by Yangon Press International on Wednesday, October 3, 2012 at 9:39am ·
အေပီသတင်းဌာနမှ ဒဲန်းနစ်ဂရေး၏ဆောင်းပါးကို
အောင်ထွန်းဦးဘာသာပြန်သည်။
အာရှမှာ ဒီလိုနေရာမျိုး
ဘယ်နေရာမှာမှ နောက်ထပ်မရှိတော့ပါဘူး။ လူမျိုးစုမျိုးစုံကြားမှာ ရာစုနှစ်တစ်ခု
ထက်ပိုပြီး ပကတိအတိုင်း လန်းလန်းဆန်းဆန်း နဲ့အရောင်အသွေးစုံလင်စွာရှိနေခဲ့တဲ့
ခန့်ညားပြီးအညတရ ဖြစ်တဲ့ ကိုလိုနီခေတ်အဆောက်အဦးတွေ
ရာပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့ မြို့ရှုခင်းတစ်ခုပါ။
အာရှရဲ့အခြားမြို့ကြီးတိုင်းလိုလိုမှာ အတိတ်ကို
ဘူဒိုဇာနဲ့ဖြိုချဖျက်စီးခဲ့တဲ့ လျင်မြန်တဲ့ခေတ်မီတိုးတက်မှုဟာ
မြန်မာနိုင်ငံရဲ့အကြီးဆုံးမြို့နဲ့အရင်ကမြို့တော်ဟောင်းဖြစ်ခဲ့တဲ့
ရန်ကုန်မြို့ကိုတော့ရှောင်ကွင်းခဲ့ပါတယ်။ Rangoon လို့တစ်ချိန်ကသိခဲ့ကြတဲ့
ရန်ကုန်မြို့ကို “အချိန်ကိုဖမ်းထားတဲ့မြို့”လို့ ဖော်ပြကြပါတယ်။
အခုအခါမှာတော့ မြန်မာနိုင်ငံဟာ
အလျင်အမြန်တိုးပွါးလာတဲ့ကမ္ဘာလှည့်ခရီးသည်တွေအပါအ၀င် ပြင်ပကမ္ဘာဆီ
ကိုကြာရှည်ပိတ်ထားတဲ့ တံခါးတွေဖွင့်လိုက်တဲ့အချိန်မှာပဲ
ရန်ကုန်မြို့ရဲ့ဗိသုကာလက်ရာတွေနဲ့နှစ်သက်ကြည် နူးစရာအနေအထားကို
အားကောင်းလာတဲ့တိုးတက်မှုနဲ့ယိုယွင်းမှုကနေ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့
အဓိကကျတဲ့ အားထုတ်မှုတစ်ရပ်ကိုလုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
“ကျွန်မတို့အတွက်ရန်ကုန်မြို့မှာလက်ဆောင်တစ်ခုရှိပါတယ်။
ဒါပေမယ့် ကျွန်မတို့အရေးတကြီးဆောင်ရွက်ဖို့လို ပါတယ်။နို့မဟုတ်ရင် အဲဒီလက်ဆောင်ကို
ထာဝရဆုံးရှုံးရပါလိမ့်မယ်” လို့ မြို့ပြရေးရာကျွမ်းကျင်သူ ဇင်နွယ်မြင့် က
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ နိုင်ငံခြားသားနဲ့ဒေသခံထိန်းသိမ်းစောင့်ရှောက်သူများရဲ့
ဆွေးနွေးပွဲ တစ်ခုမှာ ပြောခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို
မကြာသေးခင်ကမှတည်ထောင်ထားတဲ့ Yangon Heritage Trust ကစီစဉ်ခဲ့ တာပါ။
တကယ့်ကိုလက်ဆောင်ပဲဆိုတာကတော့ တက်ရောက်လာသူတွေ
ဆွေးနွေးပွဲကျင်းပရာ Strand ကနေထွက် လိုက်တာနဲ့ထင်ရှားပါတယ်။ Strand ဟာ
မြစ်ကမ်းပါးစင်္ကြံတစ်လျှောက်မှာ ၁၉၀၁ခုနှစ်ကတည်ဆောက်ခဲ့တဲ့ အထင်ကရဟိုတယ်တစ်ခုဖြစ်ပြီး
တစ်ခါတုန်းက ဘားမားလို့သိကြတဲ့ နိုင်ငံကိုဝင်လာကြတဲ့ ကမ္ဘာလှည့်ခရီး သည်တွေဆင်းကြတဲ့
ဆိပ်ကမ်းတွေနားမှာရှိတာလည်းဖြစ်ပါတယ်။
အဲဒီနေကနေ
တစ်နာရီမရှိတရှိလောက်လမ်းလျှောက်သွားတဲ့အခါမှာ ၀ိတိုရိယပုံစံ၊အန်းဘုရင်မပုံစံ၊
ရှေးဟောင်း ရောမနဲ့ဂရိဂန္ထ၀င်ပုံစံ၊ Art Deco ပုံစံနဲ့
ဗြိတိသျှနဲ့မြန်မာရောစပ်ထားတဲ့ပုံစံစတဲ့ ဗြိတိသျှကိုလိုနီခေတ် အဆောက်
အဦတွေနဲ့ဟန်ပန်အဖုံဖုံက ခရီးသွားတွေကိုဧည့်ဝတ်ကြိုနေပါတော့တယ်။
အဲဒီအဆောက်အဦတွေအများအပြား ဟာ မိုးပေါ်ထောင်နေတဲ့ရွှေရောင်အချွန်နဲ့ဆူးလေစေတီက
အလယ်ဗဟိုမှာရှိတဲ့ စစ်တုရင်ကွက်ပုံစံအကွက်ချ ထားတဲ့လမ်းတွေတစ်လျှောက်
စုပြုံတည်ရှိနေတာဖြစ်ပါတယ်။
မကြာသေးခင်ကမှထုတ်ဝေခဲ့တဲ့
“ရန်ကုန်မြို့ရဲ့ရှေးဟောင်းအမွေအနှစ်အဆောက်အဦ ၃၀” ဆိုတဲ့စာအုပ်ကို ရေးသားသူ
ဆယ်ရာရူနီ က သူမအကြိုက်ဆုံးအဆောက်အဦတွေထဲမှာ ပဲခူးကလပ်နဲ့ လောကနတ်ပန်းချီပြခန်း
အဆောက်အဦတွေ ပါတယ်လို့ပြောပါတယ်။
ကျွန်းသစ်တွေနဲ့ဆောက်ထားတဲ့ ကလပ်ဟာ
အတော်လေးယိုယွင်းပျက်စီးနေပြီး အဲဒီအတွက်ကြောင့်ပဲ့ အလွန်
အကျွံပြင်ဆင်ခြင်းခံထားရတဲ့ အာရှကရှေးဟောင်းအမွေအနှစ်အဆောက်အဦ အများအပြားထက်ပိုပြီး
စိတ်အာရုံကိုနှိုးဆွပေးပြီးအောက်မေ့သတိရစေတယ်လို့ သူမကပြောပါတယ်။တစ်ချိန်တစ်ခါက
ကိုလိုနီနယ်မြေ ရဲ့ သီးသန့်အဖြစ်ဆုံးနဲ့ဇီဇာအကြောင်ဆုံးဖြစ်တဲ့ ဒီကလပ်ဟာ
ရဒ်ယာဒ်ကစ်ပလင်း(Rudyard Kipling) လို ပုဂ္ဂိုလ်တွေကိုဧည့်ခံခဲ့ပါတယ်။ ကစ်ပလင်းဟာ
၁၈၈၉ မှာအဲဒီမြို့ကပြန်ပြီးတဲ့နောက် စစ်သားတွေနဲ့အရက်အ တူတူသောက်ပြီး
သွက်လက်မြူးကြွတဲ့ “မန္တလေးသွားတဲ့လမ်း” ဆိုတဲ့ကဗျာကို
ရေးစပ်ခဲ့တယ်လို့ဆိုကြပါတယ်။
လောကနတ်အဆောက်အဦဟာ
“ရန်ကုန်မြို့ရဲ့လူမျိုးပေါင်းစုံရှိမှုသင်္ကေတ” ဖြစ်တယ်လို့ ရူနီကပြောပါတယ်။
ဘဂ္ဂဒက်မြို့သားဂျူးကုန်သည်တစ်ဦးက ၁၉၀၆ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ ဒီအဆောက်အဦဟာ
ဖိလစ်ပိုင်ဆံပင် အလှပြင်ဆိုင်တစ်ဆိုင်၊ ဂရိသားရေကုန်သည်နဲ့အတူ
အီဂျစ်စီးကရက်၊ဂျာမန်ဘီယာနဲ့ဗြိတိသျှသကြားလုံး ဖြန့်ချိ
တဲ့ကုမ္ပဏီတွေရှိခဲ့တာကြောင့် မြို့တော်ရဲ့ဂုဏ်အရှိဆုံး
စီးပွါးရေးလုပ်ငန်းနေရာတစ်ခုဖြစ်ခဲ့ပါတယ်။
ထိန်းသိမ်းရေးအဖွဲ့ကိုဦးဆောင်သူ
အနောက်တိုင်းမှာပညာသင်ခဲ့တဲ့သမိုင်းပညာရှင် သန့်မြင့်ဦးက Strand ဟို
တယ်ရဲ့တစ်မိုင်ပတ်လည်အတွင်းမှာ
ရိုမန်ကက်သလစ်၊ပရိုတက်စတင့်နဲ့အာမေနီးယန်းဘုရားရှိခိုးကျောင်းတွေ၊
ရှီးယားနဲ့စွန်နီဗလီတွေ၊ ဂျိန်းဝတ်ကျောင်းတစ်ခု၊ ဟိန္ဒူဘုရားရှိခိုးကျောင်းတစ်ခုနဲ့
အသစ်ပြန်လည်မွမ်းမံထားတဲ့ ဂျူးဘုရားကျောင်းတစ်ခုရှိတယ်လို့မှတ်ချက်ပြုပါတယ်။
အဲဒီဂျူးဘုရားကျောင်းဟာ တစ်ချိန်တုန်းက အာရှရဲ့အ
ကြီးမားဆုံးဂျူးလူမျိုးအသိုင်းအ၀န်းများရဲ့ဗဟိုလည်းဖြစ်ခဲ့ပါတယ်။
များပြားလှတဲ့သဘာဝသယံဇာတတွေ အထူးသဖြင့်
ကျွန်းသစ်၊ရေနံနဲ့ဆန်စပါးတို့ရဲ့ဆွဲဆောင်မှုကြောင့် ကြွယ်ဝ မှုကိုရှာဖွေကြသူတွေနဲ့
ဆင်းရဲတဲ့အလုပ်သမားတွေဟာ တစ်ကမ္ဘာလုံးကနေစုပြုံဝင်ရောက်လာခဲ့ကြပြီး ရန်ကုန် ကို
နိုင်ငံတကာမြို့ကြီးအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်။ ၁၉၂၀ပြည့်လွန်ကာလတွေမှာဆိုရင်
တစ်ခါတစ်ရံ ရန်ကုန်မြို့ဟာ နယူးယောက်မြို့ထက်ပိုပြီး
ရွှေ့ပြောင်းဝင်ရောက်လာသူတွေကိုကြိုဆိုခဲ့တာပါ။
အဲဒီနောက်မှာတော့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာခဲ့ပြီး
၁၉၆၂ခုနှစ်မှာတော့ ရာစုနှစ်ဝက်ကြာအထီးကျန်မှု၊ အာဏာရှင်အုပ်ချုပ်မှုနဲ့
စီးပွါးရေးဆိတ်သုန်းမှု တွေကိုဖွင့်လှစ်ပေးခဲ့တဲ့ အာဏာသိမ်းမှုတစ်ရပ်ပေါ်ပေါက်ခဲ့
ပါတယ်။ ဒီအာဏာသိမ်းမှုကပဲ ရန်ကုန်နဲ့မြို့သူမြို့သားတွေကိုအနှေးနဲ့အမြန်ဆိုသလို
တန့်သွားအောင်လုပ်ခဲ့တဲ့ အဓိကအချက်လည်းဖြစ်ခဲ့ကောင်းဖြစ်နိုင်ပါတယ်။
“ရန်ကုန်မြို့မှာ
ရှင်သန်ဆဲအမွေအနှစ်တွေအများကြီးရှိသေးသလို ဆယ်စုနှစ်ပေါင်းများစွာကြာအောင်အဲဒီ
အဆောက်အဦဟောင်းတွေရဲ့ပတ်ဝန်းကျင်နဲ့အတွင်းထဲမှာ
ပေါက်ဖွားကြီးပြင်းခဲ့တဲ့စရိုက်သွင်ပြင်တွေနဲ့ လူမှုကွန်ယက်တွေရှိပါသေးတယ်”
လို့ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လှိုင်မော်ဦးကပြောပါတယ်။ ဒီအမွေအနှစ် ကို
ရန်ကုန်မြို့ရဲ့ကျယ်ပြန့်လာတဲ့
စိမ်းစိမ်းစိုစိုနေရာတွေ၊ရေကန်တွေ၊ဆင်ခြေဖုံးအိမ်ရာတွေနဲ့အတူ
ပြုစုစောင့်ရှောက်ဖို့လည်း သူကတိုက်တွန်းထားပါတယ်။
အခြားအကြံပြုချက်တွေထဲမှာတော့
ဆောက်လုပ်ရေးလုပ်ငန်းအသစ်တွေအပေါ်ကန့်သတ်ချက်တွေမြင့်မြင့်ထား ရှိဖို့၊
ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာသင်တန်းပေးခြင်း၊
အများပြည်သူသိရှိအောင်လုပ်ဆောင်ရေး နဲ့ခိုင်မာတဲ့ တရားဝင်သုတေသနနဲ့
ဖြိုဖျက်ခြင်းမလုပ်ရမယ့် အဆောက်အဦတွေအားလုံးရဲ့စာရင်းပြုစုရေးတို့ပါဝင်ပါတယ်။
စည်ပင်သာယာဌာနကလည်း အဆောက်အဦ ၁၈၈ခုကို
ထိန်းသိမ်းစောင့်ရှောက်ရေးစီမံချက်ကိုတင်ပြပါတယ်။
အဲဒီအဆောက်အဦးတွေကို
ရန်ကုန်သူရန်ကုန်သားတွေအတွက်ရော ကမ္ဘာလှည့်ခရီးသည်တွေအတွက်ပါ အကျိုးရှိအောင်
အကောင်းဆုံးဘယ်လိုအသုံးချမလဲဆိုတာကိုလည်းဆွေးနွေးခဲ့ပါတယ်။ အများသဘောဆန္ဒက တော့
တစ်ချို့အဆောက်အဦးတွေကို အမြတ်အစွန်းရမယ့်
ဟိုတယ်နဲ့စီးပွါးရေးလုပ်ငန်းအဖြစ်ပြောင်းလဲပစ်ဖို့ဖြစ် ပြီး
တစ်ချို့ကိုတော့ငွေကြေးထောက်ပံ့ပေးရမယ့်
အနုပညာပြခန်းတွေ၊ပြတိုက်တွေနဲ့ကျောင်းတွေအဖြစ်ရှိနေစေ ဖို့ပါပဲ။
“ကျွန်တော်တို့ဟာ
ဒီမြို့ရဲ့သမိုင်းမှာအပြောင်းအလဲကာလကိုရောက်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးဝန်
ကြီးချုပ်ဦးမြင့်ဆွေက ဆွေးနွေးပွဲကိုပြောကြားပါတယ်။
“ကျွန်တော်တို့ဟာ
ရန်ကုန်မြို့ကို၂၁ရာစုရဲ့မြို့တစ်မြို့အ ဖြစ်မြင်တွေ့လိုသလို
ကျွန်တော်တို့ရဲ့အကောင်းဆုံးအမွေအနှစ်တွေကိုလည်းထိန်းသိမ်းလိုပါတယ်။ ကျွန်တော်
တို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့
ကျွန်တော့်အနေနဲ့ဘာမှယုံမှားသံသယမရှိပါဘူး၊ ဒါပေမယ့်
အခြားအာရှမြို့ကြီးတွေရဲ့အမှားတွေကနေပြီး
ကျွန်တော်တို့သင်ခန်းစာယူရပါလိမ့်မယ်။”
အစိုးရဌာနတွေရှိခဲ့တဲ့အဆောက်အဦအများအပြားဟာ
အစိုးရကမြို့တော်ကိုနေပြည်တော်ဆီပြောင်းသွားခဲ့တဲ့ ၂၀၀၅
ကတည်းကဗလာကျင်းကျန်ခဲ့တာဖြစ်ပြီး ရောင်းချခြင်းခံခဲ့ရပါတယ်။ အဆောက်အဦတစ်ချို့
ပြင်မရ လောက်အောင်ပျက်စီးသွားမှာ ဒါမှာမဟုတ်
ဆောက်လုပ်ရေးသမားတွေက၀ယ်ယူပြီးဖြိုချပစ်လိုက်မှာကို စိုးရိမ် နေကြတာပါ။
အကာအကွယ်ပေးခြင်းမခံရသေးတဲ့
ပုဂ္ဂလိကပိုင်အဆောက်အဦးအများအပြားကတော့ ဖြိုချခံခဲ့ရပြီးဖြစ်ကာ
အရုပ်ဆိုးအကျည်းတန်တဲ့ အထပ်မြင့်အဆောက်အဦးတွေက
ထာဝရအစားထိုးနေရာယူလိုက်ပြီဖြစ်ပါတယ်။ဒီ အဆောက်အဦးတွေဟာ
တစ်ချိန်တစ်ခါကညီညီညာညာရှိခဲ့တဲ့ အဆောက်အဦတွေရဲ့အနားသတ်မျဉ်းကို
ပျက်စီးစေပါတယ်။
ဗြိတိသျှသံရုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊
စိန်ပေါလ်ကျောင်းနဲ့ မြို့တော်ခန်းမတို့အပါအ၀င် နိုင်ငံပိုင်အဆောက် အဦအချို့နဲ့
အပြည့်အ၀အသုံးပြုခံရတဲ့အထင်ကရအဆောက်အအုံ အချို့ကတော့ဘေးကင်းပုံရပါတယ်။
ဒီအဆောက်အဦတွေဟာ ဥရောပဒီဇိုင်းနဲ့
မြန်မာဘုရားပုထိုးများကလွှမ်းမိုးတဲ့အဆင်အယင်တွေရဲ့အရောအ နှောလည်းဖြစ်ပါတယ်။
အလားတူဘေးအန္တရာယ်ကင်းတာကတော့ သူတို့အားလုံးထဲမှာ
အကြီးကျယ်အခမ်းနားဆုံးဖြစ်တဲ့ ဗြိတိသျှကိုလိုနီအာဏာတည်ရှိခဲ့ရာ
ယခင်အတွင်းဝန်များရုံးပဲဖြစ်ပါတယ်။
အဲဒီကြီးမားလှတဲ့ ၀ိတီုရိယခေတ်ဟန် အဆောက်အဦထဲမှာ
မြန်မာ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီခေါင်းဆောင်အောင်ဆန်းစုကြည်တို့ရဲ့ချစ်လှစွာသောဖ
ခင်ကြီး အောင်ဆန်းဟာ ၁၉၄၇ ခုနှစ်မှာလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအဆောက်အဦကို ဟိုတယ်အဖြစ်ပြောင်းလဲဖို့
နိုင်ငံခြားရင်းနှီးမြှပ်နှံသူတစ်ဦးက လေလံဆွဲတာကြောင့်
လူထုအနေနဲ့အုတ်အော်သောင်းတင်းဖြစ်ခဲ့ပါတယ်။ ဒါကရန်ကုန်သူရန်ကုန်သားတွေအနေနဲ့
သူတို့ရဲ့အမွေအ နှစ်တွေအတွက် မားမားမတ်မတ်ရပ်တည်ဖို့အသင့်ပြင်ထားတယ်ဆိုတဲ့
မျှော်လင့်ချက်ရှိစရာလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။