တောင်ပံလေးနှင့် လေပြည်
-------------------------- -------
တစ်ခုသောနွေရာသီတွင် မမဆီကမြင်ရခဲသော အပြုံးတစ်ခုကို ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မတို့နှစ်ယောက်သည် အမွှာနှင့်မတူသောအမွှာဟု မမအမြဲပြောလေ့ရှိသည်။ မေမေကလည်း ဒီလိုပဲ ထင်နေခဲ့သည်။ မေမေက တစ်ခါတရံ ကျွန်မတို့လက်ကိုဆုပ်ကိုင်ြ ပီး မျက်စိကိုမှိတ်ရင်း ကျွန်မတို့ကိုမွေးဖွားခဲ့သောအချိန်ကို ပြန်ပြောင်း ပြောပြ တတ်သည်။
မမသည် ကျွန်မထက် (၅)မိနစ်စောပြီး နပ်စ်လက်ထဲတွင် ကွေးကွေးလေးနှင့် ငြိမ်သက်တိတ်ဆိတ်စွာ လောကကြီးထဲ ရောက်လာခဲ့သည်။ ကျွန်မမှာ (၅)မိနစ်ကြာမျှအော်ငိုရင်း ရောက်လာခဲ့သည်ဟု မေမေ မကြာခဏပြောဖူးသည်။ မွေးဖွားစ ကျွန်မငိုသံကို ကြားရသူတိုင်းက ကျွန်မ(၅)မိနစ် နောက်ကျပြီး ရောက်ရှိလာခြင်းကို မကျေနပ်၍ ငိုသောအသံဟု ပြောကြသည်။ ကျွန်မနှင့် မမ၏ မတူညီခြင်းသည် မွေးဖွားချိန်ကတည်းကပင် ခြားနားခဲ့သည်။
မမ၏ဆံပင်သည် ဦးခေါင်းရေမြင်ရလောက်အောင်
ကျဲသည်။ အရည်လဲ့သော မျက်လုံးဝိုင်းလေးနှင့် လူတကာ၏ ချစ်ခင်ခြင်းကိုခံရသည်။
ကျွန်မ၏ဆံပင်မှာ အုံထူပြီး ဖောင်းပွသည်။ ကြမ်းပြင်ပေါ် တွားသွားသင်စက
အဝေးမှကြည့်လျှင် ချည်လုံးကြီးတစ်လုံး ခုံကြိုခုံကြားတွင်
လှိမ့်နေသည်နှင့်တူသည်။
မမနှင့်ဝတ်စုံဆင်တူဝတ်၍ ရိုက်ထားသောဓာတ်ပုံကို ကျွန်မဘီရိုထဲတွင် သိမ်းဆည်းထားသည်။ နှစ်ယောက်လုံး ဦးထုပ်ဆောင်းထားသောကြောင့် သေချာမကြည့်ပါက ကျွန်မတို့အား ခွဲခြားဖို့ခက်သည်။ ဓာတ်ပုံတိုင်းတွင် အမြဲပြုံးရယ်နေသော သူမှာ ကျွန်မသာဖြစ်သည်။
သူငယ်တန်းစတက်ချိန်တွင် မမနှင့်ကျွန်မ၏ စရိုက်သည် လုံးဝခြားနားမှန်း ပိုသိသာခဲ့သည်။ ကျွန်မမှာ တစ်ကိုယ်လုံး ဖုန်အလူးလူးဖြင့် အလွန်ဆော့သလောက် မမမှာ တစ်ယောက်တည်း စာသင်ခန်းတွင် ထိုင်ပြီး မျက်နှာကျက်ကို အဓိပ္ပါယ်မဲ့ငေးကြည့်နေတတ်သည်။
“ငယ်.. ဒီနေ့ ကျောင်းမှာပျော်ခဲ့ရဲ့လား”
အိမ်ပြန်ရောက်တိုင်း မမ မေးတတ်သော မေးခွန်းဖြစ်သည်။ မမက စာကြိုးစားသလောက် ကျွန်မက စာအစား ကျောင်းတွင် သူငယ်ချင်းတွေနှင့် ပျော်ခဲ့သည့်အကြောင်း၊ ရယ်စရာအကြောင်းများကို မမအား ပြန်ပြောပြတတ်သည်။ သူငယ်ချင်းနည်းသော မမအတွက် ကျွန်မပြောသော ပျော်ရွှင်မှုဆိုသည်ကို နားလည်ခဲ့ပုံမရ။
----------
တစ်ခုသော နွေရာသီတွင် မေမေက ကွန်ပျူတာတစ်လုံး ၀ယ်ပေးလိုက်မှ ပျော်ရွှင်မှုဆိုတာကို မမ နားလည်ခဲ့ပုံရသည်။ အကြောင်းမှာ ချက်ရွန်း (chatroom) တစ်ခုမှ ကောင်လေးတစ်ယောက်ကို မမ ချစ်မိသွားသောကြောင့် ဖြစ်သည်။ ထိုကောင်လေး၏ နာမည်မှာ လေပြည် (wind)ဖြစ်သည်။
မမ၏ သီးခြားကမ္ဘာလေးတွင် အချစ်ဆိုသောအရာရှိနေခြင်းက ကျွန်မကို အံ့သြစေခဲ့သည်။ လေပြည်၏ အကြောင်း၊ ကျွန်မ တစ်ခါမှမကြားဖူးသော အချစ်အကြောင်းများကို မမ ပြောပြတတ်လာသည်။ အချစ်ဆိုသည့်အရာကို ကျွန်မ နားမလည်သေးသည့် အတွက်ကြောင့်လား၊ ကျွန်မဘေးတွင် မမလိုပျော်ရွှင်အောင် လုပ်ပေးနိုင်မည့်သူမရှိသေးသ ည့် အတွက်ကြောင့်လား မမပြောပြသမျှက ကျွန်မစိတ်ကို ရှုပ်ထွေးစေခဲ့သည်။
မမရဲ့ကမ္ဘာမှာ ကျွန်မတစ်ယောက်တည်း မဟုတ်တော့ပါလား...
(၅)မိနစ် နောက်ကျခဲ့သည့်အတွက် အမြဲတမ်း မမ၏ရှေ့တွင်နေပြီး ဦးဆောင်ချင်သောကျွန်မ ဒီတစ်ခါ တော်တော်နောက်ကျမှန်း သိလိုက်ရသည်။
ချက်ရွန်းထဲတွင် မမ၏နာမည်မှာ တောင်ပံလေး (wing) ဖြစ်သည်။ ဒီနာမည်ကိုပေးရသောအကြောင်းမှာ
တစ်နေ့ မမ၏ အခန်းထဲသို့ တောင်ပံတွင် ဒဏ်ရရာထားသော ခိုဖြူလေးတစ်ကောင်
လမ်းမှား၍ ရောက်လာခဲ့သည်။ ထိုနေ့က ကျွန်မ အိမ်ပြန်နောက်ကျပြီး မမအခန်းထဲ
ရောက်သွားချိန် ကြမ်းပြင်ပေါ်တွင် ဒဏ်ရာဖြင့် သေဆုံးနေသော ခိုဖြူလေးကို
မမှိတ်မသုန် စိုက်ကြည့်ရင်း....
“ခိုလေး အသက်ပြန်ရှင်လာမှာပါ.. ပြန်ကောင်းလာမှာပါ” ဟု ရွတ်နေသော မမကို တွေ့လိုက်သည်။
မမ၏ သဘောအတိုင်း ခိုဖြူလေးကို ခြံထောင့်တစ်နေရာတွင် မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။ ခိုဖြူလေးထံမှ အတောင်ပံတစ်ခုကို မမသိမ်းယူထားခဲ့သည်။ ကျွန်မစိတ်ထဲတွင် မမ၏ အပြုအမူမှာ ရိုးသားပြီး အပြစ်မဲ့လွန်းလှသည်။
“ငယ်.. အပြင်ပဲ ငေးမနေနဲ့လေ။ မမ ချက်ရွန်းထဲ ၀င်နေတယ်.. လာကြည့်ပါဦး”
“မကြည့်ချင်ဘူး”
“လာပါ ငယ်... လေပြည် မမနဲ့ စကားလာပြောနေပြန်ပြီ”
“ငယ်နဲ့ မဆိုင်ဘူး မမ”
“လာပါ.. ငယ်ရာနော်.. လိမ်မာတယ်”
တကယ်ဆို ကျွန်မ မနာလိုဖြစ်နေတာပါ။ မမနှင့်လေပြည် တရင်းတနှီး ပြောနေသည်ကို ကျွန်မ လုံးဝမကြည့်ချင်ခဲ့။ မမနှင့်လေပြည် ထိုချက်ရွန်းထဲတွင် မည်မျှကြာအောင် chatting လုပ်နေကြမှန်း ကျွန်မ မမှတ်မိခဲ့။ မိုးလင်းပေါက်ခဲ့သည့် ညပေါင်းလည်း မရေမတွက် နိုင်ခဲ့တော့။
နေအရမ်းသာသော စနေနေ့တစ်ရက်တွင် မမနှင့်လေပြည် chatting လုပ်နေသည်ကို ကျွန်မ ဘေးက ထိုင်ကြည့်နေခဲ့သည်။
“တောင်ပံလေး.... လေပြည်နဲ့ အပြင်မှာ တွေ့ခွင့်ရနိုင်မလား”
ကျွန်မအံ့သြစွာ မမကို ကြည့်လိုက်မိသည်။ မမ မသိမသာ ခေါင်းညိတ်နေခဲ့ပါလား.. လေပြည်၏ ပထမအကြိမ် တောင်းဆိုခြင်းမဟုတ်မှန်း ကျွန်မခန့်မှန်းမိသည်။
“ဘယ်လို လုပ်မလဲ ငယ်”
“အား.. မသိဘူးလေ မမ”
မမလည်း လေပြည်ကို တွေ့ချင်နေမှန်း ကျွန်မသိသည်။
“မမရဲ့အဖြေကို ငယ် သိလား”
“ဘယ်သိမလဲ”
“မတွေ့ဘူးလို့ ငြင်းလိုက်တာပဲ ကောင်းပါတယ်”
“ကောင်းလို့လား မမ”
“အမွှာတွေဟာ စိတ်ချင်းခံစားလို့ရကြတယ်လို့ လူတွေကပြောတယ်။ ငယ်က မမရဲ့အဖြေကို မသိနိုင်ဘူးလား။ ဒီလို လွယ်လွယ်နဲ့ သူ့ကို တွေ့ခွင့်ပေးလို့ ဘယ်ရမလဲ”
မမ ပြောသာပြောသည်။ ဤသို့ပြောအပြီး ကီးဘုတ်ပေါ်က မမ၏ လက်ချောင်းလေးများ တုန်ခါနေသည်ကို ကျွန်မ မြင်ခဲ့ရသည်။
“ဆောရီး လေပြည်.. ဟို....”
“ဘာလို့ တွေ့ခွင့် မပေးတာလဲ ဟင်”
လေပြည်၏ အမေးက ကျွန်မမေးခွန်းထက် ပြင်းထန်လွန်းနေသည်။
“တော်ပြီ မပြောတော့ဘူး ဒီနေ့မောတယ်” မမ ဘာမှ ပြန်မဖြေဘဲ ကွန်ပျူတာကို ပိတ်ပစ်လိုက်သည်။
“မမ...”
အလင်းပြန်နေသော ကွန်ပျူတာ ဖန်သားပြင်တွင် မမ၏ ညှိုးကျသွားသော မျက်နှာကို ကျွန်မတွေ့လိုက်ရသည်။ နဂိုကတည်းက ဖျော့တော့တော့နိုင်သော မမ၏ မျက်နှာက ပို၍ မှိန်သွားသယောင်....
ချက်ရွန်းထဲက လေပြည်သည် မမ နေမကောင်းသော အချိန်တွင် ဂရုစိုက် အားပေးတတ်သည်။ မမကို ကြင်နာသနားတတ်သည်။ မမ ဘာကြောင့် လေပြည်ကိုမတွေ့နိုင်ခြင်းသည် ကျွန်မအတွက် အဖြေမရှိသော ပုစ္ဆာဖြစ်ခဲ့သည်။
ထိုပုစ္ဆာကို အဖြေရှာနေဆဲတွင် မမျှော်လင့်ဘဲ မမ ဆေးရုံတင်ရသည်။ လေပြည်နှင့် ချက်ရွန်းတွင် တွေ့ဆုံနိုင်ရန် ကွန်ပျူတာသုံးဖို့ မမတွင် အင်အားမရှိတော့။ လေပြည်၏ အားပေးမှု ကင်းမဲ့သောကြောင့် ဖြူဖပ်ဖြူရော်နိုင်သော မမ၏ နှုတ်ခမ်းများသည် အသက်ကို အားစိုက်၍ရှုသွင်းနေယောင်.. .
နွေရာသီ၏ နောက်ဆုံးတစ်ရက် မမဘေးတွင် ကျွန်မရှိနေခဲ့သည်။ မမ ကုတင်ပေါ်က ကြိုးစားထထိုင်ရင်း အားဖျော့သောလက်ဖြင့် ကျွန်မကို တစ်ခုခု ကမ်းပေးနေသည်။ ခိုဖြူလေး၏ အတောင်ပံတစ်ခု...
“မမ ဘာဖြစ်လို့လဲဟင်”
“မမကိုယ်စား ဆက်သိမ်းထားပေးလို့ ရမလားဟင်”
“မမ ဘာတွေပြောနေတာလဲ”
“မမကိုယ်စား လေပြည်ကို သွားတွေ့ပေးပါလား ငယ်”
“နေကောင်းရင် အတူတူ သွားတွေ့ကြမယ်လေ”
အားတင်းရင်း မမ ပြုံးလိုက်သည်။
“လေပြည် စိတ်မကောင်းအောင် မမ မလုပ်ချင်ဘူး။ မမနဲ့တွေ့ပြီးနောက်ပိုင်း သူ့ဘေးမှာ မမ အမြဲမရှိနိုင်တော့ရင် သူ စိတ်မကောင်းမှာစိုးလို့ပါ”
မမကို ခေါင်းညိတ်ဖို့ ကျွန်မ မကြိုးစားခဲ့။ အသက်ကို လုရှူနေသော မမကို ဆက်ကြည့်ဖို့ အင်အားမရှိခဲ့။ ဆေးရုံအပြင်သို့ ကျွန်မ ပြေးထွက်လာခဲ့မိသည်။ ကျွန်မ လက်ထဲမှာတော့ ခိုဖြူလေးရဲ့ တောင်ပံတစ်ခု....
----------
ပိုင်ရှင်မဲ့ကွန်ပျူတာကို ကျွန်မဖွင့်လိုက်မိသည်။ ဖန်သားပေါ်တွင် ချက်ရွန်းထဲ လော့အင်(login) ဝင်ရန် အချက်ပြနေသည်။ ကျွန်မ ဆုံးဖြတ်ချက်ကို အခိုင်အမာချပြီး ချက်ရွန်းထဲ ၀င်လိုက်သည်။ လေပြည်လည်း ချက်ရွန်းထဲတွင် ရှိနေသည်။
“တောင်ပံလေး .... ကိုယ်ရောင်ဖျောက်သွားတာလား”
“မဟုတ်ပါဘူး။ နေမကောင်းလို့ မရောက်ဖြစ်တာပါ”
လေပြည်နှင့် စကားပြောနေခိုက် ကျွန်မသည် ကျွန်မနှင့်မတူတော့... ကျွန်မ ခန္ဓာထဲ မမ၏ဝိညာဉ်ဝင်ပူးနေသလို... သူနှင့် စကားပြောရသည်မှာ ပျော်သလို ခံစားလာမိသည်။ လေပြည်နဲ့ အရင်ကတည်းက ရင်းနှီးနေသလို ခံစားလာရပါလား... ကျွန်မ မျက်လုံးအိမ်မှာ မျက်ရည်တွေ စွတ်စိုလို့...
“တောင်ပံတစ်ခုကို လေပြည်နဲ့အတူ ခေါ်ဆောင်သွားနိုင်မလား”
“ကြိုဆိုလျှက်ပါ တောင်ပံလေး”
လေပြည်နှင့် ချိန်းထားရာနေရာသို့ ခိုတောင်ပံကိုကိုင်ပြီး ကျွန်မ တစ်ယောက်တည်း ထွက်လာခဲ့မိသည်။ ကုန်တိုက်တစ်ခုရှေ့အဖြတ် မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြန်ကြည့်မိသည်။
ဘုရားရေ... ကျွန်မပုံရိပ်က မမနဲ့ တော်တော်တူနေပါလား...
မမသာ မွေးကတည်းက မချူချာခဲ့ရင်၊ သန်စွမ်းတဲ့မမက ကျွန်မနဲ့ တထေးရာတည်း ဖြစ်မှာသေချာသည်။ အမွှာနဲ့မတူတဲ့ အမွှာလို့ မကြာခဏ ပြောတတ်တဲ့ မမ... တကယ်ဆို ကျွန်တို့နှစ်ယောက် စိတ်ချင်း၊ ခံစားချက်ချင်း တူညီသော အမွှာဖြစ်တာကို မမသိမသွားနိုင်ခဲ့။ စိတ်ဓာတ်ခိုင်မာတဲ့ ကျွန်မ ဒီအချိန်မှာ ဘာလို့ မျက်ရည်ကျချင်နေမိပါလိမ့်.. ..
ဟိုးအဝေးက ကျွန်မဘက် တူရူလျှောက်လာသော ကောင်လေးတစ်ယောက်.. လေပြည်ပဲဖြစ်မည်။ ကျွန်မမျက်ရည်ကို အလျင်အမြန် သုတ်ရင်း လက်ထဲက ခိုတောင်ပံလေးကို ဝှေ့ယမ်းပြလိုက်သည်။
“တောင်ပံလေးလားဟင်”
“ဟို.. ကျွန်မ... ဟုတ်ပါတယ်။ တောင်ပံလေးပါ”
“တွေ့ရတာ ၀မ်းသာပါတယ်”
“ဒီတောင်ပံကို လက်ဆောင်အဖြစ်ပေးချင်လို့ပါ လေပြည်”
“ဒါ.. တောင်ပံလေး သိပ်တန်ဖိုးထားတဲ့.....”
သူ့စကား မဆုံးခင် ခိုတောင်လေးကို ကျွန်မ လှမ်းပေးလိုက်သည်။ လေတစ်ချက်အဝေ့မှာ မမျှော်လင့်ဘဲ ငှက်တောင်လေး လေနှင့်အတူ လွှင့်ပါသွားခဲ့သည်။ လေနှင့်အတူ မိုးကောင်းကင်သို့ လွှင့်ပါသွားသော ခိုတောင်လေးကို ကျွန်မတို့ မျက်စိတဆုံး လိုက်ကြည့်မိသည်။
“ခိုတောင်လေး ဘယ်အထိ လွှင့်သွားမလဲ မသိဘူးနော်” ကျွန်မ ရေရွတ်လိုက်မိသည်။
“ကောင်းကင်ဘုံ အထိထင်တယ်”
ကျွန်မ ပြုံးလိုက်သည်။ မမ၏ဝိညာဉ် ကျွန်မကိုယ်ထဲ ဝင်ရောက်လာသလို ခံစားမိသည်။
“ကျွန်မ အရမ်းပျော်မိတယ် လေပြည်ရယ်...”
အဝေးမှလာသော မမ၏အသံကိုကြားမိသည်။ လေပြည်လည်း ကြားမိမှာပါ။ ထိုအတောင်ပံလေး လေပြည်နှင့်အတူ မမရှိရာကမ္ဘာသို့ ပျော်ရွှင်စွာလွှင့်ပါသွားနိုင်လိမ့်မည်ဟု ကျွန်မ ယုံကြည်မိသည်။
---------------
မူရင်းလင့် -- http://bbs.tianya.cn/ post-14-618857-1.shtml
နိုင်းနိုင်းစနေ (Sunday, November 18, 2007)
--------------------------
တစ်ခုသောနွေရာသီတွင် မမဆီကမြင်ရခဲသော အပြုံးတစ်ခုကို ကျွန်မတွေ့ခဲ့ရသည်။ ကျွန်မတို့နှစ်ယောက်သည် အမွှာနှင့်မတူသောအမွှာဟု မမအမြဲပြောလေ့ရှိသည်။ မေမေကလည်း ဒီလိုပဲ ထင်နေခဲ့သည်။ မေမေက တစ်ခါတရံ ကျွန်မတို့လက်ကိုဆုပ်ကိုင်ြ
မမသည် ကျွန်မထက် (၅)မိနစ်စောပြီး နပ်စ်လက်ထဲတွင် ကွေးကွေးလေးနှင့် ငြိမ်သက်တိတ်ဆိတ်စွာ လောကကြီးထဲ ရောက်လာခဲ့သည်။ ကျွန်မမှာ (၅)မိနစ်ကြာမျှအော်ငိုရင်း ရောက်လာခဲ့သည်ဟု မေမေ မကြာခဏပြောဖူးသည်။ မွေးဖွားစ ကျွန်မငိုသံကို ကြားရသူတိုင်းက ကျွန်မ(၅)မိနစ် နောက်ကျပြီး ရောက်ရှိလာခြင်းကို မကျေနပ်၍ ငိုသောအသံဟု ပြောကြသည်။ ကျွန်မနှင့် မမ၏ မတူညီခြင်းသည် မွေးဖွားချိန်ကတည်းကပင် ခြားနားခဲ့သည်။
မမ၏ဆံပင်သည် ဦးခေါင်းရေမြင်ရလောက်အောင်
မမနှင့်ဝတ်စုံဆင်တူဝတ်၍ ရိုက်ထားသောဓာတ်ပုံကို ကျွန်မဘီရိုထဲတွင် သိမ်းဆည်းထားသည်။ နှစ်ယောက်လုံး ဦးထုပ်ဆောင်းထားသောကြောင့်
သူငယ်တန်းစတက်ချိန်တွင် မမနှင့်ကျွန်မ၏ စရိုက်သည် လုံးဝခြားနားမှန်း ပိုသိသာခဲ့သည်။ ကျွန်မမှာ တစ်ကိုယ်လုံး ဖုန်အလူးလူးဖြင့် အလွန်ဆော့သလောက် မမမှာ တစ်ယောက်တည်း စာသင်ခန်းတွင် ထိုင်ပြီး မျက်နှာကျက်ကို အဓိပ္ပါယ်မဲ့ငေးကြည့်နေတတ်သည
“ငယ်.. ဒီနေ့ ကျောင်းမှာပျော်ခဲ့ရဲ့လား”
အိမ်ပြန်ရောက်တိုင်း မမ မေးတတ်သော မေးခွန်းဖြစ်သည်။ မမက စာကြိုးစားသလောက် ကျွန်မက စာအစား ကျောင်းတွင် သူငယ်ချင်းတွေနှင့် ပျော်ခဲ့သည့်အကြောင်း၊ ရယ်စရာအကြောင်းများကို မမအား ပြန်ပြောပြတတ်သည်။ သူငယ်ချင်းနည်းသော မမအတွက် ကျွန်မပြောသော ပျော်ရွှင်မှုဆိုသည်ကို နားလည်ခဲ့ပုံမရ။
----------
တစ်ခုသော နွေရာသီတွင် မေမေက ကွန်ပျူတာတစ်လုံး ၀ယ်ပေးလိုက်မှ ပျော်ရွှင်မှုဆိုတာကို မမ နားလည်ခဲ့ပုံရသည်။ အကြောင်းမှာ ချက်ရွန်း (chatroom) တစ်ခုမှ ကောင်လေးတစ်ယောက်ကို မမ ချစ်မိသွားသောကြောင့် ဖြစ်သည်။ ထိုကောင်လေး၏ နာမည်မှာ လေပြည် (wind)ဖြစ်သည်။
မမ၏ သီးခြားကမ္ဘာလေးတွင် အချစ်ဆိုသောအရာရှိနေခြင်းက ကျွန်မကို အံ့သြစေခဲ့သည်။ လေပြည်၏ အကြောင်း၊ ကျွန်မ တစ်ခါမှမကြားဖူးသော အချစ်အကြောင်းများကို မမ ပြောပြတတ်လာသည်။ အချစ်ဆိုသည့်အရာကို ကျွန်မ နားမလည်သေးသည့် အတွက်ကြောင့်လား၊ ကျွန်မဘေးတွင် မမလိုပျော်ရွှင်အောင် လုပ်ပေးနိုင်မည့်သူမရှိသေးသ
မမရဲ့ကမ္ဘာမှာ ကျွန်မတစ်ယောက်တည်း မဟုတ်တော့ပါလား...
(၅)မိနစ် နောက်ကျခဲ့သည့်အတွက် အမြဲတမ်း မမ၏ရှေ့တွင်နေပြီး ဦးဆောင်ချင်သောကျွန်မ ဒီတစ်ခါ တော်တော်နောက်ကျမှန်း သိလိုက်ရသည်။
ချက်ရွန်းထဲတွင် မမ၏နာမည်မှာ တောင်ပံလေး (wing) ဖြစ်သည်။ ဒီနာမည်ကိုပေးရသောအကြောင်းမ
“ခိုလေး အသက်ပြန်ရှင်လာမှာပါ.. ပြန်ကောင်းလာမှာပါ” ဟု ရွတ်နေသော မမကို တွေ့လိုက်သည်။
မမ၏ သဘောအတိုင်း ခိုဖြူလေးကို ခြံထောင့်တစ်နေရာတွင် မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။ ခိုဖြူလေးထံမှ အတောင်ပံတစ်ခုကို မမသိမ်းယူထားခဲ့သည်။ ကျွန်မစိတ်ထဲတွင် မမ၏ အပြုအမူမှာ ရိုးသားပြီး အပြစ်မဲ့လွန်းလှသည်။
“ငယ်.. အပြင်ပဲ ငေးမနေနဲ့လေ။ မမ ချက်ရွန်းထဲ ၀င်နေတယ်.. လာကြည့်ပါဦး”
“မကြည့်ချင်ဘူး”
“လာပါ ငယ်... လေပြည် မမနဲ့ စကားလာပြောနေပြန်ပြီ”
“ငယ်နဲ့ မဆိုင်ဘူး မမ”
“လာပါ.. ငယ်ရာနော်.. လိမ်မာတယ်”
တကယ်ဆို ကျွန်မ မနာလိုဖြစ်နေတာပါ။ မမနှင့်လေပြည် တရင်းတနှီး ပြောနေသည်ကို ကျွန်မ လုံးဝမကြည့်ချင်ခဲ့။ မမနှင့်လေပြည် ထိုချက်ရွန်းထဲတွင် မည်မျှကြာအောင် chatting လုပ်နေကြမှန်း ကျွန်မ မမှတ်မိခဲ့။ မိုးလင်းပေါက်ခဲ့သည့် ညပေါင်းလည်း မရေမတွက် နိုင်ခဲ့တော့။
နေအရမ်းသာသော စနေနေ့တစ်ရက်တွင် မမနှင့်လေပြည် chatting လုပ်နေသည်ကို ကျွန်မ ဘေးက ထိုင်ကြည့်နေခဲ့သည်။
“တောင်ပံလေး.... လေပြည်နဲ့ အပြင်မှာ တွေ့ခွင့်ရနိုင်မလား”
ကျွန်မအံ့သြစွာ မမကို ကြည့်လိုက်မိသည်။ မမ မသိမသာ ခေါင်းညိတ်နေခဲ့ပါလား.. လေပြည်၏ ပထမအကြိမ် တောင်းဆိုခြင်းမဟုတ်မှန်း ကျွန်မခန့်မှန်းမိသည်။
“ဘယ်လို လုပ်မလဲ ငယ်”
“အား.. မသိဘူးလေ မမ”
မမလည်း လေပြည်ကို တွေ့ချင်နေမှန်း ကျွန်မသိသည်။
“မမရဲ့အဖြေကို ငယ် သိလား”
“ဘယ်သိမလဲ”
“မတွေ့ဘူးလို့ ငြင်းလိုက်တာပဲ ကောင်းပါတယ်”
“ကောင်းလို့လား မမ”
“အမွှာတွေဟာ စိတ်ချင်းခံစားလို့ရကြတယ်လိ
မမ ပြောသာပြောသည်။ ဤသို့ပြောအပြီး ကီးဘုတ်ပေါ်က မမ၏ လက်ချောင်းလေးများ တုန်ခါနေသည်ကို ကျွန်မ မြင်ခဲ့ရသည်။
“ဆောရီး လေပြည်.. ဟို....”
“ဘာလို့ တွေ့ခွင့် မပေးတာလဲ ဟင်”
လေပြည်၏ အမေးက ကျွန်မမေးခွန်းထက် ပြင်းထန်လွန်းနေသည်။
“တော်ပြီ မပြောတော့ဘူး ဒီနေ့မောတယ်” မမ ဘာမှ ပြန်မဖြေဘဲ ကွန်ပျူတာကို ပိတ်ပစ်လိုက်သည်။
“မမ...”
အလင်းပြန်နေသော ကွန်ပျူတာ ဖန်သားပြင်တွင် မမ၏ ညှိုးကျသွားသော မျက်နှာကို ကျွန်မတွေ့လိုက်ရသည်။ နဂိုကတည်းက ဖျော့တော့တော့နိုင်သော မမ၏ မျက်နှာက ပို၍ မှိန်သွားသယောင်....
ချက်ရွန်းထဲက လေပြည်သည် မမ နေမကောင်းသော အချိန်တွင် ဂရုစိုက် အားပေးတတ်သည်။ မမကို ကြင်နာသနားတတ်သည်။ မမ ဘာကြောင့် လေပြည်ကိုမတွေ့နိုင်ခြင်းသည
ထိုပုစ္ဆာကို အဖြေရှာနေဆဲတွင် မမျှော်လင့်ဘဲ မမ ဆေးရုံတင်ရသည်။ လေပြည်နှင့် ချက်ရွန်းတွင် တွေ့ဆုံနိုင်ရန် ကွန်ပျူတာသုံးဖို့ မမတွင် အင်အားမရှိတော့။ လေပြည်၏ အားပေးမှု ကင်းမဲ့သောကြောင့် ဖြူဖပ်ဖြူရော်နိုင်သော မမ၏ နှုတ်ခမ်းများသည် အသက်ကို အားစိုက်၍ရှုသွင်းနေယောင်..
နွေရာသီ၏ နောက်ဆုံးတစ်ရက် မမဘေးတွင် ကျွန်မရှိနေခဲ့သည်။ မမ ကုတင်ပေါ်က ကြိုးစားထထိုင်ရင်း အားဖျော့သောလက်ဖြင့် ကျွန်မကို တစ်ခုခု ကမ်းပေးနေသည်။ ခိုဖြူလေး၏ အတောင်ပံတစ်ခု...
“မမ ဘာဖြစ်လို့လဲဟင်”
“မမကိုယ်စား ဆက်သိမ်းထားပေးလို့ ရမလားဟင်”
“မမ ဘာတွေပြောနေတာလဲ”
“မမကိုယ်စား လေပြည်ကို သွားတွေ့ပေးပါလား ငယ်”
“နေကောင်းရင် အတူတူ သွားတွေ့ကြမယ်လေ”
အားတင်းရင်း မမ ပြုံးလိုက်သည်။
“လေပြည် စိတ်မကောင်းအောင် မမ မလုပ်ချင်ဘူး။ မမနဲ့တွေ့ပြီးနောက်ပိုင်း သူ့ဘေးမှာ မမ အမြဲမရှိနိုင်တော့ရင် သူ စိတ်မကောင်းမှာစိုးလို့ပါ”
မမကို ခေါင်းညိတ်ဖို့ ကျွန်မ မကြိုးစားခဲ့။ အသက်ကို လုရှူနေသော မမကို ဆက်ကြည့်ဖို့ အင်အားမရှိခဲ့။ ဆေးရုံအပြင်သို့ ကျွန်မ ပြေးထွက်လာခဲ့မိသည်။ ကျွန်မ လက်ထဲမှာတော့ ခိုဖြူလေးရဲ့ တောင်ပံတစ်ခု....
----------
ပိုင်ရှင်မဲ့ကွန်ပျူတာကို ကျွန်မဖွင့်လိုက်မိသည်။ ဖန်သားပေါ်တွင် ချက်ရွန်းထဲ လော့အင်(login) ဝင်ရန် အချက်ပြနေသည်။ ကျွန်မ ဆုံးဖြတ်ချက်ကို အခိုင်အမာချပြီး ချက်ရွန်းထဲ ၀င်လိုက်သည်။ လေပြည်လည်း ချက်ရွန်းထဲတွင် ရှိနေသည်။
“တောင်ပံလေး .... ကိုယ်ရောင်ဖျောက်သွားတာလား”
“မဟုတ်ပါဘူး။ နေမကောင်းလို့ မရောက်ဖြစ်တာပါ”
လေပြည်နှင့် စကားပြောနေခိုက် ကျွန်မသည် ကျွန်မနှင့်မတူတော့... ကျွန်မ ခန္ဓာထဲ မမ၏ဝိညာဉ်ဝင်ပူးနေသလို... သူနှင့် စကားပြောရသည်မှာ ပျော်သလို ခံစားလာမိသည်။ လေပြည်နဲ့ အရင်ကတည်းက ရင်းနှီးနေသလို ခံစားလာရပါလား... ကျွန်မ မျက်လုံးအိမ်မှာ မျက်ရည်တွေ စွတ်စိုလို့...
“တောင်ပံတစ်ခုကို လေပြည်နဲ့အတူ ခေါ်ဆောင်သွားနိုင်မလား”
“ကြိုဆိုလျှက်ပါ တောင်ပံလေး”
လေပြည်နှင့် ချိန်းထားရာနေရာသို့ ခိုတောင်ပံကိုကိုင်ပြီး ကျွန်မ တစ်ယောက်တည်း ထွက်လာခဲ့မိသည်။ ကုန်တိုက်တစ်ခုရှေ့အဖြတ် မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြန်ကြည့်မိသည်။
ဘုရားရေ... ကျွန်မပုံရိပ်က မမနဲ့ တော်တော်တူနေပါလား...
မမသာ မွေးကတည်းက မချူချာခဲ့ရင်၊ သန်စွမ်းတဲ့မမက ကျွန်မနဲ့ တထေးရာတည်း ဖြစ်မှာသေချာသည်။ အမွှာနဲ့မတူတဲ့ အမွှာလို့ မကြာခဏ ပြောတတ်တဲ့ မမ... တကယ်ဆို ကျွန်တို့နှစ်ယောက် စိတ်ချင်း၊ ခံစားချက်ချင်း တူညီသော အမွှာဖြစ်တာကို မမသိမသွားနိုင်ခဲ့။ စိတ်ဓာတ်ခိုင်မာတဲ့ ကျွန်မ ဒီအချိန်မှာ ဘာလို့ မျက်ရည်ကျချင်နေမိပါလိမ့်..
ဟိုးအဝေးက ကျွန်မဘက် တူရူလျှောက်လာသော ကောင်လေးတစ်ယောက်.. လေပြည်ပဲဖြစ်မည်။ ကျွန်မမျက်ရည်ကို အလျင်အမြန် သုတ်ရင်း လက်ထဲက ခိုတောင်ပံလေးကို ဝှေ့ယမ်းပြလိုက်သည်။
“တောင်ပံလေးလားဟင်”
“ဟို.. ကျွန်မ... ဟုတ်ပါတယ်။ တောင်ပံလေးပါ”
“တွေ့ရတာ ၀မ်းသာပါတယ်”
“ဒီတောင်ပံကို လက်ဆောင်အဖြစ်ပေးချင်လို့ပါ
“ဒါ.. တောင်ပံလေး သိပ်တန်ဖိုးထားတဲ့.....”
သူ့စကား မဆုံးခင် ခိုတောင်လေးကို ကျွန်မ လှမ်းပေးလိုက်သည်။ လေတစ်ချက်အဝေ့မှာ မမျှော်လင့်ဘဲ ငှက်တောင်လေး လေနှင့်အတူ လွှင့်ပါသွားခဲ့သည်။ လေနှင့်အတူ မိုးကောင်းကင်သို့ လွှင့်ပါသွားသော ခိုတောင်လေးကို ကျွန်မတို့ မျက်စိတဆုံး လိုက်ကြည့်မိသည်။
“ခိုတောင်လေး ဘယ်အထိ လွှင့်သွားမလဲ မသိဘူးနော်” ကျွန်မ ရေရွတ်လိုက်မိသည်။
“ကောင်းကင်ဘုံ အထိထင်တယ်”
ကျွန်မ ပြုံးလိုက်သည်။ မမ၏ဝိညာဉ် ကျွန်မကိုယ်ထဲ ဝင်ရောက်လာသလို ခံစားမိသည်။
“ကျွန်မ အရမ်းပျော်မိတယ် လေပြည်ရယ်...”
အဝေးမှလာသော မမ၏အသံကိုကြားမိသည်။ လေပြည်လည်း ကြားမိမှာပါ။ ထိုအတောင်ပံလေး လေပြည်နှင့်အတူ မမရှိရာကမ္ဘာသို့ ပျော်ရွှင်စွာလွှင့်ပါသွားနိ
---------------
မူရင်းလင့် -- http://bbs.tianya.cn/
နိုင်းနိုင်းစနေ (Sunday, November 18, 2007)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။