"Verb + Preposition -2 " Date : 14.11.2015
1. depend on = တည်သည် ၊ အားထားသည်။
Are you going to the beach tomorrow ?It depends on the weather.
မင်းတို့ မနက်ဖြန် ကမ်းခြေသို့ သွားကြမှာလား ၊ ဒါကတော့ ရာသီဥတု အခြေအနေ အရပဲ။
2. die of= ရောဂါတစ်ခုခုဖြင့် သေသည်။
A lot of people are dying of AIDS.
ကိုယ်ခံအား ကျဆင်းမှုရောဂါကြောင့် လူအများအပြား သေကြတယ်။
3. dream about = အိပ်မက်မက်သည်။
I am dreaming about my lover when I suddenly woke up.
ကိုယ့်ချစ်သူအကြောင့် အိမ်မက်မက်လို့ ကောင်းတုန်း အိပ်ရာက ရုတ်တရက် လန့်နိုးသွားတယ်။
4. dream of = စိတ်ကူးယဉ်သည်။
When I was younger I dreamt of being a famous pop singer.
ကျွန်တော် ခပ်ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကို နာမည်ကြီး ပေါ့အဆိုတော် တစ်ယောက်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
5. dream of = ကြံရွယ်စိတ်ကူးသည်။
I wouldn't dream of changing my job.
ကျွန်တော် အလုပ်တစ်နေရာပြောင်းဖို့ စိတ်ကူးမှာ မဟုတ်ဘူး။
6. hear about = သတင်းရသည် ၊ ကြားရသည်။
Jimmy broke his leg in a skiing accident. Have you heard about this?
ဂျင်မီတစ်ယောက် နှင်းခဲပြင် လျောစီးရင်း မတော်တဆ ခြေကျိုးတဲ့အကြောင်း မင်းကြားပြီးပြီလား။
7. hear from = ထံမှ ကြားရသည်။
We haven't heard from Mike since he wrote to us last May .
လွန်ခဲ့တဲ့ မေလက နောက်ဆုံးစာ ရပြီးတဲ့နောက် ငါတို့ Mike ဆီက ဘာသတင်းမှ မရတော့ဘူး။
8. hear of = ကြားဖူးသည်။
Who is he? I've never heard of him.
သူက ဘယ်သူလဲ ၊ သူ့အကြောင်း ငါမကြားဖူးဘူး။
9. laugh at = ပြက်ရယ်ပြုသည်။
Who's that girl smiling at you?
မင်းကို ပြုံးပြနေတဲ့ ကလေးမဟာ ဘယ်သူလဲ။
10. listen to = နားထောင်သည်။
Would you like to listen to some music ?
တေးဂီတ နားထောင်ချင်သလား။
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ......."

"Verb + Preposition - 3" Date : 14.11.2015
1. look at = ကြည့်သည်။
Look at this photograph.
ဒီဓာတ်ပုံကို ကြည့်စမ်း။
2. look for =ရှာပေးသည်။
Can you help me, please ? I'm looking for West Street.
ကျွန်တော် အနောက်ဘက်လမ်းကို ရှာနေတာ။ ဘယ်မှာဆိုတာပြောနိုင်မလားခင်ဗျာ။
3. look after =စောင့်ရှောက်သည်၊ ဂရုစိုက်သည်။
Could you look after the baby while I go out shopping ?
ကျွန်တော် ဈေးဝယ်သွားနေတုန်း ကလေးငယ်ကို တဆိတ်လောက်ကြည့်ထားပါခင်ဗျာ။
4. rely on = စိတ်ချသည် ၊ အားကိုးသည်။
You can't rely on the post . It's always late.
ဒီချောပို့ကို စိတ်မချရဘူး။ စာတွေအမြဲနောက်ကျတယ်။
5. search for =ရှာဖွေသည်။
I've been searching for my keys.
ကျွန်တော် သော့တွေကို ရှာနေတုန်းပဲ။
6. shout at =အော်ပြောသည်။
Don't shout at me ! I can hear you.
အော်ပြောဖို့ မလိုပါဘူး ။ ခင်ဗျားပြောတာ ကောင်းကောင်းကြားတယ်။
7. speak to (talk to)= စကားပြောသည်။
I spoke to John this morning.
ဒီမနက် ဂျွန်နဲ့ စကားပြောခဲ့တယ်။
8. suffer from = ဝေဒနာခံစားနေရသည်။
He suffers from asthma.
သူ့မှာ ပန်းနာရောဂါခံစားနေရတယ်။
9. think about =တွေးတောသည်၊ စဉ်းစားသည်။
You look sad. What are you thinking about ?
မင်းကြည့်ရတာ ၀မ်းနည်းနေပုံပဲ။
10. think of / about =စဉ်းစားဆင်ခြင်သည်။
I'm thinking of / about changing my job.
အလုပ်သစ်တစ်ခုကို ပြောင်းလုပ်ရင် ကောင်းမလားလို့ ချိန်ဆနေတယ်။
11. think of =သဘောရသည်။
What do you think of this man? He's very nice.
မင်း သူ့ကိုဘယ်လိုသဘောရလဲ ၊ သူက ပေါင်းလို့ သင်းလို့ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ။
12. think of =တွေးဆသည်။
I can't think of any reason why the accident happened.
ဒီမတော်တဆဖြစ်ရတဲ့ အကြောင်းကို မတွေးတတ်အောင်ဖြစ်နေတယ်။
13. wait for =စောင့်ဆိုင်းသည်။
How long have you been waiting for the bus?
ခင်ဗျား ဘစ်စကားစောင့်နေတာ ဘယ်လောက်ကြာပြီလဲ။
14. write to =(=meaning )
I'll write to you soon.
ငါ မင်းဆီကို မကြာခင် စာရေးလိုက်ပါဦးမယ်။
"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ......."

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။