်​ပါ​တယ်။ ​ကင်​မ​ရာ​ပ​စ္စည်း​တွေ​ကို ​အ​ရမ်း ​ချစ်​ကြ​ပြီး ​တ​သ​သ ​ဖြစ်​နေ​ကြ​တာ ​တ​ခါ​တ​လေ ​ဘေး​လူ ​အ​မြင်​ကပ်​လောက်​အောင်​ပါ​ပဲ။
ဒီ​နေ့​တော့ Photography Talk ​ဆို​တဲ့ website ​မှာ ​သွား​ဖတ်​မိ​တဲ့ ​ဓာတ်​ပုံ​ဆ​ရာ​တွေ​ကို ​ချစ်​သူ​အ​ဖြစ် ​မေ​ရွး​သင့်​တဲ့ ​အ​ကြောင်း​အ​ရင်း​တွေ​ကို ​ဘာ​သာ​ပြန် ​ဖော်​ပြ​ပေး​လိုက်​ပါ​တယ်။ ​ဒီ​ထဲ​က ​အ​ချက်​အ​လက်​တွေ​က ​အ​တော်​များ​များ ​မှန်​တယ်​လို့ ​ယူ​ဆ​လို့ ​ရ​ပေ​မယ့် ​မူ​ရင်း ​ရေး​သူ​က​တော့ ​ရယ်​စ​ရာ ​အ​ပျော်​သ​ဘော​သာ ​သ​ဘော​ထား​ဖတ်​ပါ​လို့​လည်း ​ကြို​တင် ​တောင်း​ဆို​ထား​လေ​ရဲ့​။ ​တ​ကယ်​တော့ ​ဓာတ်​ပုံ​ဆ​ရာ​တွေ​ကို ​လူ​အ​များ​စု ​သ​ဘော​ကျ​ကြ​ပါ​တယ်​နော့​။ :)
၁။ ​သူ​တို့​က ​ခပ်​ကြောင်​ကြောင်​နိုင်​ကြ​ပါ​တယ်။
ဓာတ်​ပုံ​ဆ​ရာ​တွေ​ဆို​တာ ​အ​နု​ပ​ညာ​ရှင်​တွေ ​ဖြစ်​ပြီး ​ဖန်​တီး​မှု​ကို ​အ​မြဲ​လို​လို ​တွေး​နေ​တတ်​ကြ​သူ​တွေ​ပါ။ ​ဒါ​ကြောင့် ​သင်​နဲ့ ​နှစ်​ယောက်​အ​တူ ​တစ်​စား​ပွဲ​တည်း ​ထိုင်​နေ​ကြ​ချိန် ​သင့်​ကို ​စိုက်​ကြည့်​နေ​ရင် ​တစ်​မျိုး ​မ​ထင်​ပါ​နဲ့​လေ။ ​သူ​တို့ ​စ​ဉ်း​စား​နေ​တာ​က ​သင့်​ကို ​ဘယ်​ရှု​ထောင့်​က ​ရိုက်​ရင် ​အ​လှ​ဆုံး​လဲ ​စ​ဉ်း​စား​နေ​တာ ​ဖြစ်​ဖို့​များ​ပါ​တယ်။
၂။ ​မွေး​နေ့​လက်​ဆောင်​တွေ​က ​အ​မြဲ ​သင့်​အ​တွက် ​ထူး​ဆန်း​နေ​တတ်​ပါ​တယ်။
များ​သော​အား​ဖြင့်​တော့ ​ဘယ်​တုန်း​က​မှန်း ​မ​သိ ​သင် ​မ​သိ​လိုက်​တဲ့​အ​ချိန်​မှာ ​ခိုး​ရိုက်​ထား​တဲ့ ​သင့်​ဓာတ်​ပုံ​ကို ​ဘောင်​သွင်း​ပြီး ​ပေး​တာ ​ဖြစ်​တတ်​ပါ​တယ်။
၃။ ​သူ​တို့ ​အ​ကြိုက်​ဆုံး ​နေ့​တွေ​က ​သင်​နဲ့ ​မ​တူ​နိုင်​ဖို့ ​များ​ပါ​တယ်။
လူ​အ​များ​စု​နည်း​တူ ​သင်​လည်း ​နေ​သာ​တဲ့ ​နေ့​တွေ​ကို ​သ​ဘော​ကျ​တာ ​ဖြစ်​ဖို့ ​များ​ပါ​တယ်။ ​ဓာတ်​ပုံ​ဆ​ရာ​တွေ​က​တော့ ​လူ​အ​များ​စု​ကို ​အ​လွမ်း​အ​ဆွေး​ရ​သ​တွေ ​ပေး​တတ်​တဲ့ ​မှုန်​မှုန်​မှိုင်း​မှိုင်း ​နေ့​တွေ​ကို ​ပို​နှစ်​သက်​တတ်​ကြ​ပါ​တယ်။
၄။ ​စု​ဆောင်း​ရ​တာ ​ဝါ​သ​နာ​ထုံ​ကြ​တယ်။
ဓာတ်​ပုံ​ဆ​ရာ ​အ​များ​စု​ဟာ ​သ​တင်း​စာ၊ ​မ​ဂ္ဂ​ဇင်း​၊ ​ဂျာ​နယ်​နဲ့ ​သူ​တို့ ​စိတ်​ဝင်​စား ​သ​ဘော​ကျ​တဲ့ ​အ​ရာ​တွေ​ကို ​ခ​ဏ​တာ​လေး​ပဲ ​ဖြစ်​ဖြစ် ​စု​ဆောင်း ​သိမ်း​ဆည်း​ထား​တတ်​ကြ​ပါ​တယ်။
၅။ ​စည်း​ကမ်း​တွေ ​ဥ​ပ​ဒေ​တွေ​လည်း ​ချိုး​ဖောက်​ဖို့ ​ဝန်​မ​လေး​ကြ​ဘူး​။
 
အ​ထူး​သ​ဖြင့် ​ကန့်​သတ်​ထား​တဲ့ ​အ​ဆောက်​အ​ဦ ​ဟောင်း​/​ပျက်​တွေ​ထဲ​ကို ​ကျူး​ကျော်​ဝင်​ရ​တာ​ဟာ ​ဓာတ်​ပုံ​ဆ​ရာ​တွေ​ရဲ့ ​သ​ဘော​အ​ကျ​ဆုံး ​လုပ်​ဆောင်​မှု​တွေ​ထဲ​က ​တစ်​ခု ​ဖြစ်​ပါ​တယ်။ ​ဓာတ်​ပုံ​တစ်​ပုံ ​ရ​ဖို့ ​အာ​ရုံ​စိုက်​လိုက်​ပြီ​ဆို​ရင် ​စည်း​ကမ်း​တွေ ​ဥ​ပ​ဒေ​တွေ​ကို ​ချိုး​ဖောက်​မိ​နေ​မှန်း​တောင် ​သ​တိ​မ​ထား​မိ​တတ် ​ကြ​တော့​ပါ​ဘူး​။
၆။ ​သူ​တို့ ​ခ​ရီး​သွား​ရင် ​အိမ်​ပြောင်း​သ​လား ​ထင်​မှတ်​ရ​ပါ​တယ်။
ဓာတ်​ပုံ​ဆ​ရာ ​အ​များ​စု​ဟာ ​သူ​တို့​ရဲ့ ​ကင်​မ​ရာ ​ပ​စ္စည်း ​ကိ​ရိ​ယာ​တွေ​မ​ပါ​ဘဲ ​ခ​ရီး​သွား​လေ့ ​မ​ရှိ​ကြ​ပါ​ဘူး​။
၇။ ​ရုပ်​ရှင် ​အ​တူ​ကြည့်​ကြ​ရင် ​ဘယ်​တော့​မှ ​သင်​ထင်​ထား​သ​လို့ ​ခံ​စား​ရ​မှာ ​မ​ဟုတ်​ပါ​ဘူး​။
 
ဓာတ်​ပုံ​ဆ​ရာ ​အ​များ​စု ​ရုပ်​ရှင်​ကြည့်​ကြ​ရင် ​အ​ရောင်​က ​ဘယ်​လို​ဖြစ်​တယ်၊ composition ​က ​ဘယ်​ညာ၊ lighting ​က ​ဘယ်​သို့​နဲ့ ​တစ်​ချိန်​လုံး ​ဝေ​ဖန်​နေ​ကြ​တော့​တာ​ပါ​ပဲ။
၈။ ​ဘယ်​အ​ရာ​ကို ​မ​ဆို ​အ​မှတ်​အ​သား ​လုပ်​လေ့​ရှိ​တယ်။
အ​ထူး​သ​ဖြင့် ​သူ​တို့​ရဲ့ ​ဓာတ်​ပုံ​တွေ​ကို​ပေါ့​။ ​ဘာ watermark ​မှ ​မ​တတ်​ထား​တဲ့ ​ဓာတ်​ပုံ​ဆ​ရာ ​တစ်​ယောက်​ရဲ့ portfolio ​များ ​သင် ​မြင်​ဖူး​ပါ​ရဲ့​လား​ဗျာ။
၉။ ​တ​ခြား​သူ​တွေ ​အား​လုံး ​အ​သုံး​မ​ကျ​ဘူး​။
ဓာတ်​ပုံ​ဆ​ရာ​တွေ​ဆို​တာ ​ဘ​ဝင်​မြင့်​တဲ့ ​သ​တ္တ​ဝါ​တွေ​ပါ။ ​ဒါ​ကြောင့် ​ဘယ်​သူ့​ရဲ့ ​အ​နု​ပ​ညာ ​လက်​ရာ​ကို​မှ ​သူ​တို့​လက်​ရာ​လောက် ​ကောင်း​တယ် ​မ​ထင်​တတ်​ကြ​ဘဲ ​အ​လွန်​ဆုံး “​ငါ့​လောက် ​နီး​နီး​တော့ ​ကောင်း​သား​ပဲ” ​ဆို​တာ​လောက်​သာ ​ပြော​တတ်​ပါ​တယ်။
၁​၀။ ​မ​နာ​လို​ဖြစ်​ပုံ ​တ​မူ ​ကွဲ​ပြား​တတ်​ကြ​တယ်။
ယော​င်္ကျား​အ​များ​စု ​သူ​များ​ကို ​မ​နာ​လို ​ဖြစ်​ကြ​ပုံ​နဲ့ ​မ​တူ​ဘဲ ​သူ​တို့​က ​ကင်​မ​ရာ​ပ​စ္စည်း​တွေ​နဲ့ ​ပတ်​သက်​ပြီး​သာ ​မ​နာ​လို ​ဖြစ်​တတ်​ကြ​တာ ​များ​ပါ​တယ်။
၁​၁။ ​အ​မိုက်​စား ​လူ​တွေ​နဲ့​ပဲ ​အ​ချိန်​ကုန်​လေ့​ရှိ​တယ်။
သင့်​မှာ ​စိတ်​ဝင်​စား​ဖို့​ကောင်း​တဲ့ ​သူ​ငယ်​ချင်း ​အ​များ​အ​ပြား ​ရှိ​ကောင်း ​ရှိ​နိုင်​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ဓာတ်​ပုံ​ဆ​ရာ​တွေ​က​တော့ ​သူ​တို့​ရဲ့ ​အ​ချိန် ​အ​များ​စု​ကို ​မော်​ဒယ်​တွေ၊ ​ဒီ​ဇိုင်​နာ​တွေ​နဲ့ ​တ​ခြား ​အ​မိုက်​စား ​ပု​ဂ္ဂိုလ်​တွေ​နဲ့​သာ ​ကုန်​လွန်​လေ့ ​ရှိ​ပါ​တယ်။
၁​၂။ ​သူ​တို့ ​ကြိုက်​တဲ့ ​ရုပ်​ရှင်​ကား​တွေ​က ​သူ​များ​တွေ​နဲ့ ​ဘယ်​တော့​မှ ​မ​တူ​ဘူး​။
ဓာတ်​ပုံ​ဆ​ရာ ​အ​များ​စု​က ​အ​နု​ပ​ညာ​ဆန်​လွန်း​ပြီး ​လူ​ကြိုက်​နည်း​တဲ့ ​ပျင်း​စ​ရာ ​ဇာတ်​ကား​တွေ​ကို ​ပို​ကြိုက်​တတ်​ကြ​ပါ​တယ်။
၁​၃။ ​ပုံ​စံ ​ခပ်​တုံး​တုံး​တွေ ​ဝတ်​ဆင်​တတ်​ကြ​တယ်။
သူ​တို့​က ​ဖ​လင်​ကင်​မ​ရာ​တွေ​ကို ​တပ်​မက်​ရင်​မက် ​မ​ဟုတ်​ရင်​တော့ ​လွန်​ခဲ့​တဲ့ ​နှစ်​လေး​ဆယ်​လောက်​က ​ပုံ​စံ​မျိုး​တွေ ​ဝတ်​ဆင်​တတ်​ကြ​ပါ​တယ်။ (​နောက်​ပိုင်း ​ဖက်​ရှင်​ဓာတ်​ပုံ​ဆ​ရာ​တွေ​က​တော့ ​ဒီ​ဇိုင်း​တွေ ​လန်း​သ​လား​လို့ ။ ​စာ​ရေး​သူ)
၁​၄။ ​အ​ရာ​ရာ​ကို ​ထိန်း​ချုပ်​ချင်​ကြ​တယ်။
 
အ​ရာ​ရာ​တိုင်း​ရဲ့ ​တည်​ရှိ​နေ​တဲ့ ​ပုံ​သ​ဏ္ဍာန်​တွေ​ကို ​ထိန်း​ချုပ်​ချင်​ကြ​တယ်။ ​သင့်​ကို ​ဖြစ်​ဖြစ် ​စား​ပွဲ​ပေါ်​က ​ကော်​ဖီ​ခွက်​ကို ​ဖြစ်​ဖြစ် ​နေ​ရာ​တ​ကျ ​လှ​လှ​ပ​ပ ​ဖြစ်​စေ​ချင်​တတ်​တယ်။ (​ဒီ​နေ​ရာ​မှာ ​ကျွန်​တော့်​ဆ​ရာ​တစ်​ယောက် ​ပြော​တဲ့ ​ဆင်​ဆ​ရာ​တွေ​လေ ​ဆို​တဲ့​စ​ကား​ကို ​သ​တိ​ရ​မိ​တယ်။ ​ဆင်​ရိုက်​တာ​တွေ ​များ​လွန်း​လို့​တဲ့​။ ​စာ​ရေး​သူ)
၁​၅။ ​သင့်​အ​မြင်​ကို ​သိပ် ​ဂ​ရု​စိုက်​လေ့ ​မ​ရှိ​ဘူး​။
သူ​တို့ ​ဆ​န္ဒ​က ​သူ​တို့ ​နောက်​ဆုံး​ရိုက်​ထား​တဲ့ ​ဓာတ်​ပုံ​တွေ​ကို ​သင့်​ကို ​ပြ​ချင်​တာ ​တစ်​ခု​ပါ​ပဲ။ ​သင့်​ရဲ့ ​ဝေ​ဖန် ​သုံး​သပ်​မှု​ကို ​သိပ်​မျှော်​လင့်​တာ​တော့ ​မ​ဟုတ်​ပါ​ဘူး​။
၁​၆။ ​သူ​တို့ ​ဆက်​သွယ် ​ဆက်​ဆံ​ပုံ​က ​စိတ်​ပျက်​စ​ရာ။
သူ​တို့ account ​မှာ ​ဓာတ်​ပုံ​တွေ​သာ ​တင်​ချင် ​တင်​နေ​မယ် ​သင့်​ရဲ့ Facebook message ​နဲ့ miss call ​တွေ​ကို​တော့ ​ပြန်​ခေါ်/​ပြန်​ပြော​ချင်​မှ ​ပြော​ပါ​လိမ့်​မယ်။
၁​၇။ ​သင့်​ရဲ့ ​ပုံ​ပန်း​သ​ဏ္ဍာန်​နဲ့ ​ပတ်​သက်​ရင် ​အ​မှန်​အ​တိုင်း ​ပြော​တတ်​လွန်း​ပါ​တယ်။
ဓာတ်​ပုံ​ဆ​ရာ ​ရည်း​စား​ကို “​ကျွန်​မ ​ဝ​နေ​လား​ဟင်” ​လို့ ​မေး​မိ​ရင်​တော့ “​အင်း ​ဟုတ်​တယ်” ​လို့​ပဲ ​ပြန်​ဖြေ​ဖို့ ​များ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​စိတ်​မ​ပူ​ပါ​နဲ့​လေ။ ​သူ​တို့ Photoshop ​နဲ့ ​ပြင်​ပေး​ပါ​လိမ့်​မယ်။
၁​၈။ ​သူ​တို့​ရဲ့ ​အ​ချိန် ​အ​များ​စု​က ​ကွန်​ပျူ​တာေ​ရှ့​မှာ ​ကုန်​လွန်​ပါ​တယ်။
Facebook ​တို့ porn ​တို့ ​ကြည့်​နေ​တယ်​တော့ ​မ​ထင်​ပါ​နဲ့​လေ။ ​များ​သော​အား​ဖြင့် ​ဓာတ်​ပုံ​တွေ edit ​လုပ်​နေ​တတ်​ကြ​တာ ​များ​ပါ​တယ်။
၁​၉။ ​ရင်​ခုန်​စ​ရာ ​နေ​ဝင်​ချိန် ​ရှု​ခင်း​တွေ ​သိပ်​မျှော်​လင့်​လို့ ​မ​ရ​ပါ​ဘူး​။
ဓာတ်​ပုံ​ဆ​ရာ ​တစ်​ယောက်​နဲ့​အ​တူ ​လှ​ပ​တဲ့ ​နေ​ဝင်​ချိန် ​ရှု​ခင်း​ကို ​ငေး​ကြည့်​နေ​မိ​ချိန်​မှာ ​သူ​က ​တ​ခြား​လူ​တွေ​လို​တော့ romantic ​ဖြစ်​တဲ့ ​အ​တွေး​တွေ ​တွေး​နေ​မှာ ​မ​ဟုတ်​လောက်​ပါ​ဘူး​။ ​သူ​က f/8 ​ကို 1/125 ​နဲ့ ​ရိုက်​ရင် ​ကောင်း​မ​လား​လို့ ​တွေး​နေ​တာ ​ဖြစ်​ချင် ​ဖြစ်​နေ​တတ်​ပါ​တယ်။
၂​၀။ ​သင့်​အ​တွက် ​ပိုက်​ဆံ ​အ​များ​ကြီး ​သုံး​ချင်​မှာ ​မ​ဟုတ်​ဘူး​။
ဓာတ်​ပုံ​ဆ​ရာ ​တစ်​ယောက်​နဲ့ ​တွဲ​သွား​ရင်း ​အ​ရမ်း​လှ​တဲ့ ​ဖိ​နပ်​လေး​တစ်​ရံ ​တွေ့​လို့ ​လို​ချင်​စိတ် ​ဖြစ်​ရင်​တောင် ​သူ့​ကို ​ပူ​ဆာ​လို့ ​ရ​လိမ့်​မယ် ​မ​မျှော်​လင့်​ပါ​နဲ့​။ ​သင့်​အ​တွက် ​ဒေါ်​လာ ​၁​၀​၀ ​တန် ​ပ​စ္စည်း​တစ်​ခု ​ဝယ်​ပေး​ချင်​မှ ​ဝယ်​ပေး​မှာ ​ဖြစ်​ပေ​မယ့် ​သူ့​အ​တွက် ​မှန်​ဘီ​လူး​တစ်​လုံး ​ဝယ်​ဖို့ ​ဒေါ်​လာ ​၁​၀​၀​၀ ​ကို ​နှ​မြော​နေ​မှာ ​မ​ဟုတ်​ပါ​ဘူး​။
၂​၁။ ​အ​စာ ​စား​ချိန်​လည်း ​သူ​များ​နဲ့ ​တူ​မှာ ​မ​ဟုတ်​ပါ။
အ​စာ ​စား​ရင်​လည်း ​သူ​များ​တွေ​လို ​မ​ဟုတ်​ဘဲ ​မ​စား​ခင် ​ငါး​မိ​နစ်​လောက်​တော့ ​စား​စ​ရာ ​ဟင်း​ပွဲ​တွေ​ကို ​ရှု​ထောင့် ​ပေါင်း​စုံ​က ​ဓာတ်​ပုံ​ရိုက်​ချင် ​ရိုက်​နေ​တတ်​ပါ​တယ်။
၂​၂။ ​သင့်​မိတ်​ဆွေ​တွေ​က ​သူ့​ကို ​ဓာတ်​ပုံ​ပ​ညာ​နဲ့ ​ပတ်​သက်​တဲ့ ​မေး​ခွန်း​တွေ ​မေး​ရင် ​မ​ကြိုက်​တတ်​ပါ​ဘူး​။
ဓာတ်​ပုံ​ဆ​ရာ​တွေ​အ​နေ​နဲ့ ​ဝါ​သ​နာ​ရှင်​တွေ​ဆီ​က ​အ​မေး ​မ​ခံ​ချင်​ဆုံး ​မေး​ခွန်း​က ​ကင်​မ​ရာ​ဝယ်​တာ​နဲ့ ​ပတ်​သက်​တဲ့ ​မေး​ခွန်း​တွေ​ပါ​ပဲ။ ​အ​ထူး​သ​ဖြင့် “​ကျွန်​တော်​ဗျာ ​ဓာတ်​ပုံ​ကောင်း​ကောင်း ​ထွက်​တဲ့ ​ကင်​မ​ရာ​မျိုး ​လို​ချင်​တယ်​ဗျာ။ Professional ​ကြီး​တွေ​တော့ ​မ​လို​ချင်​ပါ​ဘူး​။” ​ဆို​တဲ့ ​မေး​ခွန်း​မျိုး ​မေး​ရင် ​စိတ်​ညစ်​တတ်​ကြ​ပါ​တယ်။
၂​၃။ ​လက်​တွဲ ​သွား​ရ​တယ်​ဆို​တာ ​ခပ်​ရှား​ရှား
 
သူ​တို့​က ​သွား​လေ​ရာ ​ကင်​မ​ရာ ​တ​ကား​ကား​နဲ့ ​ဖြစ်​နေ​တတ်​လို့​ပါ။
၂​၄။ ​သင့်​ကို ​ရိုက်​ထား​တဲ့ ​ပုံ​တွေ ​ဘယ်​တော့​မှ ​မ​ပေး​တတ်​ဘူး​။
 
အ​ရင်​နဲ့​က ​သင့်​ချစ်​သူ ​ဓာတ်​ပုံ​ဆ​ရာ ​သင့်​ကို ​ဓာတ်​ပုံ​ရိုက်​ပေး​ထား​တာ ​သ​တိ​ရ​မိ​ရင်​တော့ ​သိပ် ​မ​မျှော်​လင့်​ပါ​နဲ့​။ ​အဲ​ဒီ ​ဓာတ်​ပုံ ​သင် ​မြင်​ဖူး​ချင်​မှ​တောင် ​မြင်​ရ​ပါ​လိမ့်​မယ်။
၂​၅။ ​သ​ဘာ​ဝ ​ဘေး​အ​န္တ​ရာယ်​တွေ ​ဖြစ်​ရင်ေ​ရှာင်​လေ့ ​မ​ရှိ​ဘူး​။
အ​ကယ်​၍​များ ​သင်​နဲ့ ​သင့်​ချစ်​သူ ​ဓာတ်​ပုံ​ဆ​ရာ​တို့ ​ချိန်း​တွေ့​နေ​တုန်း ​မုန်​တိုင်း ​တိုက်​လာ​ခဲ့​ရင် ​ကိုယ့်​ကိုယ်​ကို​သာ ​အ​န္တ​ရာယ်​ကင်း​အောင် ​နေ​ပါ​လေ။ ​သူ​က​တော့ ​စိတ်​ဝင်​စား​စ​ရာ ​ရှား​ပါး ​အ​ဖြစ်​အ​ပျက်​တွေ​ကို ​အ​မိ​အ​ရ ​ဓာတ်​ပုံ ​ရိုက်​ယူ​ဖို့​သာ ​စိတ်​သန်​နေ​ပါ​လိမ့်​မယ်။
၂​၆။ ​နှစ်​ပတ်​လည်​နေ့​တွေ​ကို ​မေ့​နေ​တတ်​ပါ​တယ်။
သင်​တို့​ရဲ့ ​ချစ်​သက် ​နှစ်​ပတ်​လည်​နေ့​နဲ့ ​ဓာတ်​ပုံ​ဆိုင်​ရာ workshop ​တစ်​ခု​ခု​များ ​တိုက်​ဆိုင်​နေ​ပြီ ​ဆို​ရင်​တော့ ​နှစ်​ပတ်​လည် ​အ​ထိမ်း​အ​မှတ် ​လုပ်​ဖို့ ​မျှော်​လင့်​ချက် ​သိပ်​မ​ထား​ပါ​နဲ့​တော့​။
၂​၇။ ​သူ​တို့​ကိုယ် ​သူ​တို့ ​အ​န္တ​ရာယ်​က ​မ​ကာ​ကွယ်​တတ်​ပါ​ဘူး​။
မ​တော်​တ​ဆ ​ဖြစ်​ရပ် ​သို့​မ​ဟုတ် ​ဘေး​အ​န္တ​ရာယ် ​တစ်​ခု​ခု​နဲ့ ​ကြုံ​တွေ့​ရ​တဲ့​အ​ခါ ​ဓာတ်​ပုံ​ဆ​ရာ​တွေ ​အ​ရင်​ဆုံး ​ကာ​ကွယ်​တာ​က​တော့ ​ကင်​မ​ရာ​နဲ့ ​အ​ခြား ​ကိ​ရိ​ယာ​တွေ​ကို​ပါ။ ​သင့်​ကို ​မ​ပြော​နဲ့ ​သူ​ကိုယ်​တိုင်​ကို​တောင် ​ဒု​တိ​ယ​နေ​ရာ ​မှာ​ပဲ ​ထား​လေ့ ​ရှိ​ပါ​တယ်။
၂​၈။ ​လူ​ပုံ​အ​လယ်​မှာ​လည်း ​တ​ခြား​သူ​တွေ​ကို ​စိုက်​ကြည့်​နေ​တတ်​ပါ​တယ်။
တ​ကယ်​လို့ ​သွား​ရင်း​လာ​ရင်း ​ထူး​ခြား ​ဆွဲ​ဆောင်​မှု​ရှိ​တဲ့ ​တစ်​ယောက်​ယောက်​ကို​များ ​သူ ​ငေး​ကြည့်​နေ​တာ ​တွေ့​ရင် ​စိတ်​မ​ပူ​လိုက်​ပါ​နဲ့​။ ​တ​ခြား​အ​တွေး​တွေ ​သူ့​ဆီ​မှာ ​မ​ရှိ​ပါ​ဘူး​။ ​သူ့​စိတ်​ထဲ​မှာ ​အဲ​ဒီ​လူ​ကို ​အ​တွေး​နဲ့ ​ဓာတ်​ပုံ​ရိုက်​နေ​တာ ​ဖြစ်​ပါ​လိမ့်​မယ်။
၂​၉။ ​စိတ်​ပျက်​စ​ရာ ​နေ​ရာ​တွေ​မှာ ​အ​လှ​တ​ရား​ကို ​ရှာ​ဖွေ​တတ်​ပါ​တယ်။
သာ​မန်​လူ​တွေ ​သွား​လေ့​မ​ရှိ​တဲ့ ​စိတ်​ပြတ် ​ညစ်​ထေး​နေ​တဲ့ ​လမ်း​ကြား​တွေ ​နေ​ရာ​တွေ​မှာ ​အ​လှ​တ​ရား​ကို ​သူ​တို့ ​ရှာ​ဖွေ​လေ့ ​ရှိ​ပါ​တယ်။
၃​၀။ ​ခ​ရီး​အ​တူ​တူ ​သွား​ခဲ့​ရင်​တောင် ​အ​တူ​တူ ​သွား​ခဲ့​ကြောင်း ​သက်​သေ​ပြ​စ​ရာ ​မ​ရှိ​တတ်​ပါ​ဘူး​။
ဘာ​ကြောင့်​လဲ​ဆို​တော့ ​သူ​တို့​က ​ကင်​မ​ရာေ​ရှ့​မှာ​ထက် ​ကင်​မ​ရာ​နောက်​မှာ​သာ ​နေ​နေ​တာ ​များ​နေ​လို့​ပါ။
၃​၁။ ​သင် ​ဓာတ်​ပုံ​ရိုက်​စေ​ချင်​တဲ့ ​အ​ရာ​ကို ​သူ​က ​ရိုက်​ချင်​မှ ​ရိုက်​ပါ​လိမ့်​မယ်။
ဓာတ်​ပုံ​ဆ​ရာ​တွေ​က ​မာ​န​ကြီး​ပြီး ​တစ်​ကိုယ်​ကောင်း​ဆန်​တတ်​ကြ​ကာ ​သူ​တို့ ​အ​တွေး​ထဲ​မှာ ​မ​ထိုက်​တန်​ဘူး ​ထင်​တဲ့ ​အ​ရာ​တွေ​ကို ​ပိုက်​ဆံ​မ​ရ​ဘဲ​နဲ့​တော့ ​ဘယ်​တော့​မှ ​ဓာတ်​ပုံ​ရိုက်​လေ့ ​မ​ရှိ​ကြ​ပါ​ဘူး​။
၃​၂။ ​သူ​လုပ်​ခဲ့​တဲ့ ​အ​ကြောင်း​အ​ရာ​တွေ ​လူ​တိုင်း​ကို ​ပြန်​ပြော​ပြ​ချင်​တယ်။
တ​ကယ်​လို့ ​သင့် ​သူ​ငယ်​ချင်း​တွေ​နဲ့ ​စ​ကား​လက်​ဆုံ ​ကျ​နေ​ပြီ ​ဆို​ရင် ​သူ့​ကို ​ကြာ​ကြာ ​ပစ်​မ​ထား​မိ​ပါ​စေ​နဲ့​။ ​သူ ​အ​ရင်​က ​ဓာတ်​ပုံ​ရိုက်​ခဲ့​ဖူး​တဲ့ ​နေ​ရာ​တွေ​နဲ့ ​လူ​တွေ​အ​ကြောင်း​ကို ​သောင်​စ​ဉ်​ရေ​မ​ရ ​လျှောက်​ပြော​နေ​တတ်​ပါ​တယ်။
၃​၃။ ​မွေး​နေ့​လက်​ဆောင် ​ပေး​ရ​တာ ​ကုန်​ကျ​စ​ရိတ် ​များ​တတ်​ပါ​တယ်။
သူ​တို့ ​စိတ်​ဝင်​စား ​လို​ချင်​တဲ့ ​ပ​စ္စည်း​တွေ​က ​ဈေး​ကြီး​ကြီး​တွေ ​ဖြစ်​နေ​တော့ ​သူ​တို့ ​အ​ကြိုက် ​မွေး​နေ့​လက်​ဆောင် ​ဖြစ်​ဖို့​ဆို​ရင်​တော့ ​အ​တော် ​ကုန်​ကျ​စ​ရိတ် ​များ​ပါ​လိမ့်​မယ်။
၃​၄။ ​သင့် ​ဓာတ်​ပုံ​အ​ဟောင်း​တွေ​ကို Photoshop ​နဲ့ ​ပြင်​ခိုင်း​ဖို့ ​မ​ရ​နိုင်​ပါ​ဘူး​။
သင့်​မှာ ​အ​ရင် ​ခ​ရီး​သွား​တုန်း​က ​ဓာတ်​ပုံ​တွေ ​မိ​သား​စု ​ပုံ​တွေ​ကို ​ပြင်​ဖို့ ​လို​အပ်​နေ​တယ်​ဆို​ရင် ​သင့်​ချစ်​သူ ​ဓာတ်​ပုံ​ဆ​ရာ​ကို ​အ​ကူ​အ​ညီ​တောင်း​ဖို့ ​ပြေး​မြင်​မိ​မှာ​ပါ​ပဲ။ ​ဒါ​ပေ​မယ့် ​သူ​တို့​ရဲ့ ​အ​တ္တ​က ​သူ​တို့ ​ရိုက်​ထား​တာ ​မ​ဟုတ်​တဲ့ ​ဓာတ်​ပုံ​တွေ​ကို edit ​လုပ်​ဖို့ ​ဆ​န္ဒ ​မ​ရှိ​တတ်​ကြ​ပါ​ဘူး​။
၃​၅။ ​အ​နု​ပ​ညာ ​ဝါ​သ​နာ​ပါ​တဲ့ ​သင့်​သူ​ငယ်​ချင်း​တွေ​ကို ​သ​ဘော​မ​ကျ​တတ်​ပါ​ဘူး​။
သူ​တို့​က ​သူ​တို့​ထက်​မှ ​မ​ကျော်​ကြား​ရင် ​အဲ​ဒီ​လူ​တွေ​နဲ့ ​အ​ချိန်​ဖြုန်း​ဖို့ ​ဆ​န္ဒ ​သိပ်​မ​ရှိ​ကြ​ပါ​ဘူး​။
၃​၆။ ​သူ​တို့ ​လက်​ရာ​ကို print ​ထုတ်​ခဲ​ပါ​တယ်။
သူ​တို့​ရဲ့ ​ကွန်​ပျူ​တာ harddisk ​တွေ​က ​ဓာတ်​ပုံ​တွေ​နဲ့ ​အ​မြဲ​တမ်း ​ပြည့်​နေ​တတ်​ပါ​တယ်။
၃​၇။ ​သင့်​ကြောင့် ​ကင်​မ​ရာ ​တစ်​ခု​ခု ​ဖြစ်​သွား​ခဲ့​ရင် ​ပြ​ဿ​နာ ​အ​ကြီး​အ​ကျယ် ​တက်​ပြီ ​မှတ်​လိုက်​ပါ။

ဓာတ်​ပုံ​ဆ​ရာ ​တစ်​ယောက်​ရဲ့ ​အိတ်​ထဲ​က ​ပ​စ္စည်း​တွေ​ဟာ ​ဒေါ်​လာ ​၁​၅​၀​၀ ​အ​ထက်​မှာ ​တန်​ဖိုး ​ရှိ​တဲ့​အ​တွက် ​သူ​တို့ ​ပ​စ္စည်း​တွေ​ကို ​ကိုင်​တွယ်​တဲ့​အ​ခါ ​အ​ထူး ​ဂ​ရု​ပြု​ဖို့ ​လို​ပါ​လိမ့်​မယ်။
၃​၈။ ​သူ ​ကြိုက်​သည် ​ဖြစ်​စေ ​မ​ကြိုက်​သည် ​ဖြစ်​စေ ​မော်​ဒယ် ​လုပ်​ပေး​ရ​လိမ့်​မယ်။
အ​စ​ပိုင်း​မှာ​တော့ ​ပျော်​စ​ရာ​ကောင်း​သ​လို ​ထင်​ရ​စ​ရာ​ပါ​ပဲ။ ​နောက်​ပိုင်း​တော့ ​သူ​နဲ့ ​အ​ပြင်​ထွက်​မိ​တိုင်း ​အ​လင်း​ရောင် ​အ​နေ​အ​ထား​များ ​လှ​နေ​ပြီ​ဆို​ရင် ​သင် ​ဘယ်​လို ​အ​ဝတ်​အ​စား​ပဲ ​ဝတ်​ထား​ပါ​စေ ​အ​နည်း​ဆုံး ​တစ်​ပုံ​တော့ ​ကိုယ်​ဟန်​ပြ ​အ​ရိုက်​ခံ​ရ​ပါ​လိမ့်​မယ်။
၃​၉။ ​မိ​သား​စု ​အ​ခမ်း​အ​နား​တွေ​မှာ ​ကိုး​ရို့​ကား​ယား ​လုပ်​တတ်​ပါ​တယ်။
သင့် ​မိ​သား​စု​ထဲ​က ​တစ်​ယောက်​ယောက် ​မ​င်္ဂ​လာ ​ဆောင်​တယ်​ဆို​ကြ​ပါ​စို့​။ ​သင့်​ချစ်​သူ ​ဓာတ်​ပုံ​ဆ​ရာ​ကို ​ခေါ်​သွား​မိ​ရင် ​သူ​တို့ ​စိတ်​ဝင်​စား​တာ​က ​အဲ​ဒီ​ပွဲ​မှာ ​ငှား​ထား​တဲ့ ​ဓာတ်​ပုံ​ဆ​ရာ​ကို ​ဖြစ်​နေ​တတ်​ပါ​တယ်။ ​အဲ​ဒီ ​ငှား​ထား​တဲ့ ​ဓာတ်​ပုံ​ဆ​ရာ​ရဲ့ ​လုပ်​ပုံ​ကိုင်​ပုံ​တွေ​ကို ​လိုက်​ဝေ​ဖန်​နေ​တတ်​ပြီး ​သူ့​ကို ​အ​ကူ​အ​ညီ​တောင်း​တုန်း​က​တော့ ​ငြင်း​ပြီး ​နောက်​မှ ​သူ့​ကို ​မ​ရိုက်​ခိုင်း​ရ​လား​လို့ ​မ​ကျေ​မ​နပ် ​ဖြစ်​နေ​တတ်​ပါ​တယ်။
၄​၀။ ​သ​ဘာ​ဝ​အ​တိုင်း ​မ​ကြိုက်​တတ်​ဘူး​။
ဘယ်​ပုံ​ကို​မ​ဆို Photoshop ​သို့​မ​ဟုတ် Lightroom ​နဲ့ ​ပြင်​ရ​မှ ​ကျေ​နပ်​ပါ​တယ်။ ​ကင်​မ​ရာ​ထဲ​က ​ဒီ​အ​တိုင်း ​ထွက်​လာ​တဲ့ ​ဓာတ်​ပုံ​ကို ​မြင်​ရ​ဖို့ ​ဘယ်​တော့​မှ ​မ​မျှော်​လင့်​ပါ​နဲ့​။
၄​၁။ ​သင့်​မျက်​လုံး​ထဲ​ကို ​စိုက်​ကြည့်​နေ​ရင် ​သူ​တွေး​နေ​တာ​က ​သင်​မျှော်​လင့်​သ​လို ​လုံး​ဝ ​မ​ဟုတ်​ပါ​ဘူး​။
သင့်​အ​နေ​နဲ့ ​ရင်​ခုန်​စ​ရာ​လို့ ​ထင်​နေ​ပေ​မယ့် ​သူ ​သင့်​ကို​ကြည့်​ရင်း ​တွေး​နေ​တာ​က ​သင့် ​ပါး​ပေါ်​က ​အ​ဖု​လေး ​သို့​မ​ဟုတ် ​သင့် ​န​ဖူး​ပေါ်​က ​အ​ရေး​အ​ကြောင်း​လေး​ကို ​ဘယ်​လို ​ဖျက်​ရ​မ​လဲ​ဆို​တာ ​ဖြစ်​နေ​တတ်​ပါ​တယ်။
မှတ်​ချက်။ ။ ​အား​လုံး ​ဒီ​အ​တိုင်း​ပဲ​လို့ ​ဆို​လို​တာ ​မ​ဟုတ်​ဘဲ ​အ​ပျော်​သ​ဘော​မျိုး ​ပေါ့​ပေါ့​ပါး​ပါး​သာ ​ဖတ်​ပြီး ​ရယ်​နိုင်​ကြ​ပါ​စေ​ဗျာ။
Ref: 41 Reasons Why You Shouldn’t Date a Photographer, Photography Talk
Photos courtesy of PhotographyTalk.com.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။