“ဘယ်လိုလူကို စံထားကြမလဲ”
"လူငယ်ဘ၀မှာ Role model စံပြပုဂ္ဂိုလ်တစ်ယောက် ရှိဖို့ လိုပါသလား၊ လိုတယ်ဆိုရင် အဲဒီလူမှာ ဘယ်လိုအရည်အချင်းမျိုးတွေ ရှိနေဖို့ လိုအပ်ပါသလဲ" ဆိုတာပဲဖြစ်ပါတယ်။
လိုအပ်တာပေါ့၊ ဘ၀မှာ စံပြပုဂ္ဂိုလ်တစ်ယောက်ရှိဖို့ ၊
လမ်းညွှန်ပြသပေးနိုင်မယ့်သူ Mentor တစ်ယောက်ရှိဖို့ သိပ်အရေးကြီးပါတယ်။
ဘ၀ဆိုတာ အမြဲအဆင်ပြေအောင်မြင်နေမှာ မဟုတ်ဘူး။ အရွယ်ရလာတာနဲ့အမျှ
ဘ၀ရဲ့အချိုးအကွေ့တွေလည်း ကြုံလာရလိမ့်မယ်။ ဒီအခါ ကိုယ့်အသိ၊ ကိုယ့်အတွေ့အကြုံနဲ့ ဆုံးဖြတ်ဖို့ ခက်လာတယ်။ ဒီအခါမှာလည်း ရှေ့ဆောင်လမ်းပြမယ့်လူ၊ အကောင်းဆုံးအကြံဥာဏ်ပေးနိုင်မယ့်လူတွေ လိုလာတယ်။ အောင်မြင်သူအများစုကို သတိထားကြည့်ကြည့်လိုက်ပါ။ သူတို့ဆီမှာ အဲဒီလိုလူတွေ ရှိနေတတ်တာကို တွေ့ရလိမ့်မယ်။
ဒါဖြင့် ဘယ်လိုရှာရမလဲ၊ ဘယ်လိုအရည်အချင်းတွေရှိမရှိ ကြည့်ပြီးမှ ရွေးချယ်ရမလဲ ဆိုတော့ ဆရာရဲက ပြန်ဖြေပါတယ်။
တစ်ယောက်ယောက်ရယ်လို့ မရှာပါနဲ့၊ လူတိုင်းဆီကနေ ကောင်းတဲ့အချက်လေးတွေ ဆွဲထုတ်ယူတတ်အောင်သာ ကြိုးစားပါတဲ့။
စာအုပ်တွေထဲကနေ ဆွဲထုတ်လို့ရတယ်၊ လူတွေဆီကလည်း အတုယူစရာတွေ အများကြီးပါပဲ။ အဓိကက ကိုယ့်စိတ်ကို ဖွင့်ထားဖို့ပဲ လိုပါတယ်။
ဒီနေရာမှာ လူငယ်တွေ သတိထားစရာ အချက်(၃)ချက်ကို ပြောပြသွားတယ်။
ပထမတစ်ချက်က ဂါရ၀တရားထားဖို့ပါ။
ရိုသေလေးစားခြင်းလို့ အဓိပ္ပါယ်ရတဲ့ ဂါရ၀တရားမရှိတဲ့အခါ မာနကြီးတယ်၊ အတုယူဖို့မပြောနဲ့၊ မတော်တာတွေ့လို့ ပြောရင်တောင် ဆိုဆုံးမရတာ ခက်တယ်၊ လက်မခံချင်ဘူး၊ တစ်ယောက်ယောက်ကို တွေ့ပြီဆို အထင်သေးတတ်တဲ့စိတ်က အရင်ဖြစ်တယ်၊ ဒီလိုစိတ်အခံနဲ့တော့ မှန်းထားသလောက် တိုးတက်ဖို့ရာ ခက်တယ်။
ဆရာကြီးဦးသုခ ရေးဖူးတာလေးရှိတယ်။ ဂါရ၀တရား(၁၀)ပါးမှာ သိက္ခာတရားမှာ သာလို့၊ တည်ကြည်ဖြောင့်မတ်မှုမှာ သာလို့ စသဖြင့် (၉)ပါးက တခုခုသာနေလို့ ဂါရ၀ထားရတာ၊ နောက်ဆုံးတစ်ပါးက ဘာလဲဆိုတော့ အညမည ဂါရ၀၊ အချင်းချင်းအတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေခြင်း တဲ့။ သဘောကတော့ လူတိုင်းမှာ လေးစားစရာတခုခုတော့ ရှိနေတတ်တယ် ဆိုတာပါပဲ။
ဒုတိယတစ်ချက်က လူပုဂ္ဂိုလ်ကိုးကွယ်မှု ပါ။
လူတိုင်းမှာ အားနည်းချက်တွေ ရှိတတ်ကြတာချည်းပါပဲ။ ဒီတော့ လူတစ်ယောက်ကို လေးစားတာနဲ့ သူလုပ်သမျှအကုန်လုပ်မယ်၊ သူ့ပုံစံအတိုင်း နေမယ်ဆိုတာဟာ အင်မတန်မှားပါတယ်။ နောက်ပြီး အကောင်းမြင်လွန်းထားတဲ့အခါ၊ သူဟာ အင်မတန်ပြီးပြည့်စုံသူလို့ စိတ်ထဲမှတ်ထားတဲ့အခါ တကယ်တမ်း ကိုယ်ထင်ထားသလို မဟုတ်တာတွေ့လာခဲ့ရင် တအားစိတ်ပျက်သွားတတ်တယ်။
နောက်ဆုံးတစ်ချက်ကတော့ အတုယူမမှားကြဖို့ပါပဲ။
မှားတယ်ဆိုတဲ့နေရာမှာ မဟုတ်တဲ့လူကို အားကျတာလည်း ပါသလို၊ ဟုတ်တဲ့လူဆီက မဟုတ်တာကို သွားအားကျနေတာလည်း ပါတယ်။
စာရေးဆရာဖြစ်ချင်တဲ့လူက အရင်ဘာလုပ်လဲ၊ စာမဖတ်ဘူး၊ စာလည်းမရေးဘူး၊ လွယ်အိတ်ကြီးလွယ်တယ်၊ အ၀တ်အစားခပ်နွမ်းနွမ်းကို ကပိုကရိုဝတ်တယ်၊ ဒါ စာရေးဆရာဂိုက်ပေါ့။ မာ့ခ်ဇူကာဘတ်ဆိုရင် တီရှပ်ဝတ်တာ၊ တက္ကသိုလ်က ဘွဲ့မရတာကို အရင်ဆုံးပြေးမြင်တယ်၊ သူပညာကို ဘယ်လိုဆည်းပူးခဲ့တယ်၊ ဘယ်လိုရိုးရိုးရှင်းရှင်း နေတတ်တယ်၊ ဘယ်လိုတော်တယ်ဆိုတာတွေကိုတော့
အတုယူဖို့ မေ့နေတတ်ကြတယ်။ ကျွန်တော်တို့လူငယ်တွေဟာ
အတွင်းပိုင်းအနှစ်သာရကို အတုမယူဘူး၊ အပြင်ပန်းမြင်နေရတာကိုပဲ အားကျကြတယ်၊
အဲ့ဒီလိုဖြစ်အောင် လိုက်တုပကြတယ်။
တက္ကသိုလ်ဆရာဘ၀၊ ဆရာဝန်ဘ၀၊ စာရေးဆရာဘ၀တွေမှာ အမြင့်ဆုံးအောင်မြင်မှုတွေ ရထားတဲ့ ဆရာရဲဟာ ငယ်စဉ်က ညံ့တဲ့ကျောင်းသားထဲမှာ ပါခဲ့ပါသတဲ့။ အံ့သြစရာပါ။ ခုကျမှ သိရတဲ့သူတွေကလည်း အံ့သြသလို၊ ငယ်စဉ်ကတည်းက ညံ့တဲ့ကျောင်းသားအဖြစ် သိထားကြတဲ့သူတွေကလည်း ခုလိုအခြေအနေဖြစ်လာတာကို အံ့သြတယ်။
ဒါဆို ခုလိုအောင်မြင်လာစေခဲ့တဲ့ ဆရာဘ၀ရဲ့ အလှည့်အပြောင်းက ဘာများလဲ။
ဆရာရေးခဲ့ဖူးပါတယ်၊ သူ့မှာ အရည်အချင်းဆိုလို့ တစ်ခုတည်း ရှိပါတယ်၊ အဲဒါကတော့ Appreciation နှစ်သက်လက်ခံတတ်ခြင်းပါတဲ့ ။
ဥပမာတစ်ခု ပေးပါမယ်။ ဆရာဟာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကို
အင်မတန်လေးစားအားကျသူပါ။ ဆရာကြီးရဲ့ ဇာတ်ကောင်တွေက အကျိုးပြုစာရေးဆရာ၊
ဆရာဝန်၊ ကျောင်းဆရာ ဖြစ်နေတာတွေများတော့ ငယ်ငယ်ကတည်းက အဲ့ဒီဘ၀ (၃)ခုဟာ
ဆရာ့အိပ်မက်တွေလို ဖြစ်လာတယ်။ တကယ့်လက်တွေ့မှာလည်း ဖြစ်လာခဲ့ပါတယ်။
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်မှာရော
အားနည်းချက်မရှိဘူးလား၊ ရှိနိုင်တာပါပဲ၊ ရှိတာပါပဲ။ ဒါပေမယ့်
အဲဒါတွေကြောင့် ငါ အတုမယူတော့ဘူးဆိုရင် ကောင်းတဲ့အချက်လေးတွေ လွတ်သွားမယ်။
ဒီလိုပဲ၊ လူပုဂ္ဂိုလ်ကိုပါ ကိုးကွယ်လိုက်မယ်ဆိုရင်လည်း
သူ့အားနည်းချက်တွေပါ ကိုယ့်ဆီရောက်လာလိမ့်မယ်။ ဆရာကြီးဇာတ်ကောင်တွေဆီက
စီးကရက်သောက်တတ်တာကိုပဲ အတုယူမယ်ဆိုလည်း စီးကရက်ကို ဟန်ပါပါခဲတတ်တဲ့
စတိုင်လ်ပဲ ကိုယ်ရလိမ့်မယ်။
ပြောကြတယ်၊ လူငယ်တွေမှာ လေးစားအားကျစရာ Role model တွေ ပျောက်နေကြပါတယ်တဲ့။
မဟုတ်ပါဘူး။ လူငယ်တွေရဲ့ ပတ်ဝန်းကျင်မှာ အတုယူစရာ လူတွေအများကြီးပါပဲ။ အမှန်တော့ လောကမှာ ပြီးပြည့်စုံတဲ့ စံပြပုဂ္ဂိုလ်ရယ်လို့လည်း မရှိပါဘူး။ အဓိကကတော့ ကိုယ့်စိတ်ကို ဖွင့်ထားဖို့နဲ့ ကောင်းတဲ့အချက်တွေပဲ ဆွဲထုတ်ယူတတ်ကြဖို့ပါပဲ။
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
၁.၃.၂၀၁၇
"လူငယ်ဘ၀မှာ Role model စံပြပုဂ္ဂိုလ်တစ်ယောက် ရှိဖို့ လိုပါသလား၊ လိုတယ်ဆိုရင် အဲဒီလူမှာ ဘယ်လိုအရည်အချင်းမျိုးတွေ ရှိနေဖို့ လိုအပ်ပါသလဲ" ဆိုတာပဲဖြစ်ပါတယ်။
လိုအပ်တာပေါ့၊ ဘ၀မှာ စံပြပုဂ္ဂိုလ်တစ်ယောက်ရှိဖို
ဒါဖြင့် ဘယ်လိုရှာရမလဲ၊ ဘယ်လိုအရည်အချင်းတွေရှိမရှိ
တစ်ယောက်ယောက်ရယ်လို့ မရှာပါနဲ့၊ လူတိုင်းဆီကနေ ကောင်းတဲ့အချက်လေးတွေ ဆွဲထုတ်ယူတတ်အောင်သာ ကြိုးစားပါတဲ့။
စာအုပ်တွေထဲကနေ ဆွဲထုတ်လို့ရတယ်၊ လူတွေဆီကလည်း အတုယူစရာတွေ အများကြီးပါပဲ။ အဓိကက ကိုယ့်စိတ်ကို ဖွင့်ထားဖို့ပဲ လိုပါတယ်။
ဒီနေရာမှာ လူငယ်တွေ သတိထားစရာ အချက်(၃)ချက်ကို ပြောပြသွားတယ်။
ပထမတစ်ချက်က ဂါရ၀တရားထားဖို့ပါ။
ရိုသေလေးစားခြင်းလို့ အဓိပ္ပါယ်ရတဲ့ ဂါရ၀တရားမရှိတဲ့အခါ မာနကြီးတယ်၊ အတုယူဖို့မပြောနဲ့၊ မတော်တာတွေ့လို့ ပြောရင်တောင် ဆိုဆုံးမရတာ ခက်တယ်၊ လက်မခံချင်ဘူး၊ တစ်ယောက်ယောက်ကို တွေ့ပြီဆို အထင်သေးတတ်တဲ့စိတ်က အရင်ဖြစ်တယ်၊ ဒီလိုစိတ်အခံနဲ့တော့ မှန်းထားသလောက် တိုးတက်ဖို့ရာ ခက်တယ်။
ဆရာကြီးဦးသုခ ရေးဖူးတာလေးရှိတယ်။ ဂါရ၀တရား(၁၀)ပါးမှာ သိက္ခာတရားမှာ သာလို့၊ တည်ကြည်ဖြောင့်မတ်မှုမှာ သာလို့ စသဖြင့် (၉)ပါးက တခုခုသာနေလို့ ဂါရ၀ထားရတာ၊ နောက်ဆုံးတစ်ပါးက ဘာလဲဆိုတော့ အညမည ဂါရ၀၊ အချင်းချင်းအတူနေသူများအား တစ်ဦးကိုတစ်ဦး လေးစားရိုသေခြင်း တဲ့။ သဘောကတော့ လူတိုင်းမှာ လေးစားစရာတခုခုတော့ ရှိနေတတ်တယ် ဆိုတာပါပဲ။
ဒုတိယတစ်ချက်က လူပုဂ္ဂိုလ်ကိုးကွယ်မှု ပါ။
လူတိုင်းမှာ အားနည်းချက်တွေ ရှိတတ်ကြတာချည်းပါပဲ။ ဒီတော့ လူတစ်ယောက်ကို လေးစားတာနဲ့ သူလုပ်သမျှအကုန်လုပ်မယ်၊ သူ့ပုံစံအတိုင်း နေမယ်ဆိုတာဟာ အင်မတန်မှားပါတယ်။ နောက်ပြီး အကောင်းမြင်လွန်းထားတဲ့အခါ၊
နောက်ဆုံးတစ်ချက်ကတော့ အတုယူမမှားကြဖို့ပါပဲ။
မှားတယ်ဆိုတဲ့နေရာမှာ မဟုတ်တဲ့လူကို အားကျတာလည်း ပါသလို၊ ဟုတ်တဲ့လူဆီက မဟုတ်တာကို သွားအားကျနေတာလည်း ပါတယ်။
စာရေးဆရာဖြစ်ချင်တဲ့လူက အရင်ဘာလုပ်လဲ၊ စာမဖတ်ဘူး၊ စာလည်းမရေးဘူး၊ လွယ်အိတ်ကြီးလွယ်တယ်၊ အ၀တ်အစားခပ်နွမ်းနွမ်းကို ကပိုကရိုဝတ်တယ်၊ ဒါ စာရေးဆရာဂိုက်ပေါ့။ မာ့ခ်ဇူကာဘတ်ဆိုရင် တီရှပ်ဝတ်တာ၊ တက္ကသိုလ်က ဘွဲ့မရတာကို အရင်ဆုံးပြေးမြင်တယ်၊ သူပညာကို ဘယ်လိုဆည်းပူးခဲ့တယ်၊ ဘယ်လိုရိုးရိုးရှင်းရှင်း နေတတ်တယ်၊ ဘယ်လိုတော်တယ်ဆိုတာတွေကိုတေ
တက္ကသိုလ်ဆရာဘ၀၊ ဆရာဝန်ဘ၀၊ စာရေးဆရာဘ၀တွေမှာ အမြင့်ဆုံးအောင်မြင်မှုတွေ ရထားတဲ့ ဆရာရဲဟာ ငယ်စဉ်က ညံ့တဲ့ကျောင်းသားထဲမှာ ပါခဲ့ပါသတဲ့။ အံ့သြစရာပါ။ ခုကျမှ သိရတဲ့သူတွေကလည်း အံ့သြသလို၊ ငယ်စဉ်ကတည်းက ညံ့တဲ့ကျောင်းသားအဖြစ် သိထားကြတဲ့သူတွေကလည်း ခုလိုအခြေအနေဖြစ်လာတာကို အံ့သြတယ်။
ဒါဆို ခုလိုအောင်မြင်လာစေခဲ့တဲ့ ဆရာဘ၀ရဲ့ အလှည့်အပြောင်းက ဘာများလဲ။
ဆရာရေးခဲ့ဖူးပါတယ်၊ သူ့မှာ အရည်အချင်းဆိုလို့ တစ်ခုတည်း ရှိပါတယ်၊ အဲဒါကတော့ Appreciation နှစ်သက်လက်ခံတတ်ခြင်းပါတဲ့
ဥပမာတစ်ခု ပေးပါမယ်။ ဆရာဟာ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်မ
ပြောကြတယ်၊ လူငယ်တွေမှာ လေးစားအားကျစရာ Role model တွေ ပျောက်နေကြပါတယ်တဲ့။
မဟုတ်ပါဘူး။ လူငယ်တွေရဲ့ ပတ်ဝန်းကျင်မှာ အတုယူစရာ လူတွေအများကြီးပါပဲ။ အမှန်တော့ လောကမှာ ပြီးပြည့်စုံတဲ့ စံပြပုဂ္ဂိုလ်ရယ်လို့လည်း မရှိပါဘူး။ အဓိကကတော့ ကိုယ့်စိတ်ကို ဖွင့်ထားဖို့နဲ့ ကောင်းတဲ့အချက်တွေပဲ ဆွဲထုတ်ယူတတ်ကြဖို့ပါပဲ။
ရေးသားသူ - ဒေါက်တာ ဖြိုးသီဟ
၁.၃.၂၀၁၇
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။