😝😝😝😝😝 ဖတ်ကြည့် ရယ်ရချက်က ၉ လောက်ရှိတယ်
နန်းကျမင်း မြေးတော်နှစ်ပါး အချင်းများကြသည့်အကြောင်း
…………………………………………….
သက္ကရာဇ် ၁၉၈၈ တွင် သီရိအဓမ္မ မဆလာမင်းတြားကြီး အား ပြည်သူအများ မလိုလားသဖြင့် ဆူပူထကြွကြကုန်၏ ။
ထိုအခါ မဆလာမင်းတြားကြီး၏ အိမ်တော်ပါ စစ်သူကြီး သည် ဘ၀ရွှေမင်းတရားကြီးဘွဲ့ကို ခံယူကာ မင်းပြုသည် ။
ထိုမင်းနန်းတက်တော်မူလတ်သော် ပြည်သူများအား နှိပ်စက်မြဲနှိပ်စက်၏ ။
အရှေ့ဘက်စိန့်ပြည်မှ ဥတည်ဘွားနှင့် အပေါင်းမိတ်ဖက်ပြုကာ တရုတ်တို့လက်သို့ ပြည်အ၀ှမ်းအား အပ်လေသည် ။
မဆလာမင်းတြားကြီးအားလည်း မြှောက်စားဟန်ပြုပြီး နှစ်အနည်းငယ်ကြာသောအခါ အိမ်နိမ့်သို့ ပြောင်းရွှေ့စေ၏ ။
အိမ်နိမ့်စံမဆလာမင်း၏ သမက်တော် နှင့် မြေးတော်များအားလည်း ထီးနန်းအား ပုန်စားသဖြင့် နှောင်အိမ်နှင့် တည်းထားစေသည် ။
ဘ၀ရွှေမင်းတရားကြီး၏ မြေးတော်လေးအားလည်း သီရိမန်းကီးလောင်းရှည်ဘွဲ့ကိုခံယူကာ အိမ်ရှေ့အရာ မြှောက်စားတော်မူလေသည် ။
နိုင်ငံတော်နှင့်ပြည်ထဲရေးကိစ္စတို့ကို နန်းရင်းဝန် စောရညွန့်ခင် အား လွှဲအပ်ထားပြီး မင်းတရားကြီးကား နန်းတော်တွင်သာ ပျော်မွေ့တော်မူ၏ ။
အခါတပါးသော် နန်းရင်းဝန် စောရညွှန့်ခင်နှင့် သူ၏ အထောက်တော်တပ်ဖွဲ့သည် နေပြည်တော်အတွင်း ပြည်သူအများအား နှိပ်စက်ကလူပြုသည်ဟု အမတ်များက လျှောက်တင်ကြသည် ။
ထိုအခါ မင်းတရားကြီးက ပြည်သူအများအား နှိပ်စက်ကလူပြုရမည်မှာ ငါကဲ့သို့သော ဗျာဒိတ်ခံ သာသနာပြု စကြ၀တေးမင်းအလုပ်သာဖြစ်သည်။ သင်းကဲ့သို့ စောရလူလည်အလုပ်မဟုတ် ဟု ဆိုကာ ညွှန့်ခင် နှင့် သူ၏ အပေါင်းအပါအထောက်တော်တပ်ဖွဲ့ အကြီးအကဲတို့အား နှောင်အိမ်တွင် တည်းထား၏ ။
အချို့ကိုကား အရာမှ နုတ်သိမ်းကာ စားမြဲတို့ကို ရုတ်သိမ်းပြီး ကျေးစွန်လက်ဖျားသို့ပို့၏ ။
ဘ၀ရွှေမင်းတြားကြီး လက်ထက်တော်တွင် ပြည်သူအများမှာ တုံးအောက်မှ ဖားသူငယ်ကဲ့သို့ ပျားပျားဝတ်ကုန်၏ ။
ပြည့်ဒုက္ခအ၀၀ကို လစ်လျှူမရှုနိုင်သော ရဟန်းများအား ၀ါးရင်းတုတ်ဆွမ်းများ အားလျော်စွာ ကပ်လှူပြီး တိုက်ပိတ်ကျောင်းများ လှူဒါန်းကာ ပျံလွန်တော်မူသည်အထိ စောင့်ရှောက်တော်မူသည် ။
သက္ကရာဇ် ၂၀၀၇ တွင် မင်းတရားကြီး၏ ချီးမြှောက်မှုကြောင့် ရဟန်းများ ရေပေါ်မှောက်ခုံပေါ်လာ၏ ။
သန်းခေါင်ယံအချိန်တွင် သိမ်ကျောင်းဇရပ်များအတွင်း စစ်သူကြီးများကိုယ်တိုင် အပင်ပန်းခံ ၀င်ရောက်ကာ ရဟန်းတို့အား ပင့်ဆောင်ပြီး တုတ်ဆွမ်းများ ဆပ်ကပ်ကြသည် ။
ပြည်သူအများလည်း ချမ်းသာကြသည်ဖြစ်ပြီး နယ်စပ်သို့ သာ ထွက်ပြေးကုန်၏ ။
ဘ၀ရွှေမင်းတရားကြီး၏ ရှေးဘ၀ကုသိုလ်တော်အပေါင်းကို အကြောင်းပြုကာ သက္ကရာဇ် ၂၀၀၈ တွင် ရွှေမုန်တိုင်း ငွေမုန်တိုင်းကြီးတိုက်သဖြင့် မြစ်ဝအရပ်မှ ပြည်သူအများအပြား ရေတွင် ဖောင်းကားကာ သက်တောင့်သက်သာမျောကုန်၏ ။
ငါးပူတင်းများ အစာဝသဖြင့် မင်းတရားကြီး၏ ဂုဏ်ကျေးဇူးအား အထူးမွမ်းကြပြန်၏ ။
…………………………………………………………………… ………………………………..
နှစ်ပေါင်းကြာလတ်သောမင်းတြားကြီးသည်
တိုင်းပြည်အား အုပ်စိုးရသည်မှာ ငြီးငွေ့တော်မူသဖြင့်
အိမ်တော်ပါကျွန်ရင်းဖြစ်သူ မောင်စိန် အား ထီးနန်းကို အပ်ကာ
တောထွက်စာဖတ်တော်မူသည် ။
မောင်စိန် မင်းဖြတ်လတံ့သော် ရှေးဘ၀က စိန်တစ်လုံးသရက်ခြံစောင့်ဖြ စ်ခဲ့ပြီး
ပစ္စေကာဗုဒ္ဓါတစ်ပါးအား နွားနို့ကပ်လှူသဖြင့် ယခုဘ၀တွင်
ပြည့်ရှင်မင်းဖြစ်လာသည် ဟု ဟူးရားဇော် ၊ ဟူးရားထွဋ်တို့မှ
တွက်ချက်လျှောက်တင်ကြ၏ ။
ထို့ကြောင့် နွားနို့ဒကာ စိန်တစ်လုံးမင်းတရားကြီးဟူေ သာ ဘွဲ့ကို ယူကာ ဘိသိက်ခံတော်မူသည် ။
သရက်သီးမင်းတရားကြီး နန်းတက်သော် မဆလာမင်းတြားကြီး၏ သမက်တော် ၊ မြေးတော်များ ၊ စောရညွှန့််ခင်နှင့် အထောက်တော်များအား နှောင်အိမ်မှ လွတ်ငြိမ်းစေ၏ ။
နိုင်ငံနှင့်အ၀ှမ်း ပြည်သူများ သွားလာရေးအဆင်ပြေစေရန် စီးတော်ယာဉ်များအားလည်း အများအပြား တင်သွင်းစေ၏ ။
ထိုအခါ သူဌေးသူကြွယ်များမှာ ထမင်းစားယာဉ်တစ်စီး ၊ မစင်စွန့်ယာဉ်တစ်စီး ၊ သံဝါသပြုယာဉ်တစ်စီး ဟု ယာဉ်များ အသီးသီးစီးနိုင်ကြပြီး ပြည်သူအများမှာ ပျော်ပါးမြူးတူးလျက် ကားတိုက်သေကုန်၏ ။
ကားလမ်းကြပ်သဖြင့် အိမ်အပြန်ထမင်းငတ်ကုန်၏ ။
ထိုအခါ ကုန်းတံတားများဆောက်ကာ ပြည်သူ့အရေးကြည့်ရှူ့ပေးသဖြ င့် အင်ဂျင်နီယာတော်များ သူကြွယ်စာရင်းဝင်ကြကုန်၏ ။
နေပြည်တော်အနှံ စစ်မက်များပြင်ဆင်ကာ စစ်အင်အားတိုးချဲ့ပြီး စစ်သည်များအတွက် လမ်း ၊ တံတား၊ အိမ်ယာများကို စေတနာကြီးစွာဖော်ထုတ်ပေးသဖြ င့် ရဲမက်အင်ဂျင်နီယာအရာရှိတော် များမှာ သူကြွယ်စာရင်းဝင်ကုန်ကြ၏ ။
စစ်သည်များမှာလဲ ခနော်နီခနော်နဲ့ နေအိမ်တန်းလျားများတွင် မိသားစုကိုထားရစ်ကာ မူလအတိုင်း ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ထမင်းကြမ်းခဲစားကာ စစ်ထွက်ကြရကုန်၏ ။
ရဲမက်အင်ဂျင်နီယာအရာရှိမင်း အချို့မှာ အိမ်တော်ပါကျွန်များထံမှ ကလေးငယ်များကိုပင် အသပြာဆယ်သိန်းဖြင့် ၀ယ်ယူ ကြိုးတုပ်နေလှမ်းကာ လူငခြောက်လုပ်စားရန် ကြံစည်ကြ၏ ။
ကြာလတ်သော နိုင်ငံနှင့်အ၀ှမ်း ပြည်သူအများ ညည်းငွေ့စိတ်ကုန်ကြလေကုန်သည် ။
ခုနှစ်ပြည်ထောင်မင်းအပေါင်း မှ စောင့်ကြည့်ဖိအားပေးပြီးနော က် ပြည်သူအများရွေးကောက်တင်မြှောက်သော တစ်ပင်တိုင်မင်းသမီးကြီးအား နန်းလျာအဖြစ် လျာထားခြင်းခံရပြန်သည် ။
နွားနို့ဒကာ စိန်တစ်လုံးမင်းတရားကြီးသည်
ထီးနန်းကို စွန့်တော်မူရမည်ဖြစ်သဖြင့် ကြီးစွာစိတ်ထိခိုက်နေစဉ် နတ်ရွာစံ
သီရိအဓမ္မမဆလာမင်းတရားကြီး၏ မြေးတော်ကြီး စက္ကောပီယံဝက်ဒညံ နှင့် အိမ်နိမ့်စံ
ဘ၀ရွှေမင်းတရားကြီး၏ မြေးတော်လေး သီရိမန်းကီးလောင်းရှည် တို့
အချင်းများကြကုန်၏ ။
အကြောင်းကား တစ်ခါသော် သီရိမန်းကီးလောင်းရှည်မင်းသားသည် တစ်ပင်တိုင်ဒေ၀ီ ထံ အခစားဝင်ကာ ဘ၀ရွှေမင်းတရားကြီး၏ အမှာတော်အား သ၀ဏ်ပါးသည်ဟူ၏ ။
အသပြာငါးထောင်တန်တစ်ရွက်တွင် ဘွဲ့တော်များ ခပ်နှိပ်ကာ တိုင်းပြည်တစ်ဝှမ်းညီစေသည်မှာ ငါ၏ အစွမ်းဟု မောင်းခတ်၏ ။
ထို့နောက် ပြည်သူအများမှလဲ တစ်ပင်တိုင်ဒေ၀ီအား လိုလားသည်ဖြစ်ရာ သီရိမန်းကီးလောင်းရှည်အား မယုံရဲယုံရဲဖြင့် အားပေးကြကုန်သည် ။
ထိုအခါ စက္ကောပီယံဝက်ဒညံ မင်းသားမှ ငါတို့သည်သာ မင်းရိုးဖြစ်သည့်အတွက် ပြည့်ရေးရာသည် ငါတို့နှင့်သာဆိုင်သည် ။
ငါ့တကောမင်း ဘ၀ရွှေ ၏ မြေးတော် ကား လူဝါး ၀ါးလှသည် ဟု ယူဆကာ သီရိမန်းကီးလောင်းရှည်အား သုတ်သင်မည်ဟု ကြံ၏ ။
စက္ကောပီယံဝက်ဒညံ သည် စောရညွှန့်ခင်၏ အထောက်တော်တပ်မှ အရာနုတ်သိမ်းခံရသူ ကျွန်ယုံဘောမစားငယ် ငမိုး အား စတေးတပ်စ်ဓါးလွတ်ကိုင်ကာ လုပ်ကြံစေ၏ ။
ကျွန်ယုံငမိုးလည်း စတေးတပ်စ်ဓါးလွတ်အား ကိုင်ရွယ်လျက် သင်းကြီးတို့ မြေးအဖို့တစ်သိုက် ကွက်ကျော်ရိုက်သည်ဟု ကြိမ်းဝါးကာ သီရိမန်းကီးလောင်းရှည် ထံ ရောက်လာစဉ် သီရီမန်းကီးလောင်းရှည်မှ
''ဟယ် ဘောမစားငယ်..အသင်သည် ငါ ဘိုးတော်မင်းတြား၏ ကျေးဇူးတော်ကိုမထောက်…နတ်ရွာစံမင်းဟောင်းမြေးက
မြှောက်ပင့်သည်နှင့် လာဝံ့စားသည် ။ တစ်တုံးစားဖူး သခင့်ကျေးဇူး ဟူသည့်
စကားရှိ၏ ။ ငါနှင့် သက်တော်ထင်ရှားငါ၏ ဘိုးတော်သည် ထိုသို့မဟုတ်ကြောင်း ငါ၏
မိတ်ဆွေက အမှာတော်ခြွေလိမ့်မည် ။ သင့်စတေးတပ်စ်ဓါးလွတ်ကို
ချက်ခြင်းဖြုတ်လော'' ဟု ဆိုလေသည် ။
ထိုအခါ ဘောမစား ငမိုးလည်း ငယ်ကြောက်ဖြစ်သည့်အားလျော်စွာ ထိတ်လန့်ခြင်း ပြင်းစွာဖြစ်လျက်
''ကောင်းလေပြီ…ညီငယ်မိတ်ဆွေ ၏ စကားကို ငါနားထောင်ပါမည်။ ယခုပင် ငါ၏ စတေးတပ်စ်ဓါးလွတ်အား ဖြုတ်ပေပြီ'' ဟု ဆိုကာ ဓါးလွတ်ချကာ ပုဆိုးခါးတောင်းကျိုက် ပြေးလေ၏ ။
ထိုအခါ ပြည်သူအများကလဲ ဘောမစားငယ်သည် သခင်ဟောင်းကို မဆိုဘိနှင့် ။ သခင့်မြေးကိုပင် ရွံကြောက်ရသလော ဟု ကဲ့ရဲ့ကြလေသည် ။
ထိုအခါ ဘောမစားမှ ငါသည် တရုတ်သဘောက် တာတာ တို့ကိုပင် လေအမြှောက်ဖြင့် ပစ်ခွင်းခဲ့ဖူးသူမဟုတ်တုံလော
။ ယခု သခင်ဟောင်းမြေးကို မကြောက် ။ တစ်တုံးစားဖူး သခင့်ကျေးဇူးကို သိကာ
ယဉ်ကျေးသူဖြစ်ရတကား ဟုဆိုကာ အော်ဟစ်ပြီး စတေးတပ်စ်ဓါးလွတ်ကို ပြန်ဝံ့ကာ
ဟန်ကိုယ့်ဖို့ နေမြဲနေ၏ ။
ထိုအဖြစ်ကို ပြည်သူအများကြားလတ်သော နေပြည်တော်အ၀ှမ်း တဘောင်တစ်ခု ရွတ်ဆိုကြကုန်၏ ။
တဘောင်ကား….ရွှေနန်းငွေစည် မဟေသီ နန်းထိုင်တော့မည်ဆိုပါမှ မင်းနန်းတော်ဘေး မန်းကီးလေး နှင့် မင်းမြှောင် မင်းယောင် အရိုးကိုက်တစ်ကောင်တို့ တိုက်ပွဲဖြစ်သည် .. ငါတို့ ဟာသပျော်တကား ဟု တဘောင်ရွတ်ဆိုကြကုန်၏ ။
ဗြိတိသျှကိုကိုမောင်
Credit Ko Ko
နန်းကျမင်း မြေးတော်နှစ်ပါး အချင်းများကြသည့်အကြောင်း
…………………………………………….
သက္ကရာဇ် ၁၉၈၈ တွင် သီရိအဓမ္မ မဆလာမင်းတြားကြီး အား ပြည်သူအများ မလိုလားသဖြင့် ဆူပူထကြွကြကုန်၏ ။
ထိုအခါ မဆလာမင်းတြားကြီး၏ အိမ်တော်ပါ စစ်သူကြီး သည် ဘ၀ရွှေမင်းတရားကြီးဘွဲ့ကို ခံယူကာ မင်းပြုသည် ။
ထိုမင်းနန်းတက်တော်မူလတ်သော
အရှေ့ဘက်စိန့်ပြည်မှ ဥတည်ဘွားနှင့် အပေါင်းမိတ်ဖက်ပြုကာ တရုတ်တို့လက်သို့ ပြည်အ၀ှမ်းအား အပ်လေသည် ။
မဆလာမင်းတြားကြီးအားလည်း မြှောက်စားဟန်ပြုပြီး နှစ်အနည်းငယ်ကြာသောအခါ အိမ်နိမ့်သို့ ပြောင်းရွှေ့စေ၏ ။
အိမ်နိမ့်စံမဆလာမင်း၏ သမက်တော် နှင့် မြေးတော်များအားလည်း ထီးနန်းအား ပုန်စားသဖြင့် နှောင်အိမ်နှင့် တည်းထားစေသည် ။
ဘ၀ရွှေမင်းတရားကြီး၏ မြေးတော်လေးအားလည်း သီရိမန်းကီးလောင်းရှည်ဘွဲ့က
နိုင်ငံတော်နှင့်ပြည်ထဲရေးက
အခါတပါးသော် နန်းရင်းဝန် စောရညွှန့်ခင်နှင့် သူ၏ အထောက်တော်တပ်ဖွဲ့သည် နေပြည်တော်အတွင်း ပြည်သူအများအား နှိပ်စက်ကလူပြုသည်ဟု အမတ်များက လျှောက်တင်ကြသည် ။
ထိုအခါ မင်းတရားကြီးက ပြည်သူအများအား နှိပ်စက်ကလူပြုရမည်မှာ ငါကဲ့သို့သော ဗျာဒိတ်ခံ သာသနာပြု စကြ၀တေးမင်းအလုပ်သာဖြစ်သည်။
အချို့ကိုကား အရာမှ နုတ်သိမ်းကာ စားမြဲတို့ကို ရုတ်သိမ်းပြီး ကျေးစွန်လက်ဖျားသို့ပို့၏ ။
ဘ၀ရွှေမင်းတြားကြီး လက်ထက်တော်တွင် ပြည်သူအများမှာ တုံးအောက်မှ ဖားသူငယ်ကဲ့သို့ ပျားပျားဝတ်ကုန်၏ ။
ပြည့်ဒုက္ခအ၀၀ကို လစ်လျှူမရှုနိုင်သော ရဟန်းများအား ၀ါးရင်းတုတ်ဆွမ်းများ အားလျော်စွာ ကပ်လှူပြီး တိုက်ပိတ်ကျောင်းများ လှူဒါန်းကာ ပျံလွန်တော်မူသည်အထိ စောင့်ရှောက်တော်မူသည် ။
သက္ကရာဇ် ၂၀၀၇ တွင် မင်းတရားကြီး၏ ချီးမြှောက်မှုကြောင့် ရဟန်းများ ရေပေါ်မှောက်ခုံပေါ်လာ၏ ။
သန်းခေါင်ယံအချိန်တွင် သိမ်ကျောင်းဇရပ်များအတွင်း စစ်သူကြီးများကိုယ်တိုင် အပင်ပန်းခံ ၀င်ရောက်ကာ ရဟန်းတို့အား ပင့်ဆောင်ပြီး တုတ်ဆွမ်းများ ဆပ်ကပ်ကြသည် ။
ပြည်သူအများလည်း ချမ်းသာကြသည်ဖြစ်ပြီး နယ်စပ်သို့ သာ ထွက်ပြေးကုန်၏ ။
ဘ၀ရွှေမင်းတရားကြီး၏ ရှေးဘ၀ကုသိုလ်တော်အပေါင်းကိ
ငါးပူတင်းများ အစာဝသဖြင့် မင်းတရားကြီး၏ ဂုဏ်ကျေးဇူးအား အထူးမွမ်းကြပြန်၏ ။
……………………………………………………………………
နှစ်ပေါင်းကြာလတ်သောမင်းတြာ
မောင်စိန် မင်းဖြတ်လတံ့သော် ရှေးဘ၀က စိန်တစ်လုံးသရက်ခြံစောင့်ဖြ
ထို့ကြောင့် နွားနို့ဒကာ စိန်တစ်လုံးမင်းတရားကြီးဟူေ
သရက်သီးမင်းတရားကြီး နန်းတက်သော် မဆလာမင်းတြားကြီး၏ သမက်တော် ၊ မြေးတော်များ ၊ စောရညွှန့််ခင်နှင့် အထောက်တော်များအား နှောင်အိမ်မှ လွတ်ငြိမ်းစေ၏ ။
နိုင်ငံနှင့်အ၀ှမ်း ပြည်သူများ သွားလာရေးအဆင်ပြေစေရန် စီးတော်ယာဉ်များအားလည်း အများအပြား တင်သွင်းစေ၏ ။
ထိုအခါ သူဌေးသူကြွယ်များမှာ ထမင်းစားယာဉ်တစ်စီး ၊ မစင်စွန့်ယာဉ်တစ်စီး ၊ သံဝါသပြုယာဉ်တစ်စီး ဟု ယာဉ်များ အသီးသီးစီးနိုင်ကြပြီး ပြည်သူအများမှာ ပျော်ပါးမြူးတူးလျက် ကားတိုက်သေကုန်၏ ။
ကားလမ်းကြပ်သဖြင့် အိမ်အပြန်ထမင်းငတ်ကုန်၏ ။
ထိုအခါ ကုန်းတံတားများဆောက်ကာ ပြည်သူ့အရေးကြည့်ရှူ့ပေးသဖြ
နေပြည်တော်အနှံ စစ်မက်များပြင်ဆင်ကာ စစ်အင်အားတိုးချဲ့ပြီး စစ်သည်များအတွက် လမ်း ၊ တံတား၊ အိမ်ယာများကို စေတနာကြီးစွာဖော်ထုတ်ပေးသဖြ
စစ်သည်များမှာလဲ ခနော်နီခနော်နဲ့ နေအိမ်တန်းလျားများတွင် မိသားစုကိုထားရစ်ကာ မူလအတိုင်း ငတ်တစ်လှည့် ပြတ်တစ်လှည့်ဖြင့် ထမင်းကြမ်းခဲစားကာ စစ်ထွက်ကြရကုန်၏ ။
ရဲမက်အင်ဂျင်နီယာအရာရှိမင်း
ကြာလတ်သော နိုင်ငံနှင့်အ၀ှမ်း ပြည်သူအများ ညည်းငွေ့စိတ်ကုန်ကြလေကုန်သည
ခုနှစ်ပြည်ထောင်မင်းအပေါင်း
နွားနို့ဒကာ စိန်တစ်လုံးမင်းတရားကြီးသည်
အကြောင်းကား တစ်ခါသော် သီရိမန်းကီးလောင်းရှည်မင်းသ
အသပြာငါးထောင်တန်တစ်ရွက်တွင
ထို့နောက် ပြည်သူအများမှလဲ တစ်ပင်တိုင်ဒေ၀ီအား လိုလားသည်ဖြစ်ရာ သီရိမန်းကီးလောင်းရှည်အား မယုံရဲယုံရဲဖြင့် အားပေးကြကုန်သည် ။
ထိုအခါ စက္ကောပီယံဝက်ဒညံ မင်းသားမှ ငါတို့သည်သာ မင်းရိုးဖြစ်သည့်အတွက် ပြည့်ရေးရာသည် ငါတို့နှင့်သာဆိုင်သည် ။
ငါ့တကောမင်း ဘ၀ရွှေ ၏ မြေးတော် ကား လူဝါး ၀ါးလှသည် ဟု ယူဆကာ သီရိမန်းကီးလောင်းရှည်အား သုတ်သင်မည်ဟု ကြံ၏ ။
စက္ကောပီယံဝက်ဒညံ သည် စောရညွှန့်ခင်၏ အထောက်တော်တပ်မှ အရာနုတ်သိမ်းခံရသူ ကျွန်ယုံဘောမစားငယ် ငမိုး အား စတေးတပ်စ်ဓါးလွတ်ကိုင်ကာ လုပ်ကြံစေ၏ ။
ကျွန်ယုံငမိုးလည်း စတေးတပ်စ်ဓါးလွတ်အား ကိုင်ရွယ်လျက် သင်းကြီးတို့ မြေးအဖို့တစ်သိုက် ကွက်ကျော်ရိုက်သည်ဟု ကြိမ်းဝါးကာ သီရိမန်းကီးလောင်းရှည် ထံ ရောက်လာစဉ် သီရီမန်းကီးလောင်းရှည်မှ
''ဟယ် ဘောမစားငယ်..အသင်သည် ငါ ဘိုးတော်မင်းတြား၏ ကျေးဇူးတော်ကိုမထောက်…နတ်ရွ
ထိုအခါ ဘောမစား ငမိုးလည်း ငယ်ကြောက်ဖြစ်သည့်အားလျော်စ
''ကောင်းလေပြီ…ညီငယ်မိတ်ဆွေ
ထိုအခါ ပြည်သူအများကလဲ ဘောမစားငယ်သည် သခင်ဟောင်းကို မဆိုဘိနှင့် ။ သခင့်မြေးကိုပင် ရွံကြောက်ရသလော ဟု ကဲ့ရဲ့ကြလေသည် ။
ထိုအခါ ဘောမစားမှ ငါသည် တရုတ်သဘောက် တာတာ တို့ကိုပင် လေအမြှောက်ဖြင့် ပစ်ခွင်းခဲ့ဖူးသူမဟုတ်တုံလေ
ထိုအဖြစ်ကို ပြည်သူအများကြားလတ်သော နေပြည်တော်အ၀ှမ်း တဘောင်တစ်ခု ရွတ်ဆိုကြကုန်၏ ။
တဘောင်ကား….ရွှေနန်းငွေစည် မဟေသီ နန်းထိုင်တော့မည်ဆိုပါမှ မင်းနန်းတော်ဘေး မန်းကီးလေး နှင့် မင်းမြှောင် မင်းယောင် အရိုးကိုက်တစ်ကောင်တို့ တိုက်ပွဲဖြစ်သည် .. ငါတို့ ဟာသပျော်တကား ဟု တဘောင်ရွတ်ဆိုကြကုန်၏ ။
ဗြိတိသျှကိုကိုမောင်
Credit Ko Ko
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။