Photo Ref : dreamstime
www.yoyarlay.com
#kln_yyl
#article_yyl
(Unicode version)
သစ်ပင် ၅၀၀ ကို စိုက်ခဲ့သူ ဆိုက်ကားသမားကြီး ဦးငွေ
ဦးငွေကတော့ အခု မရှိတော့ပါဘူး။ ဦးငွေဟာ ၁၂၆၇ ခုနှစ်ဖွား မန္တလေးသား တစ်ယောက် ဖြစ်ပါတယ်။ ဦးငွေဟာ သမီး ရ ယောက်နဲ့ ဆိုက်ကားနင်းစားရတဲ့ လူဆင်းရဲ တစ်ယောက် ဖြစ်တယ်လို့ လူထုစိန်ဝင်းရဲ့လူငယ်နဲ့ တာဝန်ယူစိတ် စာအုပ်မှာ ဖော်ပြထားပါတယ်။
သူဟာ သစ်ပင်တွေကို ပျိုးတယ်၊ သူ ကြိုက်ရာ နေရာတွေမှာ မြေကိုတူးတယ်၊ ပြီးတော့ အပင်တွေကို စိုက်ခဲ့တယ် ဆိုပါတော့။ အရိပ်ရ အပင်တွေ ဖြစ်တဲ့ ညောင်ပင်၊ ကုက္ကိုလ်ပင်၊ စိန်ပန်းပင်၊ အားလုံးပေါင်း အပင် ၅၀၀ ကျော်ရှိတယ်။ သူ့အပင်တွေကို အေလမ်း တစ်လျှောက်၊ ရွှေကျီးမြင့် ဘုရားပေါက်၊ ကျုံဘေး၊ ရွှေတစ်ချောင်းဘေး နေရာ အတော်များများမှာ ခုအထိ တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။
သစ်ပင်စိုက်ဖို့ ဦးငွေကို ဘယ်သူမှ တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး။ သူ့စေတနာနဲ့သူ စိုက်ခဲ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ မနက် ၃ နာရီခွဲ ၄ နာရီဆိုရင် အိပ်ရာထတယ် ပြီးတော့ ကြိုးနဲ့ ရေပုံး၊ တူရွင်း၊ ပေါက်ပြား တောင်းတစ်လုံးနဲ့ အိမ်က ထွက်ပြီး သူ့စိုက်ထားတဲ့ အပင်တွေကို ရေလောင်းတယ်လို့ သိရပါတယ်။ အခုဆိုရင် နှစ်တွေ အတော်ကြာပြီ ဖြစ်လို့ ဦးငွေ စိုက်ခဲ့တဲ့ အပင်တွေဆိုရင် အရိပ်တွေလည်း ရပြီး အခက်တွေဝေ ဧရာမ အပင်ကြီးတွေ ဖြစ်လို့နေပါပြီ။
အသက် ရ၀ ကျော်သည်အထိ ဦးငွေဟာ သူ့အပင်တွေကို ရေလောင်းတုန်း၊ သစ်ပင်စိုက်ရုံတင် မဟုတ်ဘူး ခုတ်သင့်တဲ့ အကိုင်း အခက်တွေကို ခုတ်တယ်၊ ပယ်သင့်တဲ့ အကိုင်းတွေကို ပယ်တယ်၊ ပြုပြင်ရေး လုပ်မယ့်နေ့ ဆိုရင် သူ့ဆိုက်ကားလေးပေါ်သို့ လှေကား တစ်စင်း ယူလာခဲ့တယ်လို့ သိရပါတယ်။ လူတွေ အရိပ်အာဝါသ ခိုနားလို့ ရရန် အတွက် သစ်ပင်ကြီးတွေ အောက်မှာ ထိုင်ခုံလေးတွေလည်း လုပ်ပြီးလှူခဲ့ပါတယ်။
"လူ့လောကကို တာဝန်ကျေပွန်သူ အပေါမှာ လူ့လောက ကလည်း တာဝန်ကျေပါတယ်။ လူသားတို့ရဲ့အကျိုး သည်ပိုးသူမှာ ဘာသာ အယူဝါဒ ကွဲပြားစိတ် မရှိတော့ပါဘူး။ လူမျိုး၊ ဘာသာ ဆိုတာတွေရဲ့ ကန့်သတ်ချက် နယ်နမိတ်ကို ကျော်လွန်သွားခဲ့ပါပြီ"
လူထု စိန်ဝင်းရဲ့လူငယ်နဲ့ တာဝန်ယူစိတ် စာအုပ်မှာ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။
Photo Ref : dreamstime
ကျော်လင်းနိုင် (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။