အနာဂတ်အတွက် ထယ်သွား
-------------------------- ------
တစ်ခါက ရွာတစ်ရွာမှာ အေးချမ်းစွာနေထိုင်တတ်တဲ့ အဖိုးအိုတစ်ဦးရှိပါသတဲ့..။
အဖိုးအိုငယ်စဉ်အခါကတော့ သူဟာ ထွန်တုံး၊ နွား တို့နဲ့အတူ
ရုန်းကန်လှုပ်ရှားခဲ့တဲ့ လယ်သမားတစ်ဦးပဲဖြစ်တယ်။ အခုအချိန်မှာတော့
အသက်အရွယ်ကြီးရင့်လာတာကြောင့် သူဟာ နေအိမ်မှာသာ သားနှစ်ယောက်၊ ဇနီးဖြစ်သူတို့နဲ့အတူ အေးချမ်းစွာနေထိုင်ခဲ့ပါသတဲ့ ။
တစ်ခါတော့ အင်အားကြီးတဲ့တိုင်းပြည်တစ် ခုက ဧရာမ ခေါဘဏီ စစ်တပ်ကြီးဟာ အဖိုးအိုတို့တိုင်းပြည်ကို ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ ကျူးကျော်သူများဟာ အင်အားကြီးမားလှတာကြောင့် အဖိုးအိုရဲ့ သားနှစ်ယောက်ပါ စစ်သားစည်းကြပ်တဲ့အထဲမှာပါသွားခဲ့ရတယ်။ အဲဒီလိုနဲ့ ရန်သူစစ်တပ်ကြီးဟာ အဖိုးအိုတို့ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတော်တော်များများကို သိမ်းပိုက်ထားခဲ့တဲ့အပြင် ရန်သူတွေဟာ အဖိုးအိုတို့ ရွာအနီးအနားကိုပါ ရောက်လာခဲ့တယ်။
အဘိုးအိုတို့ရွာမှာလည်း ဘယ်သူရဲ့သားကတော့ တိုက်ပွဲမှ ကျသွားရှာပြီ..။ စစ်သားတွေကို ရိက္ခာထောက်ပံ့ဖို့ တစ်အိမ်ထောင်ကို ထမင်းထုပ် တစ်ထုပ်စီလာပေးကြရမယ်။ အမျိုးသမီးတော်တော်များများ ကိုလည်း
ဒဏ်ရာရ စစ်သည်တွေကို ပြုစုကုသဖို့ ရှေ့တမ်းစစ်မျက်နှာကို လိုက်ကြရမယ်။
ဘယ်ရွာကိုတော့ဖြင့် ရန်သူစစ်သားတွေက မီးနဲ့တိုက်ပစ်လိုက်တယ်။
စတဲ့စစ်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေ နားမဆံ့အောင်ပဲ ကြားနေခဲ့ရတယ်။
အဲဒီလို သတင်းတွေကြောင့် အဖိုးအိုရဲ့ ဇနီးဖြစ်တဲ့ အဖွားအိုဟာ အင်မတန်မှပဲ စိတ်ပူနေတယ်.။ သူ့သားနှစ်ယောက်အတွက် ရောက်တတ်ရာရာ ဗေဒင်ယတြာတွေကိုလည်း ပြုလုပ်ဆုတောင်းနေခဲ့ပါသတဲ့ .။
အဲဒီလို အဖွားအိုဟာ ယောက်ယက်ခတ်အောင် စိတ်ပူနေပေမယ့် အဖိုးအိုကတော့ သီချင်းလေးတစ်ညဉ်းညဉ်းနဲ့ လုပ်နေတဲ့အပြင် ထယ်သွားတစ်ခုကို ယူပြီး စိန်ပြေနပြေ သွေးနေခဲ့ပါသတဲ့။ အဲဒါကို မြင်တဲ့အခါ အဖွားအိုက
"အဖိုးကြီး ရှင်ဟာ တော်တော်စိတ်ပျက်ဖို့ကောင်း တာပဲ။
ခု ကျွန်မတို့ရွာနားကို ရန်သူစစ်တပ်ကြီး ရောက်နေပြီဆိုတာ ရှင်သိရဲ့လား။
ရှင့်သားနှစ်ယောက်လည်း စစ်တပ်ထဲမှာဝင်ပြီး တိုက်ခိုက်နေရတယ်။ သေမလား
ရှင်မလားတောင်မသေချာဘူး။ ရန်သူ စစ်တပ်ကြီး ၀င်လာလို့ကတော့
ရှင်နဲ့ကျွန်မတောင် ဘယ်လိုနည်းနဲ့ သေရမယ်ဆိုတာ မသိဘူး။ ဒါတောင် ရှင်က
သီချင်းတကြော်ကြော်နဲ့ ထယ်သွားသွေးနေနိုင်သေးတယ်"
အဲဒ်ီစကားကြားတဲ့အခါ အဖိုးအိုက ခပ်အေးအေးအမူအရာနဲ့ ဒီလိုမျိုးပြန်ပြောလိုက်တယ်
"ငါဟာ အလုပ်သင့်ဆုံးအလုပ်ကို လုပ်နေတာပဲအဖွားကြီး။ သေမှာကို ကြိုတွေးပြီး ပူနေလို့လည်း ဘာအကြောင်းမှ ထူးလာမှာမဟုတ်ဘူးလေ။ ငါတို့ရဲ့ သေခြင်း၊ ရှင်ခြင်းဟာ ကံကြမ္မာရဲ့ အဆုံးအဖြတ်ပဲ။ ဒီစစ်ပွဲကြီးပြီးသွားတဲ့အခါ
လူတွေဟာ ငတ်မွတ်တဲ့ဒဏ်ကို ခံကြရလိမ့်မယ်။ အဲဒီအခါ ငါသွေးထားတဲ့ ထယ်သွားကို
ရတဲ့သူဟာ သွေးနေစရာမလိုပဲ အလွယ်တကူပဲ ထွန်ယက်စိုက်ပျိုးနိုင်လိမ့် မယ်။ ငါတတ်နိုင်သမျှ အနည်းအကျဉ်းပဲဖြစ်ဖြစ် သူတစ်ပါးကို အကျိုးပြုပြီးသားဖြစ်နေလိမ့် မယ်။ လူတွေဟာ ကိုယ်မတတ်နိုင်တဲ့အရာတွေကို စိတ်ပူနေမယ့်အစား ကိုယ်တတ်နိုင်သမျှ အလုပ်သင့်ဆုံးအလုပ်ကို လုပ်နေသင့်တယ်"
အဲဒီပုံပြင်လေးဟာ ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်။ ကျွန်တော်တို့ရဲ့ အမိမြန်မာပြည်ဟာလည်း အဖိုးအိုရဲ့ ရွာငယ်လေးနဲ့ အလားသဏ္ဍာန်တူတယ်။ ရန်သူစစ်တပ်ရဲ့ ထိုးစစ်လို လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ စစ်မျက်နှာတိုင်းမှာ ခြိမ်းခြောက်ခြင်းတွေခံနေရြ ပန်တယ်။ ကျွန်တော်တို့ နိုင်ငံသားတွေဟာလည်း စစ်ကြီးပြီးဆုံးပြီး သားနှစ်ယောက်ပြန်လာတာကို မျှော်လင့်နေတဲ့အဖွားအိုလို အရာရာ အဆင်ပြေချောမွေ့ပြီး အေးချမ်းတိုးတက်လာတဲ့ နိုင်ငံကို မျှော်လင့်ချက်ကြီးမားစွာနဲ့ 
စောင့်နေကြပြန်တယ်။ အဲဒီလိုအတောအတွင်းမှာလည်း စစ်မက်ရဲ့
သတင်းဆိုးတွေနဲ့တူတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ သတင်းဆိုးတွေကိုလည်း
ကြားနေကြရပြန်တယ်။
ကျွန်တော်တို့တွေဟာ အဲဒီလိုဖြစ်နေမယ့်အစား အဖိုးအိုထယ်သွားသွေးသလို ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ကြီးသည် ငယ်သည် သဘောမထားဘဲ လက်တွေ့ဆောင်ရွက်သင့်တယ်လို့ ဆိုတယ်။ "ငါတို့ အသက်ရှင်စဉ် တိုးတက်ချမ်းသာတဲ့နိုင်ငံဖြ စ်လာမယ်၊ ငါတို့အဆင်ပြေလာမယ်" ဆိုတဲ့စိတ်ထားအစား အဖိုးအိုရဲ့ ထယ်သွားသွေးသလိုစိတ်ဓါတ်မျိုးနဲ့
"ငါတို့ ကြိုးစားမှ တို့ရဲ့ နောင်မျိုးဆက်တွေလက်ထက်မှာ တိုးတက်တဲ့
နိုင်ငံဖြစ်လာမယ်" ဆိုတဲ့ စိတ်ထားမျိုးကို ပြောင်းလဲ မွေးမြူရမှာပဲဖြစ်တယ်။
နောက်လူအဆင်ပြေစေဖို့အတွက် လမ်းပေါ်က အမှိုက်တစ်စကို
လက်တွေ့စတင်ကောက်ကြရမယ်။ နောက်လူ အဆင်ပြေစေဖို့အတွက် အရိပ်ရစေမယ့်
သစ်တစ်ပင်ကို စတင် စိုက်ပျိုးကြရမှာပဲဖြစ်တယ်။ နောင်အနာဂတ်ကောင်းဖို့အတွက် မိမိရဲ့ လုံ့လ၀ါယမကို စိုက်ထုတ်ကြိုးပမ်းကြရမှာပဲ ဖြစ်တယ်။ အဲဒီလို ကြိုးပမ်းခြင်းအတွက် ဆုလာဘ်ကို မျှော်ကိုးမနေဘဲ ကြိုးစားပေးဆပ်ဖို့သာ စိတ်နှလုံး ဒုံးဒုံးချကြရမှာပဲဖြစ်တယ်။
လတ်တလောဖြစ်နေတဲ့ နိမ့်ကျခြင်းတွေအတွက် အကောင်းဆုံးသောအလုပ်ဟာ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကြိုးစားခြင်းပဲဖြစ်တယ်လို့ မှတ်ယူ ရင်း ဖယောင်းတိုင်ငယ်ရဲ့ အလင်းရောင်ကို နှလုံးသားမှာ ထွန်းညှိကြရမှာပဲဖြစ်တယ်။
Sweat plus sacrifice equal success.
ဆိုတဲ့ စကားလို အနစ်နာခံမှုနဲ့ချွေးစက်တွေပေါင်းပြီး ကျွန်တော်တို့နိုင်ငံရဲ့အနာ ဂတ်ကို တည်ထောင်ကြရမှာပဲဖြစ်တယ်။
အနာဂတ်များ လှပကြပါစေ
(ဖြိုးသုတ)
--------------------------
တစ်ခါက ရွာတစ်ရွာမှာ အေးချမ်းစွာနေထိုင်တတ်တဲ့ အဖိုးအိုတစ်ဦးရှိပါသတဲ့..။
တစ်ခါတော့ အင်အားကြီးတဲ့တိုင်းပြည်တစ်
အဘိုးအိုတို့ရွာမှာလည်း ဘယ်သူရဲ့သားကတော့ တိုက်ပွဲမှ ကျသွားရှာပြီ..။ စစ်သားတွေကို ရိက္ခာထောက်ပံ့ဖို့ တစ်အိမ်ထောင်ကို ထမင်းထုပ် တစ်ထုပ်စီလာပေးကြရမယ်။ အမျိုးသမီးတော်တော်များများ
အဲဒီလို သတင်းတွေကြောင့် အဖိုးအိုရဲ့ ဇနီးဖြစ်တဲ့ အဖွားအိုဟာ အင်မတန်မှပဲ စိတ်ပူနေတယ်.။ သူ့သားနှစ်ယောက်အတွက် ရောက်တတ်ရာရာ ဗေဒင်ယတြာတွေကိုလည်း ပြုလုပ်ဆုတောင်းနေခဲ့ပါသတဲ့
အဲဒီလို အဖွားအိုဟာ ယောက်ယက်ခတ်အောင် စိတ်ပူနေပေမယ့် အဖိုးအိုကတော့ သီချင်းလေးတစ်ညဉ်းညဉ်းနဲ့ လုပ်နေတဲ့အပြင် ထယ်သွားတစ်ခုကို ယူပြီး စိန်ပြေနပြေ သွေးနေခဲ့ပါသတဲ့။ အဲဒါကို မြင်တဲ့အခါ အဖွားအိုက
"အဖိုးကြီး ရှင်ဟာ တော်တော်စိတ်ပျက်ဖို့ကောင်း
အဲဒ်ီစကားကြားတဲ့အခါ အဖိုးအိုက ခပ်အေးအေးအမူအရာနဲ့ ဒီလိုမျိုးပြန်ပြောလိုက်တယ်
"ငါဟာ အလုပ်သင့်ဆုံးအလုပ်ကို လုပ်နေတာပဲအဖွားကြီး။ သေမှာကို ကြိုတွေးပြီး ပူနေလို့လည်း ဘာအကြောင်းမှ ထူးလာမှာမဟုတ်ဘူးလေ။ ငါတို့ရဲ့ သေခြင်း၊ ရှင်ခြင်းဟာ ကံကြမ္မာရဲ့ အဆုံးအဖြတ်ပဲ။ ဒီစစ်ပွဲကြီးပြီးသွားတဲ့အခါ
အဲဒီပုံပြင်လေးဟာ ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်။ ကျွန်တော်တို့ရဲ့ အမိမြန်မာပြည်ဟာလည်း အဖိုးအိုရဲ့ ရွာငယ်လေးနဲ့ အလားသဏ္ဍာန်တူတယ်။ ရန်သူစစ်တပ်ရဲ့ ထိုးစစ်လို လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ စစ်မျက်နှာတိုင်းမှာ ခြိမ်းခြောက်ခြင်းတွေခံနေရြ
ကျွန်တော်တို့တွေဟာ အဲဒီလိုဖြစ်နေမယ့်အစား အဖိုးအိုထယ်သွားသွေးသလို ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ကြီးသည် ငယ်သည် သဘောမထားဘဲ လက်တွေ့ဆောင်ရွက်သင့်တယ်လို
လတ်တလောဖြစ်နေတဲ့ နိမ့်ကျခြင်းတွေအတွက် အကောင်းဆုံးသောအလုပ်ဟာ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကြိုးစားခြင်းပဲဖြစ်တယ်လို့
Sweat plus sacrifice equal success.
ဆိုတဲ့ စကားလို အနစ်နာခံမှုနဲ့ချွေးစက်တွေပေ
အနာဂတ်များ လှပကြပါစေ
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။