Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 10, 2013

ဆယ်တန်း ကျော်ဖြတ်ညီငယ်၊ညီမငယ် တို့အတွက် အမှာစာ .

 
TechSpace Journal
ဆယ်တန်း ကျော်ဖြတ်ညီငယ်၊ညီမငယ် တို့အတွက် အမှာစာ .

ညီငယ်၊ညီမငယ်လေးတွေ အရွေးမမှားစေဖို့ တတ်သိသလောက် ရေးသား မျှဝေ လိုက်ရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ၁၀ တန်းအောင်စ ကလေးငယ်များ ရှိရင် ဒီစာကို လက်ဆင့်ကမ်း မျှဝေပေးစေလိုပါတယ်။ ဒီတော့ စာကို ၁၀တန်း ဖြေခဲ့တဲ့ ကလေးတွေဖတ်လို့ နားလည်အောင်ပဲ ရေးပါရစေ။

ညီငယ်၊ ညီမငယ်တို့ ..

၁၀ တန်းအောင်စာရင်းထွက်တော့ ထွက်ပြီ။ ဂုဏ်ထူး ဘယ်နှစ်ဘာသာ ပါကြတုန်း။ ညီငယ်၊ ညီမငယ်တို့ရဲ့ ကောင်းသတင်းတွေအတွက် ကိုကြီး တကယ်ဝမ်းသာပါတယ်။ လောလောဆယ် မအောင်တဲ့ ညီငယ်တွေကို အကို အရင်နှစ်သိမ့်ပါရစေနော။

ကျရှုံးသော ညီငယ်၊ညီမငယ်တို့ရေ -

ညီငယ်၊ညီမငယ်တို့ ဘာဖြစ်လို့ စာမေးပွဲကျတာလဲ။ စာနားမလည်လို့လား၊ စိတ်မဝင်စားလို့လား၊ ကျူရှင်မတတ်နိုင်လို့လား။ အဲ့အချက် ၃ ခုလုံးက ဖြေရှင်းလို့ရတယ်နော။ ဥာဏ်ထိုင်းနေလို့ပါဆိုတဲ့ အကြောင်းပြချက်တော့ လာမပေးနဲ့။ ကိုကြီးတို့လည်း ထမင်းပဲစားတာ။ ထမင်းမှာ ရွှေမပါဘူး။ ငွေမပါဘူး။ အသက်ကိုလည်း နှာခေါင်းနဲ့ပဲ ရှူတယ်။ ပေကပ်ပြီး ပါးစပ်နဲ့ လည်း ရှူပါတယ်လို့ ရွဲ့ မနေနဲ့အုံး။ တစ်နှစ် ကျထားပြီ။ အချို့ ဆိုရင် မကဘူးထင်တယ်။ ၁၀ တန်း စာမေးပွဲက ညီတို၊ညီမတို့မြန်မာပြည်မှာ နေနေသေးသရွှေ့  အပြင်ထွက်လို့ရမယ့် တံခါးပေါက်ပဲကွ။ ဥပမာ ၁၀ တန်းအောင်ရင် တက္ကသိုလ်တက်ရမယ်။ ပျော်ရမယ်။ ကဲရမယ်။ အဲ့လိုလည်း အချို့ တွေတွေးထားတယ်ဟုတ်။ ဒါဆို ဘာဖြစ်လို့ စာမကြိုးစားတာလဲ။ ဘီလ်ဂိတ်ပြောတယ်လေ။ ဆင်းရဲပြီးမွေးလာတာ မပြစ်မဟုတ်ပေမယ့် ဆင်းရဲပြီးသေရင် အပြစ်တဲ့။ ဒီလိုပဲ ဆင်းရဲတာက အပြစ်မဟုတ်ဘူး။ စာမလုပ်တာက အပြစ်နော။ ဥာဏ်ထိုင်းပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ဘဝကိုမနှိမ့်ချနဲ့။ ဝါးကိုဖြတ်ဝါးမြက်၊ လူကိုကို အရက်လို့တောင် မပြောချင်တော့ဘူး။ လူကိုဖြတ် လူစိတ်ဓာတ်ကွ။ ညီငယ်၊ညီမငယ် တို့မှာ စိတ်ဓာတ်တစ်ခု အမြဲ မြင့်မြင့်ထားစေချင်တယ်။ ဘုရားစင်တင်ဖို့မဟုတ်ဘူးနော်။

ခြေထောက် တစ်ဖက်ကြိုးတဲ့သူက အဲ့တစ်ဖက်ကို ထော့နဲ့ထော့နဲ့ နဲ့ လျှောက်ရတာ သတိထားမိကြားလာ ညီတို့ရေ။ အဲ့တစ်ဖက်ကို ပိုမိုများပြားတဲ့ အားတွေ ပေးလို့ပေါ့။ အဲ့တစ်ဖက်က ပိုပင်ပန်းရပါတယ်။ ဒီလိုပဲကွ။ ကိုယ်က ဘာသာရပ်တစ်ခုကို ညံ့ဖျင်းတယ်။ စာမလိုက်နိုင်ဘူး၊ နားမလည်ဘူး ဖြစ်နေရင် အဲ့ဒီ ဘာသာရပ်ကို အခြားဘာသာရပ်တွေထက် ပိုပြီး အချိန်ပေးရတယ်။ လုပ်ရတယ်။ သင်္ချာမရဘူးလို့ သိနေရင် သင်္ချာအတွက် လေ့ကျင့်မှုက မင်းမှာ အချိန်များများ ရှိပါစေ။

ငါ ၁၀ တန်းစာမေးပွဲ အောင်ကို အောင်ရမယ်လို့ ခံယူချက်လေး အမြဲထား။ ဒါမှ ကိုယ့်ကို ကဲရဲ့ မယ့်သူ၊ ရှုံ့ ချမယ့်သူ မရှိတာ။ ခုလို ၁၀ တန်းကျတော့ ရှက်တယ်ဟုတ်။ ပြီးခဲ့တာတွေ ပြီးပါပြီ။ နာကျင်မှုက မင်းအတွက် အားဖြစ်ပါစေ။ လာမယ့်နှစ် ၁၀ တန်းကြိမ်းအောင်ရမယ်ဆိုတဲ့ ခံယူချက်လေး အပြည့်အဝထားထား။ လောလောဆယ် ကိုကြီးက ၁၀ တန်းအောင်သူတွေ ဘာပညာရပ်လေ့လာရမယ်ဆိုတာ ရေးတော့မယ်။ ညီငယ်၊ညီမငယ်တို့လည်း တစ်ခါတည်းဖတ်ထား။ ဒါမှ ကြုးစားချင်စိတ်တွေပေါ်မယ်လို့ အကိုထင်တာပဲ။ သိမ်တော့ မသိမ်ငယ်နဲ့ပေါ့။ ကောင်းသတင်း နောက်နှစ်မှာ ကြားရဖို့ အကိုမျှော်လင့်နေပါတယ်။


၁၀ တန်းအောင်တော့ ညီငယ်၊ညီမငယ်တို့ရေ -

ကိုကြီး အရမ်းဝမ်းသာတယ်။ ဘာလို့လဲ သိလား။ ညီတို့၊ ညီမတို့ နောက်တော့ သိလာမှာပါ။ ကိုကြီးတို့က မြန်မာပြည်မှာ လူတော်တွေထွက်လေ ပိုပျော်လေပဲ။ ဒါမှ တိုင်းပြည်တိုးတက်မှာလေ။ ပေါ်လစီစကားတွေ နားထဲ မဝင်ဘူးဟုတ်။ ကိုကြီးမပြောတော့ပါဘူး။ လိုရင်းပဲ ပြောကြတာပေါ့။

ရိုးရိုးအောင်သော ညီငယ်၊ ညီမငယ်တို့ရေ -

ဂုဏ်ထူးမပါ၊ရိုးရိုးအောင်တယ် ဆိုတော့ မျက်ရည်ပေါက် ကြီးငယ်တွေ ကျနေပြီလား။ သို့မဟုတ် ကပ်အောင်လေးမို့အပျော်လွန်နေလား။ ငါ ၁၀ တန်း ရိုးရိုးပဲ အောင်တာပါလေ။ ဘာမှလုပ်လို့ မရတော့ပါဘူး။ ကြုံရာကျောင်းပဲ တက်တော့မယ်။ ကန်တင်းမှာ ထိုင်ပြီး ဘော်ဒါနဲ့ ဂီတာတီးရမယ့် နေ့ရက်ကို မျှော်လင့်ရင်း၊ ရည်စားတွေထားပြီး လျှောက်လည်ရမယ့် နေ့တွေကို စိတ်ကူးယဉ်ရင်း အပျော်လွန်နေပြီလား။ ပျော်လည်းပျော်၊ တော်သင့်တဲ့ နေရာလည်း တော်ပါစေ။ တော်ဆို ဂုဏ်ထူးမှမထွက်တာလို့ ပြောတာ မဟုတ်ဘူးနော်။ ခုကတည်းက Plan ချထား။ ငါဒီအမှတ်နဲ့ ဒီကျောင်းတက်ရင် င့ါဘဝ ရှေ့ ရေး တကယ် ကောင်းနိုင်ပါ့မလား။ င့ါကို ဘယ်လို အာမခံမျိုး ပေးနိုင်လို့လဲ။ တစ်ခါတည်း ပြန်တွက်ကြည့်။ ဒီတော့ သာမန်သွားနေကျ ပညာရေး လမ်းကြောင်း ကနေ ငါ ဘယ်လိုကျောင်း ရွေးတတ်လိုက်ရင် အာမခံချက်ရှိသွားမလဲ။ သို့တည်းမဟုတ် ဒီကျောင်းတက်နေရင်းနဲ့ အခြားဘယ်ပညာရပ်ကို တွဲလုပ်လိုက်ရင် ပိုပြီးတော့ ကောင်းသွားမလဲ။ ခုကတည်းက တွက်ချက်ထားပါ။ အိုင်တီလိုင်းကို အားလပ်ချိန်မှာလေ့လာမလား၊ ဘာသာစကားလား၊ အခြား အသက်မွေးဝမ်းကျောင်း ပညာ တစ်ခုခုလား တစ်ခါတည်းစဉ်းစားထားပေါ့။ ပိုက်ဆံရှိလွန်းနေလို့ နိုင်ငံခြားကျောင်းတွေတက်မယ်ဆိုရင်လည်း ကိုကြီးအားပေးတယ်။ အဲဒါလည်း ထွက်ပေါက် တစ်မျိုးပဲလေ။ ဘာပဲဖြစ်ဖြစ် ၁၀တန်းက အကြောင်းအမျိုးမျိုးကြောင့် လမ်းကောင်းတစ်ခု မရောက်နိုင်ခဲ့ပေမယ့် ရှေ့ လျှောက်အများကြီး ကောင်းနိုင်သေးတယ်။ အကိုတို့ Techspace Journal Facebook Page ကို စာပို့ပြီး တိုင်ပင်နိုင်တယ်။ အကောင်းဆုံး အကြံပေးသွားမှာပါ။


ဂုဏ်ထူးနဲ့ အောင်တဲ့ ညီငယ်၊ညီမငယ်တို့ရေ -

ဝမ်းသာတယ်ကွာ။ နိုင်ငံမှာ ညီတို့၊ညီမတို့လိုလူတွေ အများကြီးလိုအပ်တယ်။ ဂုဏ်ထူးနဲ့အောင်ပြီ။ ဒီတော့ ဘာဆက်လုပ်ကြမလဲ။ ဆေးကျောင်းတက်မှာလား၊ ရေကြောင်းတက္ကသိုလ်လား၊ ရေကြောင်းသိပ္ဗံလား၊ နိုင်ငံခြား ဘာသာတက္ကသိုလ်လား၊ မြန်မာနေရှင်နယ်ကောလိပ်လား၊ စစ်ဆေး၊စစ် အင်ဂျင်နီယာလား။ ညီငယ်၊ ညီမငယ်တို့ ဘာကိုရွေးချယ်မယ်ဆိုတာ ကြိုပြီးသိနေတယ်လေ။ ဒီမှာအရေးကြီးတာလာပြီ ကိုယ်က ပညာရပ် တစ်ခုကို ရွေးချယ်တဲ့အခါ -

၁။ သူတစ်ပါး လွမ်းမိုးမှု မပါစေနဲ့။
၂။ ဂုဏ်ပကာသန မက်မောမှု မပါစေနဲ့။

သူတစ်ပါးတည်းမှာ မိဘလည်း ပါကောင်းပါလိမ့်မယ်လေ။ မင်း ဒီကျောင်းတက်ကို တက်ရမယ်။ ငါတို့ကို ဘာမှလာမတားနဲ့။ မိဘကို စိတ်ချမ်းသာအောင် ဒီကျေင်းတက်ကို တက်ပါ။ အဲ့လိုမိဘမျိုး ညီငယ်၊ညီမငယ်တို့မှာ ရှိနေလား။ ကိုကြီးနဲ့တွေ့ပါရစေ။ သားသမီးကို ဘယ်လို အတတ်ပညာလမ်းကြောင်း ရွေးချယ်ရင် ဘယ်လို ကောင်းရာ အနာဂတ်တွေ ဖန်တီးနိုင်တယ်ဆိုတာကို သေချာ သင်ကြားဆုံးမပေးရမှာလေ။ ပြောပြလိုက်စမ်းပါ။ သူများ ပြောတာချည်းလည်း စောင့်မနေနဲ့။ ကိုယ်က ၁၀ တန်းအောင်ပြီး အချိန်တွေက အားနေပြီ။ ပတ်ဝန်းကျင်ကို လေ့လာ၊ ဗဟုသုတတွေများများ ရှာဖွေ၊ အင်တာနက်ကနေ ကမ္ဘာက ဖြစ်ပျက်နေမှုကို လေ့လာ၊ မြန်မာက ဖြစ်ပျက်နေမှုကိုလေ့လာ။ ငါသာ ဘယ် ပညာရပ်ကို ရွေးချယ်လိုက်ရင် ကိုယ့်အတွက် ဘယ်လောက် အကျိုးရှိသွားမယ်။ မိဘအတွက် ဘယ်လောက်အကျိုးရှိသွားမယ်။ ပတ်ဝန်းကျင်အတွက် အကျိုးရှိသွားမယ်။ မြို့ ၊ရွာနိုင်ငံအတွက် အကျိုးရှိသွားမယ် သေချာ စဉ်းစားပေါ့။ အကယ်၍ လောလောဆယ်ကိုယ့်မှာ အထုံဝါသနာ ပညာရပ် မရှိဘူးဆိုရင် ပြေတာပါ။ အချို့  ညီ၊ညီမတို့ကျတော့လည်း နဂိုကတည်းက အထုံရှိတယ်လေ။ ၁၀ တန်းပြီးရင် ဘယ်ကျောင်းတက်ရမယ်ဆိုပြီး အားခဲ့ထားကြတဲ့သူတွေလည်းရှိတယ်ဟုတ်။ ဒီလိုဆို ကြိမ်းသေ ရွေးနိုင်ပါတယ်။ ကိုယ်က စဉ်းစား၊စိတ်ကူးယဉ်ထားပြီးသားလေ။ နောင်တရဖို့ နည်းပါတယ်။ ညီတို့၊ ညီမတို့မှာ ဘာတက်မယ်၊ဘာလုပ်မယ်လို့ ခိုင်မာတဲ့ ခံယူချက်၊ဘဝ ရည်မှန်းတွေရှိနေရင် ကိုကြီး ပိုဝမ်းသာတာပေါ့။ ညီတို့သာ အထက်က လွမ်းမိုးမှု ၂ ချက်နဲ့သာ ကင်းပါစေ။

ရွေးချယ်လို့ ရအောင် အကြမ်းဖျဉ်း ပရော်ဖက်ရှင်နယ် ပညာရပ် အကြောင်း အချို့ ကို ကိုကြီးခုလို ဆောင်းပါးရေးထားတာ ရှိတယ်။ လခ့်ကနေ ဝင်ဖတ်နော။ (တစ်ဆင့်ပြန်ပြချင်ရင်လည်း လခ့်ထဲကနေ Print ထုတ်သွားနိုင်ပါတယ်။)


http://blog.techspace.com.mm/2013/05/blog-post_29.html
http://blog.techspace.com.mm/2013/06/blog-post_4107.html
http://blog.techspace.com.mm/2013/06/google.html
http://blog.techspace.com.mm/2013/05/blog-post_4388.html
http://blog.techspace.com.mm/2013/05/blog-post_8303.html
http://on.fb.me/13S7HJ4

အခြားသော ကောင်းနိုးရာရာ စာတွေလည်း ကိုယ်တိုင်ရှာဖတ်ပါ။ အကိုတို့က အိုင်တီနယ်ပယ်ကဆိုတော့ အိုင်တီအကြောင်းပဲ ပိုပြောနိုင်တာလေ။ ဆေးလောက ဘယ်လိုကောင်းတယ်။ စီးပွားရေးပညာရပ်၊ ဘာသာစကားပညာရပ်၊ သိပ္ဗံ၊ အင်ဂျင်နီယာ ၊ ဗိသုကာ အစရှိသဖြင့် ကိုယ့်ပတ်ဝန်းကျင် ကနေ လေ့လာထားစေချင်ပါတယ်။


နဂုံးချုပ်

ကဲ. ညီငယ်၊ ညီမငယ်တို့ နောက်မေးချင်တာတွေ ရှိရင် Techspace Journal Facebook Page ဆီကို စာပို့ပေးနိုင်ပါတယ်။ အားလုံး ကိုယ် ရွေးချယ်မှု အတွက် နောင်တ မရမိစေဖို့အကိုက စေတနာနဲ့ ရေးဖြစ်တာလေးပါ။ ဆရာလုပ်တာ မဟုတ်ပါဘူး။ သို့ပေမယ့် အကို့ ဂိုက်ပြတဲ့ ညီငယ်၊ ညီမငယ်တွေလည်း ဂုဏ်ထူးထွက်ကြောင်း တစ်ခါတည်း ထည့်ကြွားရတာပေါ့။ တစ်ယောက်တော့ ကျသွားတယ်။ သူက နှစ်ကျလေ။ အမှန်တော့ နှစ်ကျက ပိုပြီးတော့တောင် ကြိုးစားရမှာ။ အကိုနဲ့အသက်ချင်းမကွာတော့ ဘာပဲသင်ပေးပေး လေးစားမှု မရှိဘူး။

ပြောချင်တာက နှစ်ကျပဲ ဖြစ်ဖြစ်၊ နှစ်သစ်ပဲ ဖြစ်ဖြစ် ဘယ်ဆရာတွေ ဘယ်လောက်ပဲသင်သင် ကိုယ်တိုင်ကြိုးစားမှုကလည်း အဓိကကျတယ်။ မြန်မာပြည်မှာပဲ ဂိုက်ခေတ်စားတာ မဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း ခေတ်စားပါတယ်။ သို့ပေမယ့် ဂိုက်အမှိသဟဲအရမ်းပြုတဲ့ ၁၀တန်းစတက်မယ့် ညီငယ်၊ညီမငယ်တို့ကို သတိပေးချင်သေးတယ်။ ထမင်းခွံ့ ကျွေးမှ စားရမယ့် အရွယ်မဟုတ်ဘူးနော။ ဂိုက်က လမ်းညွန်ပေးရုံလေးပါ။ တိမ်းစောင်းတာကို တည့်ပေးရုံလေးပါ။ ဘာပဲဖြစ်ဖြစ်မရတာ ရှိရင် ဂိုက်ကိုပဲမေးလိုက်၊ တွက်လိုက်မယ် မလုပ်နဲ့။ အဲ့လိုကလေးတွေက ၁၀တန်းမှာ ထူးချွန်ပြီးအောင်ရင်တောင် ကိုယ်တိုင် စာကျက်၊စာမေးပွဲဖြေရတဲ့ တက္ကသိုလ်အဆင့်မှာ ဒုက္ခတွေ အရမ်းရောက်ရ တယ်။ တက္ကသိုလ်ပဲရောက်ရောက်၊ ဘယ်နေရာပဲ ရောက်ရောက် ကိုယ့်ကို ပညာသင်ကြားပေးသူများ ရိုသေသမူရှိပါစေ။ စာမှာတင်မကပဲ ကိုယ်၊စိတ် အားလုံး ကောင်းနေရင်၊ ကောင်းတာချည်းလုပ်ရင် ပိုပြီးတော့ စာတော်တယ်။ တကယ်ပြောတာနော။ အပျော်မမက်ကြနဲ့။ ညီငယ်၊ ညီမငယ်တို့ အားလုံး အောင်မြင်သော အနာဂတ်များ ပိုင်ဆိုင်နိုင်ပါစေ။


အောင်ခမ်း (TSJ team)

http://blog.techspace.com.mm/2013/06/blog-post_7155.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။