“လူငယ်နှင့် ဘ၀ပုံရိပ်”
လူသားတိုင်းသည် မိမိတို့သမိုင်းကို မိမိတို့ကိုယ်တိုင်ပင် စိုက်ထူးနေကြခြင်း ဖြစ်သည်။ မိမိတို့၏ ဘ၀ပုံရိပ်ကို မိမိတို့ကိုယ်တိုင် ပုံဖော်နေကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အနာဂတ်ကို ဦးဆောင်မည့် သားကောင်းများဖြစ်သည့် လူငယ်များအဖို့ မိမိတို့၏ ဘ၀ပုံရိပ်ကို မှန်ကန်စွာ ပုံဖော်စိုက်ထူနိုင်ဖို့ရန် လွန်စွာအရေးကြီးပေသည်။ အရာရာတိုင်းကို “သေတစ်နေ့၊ မွေးတစ်နေ့” ဟူသော ခပ်ပြတ်ပြတ် အတွေးဖြင့် ပေါ့ပေါ့တန်တန် သဘောမထားစေလိုပေ။
လူငယ်များအနေဖြင့် သတိပြုသင့်သည်မှာ လူတစ်ယောက်အဖို့ မွေးတစ်နေ့မှန်သော်လည်း သေတစ်နေ့ဆိုသော စကားသည် အပြည့်အစုံ မမှန်နိုင်ဟု ဆိုချင်ပါသည်။ အကြောင်းမှာ လူတစ်ယောက်ကို သူ့အား ကိုယ်စားပြုထားသော နာမည်နှင့်တွဲပြီး လူ့ပတ်ဝန်းကျင်က အကဲဖြတ်သုံးသပ် ကြခြင်းကြောင့်ဖြစ်သည်။ ထိုသို့ တွဲမြင်လိုက်သည့်နှင့် သေခြင်းမှာ နှစ်ပိုင်းဖြစ်လာသည်။ နာမည်သေခြင်းနှင့် လူသေခြင်းပါ။ လူသေခြင်းကတော့ တစ်ကြိမ်တည်းနှင့် ကိစ္စပြီးပြတ်သည်။ သို့သော် ကျွန်တော်တို့အားလုံးသည် နာမည်ကိုယ်စီရှိသော၊ နာမည်များနှင့်တွဲပြီး ကိုယ်စားပြုသော လူသားများဖြစ်သည့်အတွက် နာမည်သေခြင်းကိုပါ ထည့်သွင်းစဉ်းစားရမည်ပင်။
နာမည်နှင့်တွဲပြီး ကိုယ်စားပြုသော လူသားများအဖို့ အချို့မှာ "အသက်ရှိလျက် နာမည်က အရင်သေဆုံးပြီး၊ အသက်က ရှင်ကုန်လျက် သက်ရှိလူသေများ ဖြစ်နေသည်" ဟူသော စကားတစ်ခွန်းကို ဖတ်ဖူးခဲ့ပါသည်။ ထိုသူများအဖို့ သေတစ်နေ့မကဘဲ အကြိမ်ကြိမ် သေဆုံးခြင်းပင်။ နာမည်ပါတွဲပြီး ကိုယ်စားပြုထားသော လူတစ်ယောက်သည် ထိန်းသိမ်းရမည့်ကျင့်ဝတ်၊ စောင့်စည်းရမည့်သိက္ခာ၊ လိုက်နာရမည့်စည်းကမ်း၊ ဆင်ခြင်ရမည့် ကိုယ်ကျင့်တရား၊ ကျင့်သုံးရမည့် လူမှုနည်းလမ်း စသည်ဖြင့် အသွယ်သွယ်သော အကြောင်းတရားတို့ဖြင့် ညီညွတ်စွာ နေထိုင်ဖို့ ကြိုးစားသင့်ပြီး၊ မိမိကျင်လည်ရာ နယ်ပင်၊ လူ့အဖွဲ့အစည်းတွင် ပုံရိပ်ကောင်းစွာ ရှင်သန်နေထိုင်ရန် လိုအပ်ပေသည်။
"သေတစ်နေ့ပဲ" ဟုဆိုကာ မိမိထင်ရာ မစိုင်းသင့်ပေ။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကို ကောင်းကျိုမပြုနိုင်သော်လည်း
ဆိုးကျိုးတော့ မပြုအပ်ပေ။ မိမိ ကျင်လည်ရာနယ်ပယ်၊ ပတ်ဝန်းကျင်အတွက်
ကောင်းကျိုးမပေးဘဲ ဆိုးကျိုးသက်သက် သာပေးသော သူများအဖို့ ဘ၀တစ်ခုတွင်
အကြိမ်ကြိမ် သေဆုံးမှုဖြစ်ကြရမှာ ဧကန်ပင်။ ထိုသူတို့သည် ကံအကြောင်း လှနေသမျှ
ကာလပတ်လုံး လူမှုစည်းဝိုင်း၏ ဒဏ်ခတ်ခြင်းကို ကြုံဆုံရမည် မဟုတ်ပေ။
သို့သော်လည်း အချိန်ကာလ အပိုင်အခြား တစ်ခုမျှသာ ဖြစ်ပါလိမ့်မည်။
ဘ၀တစ်လျှောက်လုံး အဖို့တော့ ဖြစ်နိုင်ဖွယ်ရာ မရှိပေ။ တစ်ချိန်မဟုတ်
တစ်ချိန်တွင် လောက၏ ဒဏ်ခတ်ခြင်းကို ခံစားရမည်ပင်။ ထိုသူများသည်
အသက်ရှင်သန်လျက် ရှိသော်လည်း နာမည်များ သေဆုံးထားပြီးဖြစ်ကာ၊ အသက်ပါ
သေဆုံးခဲ့လျှင် သေတစ်နေ့မကတော့ဘဲ သေအကြိမ်ကြိမ်ဟု ခေါ်ဆိုရမည့်
သူများပဲဖြစ်သည်။
လူငယ်များအနေဖြင့် သတိပြုသင့်သည်မှာ ရှေ့ကလည်းခေါင်းဆောင်မှု ကောင်းကောင်းမပေးနိုင်၊ ခေါင်းဆောင်ကောင်း နောက်ကလည်း ဖြောင့်ဖြောင့်မလိုက်ချင်ဘဲ
အမြဲတစေ ဆိုးကျိုးပေး ကန့်လန့်တိုက် နေပါက ထိုသူများသည် ၄င်းတို့၏
နာမည်နှင့်တွဲပြီး ကိုယ်စားပြုသော လူပီသူများ ဟုတ်ပါသလော ဟူသည့်အချက်ပင်။
လူပီသသူဟု ဆိုရာတွင် အတန်းပညာတတ်သူလား၊ ရုပ်ရည်လှပသူလား၊
ပစ္စည်းဥစ္စာကြွယ်ဝသူလား၊ ဆွေဂုဏ်မျိုးဂုဏ် ကြီးမားသူလား စသည်ဖြင့်
စဉ်းစားစရာ၊ မေးခွန်းထုတ်စရာများ ဖြစ်ပေါ်လာပေသည်။ လူသားတိုင်းသည်
မိမိကျင်လည်ရာ နယ်ပယ်၊ ရပ်တည်ရာ လူ့အဖွဲ့အစည်း၊ နေထိုင်ရာ
အသိုင်းအ၀န်းအတွက် ကောင်းကျိုးတစ်ခုခုကို ဆောင်ကြဉ်းပေးသင့်ပြီး လူပီသအောင်
ဆင်ခြင်နေထိုင်သင့်ပေသည်။
သမိုင်းစာမျက်နှာတွင် ပုံရိပ်ကောင်းကို တည်ဆောက်ပြီး လူသားပီသစွာဖြင့် မိမိတို့ပတ်ဝန်းကျင်ကို တစ်နည်းနည်းဖြင့် ကောင်းကျိုးပြုခဲ့ကြသော မြန်မာ့လွတ်လပ်ရေးခေါင်းဆော င် ဗိုလ်ချုပ်အောင်ဆန်း၊ အိန္ဒိယနိုင်ငံရေးခေါင်းဆောင်
မဟတ္တမဂန္ဒီ၊ မေတ္တာရှင် မာသာထရီဇာ၊ လူမည်းခေါင်းဆောင် မာတင်လူသာကင်း
စသည်တို့သည် အသက်ပင် သေဆုံးသွားသော်လည်း နာမည်ကား မသေဆုံးပေ။ ထိုသူများသည်
၎င်းတို့၏ ပုံရိပ်ကောင်းကို မှန်ကန်စွာ တည်ဆောက်နိုင်ခဲ့ကြသူများဖြ စ်သည်။ ဆိုလိုသည်မှာ ကမ္ဘာ့ကျော်ပုဂ္ဂိုလ်များကဲ့သို့ ဆောင်ရွက်ရမည်၊ အစွမ်းအစ ရှိရမည်ဟု မဆိုလိုပေ။ အသက်ရှိလျက်နှင့် နာမည်အရင်သေနေသည့် “သက်ရှိလူသေ” မဖြစ်စေလိုခြင်းပင်။
လူငယ်များအဖို့ မိမိတို့ဘ၀ပုံရိပ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ဖို့ရာ အသိဥာဏ်ပညာ၊ ဆင်ခြင်ထုံတရား ပြောင်းလဲရင့်သန်ဖို့က အရေးကြီးပေသည်။ ထိုသို့ အသိဥာဏ်ပညာ၊ ဆင်ခြင်ထုံတရား ပြောင်းလဲရင့်သန်ဖို့ရာ အရေးအကြီးဆုံးအချက်မှာ စာကောင်းပေမွန်ကို အင်တိုက်အားတိုက် ဖတ်ရှုဖို့လိုပေသည်။ မိမိတို့ ဖတ်ရှုထားသော စာပေမှတစ်ဆင့် အသိဥာဏ်ပညာ၊ ဆင်ခြင်ထုံတရားကို ရင့်သန်အောင် ပြောင်းလဲယူရပါမယ်။ ထပ်မံသတိပြု စေလိုသည်မှာ ထိုသို့ပြောင်းလဲယူရာတွင် အတန်းပညာ ပြီးဆုံးအောင်မြင်သွားခြင်း ကို မဆိုလိုပေ။
အတန်းပညာ ပြီးမြောက်သွားသော်လည်း အသိဥာဏ်ပညာ သည်လည်းကောင်း၊ ဆင်ခြင်ထုံတရား သည်လည်းကောင်း မပြောင်းလဲ၊ မရင့်သန်ပါက အတန်းပညာ ပြီးဆုံးသူတစ်ဦး သက်သက်သာ ဖြစ်ပါလိမ့်မည်။ အတန်းပညာကိုသာ အတန်းဆုံးအောင် ပြီးမြောက်ခြင်းဖြစ်ပြီး၊ အသိဥာဏ်မြင့်မားလာမှု မရှိခြင်းတို့ကြောင့်ပင်။ ဥပမာအားဖြင့်ဆိုရသော် အိုစမာဘင်လာဒင်၏ အကြံပေးအဖွဲ့တွင် ပါရဂူဘွဲ့ရသူ အမြောက်အမြား ပါဝင်နေပြီး၊ ထိုသူများသည် အတန်းပညာကို တစ်ဖက်ကမ်းပေါက် ပြီးမြောက်သူများဖြစ်ပြီး၊ အသိဥာဏ်ဆင်ခြင်မှုတွင် အနှုတ်ပြနေသူများဖြစ်ကြောင်း သိသာထင်ရှားလှပါတယ်။
ထိုကဲ့သို့ ကိုယ်ရည်ကိုယ်သွေး အနှုတ်ပြနေသူများသည် သူကျင်လည်ရာနယ်ပယ်၊ သူရပ်တည်ရာ အဖွဲ့အစည်း၊ သူရှင်သန်ရာ အသိုင်းအ၀န်းတွင် အချုပ်အခြာနေရာကို ရရှိသွားပါက သူကျင်လည်ရာ နယ်ပယ်သည်လည်းကောင်း၊ သူရပ်တည်ရာ အဖွဲ့အစည်းသည်လည်းကောင်း၊ သူရှင်သန်ရာ အသိုင်းအ၀န်းသည်လည်ကောင်း သူ၏ အနှုတ်လက္ခဏာဆောင်သော အသိဥာဏ်ဆင်ခြင်မဲ့မှုကြောင့် သမိုင်းတွင် အမှောင်ရိပ်ကျခြင်း၊ အမည်းစက် ထင်ကျန်ခြင်းမှ တစ်ပါး အခြားမရှိနိုင်ပေ။
နိဂုံးချုပ်ဆိုရသော် လူငယ်များအနေဖြင့် ဘ၀ပုံရိပ်ကို တည်ဆောက်ရာတွင် မိမိ၏အပြောအဆို၊ အပြုအမူ၊ အနေအထိုင်သည် မိမိတို့၏ သမိုင်းစာမျက်နှာတွင် တစ်နည်းနည်းဖြင့် အကျိုးသက်ရောက်မှု ရှိသည့်အတွက် အတတ်နိုင်ဆုံး ဆင်ခြင်ခြင်းက လောကကြီးအတွက်ရော၊ မိမိအတွက်ပါ ကောင်းကျိုးကို ပိုမိုဖြစ်စေမည်ဟု ယုံကြည်မိပေသည်။ အကြောင်းမှာ မိမိတို့၏ မှားယွင်းသော အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူ၊ အယူအဆ တစ်ရပ်သည် အဖြူထည် လူ့အဖွဲ့အစည်းသို့ မပုတ်ခတ်၊ မထိခိုက်ဟု မည်သူမျှ အာမ,မခံနိုင်သောကြောင့်ပင်။
လူငယ်တိုင်း မိမိတို့၏ ဘ၀ပုံရိပ်ကောင်းကို မှန်ကန်စွာ တည်ဆောက်နိုင်ပြီး
ကမ္ဘာလောကကြီးအတွက် မိမိတို့ တတ်စွမ်းနိုင်သမျှ ကောင်းကျိုးပြုနိုင်ပါစေလို့  ဆန္ဒပြုလိုက်ရပါသည်။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
အခွင့်အလမ်းဂျာနယ်
၈.၇.၂၀၁၄
လူသားတိုင်းသည် မိမိတို့သမိုင်းကို မိမိတို့ကိုယ်တိုင်ပင် စိုက်ထူးနေကြခြင်း ဖြစ်သည်။ မိမိတို့၏ ဘ၀ပုံရိပ်ကို မိမိတို့ကိုယ်တိုင် ပုံဖော်နေကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် အနာဂတ်ကို ဦးဆောင်မည့် သားကောင်းများဖြစ်သည့် လူငယ်များအဖို့ မိမိတို့၏ ဘ၀ပုံရိပ်ကို မှန်ကန်စွာ ပုံဖော်စိုက်ထူနိုင်ဖို့ရန်
လူငယ်များအနေဖြင့် သတိပြုသင့်သည်မှာ လူတစ်ယောက်အဖို့ မွေးတစ်နေ့မှန်သော်လည်း သေတစ်နေ့ဆိုသော စကားသည် အပြည့်အစုံ မမှန်နိုင်ဟု ဆိုချင်ပါသည်။ အကြောင်းမှာ လူတစ်ယောက်ကို သူ့အား ကိုယ်စားပြုထားသော နာမည်နှင့်တွဲပြီး လူ့ပတ်ဝန်းကျင်က အကဲဖြတ်သုံးသပ် ကြခြင်းကြောင့်ဖြစ်သည်။ ထိုသို့ တွဲမြင်လိုက်သည့်နှင့် သေခြင်းမှာ နှစ်ပိုင်းဖြစ်လာသည်။ နာမည်သေခြင်းနှင့် လူသေခြင်းပါ။ လူသေခြင်းကတော့ တစ်ကြိမ်တည်းနှင့် ကိစ္စပြီးပြတ်သည်။ သို့သော် ကျွန်တော်တို့အားလုံးသည် နာမည်ကိုယ်စီရှိသော၊ နာမည်များနှင့်တွဲပြီး ကိုယ်စားပြုသော လူသားများဖြစ်သည့်အတွက် နာမည်သေခြင်းကိုပါ ထည့်သွင်းစဉ်းစားရမည်ပင်။
နာမည်နှင့်တွဲပြီး ကိုယ်စားပြုသော လူသားများအဖို့ အချို့မှာ "အသက်ရှိလျက် နာမည်က အရင်သေဆုံးပြီး၊ အသက်က ရှင်ကုန်လျက် သက်ရှိလူသေများ ဖြစ်နေသည်" ဟူသော စကားတစ်ခွန်းကို ဖတ်ဖူးခဲ့ပါသည်။ ထိုသူများအဖို့ သေတစ်နေ့မကဘဲ အကြိမ်ကြိမ် သေဆုံးခြင်းပင်။ နာမည်ပါတွဲပြီး ကိုယ်စားပြုထားသော လူတစ်ယောက်သည် ထိန်းသိမ်းရမည့်ကျင့်ဝတ်၊ စောင့်စည်းရမည့်သိက္ခာ၊ လိုက်နာရမည့်စည်းကမ်း၊ ဆင်ခြင်ရမည့် ကိုယ်ကျင့်တရား၊ ကျင့်သုံးရမည့် လူမှုနည်းလမ်း စသည်ဖြင့် အသွယ်သွယ်သော အကြောင်းတရားတို့ဖြင့် ညီညွတ်စွာ နေထိုင်ဖို့ ကြိုးစားသင့်ပြီး၊ မိမိကျင်လည်ရာ နယ်ပင်၊ လူ့အဖွဲ့အစည်းတွင် ပုံရိပ်ကောင်းစွာ ရှင်သန်နေထိုင်ရန် လိုအပ်ပေသည်။
"သေတစ်နေ့ပဲ" ဟုဆိုကာ မိမိထင်ရာ မစိုင်းသင့်ပေ။ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ကို ကောင်းကျိုမပြုနိုင်သော်လည်
လူငယ်များအနေဖြင့် သတိပြုသင့်သည်မှာ ရှေ့ကလည်းခေါင်းဆောင်မှု ကောင်းကောင်းမပေးနိုင်၊ ခေါင်းဆောင်ကောင်း နောက်ကလည်း ဖြောင့်ဖြောင့်မလိုက်ချင်ဘဲ
သမိုင်းစာမျက်နှာတွင် ပုံရိပ်ကောင်းကို တည်ဆောက်ပြီး လူသားပီသစွာဖြင့် မိမိတို့ပတ်ဝန်းကျင်ကို တစ်နည်းနည်းဖြင့် ကောင်းကျိုးပြုခဲ့ကြသော မြန်မာ့လွတ်လပ်ရေးခေါင်းဆော
လူငယ်များအဖို့ မိမိတို့ဘ၀ပုံရိပ်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်ဖို့ရာ အသိဥာဏ်ပညာ၊ ဆင်ခြင်ထုံတရား ပြောင်းလဲရင့်သန်ဖို့က အရေးကြီးပေသည်။ ထိုသို့ အသိဥာဏ်ပညာ၊ ဆင်ခြင်ထုံတရား ပြောင်းလဲရင့်သန်ဖို့ရာ အရေးအကြီးဆုံးအချက်မှာ စာကောင်းပေမွန်ကို အင်တိုက်အားတိုက် ဖတ်ရှုဖို့လိုပေသည်။ မိမိတို့ ဖတ်ရှုထားသော စာပေမှတစ်ဆင့် အသိဥာဏ်ပညာ၊ ဆင်ခြင်ထုံတရားကို ရင့်သန်အောင် ပြောင်းလဲယူရပါမယ်။ ထပ်မံသတိပြု စေလိုသည်မှာ ထိုသို့ပြောင်းလဲယူရာတွင် အတန်းပညာ ပြီးဆုံးအောင်မြင်သွားခြင်း
အတန်းပညာ ပြီးမြောက်သွားသော်လည်း အသိဥာဏ်ပညာ သည်လည်းကောင်း၊ ဆင်ခြင်ထုံတရား သည်လည်းကောင်း မပြောင်းလဲ၊ မရင့်သန်ပါက အတန်းပညာ ပြီးဆုံးသူတစ်ဦး သက်သက်သာ ဖြစ်ပါလိမ့်မည်။ အတန်းပညာကိုသာ အတန်းဆုံးအောင် ပြီးမြောက်ခြင်းဖြစ်ပြီး၊ အသိဥာဏ်မြင့်မားလာမှု မရှိခြင်းတို့ကြောင့်ပင်။ ဥပမာအားဖြင့်ဆိုရသော် အိုစမာဘင်လာဒင်၏ အကြံပေးအဖွဲ့တွင် ပါရဂူဘွဲ့ရသူ အမြောက်အမြား ပါဝင်နေပြီး၊ ထိုသူများသည် အတန်းပညာကို တစ်ဖက်ကမ်းပေါက် ပြီးမြောက်သူများဖြစ်ပြီး၊ အသိဥာဏ်ဆင်ခြင်မှုတွင် အနှုတ်ပြနေသူများဖြစ်ကြောင်း
ထိုကဲ့သို့ ကိုယ်ရည်ကိုယ်သွေး အနှုတ်ပြနေသူများသည် သူကျင်လည်ရာနယ်ပယ်၊ သူရပ်တည်ရာ အဖွဲ့အစည်း၊ သူရှင်သန်ရာ အသိုင်းအ၀န်းတွင် အချုပ်အခြာနေရာကို ရရှိသွားပါက သူကျင်လည်ရာ နယ်ပယ်သည်လည်းကောင်း၊ သူရပ်တည်ရာ အဖွဲ့အစည်းသည်လည်းကောင်း၊ သူရှင်သန်ရာ အသိုင်းအ၀န်းသည်လည်ကောင်း သူ၏ အနှုတ်လက္ခဏာဆောင်သော အသိဥာဏ်ဆင်ခြင်မဲ့မှုကြောင့်
နိဂုံးချုပ်ဆိုရသော် လူငယ်များအနေဖြင့် ဘ၀ပုံရိပ်ကို တည်ဆောက်ရာတွင် မိမိ၏အပြောအဆို၊ အပြုအမူ၊ အနေအထိုင်သည် မိမိတို့၏ သမိုင်းစာမျက်နှာတွင် တစ်နည်းနည်းဖြင့် အကျိုးသက်ရောက်မှု ရှိသည့်အတွက် အတတ်နိုင်ဆုံး ဆင်ခြင်ခြင်းက လောကကြီးအတွက်ရော၊ မိမိအတွက်ပါ ကောင်းကျိုးကို ပိုမိုဖြစ်စေမည်ဟု ယုံကြည်မိပေသည်။ အကြောင်းမှာ မိမိတို့၏ မှားယွင်းသော အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူ၊ အယူအဆ တစ်ရပ်သည် အဖြူထည် လူ့အဖွဲ့အစည်းသို့ မပုတ်ခတ်၊ မထိခိုက်ဟု မည်သူမျှ အာမ,မခံနိုင်သောကြောင့်ပင်။
လျှံဇွဲကို(စီးပွားရေးတက္ကသု
အခွင့်အလမ်းဂျာနယ်
၈.၇.၂၀၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။