ဖားသူငယ်
တစ်ခါတုန်းက ဖားအုပ်စုတစ်စုသည် ပြိုင်ပွဲတစ်ခု ကျင်းပကြသည်။ တံတိုင်း၏ အမြင့်ဆုံးသို့ မည်သူ အရင်တက်နိုင်မည်ကို ပြိုင်ဆိုင်ကြသည်။ မြင့်မားသော တံတိုင်းကို ကြည့်ပြီး ဖားအချို့က...
“ဒီလောက်မြင့်တဲ့အမြင့် ဘယ်သူမှ တက်နိုင်မှာမဟုတ်ဘူး”
... “ တံတိုင်းမြင့်လွန်းတယ် ဘယ်သူမှ မအောင်မြင်နိုင်ဘူး” ... ဟု အမျိုးမျိုး ပြောဆိုကြသည်။ ထိုသို့ဝေဖန် ပြောဆိုသံကို ကြားသော် ဖားအချို့က ပြိုင်ပွဲကို လက်လွှတ်လိုက်ကြသည်။
အမြင့်သို့ စတင်တက်နေသော ဖားများကို ကြည့်ပြီး ဖားအချို့က...“သိပ်ခက်ခဲလွန်းတယ်... ဘယ်သူမှ ထိပ်ဆုံးထိ မရောက်နိုင်ဘူး” ဟုပြောကြပြန်သည်။ တစ်ယောက်တစ်ခွန်း ပြောဆိုနေကြသဖြင့် ဖားများ လက်လျော့ကာ ပြိုင်ပွဲမှ အသီးသီး နုတ်ထွက်ကုန်ကြသည်။ သို့သော် ဖားတစ်ကောင်မှာ အမြင့်သို့ တဖြည်းဖြည်းတက်ပြီး နောက်ဆုံးတွင် တံတိုင်း၏ ထိပ်ဆုံးသို့ ရောက်သွားလေသည်။ ဖားများက ထိပ်ဆုံးသို့ရောက်အောင် မည်သို့ တွားတက်သည်ကို သိလိုကြသဖြင့် သူ့အားဝိုင်းမေးကြသည်။ ထိုအခါမှ ထိုဖားသည် နားမကြားသော ဖားဖြစ်မှန်း သိကြရသည်။
ဤပုံပြင်တွင် ပါးစပ်သည် သူတစ်ပါး ပိုင်ဆိုင်သော အရာဖြစ်၍ ဘ၀သည် မိမိပိုင်ဆိုင်ရာဖြစ်သည်။ ကျွန်တော်တို့သည် တကယ့်နားကန်းသောသူ လုပ်စရာ မလိုပေ။ သို့သော် ဘ၀အတွက် မျှော်လင့်ချက်၊ ရည်မှန်းချက်၊ ပျော်ရွှင်မှုများဖြင့် ပြည့်နေသင့်သည်။ ပတ်ဝန်းကျင်၏ ဝေဖန် ပြစ်တင် ကဲ့ရဲ့ လှောင်ပြောင်သော စကားကို နားထောင်နေလျှင် မိမိခွန်အားကို လောင်မြိုက်နေ သည်နှင့် တူသည်။ ထိုစကားများကို နားယောင်ပြီး မိမိလုပ်ချင်သော အရာကို လက်လျော့မနေသင့်၊ မိမိဘ၀ မိမိလမ်းကြောင်းကို ဝေဖန် ဦးဆောင်နိုင်သောသူမှာ မိမိကိုယ်တိုင်ပင် ဖြစ်သင့်သည်။ ခွန်အားပြည့်စေသော အားပေးစကားများကို စိတ်ထဲတွင် မြဲမြံစွာ မှတ်ထားသင့်သည်။ ထိုစကားများသည် မိမိဘ၀အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးဝင်ကောင်း ၀င်နိုင်လိမ့်မည်။
နိုင်းနိုင်းစနေ
တစ်ခါတုန်းက ဖားအုပ်စုတစ်စုသည် ပြိုင်ပွဲတစ်ခု ကျင်းပကြသည်။ တံတိုင်း၏ အမြင့်ဆုံးသို့ မည်သူ အရင်တက်နိုင်မည်ကို ပြိုင်ဆိုင်ကြသည်။ မြင့်မားသော တံတိုင်းကို ကြည့်ပြီး ဖားအချို့က...
“ဒီလောက်မြင့်တဲ့အမြင့် ဘယ်သူမှ တက်နိုင်မှာမဟုတ်ဘူး”
... “ တံတိုင်းမြင့်လွန်းတယ် ဘယ်သူမှ မအောင်မြင်နိုင်ဘူး” ... ဟု အမျိုးမျိုး ပြောဆိုကြသည်။ ထိုသို့ဝေဖန် ပြောဆိုသံကို ကြားသော် ဖားအချို့က ပြိုင်ပွဲကို လက်လွှတ်လိုက်ကြသည်။
အမြင့်သို့ စတင်တက်နေသော ဖားများကို ကြည့်ပြီး ဖားအချို့က...“သိပ်ခက်ခဲလွန်းတယ
ဤပုံပြင်တွင် ပါးစပ်သည် သူတစ်ပါး ပိုင်ဆိုင်သော အရာဖြစ်၍ ဘ၀သည် မိမိပိုင်ဆိုင်ရာဖြစ်သည်။ ကျွန်တော်တို့သည် တကယ့်နားကန်းသောသူ လုပ်စရာ မလိုပေ။ သို့သော် ဘ၀အတွက် မျှော်လင့်ချက်၊ ရည်မှန်းချက်၊ ပျော်ရွှင်မှုများဖြင့် ပြည့်နေသင့်သည်။ ပတ်ဝန်းကျင်၏ ဝေဖန် ပြစ်တင် ကဲ့ရဲ့ လှောင်ပြောင်သော စကားကို နားထောင်နေလျှင် မိမိခွန်အားကို လောင်မြိုက်နေ သည်နှင့် တူသည်။ ထိုစကားများကို နားယောင်ပြီး မိမိလုပ်ချင်သော အရာကို လက်လျော့မနေသင့်၊ မိမိဘ၀ မိမိလမ်းကြောင်းကို ဝေဖန် ဦးဆောင်နိုင်သောသူမှာ မိမိကိုယ်တိုင်ပင် ဖြစ်သင့်သည်။ ခွန်အားပြည့်စေသော အားပေးစကားများကို စိတ်ထဲတွင် မြဲမြံစွာ မှတ်ထားသင့်သည်။ ထိုစကားများသည် မိမိဘ၀အတွက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးဝင်ကောင်း ၀င်နိုင်လိမ့်မည်။
နိုင်းနိုင်းစနေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။