အလှမ်းဝေးသွားသည့် မြန်မာ့ပညာရေး
မန်မာနိုင်ငံ၏ ပညာရေးစနစ်သည် စစ်အစိုးရ ခေတ်တစ်လျှောက်လုံး နိမ့်ကျ ဆိုးရွားခဲ့သည်မှာ အထူးပြောစရာပင်လိုမည် မထင်ပေ။ မြန်မာနိုင်ငံ၏ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် (ရန်ကုန်) နှင့် ဆေးတက္ကသိုလ်တို့သည် အရှေ့တောင်အာရှတွင် တစ်ချိန်က ဂုဏ်သတင်းကြီးခဲ့သည်ကို ပြန်ပြောင်း အမှတ်ရမိသည်။ ၁၉၅၀ ဝန်းကျင်ခန့်က အမေရိကန်နှင့် ဥရောပတိုက်ရှိ ပညာရှင်များသည် မြန်မာပညာရှင်များနှင့် ပူးပေါင်းပြီး မြန်မာတက္ကသိုလ်များတွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်ခွင့် ရခဲ့ကြသဖြင့် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် မြန်မာသည် ဂုဏ်ယူဝင့်ကြွားနိုင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့ဖူးပါသည်။
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ခေတ်ကို စစ်အစိုးရက ဦးဆောင် ထူထောင်ပြီးချိန်က စတင်ကာ ဆိုရှယ်လစ် စီးပွားရေး၊ ဆိုရှယ်လစ် နိုင်ငံတော်ကို အထောက်အကူ ဖြစ်စေမည့် ပညာရေးကို ထူထောင်မည်ဟု ဆိုလိုက်ချိန်ကတည်းက မြန်မာ့ပညာရေး ဦးစိုက်ထိုးဆင်းပြီး နွံတွင်း နစ်ခဲ့ရတော့သည်။ ၁၉၆၂ ခုနှစ်မှသည် ၁၉၈၈ ခုနှစ်ကာလအတွင်း ပထမစစ် အစိုးရ စိုးမိုးထားချိန်၌ ဆိုရှယ်လစ် ပညာရေးကြောင့် မြန်မာ့ပညာရေးသည် ကမ္ဘာ့ပညာရေးနှင့် အလှမ်းဝေးကာ မျက်ခြည် ပြတ်သွားခဲ့ရတော့သည်။
ဆိုရှယ်လစ် စစ်အစိုးရခေတ်က တက္ကသိုလ်များတွင် အရည်အချင်း ပြည့်ဝသည့် ပညာရှင်များ ကျန်သေးသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ၁၉၅၀ ဝန်းကျင်က အရည်အချင်း ပြည့်ဝသူများကို မွေးထုတ် ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဆရာအများစုမှာ အနောက်နိုင်ငံ တက္ကသိုလ်ကြီးများက မွေးထုတ်ပေးခဲ့သည့် ပညာရှင်များဖြစ်ပြီး၊ ထိုခေတ် ပညာရှင်များက ပြန်လည်ပြီး ဆရာလုပ်နေသောကြောင့် ဖြစ်သည်။ ထို့ပြင် ဆိုရှယ်လစ် အစိုးရသည် အနောက်တိုင်း အစိုးရများထံမှ ခေါ်ယူသော ပညာသင်ဆုများကို လက်ခံပြီး ပညာရှင်များကို လွှတ်ပေးနေသောကြောင့် ပညာရေးတွင် ပညာရှင် ခါးကြောပြတ်ခြင်းမှာ သိပ်မသိသာလှဟု ဆိုရမည် ဖြစ်သည်။ ထိုလက်ကျန် ပညာရှင် အများစုနှင့်ပင် တက္ကသိုလ်များကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည် ဆိုသော်လည်း အားလုံးသည် စစ်အစိုးရ၏ ပုံစံခွက်ထဲ ရောက်သွားသော ဆရာများ ဖြစ်သွားခဲ့ရရှာသည်။
၁၉၈၈ ခုနှစ်တွင် ဒုတိယ စစ်အာဏာရှင် မျိုးဆက်က ခေတ်တစ်ခေတ်ကို ဆက်လက်ထူထောင် ခဲ့ပါသည်။ ထိုအချိန်တွင် ဆိုရှယ်လစ် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး အမှုတော်ထမ်းခဲ့သည့် ပညာရှင်ဆရာကြီး ဆရာမကြီးများ အငြိမ်းစား ယူကုန်ကြပြီ ဖြစ်သည်။ ထို့ပြင် အချို့သော အရည်အချင်းရှိသည့် ဆရာများမှာ ဝန်ကြီးဌာန ပြောင်းသွားကြကြောင်းလည်း တွေ့ရသည်။ ဆရာ ဆရာမများကို ၃၃ ချက် ဖြည့်စွက် လက်မှတ်ရေးထိုးခိုင်းခြင်း၊
ဖိနှိပ်ခြင်းများကြောင့် အရည်အချင်းပြည့်သော ဆရာများ
ထွက်သွားခဲ့ရခြင်းများလည်း ရှိခဲ့သည်။ ဒုတိယ စစ်အစိုးရသည် နိုင်ငံအနှံ့
တက္ကသိုလ်ကျောင်းများကို မြို့ကြီးများနှင့် အလှမ်းဝေးသော နေရာများတွင်
တည်ဆောက်ကာ ကျောင်းသားများကို ဖြိုခွဲမှုများ စတင်ခဲ့တော့သည်။
အရည်အချင်း ပြည့်မီသော ဆရာဆိုသည်မှာ နှစ်ရှည်လများ စီမံချက်ဖြင့် မွေးထုတ်မှသာ ရနိုင်ပေသည်။ အရည်အချင်းရှိသော ပညာရေး၊ အရည်အချင်း ပြည့်ဝသော ဆရာများနှင့်သာ အရည်အချင်း ပြည့်ဝသော ကျောင်းသား ကျောင်းသူများကို မွေးထုတ်နိုင်မည် ဖြစ်သည်။ ဆရာတွေ စိတ်ဓာတ်ကျပြီး ထွက်သူထွက်၊ ပညာရှင်တွေ ပင်စင်ယူ၊ ကျောင်းများထဲတွင် သင်မည့်သူမရှိဘဲ တက္ကသိုလ်ခွဲများကို အရေအတွက်အရ ထူထောင်ခဲ့ခြင်းကြောင့် မပြည့်စုံသည့် ဘဝများကို ပညာသင်ကြားသူရော၊ သင်ယူသူတို့ပါ စိတ်ပျက်သွားစေအောင် ပြုလုပ်သလိုလည်း ဖြစ်ခဲ့ရသည်။
၁၉၉၀ ပြည့်နှစ်ခန့်တွင် ဆရာပြတ်လပ်ခြင်းကို ကုစားရန်အတွက် တက္ကသိုလ် ဆရာများကို ပေါများစွာ ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ပြန်သည်။ သို့သော် အရေအတွက်အရ ဖြည့်ဆည်းရန်သာ ဖြစ်ပြီး အရည်အချင်းအရ ပြည့်မီသောသူများဟု မဆိုနိုင်ကြောင်း အငြိမ်းစား ဆရာများက ဆိုကြသည်။ ထိုအရည်အချင်း ပြည့်မီခြင်းမရှိသော ဆရာများကိုပင် တည်ဆောက် ဖွင့်လှစ်ထားသော တက္ကသိုလ် ကောလိပ်များသို့ စေလွှတ်ပြီး ကျောင်းသား ထိန်းခိုင်းသလို လုပ်ဆောင်ခဲ့ခြင်းကြောင့် မလိုလားအပ်သော အကျင့်ပျက် လုပ်ရပ်များ၊ ကျူရှင် သင်ကြားခြင်းများကို ဖြစ်စေကာ တက္ကသိုလ်ပညာရေး လောကဂုဏ်သိက္ခာ စတင်ကျဆင်း လာခဲ့ရတော့သည်။
တက္ကသိုလ်များတွင် အရည်အချင်း မရှိသော ဆရာများသည် ကျောင်းသားများကို ပြင်ပသို့ ခေါ်ထုတ်ပြီး မေးခွန်းပေးခြင်း၊ မေးခွန်းအတိုင်းသင်ခြင်း၊ ကျူရှင်တက်မှ အအောင်ပေးခြင်းတို့ကို ပြုလုပ်လာကြခြင်းမှာ တက္ကသိုလ် ပညာရေးလောကကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၏ ပထမခြေလှမ်းနှင့် စစ်အစိုးရတို့၏ အောင်ပွဲဟုသာ ဆိုရပေလိမ့်မည်။
ကျောင်းသား ကျောင်းသူများဘက်က ကြည့်လျှင်လည်း တက္ကသိုလ် လာတက်ခြင်း ဆိုသည်မှာ ဘွဲ့ရရန် ဖြစ်ပြီး တစ်နှစ်တစ်တန်း အောင်မြင်ရေးအတွက် ပိုက်ဆံ ပေးလိုက်လျှင် ပြီးပြီဟု သဘောထားလာကြသည်။ ပိုဆိုးသည်က အစိုးရကိုယ်တိုင် ပညာရေး ဝေးသည် မရှိရအောင်ဆိုကာ အဝေးသင် ပညာရေးစနစ်ကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ကျောင်းများတွင် ကျောင်းလာတက်လျှင် ဆူပူ လှုပ်ရှားတတ်သောကြောင့် ကျောင်းကို တစ်လလောက် လာတက်ပြီး ဘွဲ့ရစေရန် စီစဉ်ပေးသည့် ပညာရေး စနစ်ကလည်း ကျူရှင်သင်ကြားရေးကို ပိုပြီး အားပေးအားမြှောက် ပြုလိုက်သလို ဖြစ်စေခဲ့ပြန်သည်။ အဝေးသင်များကို ကျောင်းများတွင် အနီးကပ် သင်တန်းဖွင့်လိုက်မှ တိုက်ဆောက် ကားစီးသွားနိုင်ကြသော ဆရာအရေအတွက် ပိုများလာခြင်းမှာ ခေတ်နှင့် စနစ်ကြောင့်လား လူကြောင့်လားဟု ပြန်လည် သုံးသပ်စရာ ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ဒေါက်တာ (Ph.D) ဘွဲ့ပေးရန် ၁၉၉၀ ပြည့်နှစ် လောက်ကတည်းက စတင်ခဲ့သည်။ သို့သော် ထိုတက္ကသိုလ်ကြီးများတွင် ဒေါက်တာဘွဲ့ ယူမည့်သူများကို ကြီးကြပ် (Supervisor) မည့်သူများ မည်မျှ ရှိနေသနည်း၊ သုတေသန ပြုလုပ်ရန်အတွက် Resourceများ မည်မျှ ရှိနေသနည်းဆိုသည့် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။ အငြိမ်းစား ယူသွားသည့် တက္ကသိုလ် ဆရာများကို တွေ့ဆုံမေးမြန်းရာ၌ ၁၉၉၀ ပြည့် နှောင်းပိုင်းတွင် တင်သွင်းသည့် ဒေါက်တာဘွဲ့အတွက် စာတန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ ၁၉၈၈ ခုနှစ်မတိုင်မီ တင်သွင်းခဲ့သည့် မာစတာဘွဲ့အတွက် ပြုစုသော ကျမ်းများလောက်ပင် အဆင့်အတန်း မရှိဟု ဆိုသည်။
တက္ကသိုလ်တွင် တက်နေသော ကျောင်းသား အများစုသည် ပေးသလောက် ယူရသည့် ပညာရေးတွင်သာ သာယာပျော်မွေ့ နေကြပြီး စောစောဘွဲ့ရကာ ကျေနပ်နေကြသူများ ဖြစ်ကြသည်။ သို့သော် ခေတ်ကို မြင်တတ်သည့် မိဘများဖြစ်ပြီး ငွေကြေးချမ်းသာသူများက မိမိတို့ သားသမီးများကို ကွန်ပျူတာပညာ၊ အင်္ဂလိပ်စာအပြင် အခြားကမ္ဘာ့အဆင့်မီ စာမေးပွဲများအတွက် ကြိုတင် ပြင်ဆင်သည့် အတန်းများကို အပိုတက်ခိုင်း ထားကြသည်။ သို့သော် အများစုမှာ ဘွဲ့ရအမည်ခံ ဟန်တစ်လုံးဖြင့်သာ စက်ဖြင့် လှည့်ထုတ်ထားသည့် ဘွဲ့ရပညာ မတတ်စာရင်းဝင်များ ဖြစ်သွား ခဲ့ကြရသည်။
မြန်မာ့ပညာရေးသည် ရှေ့မတိုးနောက်ဆုတ် ပညာရေး ဖြစ်သည်။ ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မည်ဟု ဒုတိယ စစ်အစိုးရသည် ကြွေးကြော် ဂုဏ်ယူနေသော်လည်း ပညာရေးအဆင့်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ရသည်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICFF) ၏ ၂၀၀၆ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် မူလတန်း အဆင့်နှင့် အလယ်တန်းအဆင့် ပညာဆုံးခန်း မတိုင်ဘဲ ကျောင်းထွက် သွားရသည့် ဦးရေမှာ ၅၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ကျောင်းထွက်သွားသည့် ကျောင်းသားဦးရေမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိနေသည်။
အခြေခံပညာ အဆင့်တွင်လည်း ဆရာဦးရေနှင့် ကျောင်းသားအချိုးမှာ ပြဿနာ ရှိနေဆဲ ဖြစ်သည်။ ညံ့ဖျင်းလှသည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများ ကင်းမဲ့စွာဖြင့် သင်ကြားနေ ခြင်းများ၊ ကျောင်းဆရာ မရှိသည့် ဒေသများတွင် ရသည့်ဆရာများကို ဆွဲခန့် သင်ကြားနေရခြင်းများက အခြေခံတွင် စတင်ပြီး အခြေမခိုင်ခဲ့သည့် ပညာရေးကို အကောင်အထည် ဖော်ပေးနေသလို ဖြစ်ခဲ့သည်။ ကျောင်းစာသင်ခန်းများ မလုံလောက်ခြင်း၊ ကျောင်းသုံး ပရိဘောဂများ မပြည့်စုံခြင်း၊ ဖြစ်သလို သင်နေရခြင်းများအပြင် ကျောင်းရှိပြီး ဆရာမရှိသောကြောင့် ကျောင်းမဖွင့်နိုင်သော ကျေးလက်တောရွာများ ရှိနေချိန်၌ ကြီးကျယ် ခမ်းနားလှသော ပုဂ္ဂလိက ကျောင်းတွေကလည်း မြို့ကြီးများတွင် အသီးသီး ပေါ်ထွက်လာခဲ့သည်။ ပုဂ္ဂလိက ကျောင်းများသည် ကြီးကျယ် ခမ်းနားပြီး ဈေးကြီးလှသောကြောင့် ၂ ရာခိုင်နှုန်းခန့်သာ ပုဂ္ဂလိက ကျောင်းများသို့ ပို့နိုင်ကြသေးကြောင်း တွေ့ရသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့က ကြီးမှူးပြီး ပညာရေးအတွက် အစားအစာများ ကျွေးမွေးရေးကို ကျေးလက်တောရွာ အချို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ဖူးသည်။ ပညာရေးဌာန ကျောင်းများတွင် အစားအသောက်များ ကျွေးမွေးရန် အစီအစဉ်အရ ကျောင်းသို့ ကလေးပို့လျှင် မိသားစုများ အစားအစာများ ရရှိစေရန် စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံကို အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့မှုများ ပြုလိုက်သောကြောင့် UNDP နှင့် WFP တို့၏ အစီအစဉ်လည်း ပျောက်သွား ခဲ့ရပြန်သည်။ သို့ဖြစ်ရာ ကျောင်းလာလျှင် အစားအစာ ပေးမည့်အစား၊ ကျောင်းထုတ်ပြီး အစားအစာ ရှာဖွေခိုင်းသည့် ဘဝနှင့်ပင် ဝေးသီခေါင်သော ဒေသများနှင့် ဆင်းရဲသည့် ဒေသများမှ ကလေးများ ပညာရေး ဝေးခဲ့ကြရပြန်သည်။
မြန်မာနိုင်ငံ တက္ကသိုလ်နှင့် အထက်တန်း ကျောင်းထွက်များ ကျောင်းက ထွက်လာပြီးနောက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးနှင့် ဆိုင်သောနေရာများတွင် အလုပ်အကိုင် မရကြသည်မှာလည်း အဆန်းမဟုတ်။ လုပ်ငန်းရှင် တစ်ဦးကမူ သူ့လုပ်ငန်းခွင်တွင် ဘွဲ့ရပညာတတ်များထက်၊ ဆယ်တန်းအောင် လောက်ကိုသာ ခန့်ထားရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ အဘယ်ကြောင့် ဆိုသော် နှစ်မျိုးစလုံးကို လုပ်ငန်းခွင်တွင် လက်တွေ့ လုပ်ဆောင်တတ်စေရန် ပြန်သင်ပေးရသည်သာ ဖြစ်သည်။ သို့သော် ဘွဲ့ရထက် ဆယ်တန်းအောင်လောက်ကို ခေါ်ယူသုံးစွဲခြင်းက လစာနည်းနည်းပေးပြီး ခိုင်းကောင်းသည်ဟု ပြောကြားခဲ့သည်။
ပညာရေး၏ အခန်းကဏ္ဍ စုတ်ပြတ် နိမ့်ကျနေရခြင်းမှာ အစိုးရတွင် တာဝန်ရှိပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် အစိုးရကသာ ပညာရေး အခန်းကဏ္ဍ အားလုံးကို တာဝန်ယူထားသောကြောင့် ဖြစ်သည်။ အနောက်တိုင်း တက္ကသိုလ် များကလည်း မြန်မာနိုင်ငံ တက္ကသိုလ်များအား ပညာသင် ဆုပေးခြင်း များကိုလည်း တစ်ခုပြီးတစ်ခု ရပ်ဆိုင်း ကုန်ကြပြန်သဖြင့် ပညာတတ် မွေးထုတ်ရေး အစီအစဉ် များမှာလည်း တစ်ခုပြီးတစ်ခု ဆုံးရှုံး ကုန်ရပြန်သည်။ ယခုဆိုလျှင် ဂျပန်နှင့် ဂျာမနီ အစိုးရတို့က ခေါ်သည့် ပညာသင်ဆုများသာ ကျန်တော့သည်။ ဂျပန်နှင့် ဂျာမန်ပြန် ပညာတတ် ကျောင်းသားများကို ပိုပြီးသဘောကျကြောင်း သိရသော်လည်း လူမှန် နေရာမှန် ရောက်ရှိရေး ဆိုသည်မှာ စစ်အစိုးရ လက်ထက်တွင် အလွန် ရတောင့်ရခဲသော အခွင့်အရေး တစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံရှိ စစ်ဗိုလ်ချုပ်ကြီးများနှင့်
ခရိုနီကြီးများ၏ မိသားစုများသည် သူတို့သားသမီးများကို စင်ကာပူနှင့်
ဘန်ကောက်သို့ပို့ပြီး ပညာသင်ကြား ခိုင်းကြသည်။ သို့ဖြစ်ရာ
မြန်မာနိုင်ငံတွင် ပညာရေးနိမ့်ကျသည် ဆိုခြင်းမှာ ယင်းလူတန်းစားများနှင့်
လားလားမှ မသက်ဆိုင်သော ကိစ္စတစ်ရပ် ဖြစ်နေသည်။ ဆင်းရဲသည့် ပြည်သူအများစုမှာ
ရသလောက် ပညာရေးကိုသာ ဘာနဲ့ပေးပေး ဘွဲ့ရရင်ပြီးရော သဘောဖြင့်
သင်ကြားနေကြရသည်။ အငြိမ်းစား တက္ကသိုလ် ပါမောက္ခတစ်ဦးက -
“တက္ကသိုလ်မှာ အရည်အချင်း ပြည့်ဝတဲ့ ဆရာတွေမရှိတာ ဆင်းရဲတဲ့ ကလေးတွေကိုပဲ ထိခိုက်စေတယ်။ သူတို့မှာ အခြားရွေးချယ်စရာမှ မရှိတာ။ ဆရာတွေကို သင်တန်းတွေ အများကြီး ပေးဖို့လိုတယ်။ တက္ကသိုလ်က ဆရာတွေကို နိုင်ငံခြား ပညာတော်သင်ခွင့်တွေ များများရအောင် လုပ်ပေးရမယ်။ ကျောင်းကောင်းကောင်း မတက်နိုင်ခဲ့တဲ့သူတွေက ပညာကောင်းကောင်း မတတ်ဘူး။ သူတို့ ပညာကောင်းကောင်း မသင်ခဲ့ရတော့ ဘယ်လိုလုပ်ပြီး အရည်အသွေး ပြည့်မီတဲ့ ပညာကို ပြန်ပြီးမျှဝေနိုင်တော့မှာလဲ။
ခေတ်ကြောင့် စနစ်ကြောင့် ပျက်စီးခဲ့ရတဲ့ ဆရာတွေကို အရေးယူတာတွေ
အပြစ်ပေးတာတွေ လုပ်နေမယ့်အစား ဘယ်လို မြှင့်တင်ပေးပြီး ဘယ်လို ပြန်အသုံးချ
သင့်သလဲဆိုတာကိုပဲ စဉ်းစား လုပ်ဆောင်သင့်တယ်” ဟု ပြောကြားသွားခြင်းကား
စဉ်းစားစရာ ဖြစ်တော့သည်။
Ref : Reassessing the economic sanctions imposed by western governments on Myanbmar,
Kyaw Yin Hlaing
အယ်ဒီတာတစ်ဦး
မန်မာနိုင်ငံ၏ ပညာရေးစနစ်သည် စစ်အစိုးရ ခေတ်တစ်လျှောက်လုံး နိမ့်ကျ ဆိုးရွားခဲ့သည်မှာ အထူးပြောစရာပင်လိုမည် မထင်ပေ။ မြန်မာနိုင်ငံ၏ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် (ရန်ကုန်) နှင့် ဆေးတက္ကသိုလ်တို့သည် အရှေ့တောင်အာရှတွင် တစ်ချိန်က ဂုဏ်သတင်းကြီးခဲ့သည်ကို ပြန်ပြောင်း အမှတ်ရမိသည်။ ၁၉၅၀ ဝန်းကျင်ခန့်က အမေရိကန်နှင့် ဥရောပတိုက်ရှိ ပညာရှင်များသည် မြန်မာပညာရှင်များနှင့် ပူးပေါင်းပြီး မြန်မာတက္ကသိုလ်များတွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်ခွင့် ရခဲ့ကြသဖြင့် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် မြန်မာသည် ဂုဏ်ယူဝင့်ကြွားနိုင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့ဖူးပါသည်။
မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်ခေတ်ကို စစ်အစိုးရက ဦးဆောင် ထူထောင်ပြီးချိန်က စတင်ကာ ဆိုရှယ်လစ် စီးပွားရေး၊ ဆိုရှယ်လစ် နိုင်ငံတော်ကို အထောက်အကူ ဖြစ်စေမည့် ပညာရေးကို ထူထောင်မည်ဟု ဆိုလိုက်ချိန်ကတည်းက မြန်မာ့ပညာရေး ဦးစိုက်ထိုးဆင်းပြီး နွံတွင်း နစ်ခဲ့ရတော့သည်။ ၁၉၆၂ ခုနှစ်မှသည် ၁၉၈၈ ခုနှစ်ကာလအတွင်း ပထမစစ် အစိုးရ စိုးမိုးထားချိန်၌ ဆိုရှယ်လစ် ပညာရေးကြောင့် မြန်မာ့ပညာရေးသည် ကမ္ဘာ့ပညာရေးနှင့် အလှမ်းဝေးကာ မျက်ခြည် ပြတ်သွားခဲ့ရတော့သည်။
ဆိုရှယ်လစ် စစ်အစိုးရခေတ်က တက္ကသိုလ်များတွင် အရည်အချင်း ပြည့်ဝသည့် ပညာရှင်များ ကျန်သေးသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ၁၉၅၀ ဝန်းကျင်က အရည်အချင်း ပြည့်ဝသူများကို မွေးထုတ် ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဆရာအများစုမှာ အနောက်နိုင်ငံ တက္ကသိုလ်ကြီးများက မွေးထုတ်ပေးခဲ့သည့် ပညာရှင်များဖြစ်ပြီး၊ ထိုခေတ် ပညာရှင်များက ပြန်လည်ပြီး ဆရာလုပ်နေသောကြောင့် ဖြစ်သည်။ ထို့ပြင် ဆိုရှယ်လစ် အစိုးရသည် အနောက်တိုင်း အစိုးရများထံမှ ခေါ်ယူသော ပညာသင်ဆုများကို လက်ခံပြီး ပညာရှင်များကို လွှတ်ပေးနေသောကြောင့် ပညာရေးတွင် ပညာရှင် ခါးကြောပြတ်ခြင်းမှာ သိပ်မသိသာလှဟု ဆိုရမည် ဖြစ်သည်။ ထိုလက်ကျန် ပညာရှင် အများစုနှင့်ပင် တက္ကသိုလ်များကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည် ဆိုသော်လည်း အားလုံးသည် စစ်အစိုးရ၏ ပုံစံခွက်ထဲ ရောက်သွားသော ဆရာများ ဖြစ်သွားခဲ့ရရှာသည်။
၁၉၈၈ ခုနှစ်တွင် ဒုတိယ စစ်အာဏာရှင် မျိုးဆက်က ခေတ်တစ်ခေတ်ကို ဆက်လက်ထူထောင် ခဲ့ပါသည်။ ထိုအချိန်တွင် ဆိုရှယ်လစ် စစ်အစိုးရလက်ထက် တစ်လျှောက်လုံး အမှုတော်ထမ်းခဲ့သည့် ပညာရှင်ဆရာကြီး ဆရာမကြီးများ အငြိမ်းစား ယူကုန်ကြပြီ ဖြစ်သည်။ ထို့ပြင် အချို့သော အရည်အချင်းရှိသည့် ဆရာများမှာ ဝန်ကြီးဌာန ပြောင်းသွားကြကြောင်းလည်း တွေ့ရသည်။ ဆရာ ဆရာမများကို ၃၃ ချက် ဖြည့်စွက် လက်မှတ်ရေးထိုးခိုင်းခြင်း၊
အရည်အချင်း ပြည့်မီသော ဆရာဆိုသည်မှာ နှစ်ရှည်လများ စီမံချက်ဖြင့် မွေးထုတ်မှသာ ရနိုင်ပေသည်။ အရည်အချင်းရှိသော ပညာရေး၊ အရည်အချင်း ပြည့်ဝသော ဆရာများနှင့်သာ အရည်အချင်း ပြည့်ဝသော ကျောင်းသား ကျောင်းသူများကို မွေးထုတ်နိုင်မည် ဖြစ်သည်။ ဆရာတွေ စိတ်ဓာတ်ကျပြီး ထွက်သူထွက်၊ ပညာရှင်တွေ ပင်စင်ယူ၊ ကျောင်းများထဲတွင် သင်မည့်သူမရှိဘဲ တက္ကသိုလ်ခွဲများကို အရေအတွက်အရ ထူထောင်ခဲ့ခြင်းကြောင့် မပြည့်စုံသည့် ဘဝများကို ပညာသင်ကြားသူရော၊ သင်ယူသူတို့ပါ စိတ်ပျက်သွားစေအောင် ပြုလုပ်သလိုလည်း ဖြစ်ခဲ့ရသည်။
၁၉၉၀ ပြည့်နှစ်ခန့်တွင် ဆရာပြတ်လပ်ခြင်းကို ကုစားရန်အတွက် တက္ကသိုလ် ဆရာများကို ပေါများစွာ ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ပြန်သည်။ သို့သော် အရေအတွက်အရ ဖြည့်ဆည်းရန်သာ ဖြစ်ပြီး အရည်အချင်းအရ ပြည့်မီသောသူများဟု မဆိုနိုင်ကြောင်း အငြိမ်းစား ဆရာများက ဆိုကြသည်။ ထိုအရည်အချင်း ပြည့်မီခြင်းမရှိသော ဆရာများကိုပင် တည်ဆောက် ဖွင့်လှစ်ထားသော တက္ကသိုလ် ကောလိပ်များသို့ စေလွှတ်ပြီး ကျောင်းသား ထိန်းခိုင်းသလို လုပ်ဆောင်ခဲ့ခြင်းကြောင့် မလိုလားအပ်သော အကျင့်ပျက် လုပ်ရပ်များ၊ ကျူရှင် သင်ကြားခြင်းများကို ဖြစ်စေကာ တက္ကသိုလ်ပညာရေး လောကဂုဏ်သိက္ခာ စတင်ကျဆင်း လာခဲ့ရတော့သည်။
တက္ကသိုလ်များတွင် အရည်အချင်း မရှိသော ဆရာများသည် ကျောင်းသားများကို ပြင်ပသို့ ခေါ်ထုတ်ပြီး မေးခွန်းပေးခြင်း၊ မေးခွန်းအတိုင်းသင်ခြင်း၊ ကျူရှင်တက်မှ အအောင်ပေးခြင်းတို့ကို ပြုလုပ်လာကြခြင်းမှာ တက္ကသိုလ် ပညာရေးလောကကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၏ ပထမခြေလှမ်းနှင့် စစ်အစိုးရတို့၏ အောင်ပွဲဟုသာ ဆိုရပေလိမ့်မည်။
ကျောင်းသား ကျောင်းသူများဘက်က ကြည့်လျှင်လည်း တက္ကသိုလ် လာတက်ခြင်း ဆိုသည်မှာ ဘွဲ့ရရန် ဖြစ်ပြီး တစ်နှစ်တစ်တန်း အောင်မြင်ရေးအတွက် ပိုက်ဆံ ပေးလိုက်လျှင် ပြီးပြီဟု သဘောထားလာကြသည်။ ပိုဆိုးသည်က အစိုးရကိုယ်တိုင် ပညာရေး ဝေးသည် မရှိရအောင်ဆိုကာ အဝေးသင် ပညာရေးစနစ်ကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။ ကျောင်းများတွင် ကျောင်းလာတက်လျှင် ဆူပူ လှုပ်ရှားတတ်သောကြောင့် ကျောင်းကို တစ်လလောက် လာတက်ပြီး ဘွဲ့ရစေရန် စီစဉ်ပေးသည့် ပညာရေး စနစ်ကလည်း ကျူရှင်သင်ကြားရေးကို ပိုပြီး အားပေးအားမြှောက် ပြုလိုက်သလို ဖြစ်စေခဲ့ပြန်သည်။ အဝေးသင်များကို ကျောင်းများတွင် အနီးကပ် သင်တန်းဖွင့်လိုက်မှ တိုက်ဆောက် ကားစီးသွားနိုင်ကြသော ဆရာအရေအတွက် ပိုများလာခြင်းမှာ ခေတ်နှင့် စနစ်ကြောင့်လား လူကြောင့်လားဟု ပြန်လည် သုံးသပ်စရာ ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ဒေါက်တာ (Ph.D) ဘွဲ့ပေးရန် ၁၉၉၀ ပြည့်နှစ် လောက်ကတည်းက စတင်ခဲ့သည်။ သို့သော် ထိုတက္ကသိုလ်ကြီးများတွင် ဒေါက်တာဘွဲ့ ယူမည့်သူများကို ကြီးကြပ် (Supervisor) မည့်သူများ မည်မျှ ရှိနေသနည်း၊ သုတေသန ပြုလုပ်ရန်အတွက် Resourceများ မည်မျှ ရှိနေသနည်းဆိုသည့် မေးခွန်းများ ပေါ်ထွက်လာခဲ့သည်။ အငြိမ်းစား ယူသွားသည့် တက္ကသိုလ် ဆရာများကို တွေ့ဆုံမေးမြန်းရာ၌ ၁၉၉၀ ပြည့် နှောင်းပိုင်းတွင် တင်သွင်းသည့် ဒေါက်တာဘွဲ့အတွက် စာတန်းများ၏ ၉၀ ရာခိုင်နှုန်းမှာ ၁၉၈၈ ခုနှစ်မတိုင်မီ တင်သွင်းခဲ့သည့် မာစတာဘွဲ့အတွက် ပြုစုသော ကျမ်းများလောက်ပင် အဆင့်အတန်း မရှိဟု ဆိုသည်။
တက္ကသိုလ်တွင် တက်နေသော ကျောင်းသား အများစုသည် ပေးသလောက် ယူရသည့် ပညာရေးတွင်သာ သာယာပျော်မွေ့ နေကြပြီး စောစောဘွဲ့ရကာ ကျေနပ်နေကြသူများ ဖြစ်ကြသည်။ သို့သော် ခေတ်ကို မြင်တတ်သည့် မိဘများဖြစ်ပြီး ငွေကြေးချမ်းသာသူများက မိမိတို့ သားသမီးများကို ကွန်ပျူတာပညာ၊ အင်္ဂလိပ်စာအပြင် အခြားကမ္ဘာ့အဆင့်မီ စာမေးပွဲများအတွက် ကြိုတင် ပြင်ဆင်သည့် အတန်းများကို အပိုတက်ခိုင်း ထားကြသည်။ သို့သော် အများစုမှာ ဘွဲ့ရအမည်ခံ ဟန်တစ်လုံးဖြင့်သာ စက်ဖြင့် လှည့်ထုတ်ထားသည့် ဘွဲ့ရပညာ မတတ်စာရင်းဝင်များ ဖြစ်သွား ခဲ့ကြရသည်။
မြန်မာ့ပညာရေးသည် ရှေ့မတိုးနောက်ဆုတ် ပညာရေး ဖြစ်သည်။ ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မည်ဟု ဒုတိယ စစ်အစိုးရသည် ကြွေးကြော် ဂုဏ်ယူနေသော်လည်း ပညာရေးအဆင့်မှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ရသည်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICFF) ၏ ၂၀၀၆ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် မူလတန်း အဆင့်နှင့် အလယ်တန်းအဆင့် ပညာဆုံးခန်း မတိုင်ဘဲ ကျောင်းထွက် သွားရသည့် ဦးရေမှာ ၅၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ ကယားပြည်နယ်နှင့် ချင်းပြည်နယ်များတွင် ကျောင်းထွက်သွားသည့် ကျောင်းသားဦးရေမှာ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိနေသည်။
အခြေခံပညာ အဆင့်တွင်လည်း ဆရာဦးရေနှင့် ကျောင်းသားအချိုးမှာ ပြဿနာ ရှိနေဆဲ ဖြစ်သည်။ ညံ့ဖျင်းလှသည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ သင်ထောက်ကူ ပစ္စည်းများ ကင်းမဲ့စွာဖြင့် သင်ကြားနေ ခြင်းများ၊ ကျောင်းဆရာ မရှိသည့် ဒေသများတွင် ရသည့်ဆရာများကို ဆွဲခန့် သင်ကြားနေရခြင်းများက အခြေခံတွင် စတင်ပြီး အခြေမခိုင်ခဲ့သည့် ပညာရေးကို အကောင်အထည် ဖော်ပေးနေသလို ဖြစ်ခဲ့သည်။ ကျောင်းစာသင်ခန်းများ မလုံလောက်ခြင်း၊ ကျောင်းသုံး ပရိဘောဂများ မပြည့်စုံခြင်း၊ ဖြစ်သလို သင်နေရခြင်းများအပြင် ကျောင်းရှိပြီး ဆရာမရှိသောကြောင့် ကျောင်းမဖွင့်နိုင်သော ကျေးလက်တောရွာများ ရှိနေချိန်၌ ကြီးကျယ် ခမ်းနားလှသော ပုဂ္ဂလိက ကျောင်းတွေကလည်း မြို့ကြီးများတွင် အသီးသီး ပေါ်ထွက်လာခဲ့သည်။ ပုဂ္ဂလိက ကျောင်းများသည် ကြီးကျယ် ခမ်းနားပြီး ဈေးကြီးလှသောကြောင့် ၂ ရာခိုင်နှုန်းခန့်သာ ပုဂ္ဂလိက ကျောင်းများသို့ ပို့နိုင်ကြသေးကြောင်း တွေ့ရသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့က ကြီးမှူးပြီး ပညာရေးအတွက် အစားအစာများ ကျွေးမွေးရေးကို ကျေးလက်တောရွာ အချို့တွင် အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ဖူးသည်။ ပညာရေးဌာန ကျောင်းများတွင် အစားအသောက်များ ကျွေးမွေးရန် အစီအစဉ်အရ ကျောင်းသို့ ကလေးပို့လျှင် မိသားစုများ အစားအစာများ ရရှိစေရန် စီစဉ် ဆောင်ရွက်ပေးမည် ဖြစ်သည်။ သို့ရာတွင် မြန်မာနိုင်ငံကို အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့မှုများ ပြုလိုက်သောကြောင့် UNDP နှင့် WFP တို့၏ အစီအစဉ်လည်း ပျောက်သွား ခဲ့ရပြန်သည်။ သို့ဖြစ်ရာ ကျောင်းလာလျှင် အစားအစာ ပေးမည့်အစား၊ ကျောင်းထုတ်ပြီး အစားအစာ ရှာဖွေခိုင်းသည့် ဘဝနှင့်ပင် ဝေးသီခေါင်သော ဒေသများနှင့် ဆင်းရဲသည့် ဒေသများမှ ကလေးများ ပညာရေး ဝေးခဲ့ကြရပြန်သည်။
မြန်မာနိုင်ငံ တက္ကသိုလ်နှင့် အထက်တန်း ကျောင်းထွက်များ ကျောင်းက ထွက်လာပြီးနောက် သက်ဆိုင်ရာ နယ်ပယ်အသီးသီးနှင့် ဆိုင်သောနေရာများတွင် အလုပ်အကိုင် မရကြသည်မှာလည်း အဆန်းမဟုတ်။ လုပ်ငန်းရှင် တစ်ဦးကမူ သူ့လုပ်ငန်းခွင်တွင် ဘွဲ့ရပညာတတ်များထက်၊ ဆယ်တန်းအောင် လောက်ကိုသာ ခန့်ထားရန် ဆန္ဒရှိကြောင်း ပြောကြားသည်။ အဘယ်ကြောင့် ဆိုသော် နှစ်မျိုးစလုံးကို လုပ်ငန်းခွင်တွင် လက်တွေ့ လုပ်ဆောင်တတ်စေရန် ပြန်သင်ပေးရသည်သာ ဖြစ်သည်။ သို့သော် ဘွဲ့ရထက် ဆယ်တန်းအောင်လောက်ကို ခေါ်ယူသုံးစွဲခြင်းက လစာနည်းနည်းပေးပြီး ခိုင်းကောင်းသည်ဟု ပြောကြားခဲ့သည်။
ပညာရေး၏ အခန်းကဏ္ဍ စုတ်ပြတ် နိမ့်ကျနေရခြင်းမှာ အစိုးရတွင် တာဝန်ရှိပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် အစိုးရကသာ ပညာရေး အခန်းကဏ္ဍ အားလုံးကို တာဝန်ယူထားသောကြောင့် ဖြစ်သည်။ အနောက်တိုင်း တက္ကသိုလ် များကလည်း မြန်မာနိုင်ငံ တက္ကသိုလ်များအား ပညာသင် ဆုပေးခြင်း များကိုလည်း တစ်ခုပြီးတစ်ခု ရပ်ဆိုင်း ကုန်ကြပြန်သဖြင့် ပညာတတ် မွေးထုတ်ရေး အစီအစဉ် များမှာလည်း တစ်ခုပြီးတစ်ခု ဆုံးရှုံး ကုန်ရပြန်သည်။ ယခုဆိုလျှင် ဂျပန်နှင့် ဂျာမနီ အစိုးရတို့က ခေါ်သည့် ပညာသင်ဆုများသာ ကျန်တော့သည်။ ဂျပန်နှင့် ဂျာမန်ပြန် ပညာတတ် ကျောင်းသားများကို ပိုပြီးသဘောကျကြောင်း သိရသော်လည်း လူမှန် နေရာမှန် ရောက်ရှိရေး ဆိုသည်မှာ စစ်အစိုးရ လက်ထက်တွင် အလွန် ရတောင့်ရခဲသော အခွင့်အရေး တစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံရှိ စစ်ဗိုလ်ချုပ်ကြီးများနှင့်
“တက္ကသိုလ်မှာ အရည်အချင်း ပြည့်ဝတဲ့ ဆရာတွေမရှိတာ ဆင်းရဲတဲ့ ကလေးတွေကိုပဲ ထိခိုက်စေတယ်။ သူတို့မှာ အခြားရွေးချယ်စရာမှ မရှိတာ။ ဆရာတွေကို သင်တန်းတွေ အများကြီး ပေးဖို့လိုတယ်။ တက္ကသိုလ်က ဆရာတွေကို နိုင်ငံခြား ပညာတော်သင်ခွင့်တွေ များများရအောင် လုပ်ပေးရမယ်။ ကျောင်းကောင်းကောင်း မတက်နိုင်ခဲ့တဲ့သူတွေက ပညာကောင်းကောင်း မတတ်ဘူး။ သူတို့ ပညာကောင်းကောင်း မသင်ခဲ့ရတော့ ဘယ်လိုလုပ်ပြီး အရည်အသွေး ပြည့်မီတဲ့ ပညာကို ပြန်ပြီးမျှဝေနိုင်တော့မှာလ
Ref : Reassessing the economic sanctions imposed by western governments on Myanbmar,
Kyaw Yin Hlaing
အယ်ဒီတာတစ်ဦး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။