Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, June 10, 2013

ကမ္ဘာ့ ယဉ်ကျေးမှုမြို့တော် လန်ဒန်

 
 
လန်ဒန် (အင်္ဂလန်)
လန်ဒန်မြို့သည် အင်္ဂလန်နှင့် ယူနိုက်တက်ကင်းဒမ်း တို့၏ မြို့တော်ဖြစ်သည်။

ယူကေတွင် အကြီးမားဆုံး မြို့တော်နှင့် မြို့ပြ နယ်မြေဖြစ်ပြီး ဥရောပ သမဂ္ဂ နယ်မြေတွင်လည်း အကြီးဆုံး ဖြစ်သည်။ သိမ်းမြစ်ကမ်း ပေါ်တွင် တည်ရှိပြီး သမိုင်းကြောင်း အရ ရောမလူမျိုးများ ထူထောင်ခဲ့သည်ဟု သိရှိရသည်။

ကမ္ဘာပေါ်တွင် ထိပ်တန်း ဘဏ္ဍာရေး အချက်အချာ နေရာတစ်ခုဖြစ်ပြီး ပဉ္စမ သို့မဟုတ် ဆဋ္ဌမမြောက် ဂျီဒီပီ အများဆုံး မြို့ပြနယ်မြေ တစ်ခုလည်း ဖြစ်သည်။
ထို့ပြင် ကမ္ဘာ့ ယဉ်ကျေးမှု မြို့တော် တစ်ခု အဖြစ်လည်း သတ်မှတ် ခံရသည်။ ကမ္ဘာပေါ်တွင် နိုင်ငံတကာမှ ခရီးသွားများ လာရောက်မှု အများဆုံး မြို့တော်လည်း ဖြစ်ပြီး ကမ္ဘာ့ အကြီးဆုံး လေကြောင်းပို့ဆောင်ရေး စနစ်လည်း ရှိသည်။
လန်ဒန်မြို့ရှိ တက္ကသိုလ် ၄၃ ခုသည် ဥရောပတွင် အဆင့်မြင့် ပညာရေးကဏ္ဍ၌ အကြီးမားဆုံး ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ် လန်ဒန် အိုလံပစ် ကျင်းပခဲ့ခြင်းကြောင့် ခေတ်သစ် နွေရာသီ အိုလံပစ် ပွဲတော်ကို သုံးကြိမ် လက်ခံ ကျင်းပခွင့်ရသော ပထမဆုံးမြို့တော် ဖြစ်လာခဲ့သည်။
လန်ဒန်မြို့တွင် လူဦးရေနှင့် ယဉ်ကျေးမှု အမျိုးအစား များစွာရှိရာ ဘာသာစကားပေါင်း ၃ဝဝ ကျော် အသုံးပြု လျက် ရှိနေသည်။ လန်ဒန်မြို့တွင် တရားဝင် နေထိုင်သော လူဦးရေ ၈၁၇၄၁ဝဝ ရှိရာ ဥရောပ သမဂ္ဂ နယ်မြေ အတွင်းတွင် လူဦးရေ အထူထပ်ဆုံးသော မြို့ပြနယ်မြေ တစ်ခု ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း တစ်ခုလုံး၏ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။
လန်ဒန်မြို့တွင် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် နေရာ လေးခုရှိရာ ၎င်းတို့မှာ လန်ဒန်မျှော်စင်၊ ဝက်စ်မင်နင် စတာ ဘုရားရှိခိုးကျောင်း၊ စိန့်မာဂရက် ဘုရားရှိခိုးကျောင်းနှင့် သမိုင်းဝင် ဂရင်းဝစ်ခ်ျအ ဆောက်အအုံများ ဖြစ်သည်။ အခြား ထင်ရှား ကျော်ကြားသော နေရာများမှာ ဘက်ကင်ဟမ် နန်းတော်၊ ပစ်ကာဒီလီ အဝိုင်း၊ စိန်ပေါလ် ဘုရားရှိ ခိုးကျောင်း၊ မျှော်စင်တံတားနှင့် ထရာဖယ်လ်ဂါ ပန်းခြံတို့ ဖြစ်သည်။ လန်ဒန်မြို့တွင် မြောက်မြားစွာသော ပြတိုက်များ၊ အနုပညာ ပြခန်းများ၊ စာကြည့်တိုက်များ၊ အားကစား ပွဲတော်များနှင့် အခြားသော ယဉ်ကျေးမှု အဖွဲ့အစည်းများ ရှိသည်။
လန်ဒန် မြေအောက်ရထားသည် ကမ္ဘာပေါ်တွင် သက်တမ်း အရင့်ဆုံး ရထားလမ်း ကွန်ရက်တစ်ခု ဖြစ်သည်။
 
ဒေသဆိုင်ရာ အစိုးရ
လန်ဒန်မြို့ အုပ်ချုပ်ရေးကို အပိုင်းနှစ်ပိုင်း ခွဲခြားထားပြီး လန်ဒန်မြို့တော် အာဏာပိုင် အဖွဲ့က မြို့တော်တစ် ဝန်းလုံး အုပ်ချုပ်ရေးကို တာဝန်ယူ၍ နယ်မြေ အစိတ်အပိုင်းများ အုပ်ချုပ်ရေးကို လက်အောက်ရှိ အာဏာပိုင် အဖွဲ့အစည်း ၃၃ ခုက တာဝန်ယူသည်။
လန်ဒန်မြို့တော် အာဏာပိုင် အဖွဲ့တွင် မြို့တော်ဝန်နှင့် လန်ဒန်အုပ်ချုပ်မှု အဖွဲ့တို့ ပါဝင်သည်။ လန်ဒန်မြို့ကို မြို့ပြ ရဲတပ်ဖွဲ့က တာဝန်ယူ စောင့်ရှောက်ပြီး လန်ဒန် သယ်ယူပို့ဆောင်ရေး ရဲတပ်ဖွဲ့သည် အမျိုးသား မီးရထားနှင့် လန်ဒန် မြေအောက်ရထား လုပ်ငန်းများကို တာဝန်ယူ ကြီးကြပ်သည်။ လန်ဒန် မီးသတ်နှင့် အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင် အဖွဲ့သည် ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး မီးသတ် လုပ်ငန်းဖြစ် သည်။ အမျိုးသား ကျန်းမာရေးလုပ်ငန်း အရေးပေါ်ဌာနကို လန်ဒန် အရေးပေါ် လုပ်ငန်းဌာနမှ ကူညီ ထောက်ပံ့သည်။
ကမ္ဘာပေါ်တွင် အရေးပေါ် လူနာတင်ယာဉ် လုပ်ငန်းကို အခမဲ့ အကြီးမားဆုံး ဆောင်ရွက်ပေးသော အဖွဲ့ဖြစ်သည်။ ထို့ပြင် လန်ဒန် လေကြောင်း အရေးပေါ် အဖွဲ့၊ ဘုရင်မကြီး၏ ကမ်းခြေစောင့် တပ်ဖွဲ့နှင့် တော်ဝင် အမျိုးသား အသက်ကယ်လှေ အဖွဲ့တို့က သိမ်းမြစ် အတွင်း စောင့်ကြပ် တာဝန်ယူသည်။
လန်ဒန်မြို့တွင် ယူနိုက်တက် ကင်းဒမ်း၏ အစိုးရအဖွဲ့ တည်ရှိပြီး ဝက်စ်မင်နင်စတာ နန်းတော်တွင် ထားရှိ သည်။ အစိုးရဌာန အများအပြားမှာ ပါလီမန်နှင့် ဝှိုက်ဟောလ်အနီးတွင် တည်ရှိသည်။ ဝန်ကြီးချုပ်၏ အမှတ် (၁ဝ) ဒေါင်းနင်း လမ်း နေအိမ်မှာလည်း အဆိုပါ အဆောက်အအုံများ အနီး၌ တည်ရှိသည်။ ဗြိတိသျှပါလီမန်သည် အခြား ပါလီမန် စနစ်များ၏ စံပြဖြစ်ပြီး ပါလီမန်များ၏ မိခင်ဟု ခေါ်ဝေါ်ခြင်း ခံရသည်။
 
ရာသီဥတု
လန်ဒန်မြို့သည် မျှတသော သမုဒ္ဒရာပိုင်း ရာသီဥတုရှိကာ ဗြိတိန် တောင်ပိုင်း ဒေသအများစုနှင့် ဆင်တူ သည်။ ဆောင်းရာသီ အချိန်များတွင် သာမန်အားဖြင့် အေးခဲပြီး နိုဝင်ဘာလမှ မတ်လအထိ နှင်းခဲများ ဖုံးလွှမ်းခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ် ကြုံတွေ့ရသည်။ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ တစ်နှစ်လျှင် လေးကြိမ်မှ ငါးကြိမ် နှင်းများ ကျတတ်သည်။ မတ်နှင့် ဧပြီ အတောအတွင်း နှင်းကျဆင်းမှု နည်းပါးပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်လျှင် တစ်ကြိမ် သာ ဖြစ်ပေါ်လေ့ ရှိသည်။
နွေရာသီ အချိန်များတွင် ပုံမှန်အားဖြင့် ပူနွေးပြီး တစ်ခါတစ်ရံ ပူအိုက်သည်။ လန်ဒန်မြို့လယ်ရှိ အပူချိန်သည် ဆင်ခြေ ဖုံးနှင့် မြို့စွန် ဒေသများထက် ၅ ဒီဂရီ ပိုမိုပူနွေးသည်။
လူနေရပ်ကွက်များ
လန်ဒန်မြို့ မြို့ပြနယ်မြေကို လူနေ ရပ်ကွက်များဖြစ်သော ဘလွန်းဘူရီ၊ မေဖဲ၊ ဝင်ဘလေ စသော နာမည်များ ကို အစွဲပြု ခေါ်ဝေါ်သည်။ လန်ဒန် အနောက်ပိုင်း အရပ်သည် လန်ဒန်မြို့၏ အဓိက ဖျော်ဖြေရေးနှင့် ဈေးဝယ်ရာ နေရာများ တည်ရှိရာဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်လျက် ရှိသည်။ အရှေ့ဘက် အစွန်း ရပ်ကွက်မှာမူ လန်ဒန် ဆိပ်ကမ်းနှင့် အနီးတွင် တည်ရှိပြီး ပြည်ပမှ လာရောက် နေထိုင်သူ အများဆုံး ရပ်ကွက် ဖြစ်သည်။ လန်ဒန်မြို့၏ အဆင်းရဲဆုံး ရပ်ကွက်များထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။ လန်ဒန်မြို့ ကို ၁၉၆၅ ခုနှစ်မှစ၍ ဘိုရော့ရပ်ကွက် ၃၂ ခုအဖြစ် ခွဲခြားခဲ့သည်။
ဗိသုကာလက်ရာ
လန်ဒန်မြို့၏ အဆောက်အအုံများမှာ ခေတ်ကာလ အလိုက် ဗိသုကာပုံစံ အမျိုးမျိုး ရှိသည်။ ခေတ်ဟောင်း လက်ရာများ ပါဝင်သကဲ့သို့ ခေတ်ပေါ် လက်ရာများလည်း တွေ့ရသည်။ ထင်ရှားသော ခေတ်သစ်လက်ရာ များတွင် ဘဲဥပုံသဏ္ဌာန် ရှိသော မြို့တော်ခန်းမနှင့် ဗြိတိသျှ စာကြည့်တိုက်များ ပါဝင်သည်။
လန်ဒန်မြို့ အလယ်ပိုင်းတွင် အကြီးမားဆုံးသော ပန်းခြံများမှာ ဟိုက်ပတ်နှင့် ကင်ဆင်တန် ဥယျာဉ်တို့ ဖြစ်ပြီး မြောက် ပိုင်းရှိ ရီးဂျင့် ပန်းခြံတို့လည်း ပါဝင်သည်။ ရီးဂျင့် ပန်းခြံတွင် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး သိပ္ပံတိရစ္ဆာန် ဥယျာဉ်လည်း ပါဝင်ပြီး ၎င်းမှာ ကမ္ဘာလှည့် ခရီးသည် အများဆုံး လာရောက်သော မဒမ်တူးဆော့ ဖယောင်းပြတိုက် အနီးတွင် တည်ရှိသည်။ လန်ဒန် မြို့လယ်ပိုင်းနှင့် နီးစပ်သော ပန်းခြံများတွင် ဂရင်းပတ်ခ် နှင့် စိန့်ဂျိမ်းပတ်ခ်တို့ ပါဝင်သည်။
လူမျိုးစုများ
အင်္ဂလန် အမျိုးသား စာရင်းအင်းရုံးမှ ရရှိသော အချက်အလက်များ အရ ၂ဝ၁၁ ခုနှစ် သန်းခေါင် စာရင်းတွင် လန်ဒန်မြို့၌ နေထိုင်သူများ၏ ၅၉ ဒသမ ၈ ရာခိုင်နှုန်းမှာ လူဖြူများ ဖြစ်ပြီး ၂ဝ ဒသမ ၉ ရာခိုင်နှုန်းမှာ အာရှ တိုက်သားများနှင့် အာရှ ဇာတိဖွားများ ဖြစ်သည်။ အိန္ဒိယ လူမျိုးများမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးများမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းစီ ရှိသည်။ တရုတ်လူမျိုး ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး အာရပ်လူမျိုး များမှာ ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်။ နောက်ထပ် ၄ ဒသမ ၉ ရာခိုင်နှုန်းမှာ အခြား အာရှတိုက်သားများ ဖြစ်သည်။ ၁၅ ဒသမ ၆ ရာခိုင်နှုန်းမှာ လူမည်းနှင့် လူမည်းဇာတိဖွားများ ဖြစ်ကြသည်။
ဘာသာရေး
၂ဝ၁၁ ခုနှစ် သန်းခေါင်စာရင်း အရ ခရစ်ယာန် ဘာသာဝင်များမှာ လန်ဒန်မြို့တွင် အများဆုံး ဖြစ်ပြီး ၄၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်။ ၎င်းတို့နောက်တွင် ဘာသာမဲ့ ၂ဝ ဒသမ ၇ ရာခိုင်နှုန်း၊ မူဆလင် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ဟိန္ဒူ ၅ ရာခိုင်နှုန်း၊ ဂျူး ၁ ဒသမ ၈ ရာခိုင်နှုန်း၊ ဆစ် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဗုဒ္ဓဘာသာ ၁ ရာခိုင်နှုန်းတို့ ရှိကြသည်။
လန်ဒန်မြို့တွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်း များစွာတည်ရှိပြီး မူဆလင် ဗလီများ၊ ဆစ်ဘုရား ကျောင်းများ၊ ဟိန္ဒူ ဘုရားကျောင်းများလည်း ရှိသည်။
စီးပွားရေး
လန်ဒန်မြို့ အနေဖြင့် ယူနိုက်တက် ကင်းဒမ်း (GDP) ၏ ၂ဝ ရာခိုင်နှုန်းကို ရယူ စွမ်းဆောင်နိုင်သည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အချက်အချာ ကျသော ဘဏ္ဍာရေး ဗဟိုဌာနများ အနက် တစ်ခုဖြစ်ပြီး နယူးယောက် ကဲ့သို့ပင် နိုင်ငံတ ကာ ငွေကြေးလုပ်ငန်း အတွက် အရေးကြီးသော နေရာတစ်ခု ဖြစ်သည်။
လန်ဒန်မြို့ရှိ အကြီးဆုံး လုပ်ငန်းမှာ ငွေကြေးလုပ်ငန်း ဖြစ်ပြီး ယူကေ၏ ငွေကြေး ဈေးကွက်တွင် အဓိက ပါဝင်လျက် ရှိသည်။ လူပေါင်း ၃၂၅ဝဝဝ မှာ လန်ဒန်ရှိ ငွေကြေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသည်။ လန်ဒန်မြို့တွင် နိုင်ငံရပ်ခြားဘဏ် ၄၈ဝ ကျော် ရှိရာ ကမ္ဘာပေါ်ရှိ မည်သည့် မြို့ကြီးထက် မဆို ပို မိုများပြားသည်။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းတွင် ဘဏ္ဍာရေး အကျပ်အတည်းကြောင့် တစ်နှစ်အတွင်း၌ အလုပ်အကိုင် ၇ဝဝဝဝ ကျော် လျှော့ချ ခဲ့ရသည်။ လန်ဒန်မြို့တော်သည် အင်္ဂလန်ဘဏ်၊ လန်ဒန် စတော့အိတ်ချိန်းနှင့် Lloyd's of London အာမခံ ဈေးကွက်တို့၏ တည်နေရာလည်း ဖြစ်သည်။ လန်ဒန်မြို့တွင် အဓိက စီးပွားရေးရပ်ကွက် ငါးခုရှိရာ မြို့တော်ရပ်ကွက်၊ ဝက်စ်မင်စတာ၊ ကနေရီ၊ ကင်ဒန်နှင့် လမ်းဘတ်တို့ ဖြစ်ကြသည်။
ခရီးသွားလုပ်ငန်း
လန်ဒန်မြို့သည် ခရီးသွားလုပ်ငန်း၏ ထင်ရှား ကျော်ကြားသော နေရာတစ်ခု ဖြစ်သည်။ လန်ဒန်မြို့သို့ နိုင်ငံ တကာ ခရီးသွားများ နှစ်စဉ် ၁၄ သန်းကျော် လာရောက်လျက် ရှိပြီး ဥရောပ၌ ခရီးသည် လာရောက် လည်ပတ်မှု အများဆုံး မြို့တော်လည်း ဖြစ်သည်။ လန်ဒန်မြို့တွင် အဓိက ကမ္ဘာလှည့် ခရီးသည်များ လာရောက် လည်ပတ်သည့် နေရာများမှာ ဗြိတိသျှပြတိုက်၊ အမျိုးသား အနုပညာ ပြခန်း၊ အမျိုးသား သမိုင်း ပြတိုက်၊ သိပ္ပံ ပြတိုက်၊ ဗစ်တိုးရီးယားနှင့် အဲလ်ဘတ် ပြတိုက်၊ မဒမ်တူးဆော့ ဖယောင်းပြတိုက်၊ အမျိုးသား ပင်လယ်ရေကြောင်း ပြတိုက်နှင့် လန်ဒန်မျှော်စင် တို့ ဖြစ်ကြသည်။ ။
ကျော်ဇင်ထွဋ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။