Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, March 2, 2017

"အချိန်ရှိခိုက် အလုပ်ထွက်လိုက်"

 
 
"အချိန်ရှိခိုက် အလုပ်ထွက်လိုက်"
*********************************
တစ်ခါတစ်ရံ အချိန်မီနောက်ဆုတ်လိုက်ခြင်းက ပိုကောင်းသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျနော် အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ တော်တော်အားခဲပြီး ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်သည်။ အလုပ်ထွက်ရတာဟာကိုယ် အသားကျနေပြီးသားအခန်းကို ပုံစံသစ်နဲ့ ပြန်နေရာချရသလိုပင်ဖြစ်သည်။ အဆုံး သတ်ရလဒ်ကိုတိတိကျကျကြိုမြင်ဖို့မလွယ် ပေ၊ဘာကြောင့်အပြောင်းအလဲလုပ်မိကြောင်း ကိုပင်တစ်ခါတစ်ခါ ကိုယ့်ဘာသာ သေချာ ပြန်စဉ်းစားပုံဖော်ကြည့်ဖို့မလွယ်။ သေချာ သလိုရှိတာတစ်ခုကတော့ လက်ရှိအခြေ အနေကို မကျေနပ်နိုင်တော့တာ၊ ကိုယ်ဟာ တိုးတက်မှုရပ်တန့်နေသည်ဟု ခံစားလာရ တာဟာအလုပ်ထွက်ဖြစ်စေသည့် အဓိက တွန်းအားဖြစ်သည်။

ဘဝမှာ အဓိကအပြောင်းအလဲ တစ်ခုခု လုပ်လိုက်ပြီးပြီးချင်းမှာ မှားများ မှားသွားလားဟု နောင်တစိတ်ပေါ်လာ တတ်တာ ထုံးစံပင်ဖြစ်သည်။ သို့သော် တစ်ဖက်က ကြည့်လျှင်ကား ကိုယ်မနေချင် တော့သည့် နေရာ၊ မလုပ်ချင်တော့သည့် ပရောဂျက်၊ ရင်မဆိုင်ချင်တော့သည့် အခြေအနေမျိုးကနေ ရုန်းထွက်လိုက်ခြင်း ဖြင့်ကိုယ့်အတွက် ရင်ခုန်စရာရွေးချယ်ခွင့် အသစ်များစွာပွင့်လန်းလာခြင်းကြောင့် လူက တက်ြွကလာသည်၊ အသစ်တစ်ဖန် မွေးဖွားလာသည်။

ရှုထောင့်ပြောင်းဖို့လိုမည်

အလုပ်ထွက်လိုက်တာ၊ အခြေအနေ တစ်ခုခုမှ နောက်ဆုတ်လိုက်တာကိုရှက် စရာဟု မြင်တတ်ကြသည်။ ထိုနှစ်ချက်ကို ရှောင်ချင်စိတ်ကြောင့်တတ်နိုင်သမျှအ လုပ်ထွက်တာမျိုးကို ကျွန်ုပ်တို့ရှောင်တတ် ကြသည်။

"အလုပ်ထွက်တယ်၊ နောက်ဆုတ် တယ်ဆိုတာ အရှုံးသမားရဲ့လုပ်ရပ်လို့ ကျနော်တို့ ငယ်ငယ်ကတည်းက ခေါက်ရိုး ကျိုးနေတဲ့စိတ်ကြီးက စိုးမိုးနေတယ်} ဟု စိတ်ပညာရှင် ဝီလ်မိခ် က ပြောသည်။ အလုပ်ထွက်ခြင်းကို ရှုထောင့်ပြောင်းပြီး အကောင်းမြင်ရှုထောင့်က ကြည့်လိုက် ကြစို့။ အလုပ်ထွက်တယ်ဆိုတာ သတ္တိရှိမှ ဖြစ်သောအလုပ်၊ ရှေ့ကိုကြိုမြင်တတ်သော အလုပ်၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်အားကိုး ရဲသောအလုပ်ဟု ရှုမြင်ကြည့်ပါ။

"အလုပ်ထွက်တာကို ရှက်စရာလို့ မမြင်ဘဲ ရပ်သင့်တာကို ရပ်သင့်တဲ့အချိန်မှာ ရပ်ဖို့သိတတ်တဲ့ အရည်အချင်းလို့ ရှုမြင် တတ်ရပါမယ်} ဟု မစ္စတာ မိခ် က ပြောသည်။

ရပ်သင့်သည့်အချိန်ဟူသည် ကိုယ့် ဘက်က တတ်နိုင်သမျှ နည်းကုန်လမ်းကုန် စမ်းသပ်အားထုတ်ခဲ့ပြီးသည့်နောက် ထူးခြားမလာတော့သော အခြေအနေမျိုးကိုဆိုလိုသည်။

နုတ်ထွက်လိုက်တော့မည်ဟု ဆုံးဖြတ် ပြီးပြီဆိုလျှင်တော့ နောက်ဆက်တွဲရလဒ် များသည် မိမိတာဝန်လုံးလုံးဖြစ်သည် ဆိုတာ နားလည်ထားရမည်။ အပြောင်း အလဲသတင်းကိုကြားရလျှင် မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းနှင့်မိသားစုဝင် များကတော့ စိုးရိမ်တကြီး မေးကြမြန်းကြ လိမ့်မည်။ ထိုအခြေအနေကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းမှာ ဘာကြောင့် နုတ်ထွက်လိုက်ရသည်၊ ဘာကြောင့် လမ်းခွဲလိုက်ရသည်ကို ရိုးရိုးရှင်းရှင်းပင် ပြောပြဖို့နှင့်ရှေ့ဆက်ဘာလုပ်မည်ဆိုတာ ပြောပြထားဖို့ဖြစ်သည်။ ကိုယ်ဘာဆက် လုပ်မယ်ဆိုတာ အခြားသူများကို ပြောပြ နိုင်အောင် ပြင်ဆင်ထားခြင်းဖြင့် ကိုယ် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် သေချာ နေလိမ့်မည်။

ဘဝအရည်အသွေးမြှင့်တင်

မပျော်နိုင်တော့သည့်အလုပ်မျိုး၊ အချိန်ပြည့်ကြောက်နေရသည့်အလုပ်မျိုး၊ ကျန်းမာရေးထိခိုက်မည့် အလုပ်ခွင်မျိုး ဖြစ်နေသည့်တိုင် အခြားရွေးစရာမရှိသည့် အနေအထားမျိုးမှာ ပိတ်မိနေသူများ အများဆုံး အလုပ်ထွက်ဖြစ်ကြသည်။ ထိုအခြေအနေမျိုး ရောက်ရသည့်အခါ ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်နိုင်ခြင်း မရှိတော့ဘဲ လူက အချိန်ပြည့် စိတ်ဖိစီး နေရတော့သည်။

"စိတ်ဖိစီးမှု ကြီးသထက်ကြီးလာလျှင် ခန္ဓာကိုယ်ကျန်းမာရေးအပေါ်ပါ ဖိစီးလာ တတ်သည်} ဟု မစ္စတာ မိခ် က ဆိုသည်။

အမေရိကန်စိတ်ပညာအသင်းကြီး၏ အဆိုအရလည်း ရေရှည်စိတ်ဖိစီးနေသူ သည် သွေးတိုး၊ နှလုံး၊ လေဖြတ်နိုင်ခြေ ပိုများလာကြောင်း သိရသည်။ စိတ်ဖိစီးမှု ကင်းကင်းနေနိုင်လေ၊ ကိုယ်ရောစိတ် အတွက်ပါ အကျိုးရှိလေဖြစ်သည်။

"စိတ်ဖိစီးမှုကင်းဝေးကာ ကြည်မြ ရွှင်ပြသောစိတ်ဖြင့် နေထိုင်သူသည် ခန္ဓာကိုယ်ထဲတွင် စိတ်ဖိစီးမှုဟော်မုန်း ကော်တီဇုန်းနည်းပါးသလို သွေးပေါင်ချိန် လည်း ပုံမှန်၊ နှလုံးခုန်လည်း ပုံမှန်ဖြစ်ကာ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း} စိတ်နာလန်ပြန်ထခြင်းဆိုင်ရာ အထူး ကျွမ်းကျင်သူ ဒေါက်တာ အဲလက်လစ် ကာမန်က ပြောသည်။

ကိုယ့်ကိုစိတ်ဖိစီးစေသည့် အလုပ်မျိုး၊ အခြေအနေမျိုးကို သံယောဇဉ်ဖြတ်လိုက် ခြင်းသည် ကိုယ့်စိတ်ကို သိသိသာသာ အကျိုးရှိစေသည်။ လေ့လာမှုစစ်တမ်းများ အရလည်း ရွေးချယ်စရာမရှိဘဲ ချောင်ပိတ် မိနေသည့်အလုပ်မျိုး လုပ်နေရသူတို့သည် စိတ်ဖိစီးပင်ပန်းကာ နောက်ဆုံးမှာစိတ် ချုံးချုံးကျသည့်ဘဝ ရောက်ရကြောင်း သိရသည်။ အလုပ်ထွက်လိုက်ခြင်းကဲ့သို့ ဘဝမှာ အဓိကအပြောင်းအလဲတစ်ခု လုပ်လိုက်ခြင်းကြောင့် မှားများမှားသွား လေသလားဟု ခဏတာ နောင်တပူပန် စိတ်ဖြစ်မိမည်မှန်သော်လည်း ရေရှည် မှာကား ကောင်းကျိုးပိုရစေနိုင်ကြောင်း Career Cyclesအလုပ်အကိုင်ရှာဖွေ ရေးဝန်ဆောင်မှုလုပ်ငန်းမှ မာ့ခ်ဖရန် ကလင်က ဆိုသည်။

"ကိုယ်လုပ်ချင်တဲ့အလုပ် လုပ်နေရသူ တွေဟာ သိပ်ကိုပျော်ရွှင်သက်သောင့် သက်သာရှိကြတာမြင်ရတယ်} ဟု ゞင်းက ဆိုသည်။

ကိုယ်ဝါသနာပါတာကို အလုပ်ဖြစ်အောင်ဖန်တီး

ကိုယ်မကြိုက်နိုင်သည့် အလုပ်ကနေ ထွက်လိုက်ခြင်းဖြင့် ကိုယ်ကြိုက်နိုင်တာ ဘာဆိုတာ ရှာဖွေဖို့ ကိုယ့်အတွက် အချိန် အလျှံပယ်ရရှိလာမည်။ ဟားဗတ် တက္ကသိုလ်က ၁၉၉၉ တွင် လုပ်ထားသည့် လေ့လာမှုစစ်တမ်းတစ်ရပ်သည် ဘဏ် လုပ်ငန်းသမားများကို လေ့လာထားသည်။ ပုံမှန်အားဖြင့် ကွန်ပျူတာကိုင်ကာ အလုပ် လုပ်ရသူများကို သူတို့စိတ်ထဲမှာ လုပ်ချင် နေသည့် အလုပ်မျိုးကို အတုဖန်တီးကာ သရုပ်ဆောင်သည့်အနေမျိုးဖြင့် လုပ်ခိုင်း ကြည့်သည်။ ထိုအခါ မိမိရင်ထဲက နှစ်နှစ်ကာကာ လုပ်ချင်နေသည့် အလုပ် မျိုးကို တွေ့ရှိလာကြကာ တကယ်လည်း အလုပ်ကူးပြောင်းလုပ်ဖြစ်သွားသူများ ပေါ်ပေါက်လာသည်။

မကြိုက်နိုင်၍ ထွက်လိုက်သူအနေ ဖြင့်လည်း ထိုသဘောတရားကို အသုံးချကာ မိမိ ရှေ့ဆက်ဘာလုပ်မည်ကို ရှာဖွေကြည့်နိုင်သည်။

"ကိုယ်ဖြစ်ချင်သည့်လူမျိုးနှင့်တူ အောင် ဟန်ဆောင်ပန်ဆောင်လုပ်ကြည့်ပါ။ ကိုယ်လုပ်ချင်နေသည့် အလုပ်နယ်ပယ်မှာ ကျင်လည်နေသူတွေနှင့်ပေါင်းကြည့်ပါ။ စမ်းကြည့်ပါ။ ကိုယ်ဘယ်လိုခံစားရလဲ သုံးသပ်ပါ။ ကိုယ်နှင့်တကယ် ကိုက်ညီခြင်း ရှိမရှိချင့်ချိန်ပါ} ဟု ဖရန်ကလင်ကဆို သည်။

ကိုယ်မကြိုက်နိုင်သည့်အခြေအနေ ကနေ ရုန်းထွက်လိုက်ခြင်းကြောင့် အကူး အပြောင်းကာလတွင် အဆင်မပြေမှုများ ရှိမည်ဖြစ်သော်လည်း ကိုယ်ကြိုက်နိုင်သည့် အခြေအနေသို့ကူးဖို့ လမ်းပွင့်သွားမှာတော့ သေချာသည်။
===================================================
Jobs4U မှာ ကျွမ်းကျင်မှု့နယ်ပယ်ဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူရင်း…. ပိုမိုထိရောက်သော လုပ်ငန်းခွင်နယ်ပယ်များသို့သွားကြစို့….။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။