ကုန်သည်နှင့်တူသော ခေါင်းဆောင်ဆိုသည်မှာ
တက္ကသိုလ်သင်္ခ
ကျွန်တော်နိုင်ငံ့ဝန်ထမ်းအြ ဖစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်းေ ကာင်း၊ အဖွဲ့အစည်းအသင်းအပင်း များ တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်းေ ကာင်း အထက်အကြီးအကဲခေါင်းဆောင် အတော်များများနှင့် ဆက်ဆံခဲ့ဖူး၏။
ထိုသို့ဆက်ဆံခဲ့ရာတွင် ခေါင်းဆောင်သုံးမျိုးကိုတွေ့ ခဲ့ရ၏။
ပထမတစ်မျိုးမှာ ဝန်ထမ်းများကခေါင်း ဆောင်အပေါ် လေးစားကြည်ညိုလာအောင်
ပြောဆိုဆက်ဆံနိုင်သူ၊ ဒုတိယတစ်မျိုးမျာ ဝန်ထမ်းများ အား ၎င်းတို့၏တော်သည့်
အရည်အသွေးများကို ရှာဖွေဖော်ထုတ်နိုင်အောင် အကူအညီပေးခြင်း၊
အသိအမှတ်ပြုခြင်းတို့ကို ပြုလုပ်တတ်သူနှင့် တတိယတစ်မျိုးမှာ
ဝန်ထမ်းများမည်မျှကောင်းအော င် အလုပ်လုပ် အသိအမှတ်မပြု၊ မချီးကျူးဘဲ အမြဲဝေဖန်ပြစ်တင်တတ်သူဟူ၍ ဖြစ်ပါ၏။
ပထမအမျိုးအစားဖြစ်သော ခေါင်းဆောင်သည် လူအများကိုလေးလေးစားစားနှင့်  တန်ဖိုးထားပြီး ဆက် ဆံတတ်သဖြင့် ၎င်းကိုယ်တိုင်လေးစားကြည်ညိုဖွ ယ်ကောင်းသည့် ဂုဏ်၊ ကျက်သရေပိုင်ဆိုင်ရလေ သည်။
လေးစားကြည်ညိုဖွယ်ကောင်းသော
ဂုဏ်ကျက်သရေနှင့် ပြည့်စုံရန်မှာ မွေးရာပါအရည်အသွေးဖြစ် သည်ဟု
အများကထင်ကြ၏။ မဟုတ်ပါ။ လူအများကို လေးလေးစားစားနှင့် တန်ဖိုးထားဆက်ဆံတတ်
အောင် လေ့ကျင့်ပျိုးထောင်မှ ရနိုင်သည်။
ဒုတိယအမျိုးအစားဖြစ်သော ခေါင်းဆောင်သည် မိမိလက်အောက်ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်ကို တော်လျှင်တော်သလို ချီးကျူး၏။ ချီးမြှောက်၏။ အလုပ်အပေါ်စေတနာမထားသူ၊ လုပ်အားအပြည့် အဝမပေးဘဲ ခိုကတ်တတ်သောဝန်ထမ်းများအပေါ် အပြစ်ပေးရန် ဝန်မလေးတတ်သူဖြစ်၏။
တတိယအမျိုးဖြစ်သော ခေါင်းဆောင်သည် ခေါင်းဆောင်အဖြစ် မခံယူထိုက်သူဖြစ်သည်။ မိမိမှတစ်ပါး အခြားသူကို မယုံကြည်၊ အားပေးခြင်းလည်းမရှိ၊ ချီးမြှောက်ခြင်းဆိုသည်မှာ ဝေလာဝေး။ အရာရာကိုအ ကောင်းမမြင်ဘဲ အပြစ်တင်ချင်သူဖြစ်သည်။ ထိုခေါင်းဆောင်မျိုးကို ဝန်ထမ်းများရွံကြောက် ကြောက်။ မတတ်သာ၍သာ ဆက်ဆံရသည်။ ဖြစ်နိုင်လျှင် ဝေးဝေးနေချင်သည်။
ကျွန်တော်အထက်တွင် တင်ပြသကဲ့သို့ ခေါင်းဆောင်တစ်ယောက်သည် အများကလေးစားကြည်ညို ဖွယ်ကောင်းသော ဂုဏ်ကျက်သရေနှင့် ပြည့်စုံစေရန် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်၍ ရနိုင်၏။ လေ့ကျင့်ပျိုးထောင်ရာတွင် ‘ဆောင်ရန်’ နှင့် ‘ရှောင်ရန်’ အချက်များရှိ၏။ ဆောင်ရန်အချက်များမှာ -
မိမိဘဝကို ချစ်မြတ်နိုးပါ။
လူတိုင်းကို အမှတ်ပြည့်ပေးပါ။
ဝန်ထမ်းများကို မျှော်လင့်ချက်များပေးပါ။
အကောင်အထည်ဖော်နိုင်အောင် ကူညီပါ။
မိမိလုပ်ဆောင်မှုသည် အများအတွက်ဖြစ်ပါစေဟူ၍ ဖြစ်သည်။
မိမိဘဝကို ချစ်မြတ်နိုးပါ
မိမိဘဝကို နှစ်ခြိုက်ပျော်ရွှင်နေသော ခေါင်းဆောင်များကို ဝန်ထမ်းများကနှစ်သက်သဘောကျေ လ့ရှိ ၏။ ဝန်ထမ်းများသည် မိမိဘဝကိုပျော်ရွှင်မှုပေးနို င်သူများဖြစ်သည်ဟု ယုံကြည်၏။ သူတို့ကိုလည်း ပျော်ရွှင်မှုရအောင် မိမိကပြန်လုပ်ပေးဖို့လိုသည် ။ သူတို့ကိုလေးလေးစားစားနှင့် တန်ဖိုးထားပြီးဆက်ဆံ နိုင်ရန်လိုပါ၏။
လူတိုင်းကို အမှတ်ပြည့်ပေးပါ
ဝန်ထမ်းများ၏ ‘တော်’ သည့် အရည်အချင်းများကို ရှာဖွေဖော်ထုတ်နိုင်အောင် အကူအညီပေးခြင်း၊ အသိအမှတ်ပြုခြင်းတို့ကို ပြုလုပ်ပါ။ နာမည်ကျော်အမေရိကန်စာရေးဆရာ ကြီး
Jaeques Wiexl က အောင်မြင်သည့် သန်းကြွယ်သူဌေးအယောက် ၁၀၀ ကို လေ့လာခဲ့ရာ
အားလုံးတွင် တူညီသည့်အ ချက်တစ်ချက်ကို တွေ့ရသည်။ ယင်းအချက်မှာ
လူများကိုလေးလေးစားစားနှင့် တန်ဖိုးထားပြီး ဆက် ဆံခြင်းဖြစ်သည်ဟု ဆိုသည်။
အင်္ဂလန်နိုင်ငံဝန်ကြီးချုပ်အ ဖြစ် သက်တမ်းနှစ်ကြိမ် အရွေးခံခဲ့ရသည့် “ဘင်ဂျမင်ဒစ်(စ်)ရေးလီ” က လူတစ်ယောက်၏အရည်အသွေးကို မိမိကိုယ်တိုင်သိရှိအောင်ကူ ညီခြင်းသည် မိမိ၏ချမ်းသာသော စည်းစိမ်ကိုခွဲဝေပေးခြင်းထက် ပိုတန်ဖိုးရှိသည်ဟု ဆိုသည်။
ဝန်ထမ်းများအား ၎င်းတို့၏ကိုယ်ပိုင်အရည်အသွေးများကို သိရှိဖော်ထုတ်နိုင်အောင်ကူညီပေးရပေ မည်။ အားပေးဖို့လည်း လိုသည်။ အသိအမှတ်လည်း ပြုရပါမည်။
မျှော်လင့်ချက်များပေးပါ အကောင်အထည်ဖော်နိုင်အောင်ကူ ညီပါ
ပြင်သစ်ဝန်ကြီးချုပ်ကြီး နပိုလီယံဘိုနာပတ် (Napolean Bonaparte) က “ခေါင်းဆောင်ဆိုတာ မျှော် လင့်ချက်တွေရောင်းတဲ့ ကုန်သည်ပါပဲ” ဟု ဆိုသည်။ ခေါင်းဆောင်သည် ဝန်ထမ်းများကိုမျှော်လင့်ချ က် ပေးနိုင်သူဖြစ်လျှင်၊ မျှော်လင့်ချက်တွေကို အကောင်အထည်ပေါ်အောင် ကူညီနိုင်သူဖြစ်လျှင် ၎င်းကို ဝန်ထမ်းများက လေးစားကြည်ညိုလာပေမည်။
အများအတွက်ဖြစ်ပါစေ
ဝန်ထမ်းများအကျိုးကို စဉ်းစားသော ရှေ့တန်းတင်သော ခေါင်းဆောင်များကို ဝန်ထမ်းများကလေးစား ကြည်ညိုချစ်မြတ်နိုးကြ၏။ ဝန်ထမ်းများအတွက် အချိန်ပေးလျှင် အလွန်သဘောကျနှစ်ခြိုက်ကြ၏။ အခါအခွင့်သင့်လျှင် ဝန်ထမ်းများနှင့်ခရီးအတူသွားခြင်း၊
အချိန်ပေး၍ စကားပြောခြင်း၊ နေ့လယ်စာ (သို့ မဟုတ်) ညစာအတူစားခြင်းတို့ကို
ပြုလုပ်သင့်ပါ၏။ ထိုသို့ပြုလုပ်နိုင်လျှင် ဝန်ထမ်းများ၏ ဘဝတိုးတက်
ပြောင်းလဲလာမည်မှာ သေချာသည်။ မိမိအကျိုးထက်ဝန်ထမ်းများ၏ အကျိုး၊
အရေးကိစ္စကို ဦးစားပေး ဆောင်ရွက်တတ်သည့်ခေါင်းဆောင်တိုင်းသည် လေးစားကြည်ညိုဖွယ်ကောင်းသည့်  ဂုဏ်သတ္တိနှင့် ပြည့်စုံနေမည်ဖြစ်သည်။
ရှောင်ရန်အချက်များ
ခေါင်းဆောင်များလိုက်နာရန်နှင့်
ဆောင်ရွက်ရန် အချက်များရှိသကဲ့သို့ ရှောင်ရန်အချက်များလည်းရှိ ၏။
ရှောင်ရန်အချက်များမှာ မာနထားခြင်း၊ ယုံကြည်မှုနည်းခြင်း၊
စိတ်အပြောင်းအလဲမြန်ခြင်း၊ အလွန် အသေးစိတ်နိုင်ခြင်း၊
အပြစ်မြင်တတ်ခြင်းတို့ဖြစ်သ ည်။
ငါ့ထက်တော်သည့်လူ မည်သူမျှမရှိ၊ ငါသာအတော်ဆုံးဟု အထင်ရောက်နေသူကို မည်သူကမျှခေါင်း ဆောင်အဖြစ် ကြည်ညိုလေးစားကြမည်မဟုတ်ပေ။ ရာထူးအရမတတ်သာ၍သာ ကြောက်နေရသော် လည်းကြည်ညိုလေးစားမှု ရရန်မလွယ်ပေ။
ခေါင်းဆောင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလျှင် အများ၏ယုံကြည်မှုကို ရရန်ခက်ပါလိမ့် မည်။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ စိတ်အပြောင်းအလဲမြန်ဆန်သူကို ယုံကြည်လေးစားသူနည်းပေ လိမ့်မည်။
လူတိုင်းသည် မိမိလုပ်သည့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြ၏။ သို့ရာတွင် အချို့ သောခေါင်းဆောင်လုပ်သူက စေ့စပ်သေချာခြင်းနှင့်အပြစ် ရှာခြင်းနှစ်ခုကို ရောထွေးယှက်တင်ပြုကာ ဇီဇာကြောင်ခြင်းကိုမူ အများကမနှစ်သက်၊ မလိုလားကြပေ။
ထို့အတူပင် ဝန်ထမ်းလုပ်သမျှကို အကောင်းမမြင်ဘဲ အမြဲတစေဝေဖန်ပြစ်တင်တတ်သူ၊ အမှားနှင့်အ မှန်ကို သေချာဂနစွာထောက်ပြနိုင်စွမ်းမရှိသူ၊ မှန်ကန်သောဆုံးဖြတ်ချက်ကို မပေးနိုင်သူခေါင်းဆောင် မျိုးကိုမည်သူမျှ ကြည်ညိုလေးစားကြမည် မဟုတ်ပေ။
ထို့ကြောင့် “ခေါင်းဆောင်ဆိုတာ မျှော်လင့်ချက်တွေရောင်းတဲ့ ကုန်သည်ပါပဲ” ဟူသော အဆိုအမိန့်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခေါင်းဆောင်ကောင်းတစ်ယောက်ြ ဖစ်ရန် ကြိုးစားသင့်ပါ၏။ ။
Democracy Today Daily
ဇန်နဝါရီလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်
တက္ကသိုလ်သင်္ခ
ကျွန်တော်နိုင်ငံ့ဝန်ထမ်းအြ
ထိုသို့ဆက်ဆံခဲ့ရာတွင် ခေါင်းဆောင်သုံးမျိုးကိုတွေ
ပထမအမျိုးအစားဖြစ်သော ခေါင်းဆောင်သည် လူအများကိုလေးလေးစားစားနှင်
လေးစားကြည်ညိုဖွယ်ကောင်းသော
ဒုတိယအမျိုးအစားဖြစ်သော ခေါင်းဆောင်သည် မိမိလက်အောက်ဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည်ကို တော်လျှင်တော်သလို ချီးကျူး၏။ ချီးမြှောက်၏။ အလုပ်အပေါ်စေတနာမထားသူ၊ လုပ်အားအပြည့် အဝမပေးဘဲ ခိုကတ်တတ်သောဝန်ထမ်းများအပေ
တတိယအမျိုးဖြစ်သော ခေါင်းဆောင်သည် ခေါင်းဆောင်အဖြစ် မခံယူထိုက်သူဖြစ်သည်။ မိမိမှတစ်ပါး အခြားသူကို မယုံကြည်၊ အားပေးခြင်းလည်းမရှိ၊ ချီးမြှောက်ခြင်းဆိုသည်မှာ ဝေလာဝေး။ အရာရာကိုအ ကောင်းမမြင်ဘဲ အပြစ်တင်ချင်သူဖြစ်သည်။ ထိုခေါင်းဆောင်မျိုးကို ဝန်ထမ်းများရွံကြောက် ကြောက်။ မတတ်သာ၍သာ ဆက်ဆံရသည်။ ဖြစ်နိုင်လျှင် ဝေးဝေးနေချင်သည်။
ကျွန်တော်အထက်တွင် တင်ပြသကဲ့သို့ ခေါင်းဆောင်တစ်ယောက်သည် အများကလေးစားကြည်ညို ဖွယ်ကောင်းသော ဂုဏ်ကျက်သရေနှင့် ပြည့်စုံစေရန် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်၍ ရနိုင်၏။ လေ့ကျင့်ပျိုးထောင်ရာတွင် ‘ဆောင်ရန်’ နှင့် ‘ရှောင်ရန်’ အချက်များရှိ၏။ ဆောင်ရန်အချက်များမှာ -
မိမိဘဝကို ချစ်မြတ်နိုးပါ။
လူတိုင်းကို အမှတ်ပြည့်ပေးပါ။
ဝန်ထမ်းများကို မျှော်လင့်ချက်များပေးပါ။
အကောင်အထည်ဖော်နိုင်အောင် ကူညီပါ။
မိမိလုပ်ဆောင်မှုသည် အများအတွက်ဖြစ်ပါစေဟူ၍ ဖြစ်သည်။
မိမိဘဝကို ချစ်မြတ်နိုးပါ
မိမိဘဝကို နှစ်ခြိုက်ပျော်ရွှင်နေသော ခေါင်းဆောင်များကို ဝန်ထမ်းများကနှစ်သက်သဘောကျေ
လူတိုင်းကို အမှတ်ပြည့်ပေးပါ
ဝန်ထမ်းများ၏ ‘တော်’ သည့် အရည်အချင်းများကို ရှာဖွေဖော်ထုတ်နိုင်အောင် အကူအညီပေးခြင်း၊ အသိအမှတ်ပြုခြင်းတို့ကို ပြုလုပ်ပါ။ နာမည်ကျော်အမေရိကန်စာရေးဆရာ
အင်္ဂလန်နိုင်ငံဝန်ကြီးချုပ်အ
ဝန်ထမ်းများအား ၎င်းတို့၏ကိုယ်ပိုင်အရည်အသွေးမ
မျှော်လင့်ချက်များပေးပါ အကောင်အထည်ဖော်နိုင်အောင်ကူ
ပြင်သစ်ဝန်ကြီးချုပ်ကြီး နပိုလီယံဘိုနာပတ် (Napolean Bonaparte) က “ခေါင်းဆောင်ဆိုတာ မျှော် လင့်ချက်တွေရောင်းတဲ့ ကုန်သည်ပါပဲ” ဟု ဆိုသည်။ ခေါင်းဆောင်သည် ဝန်ထမ်းများကိုမျှော်လင့်ချ
အများအတွက်ဖြစ်ပါစေ
ဝန်ထမ်းများအကျိုးကို စဉ်းစားသော ရှေ့တန်းတင်သော ခေါင်းဆောင်များကို ဝန်ထမ်းများကလေးစား ကြည်ညိုချစ်မြတ်နိုးကြ၏။ ဝန်ထမ်းများအတွက် အချိန်ပေးလျှင် အလွန်သဘောကျနှစ်ခြိုက်ကြ၏။ အခါအခွင့်သင့်လျှင် ဝန်ထမ်းများနှင့်ခရီးအတူသွာ
ရှောင်ရန်အချက်များ
ခေါင်းဆောင်များလိုက်နာရန်န
ငါ့ထက်တော်သည့်လူ မည်သူမျှမရှိ၊ ငါသာအတော်ဆုံးဟု အထင်ရောက်နေသူကို မည်သူကမျှခေါင်း ဆောင်အဖြစ် ကြည်ညိုလေးစားကြမည်မဟုတ်ပေ။
ခေါင်းဆောင်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလျှင် အများ၏ယုံကြည်မှုကို ရရန်ခက်ပါလိမ့် မည်။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ စိတ်အပြောင်းအလဲမြန်ဆန်သူကု
လူတိုင်းသည် မိမိလုပ်သည့်အလုပ်ကိုအကောင်
ထို့အတူပင် ဝန်ထမ်းလုပ်သမျှကို အကောင်းမမြင်ဘဲ အမြဲတစေဝေဖန်ပြစ်တင်တတ်သူ၊ အမှားနှင့်အ မှန်ကို သေချာဂနစွာထောက်ပြနိုင်စွမ်
ထို့ကြောင့် “ခေါင်းဆောင်ဆိုတာ မျှော်လင့်ချက်တွေရောင်းတဲ့
Democracy Today Daily
ဇန်နဝါရီလ (၁၉) ရက်၊ ၂၀၁၆ ခုနှစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။