မေတ္တာ၏အနက်အဓိပ္ပါယ်ကိုဆန်းစ စ်ခြင်း
ကျွန်တော်တို့အလွယ်တကူအဓိပ္ပါယ်ဖွင့်ဆိုကာလှိုင်လှိုင်ကြီးပြောနေကြသောစကား
တစ်လုံးရှိသည်။“မေတ္တာ”။
တကယ်တော့မေတ္တာ၏အနက်အဓိပ္ပါယ် သည်လေးနက်ကျယ်ဝန်းလှသည်။ကျွ န်တော်တို့
သည်သိသလိုနှင့်ထိုအနက်အဓိပ္ပါယ်အနီးမှပွတ်ကာသီကာဖြတ်သွားခြင်းသာဖြစ်သည်။
တကယ်တော့မေတ္တာဟူသောအဓိပ္ပါယ် ၏လေးနက်ကျယ်ဝန်းလှသောအကြာင်းတရားအတွင်းထဲသို့ကျွန်တော် တို့၏အသိဥာဏ်များသည်ဝင်ရောက်နိုင်ခြင်းမရှိလှပေ။အဘယ်ြေ ကာင့်
နည်း။ဝန်ခံရပေမည်။အဓိကမှာမေ တ္တာ၏အနက်အဓိပ္ပါယ်ကိုတိတိကျကျမသိခဲ့သောကြောင့်ပင်ဖြစ်သည်။အခုကောသိပြီလားဟုမေးစရာရှိသည်။ကျွန်တော်အပြည်အ၀မသိသေးပါ။ရေးတေးတေးလောက်တော့သဘော ပေါက်သလိုရှိပါသည်။ထိုရေးတေးတေးလောက်မှသိလာသောသဘောတရား ကိုသာကျွန်တော်ပြောပြ၀ံ့ပါသ ည်။
“မင်းကိုငါမေတ္တာထားပါတယ်။မင်းအပေါ်မှာငါရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လောက်ရှိပါတယ်”ဟုကျွန်တော်ပြောခဲ့ဘူးသည်။သိုသော်ထိုသို့ပြောခဲ့သူကိုပင်ကျွန်တော်၏အကျိုးစီးပွားကိုထိ ခိုက်လာသောအခါတွင်ကျွန်တော် အပြင်းအထန်မုန်းခဲ့ဖူးပါသည် ။ဒီတော့ကျွန်တော်သည်ထိုသူအေ ပ်ါထားခဲ့သည်ဆိုသောမေတ္တာသည်မှန်ကန်ပါရဲ့လား။
တကယ်ရင်ထဲကလာတာဟုတ်ပါသလားဟု ကျွန်တော်ကိုယ်ကျွန်တော်ဆန်းစစ်မိပါသည်။
မှန်ကန်မှုမရှိဟုအဖြေထုတ်၍ရပါသည်။
“အနှစ်နှစ်အလလကပြောချင်နေတဲ့ စကားလေးတစ်ခွန်းရှိခဲ့ပါတယ်။ဒါကိုပြောပြနိုင်ဖို့ကြိုးစားနေတာလဲကြာပြီ။ဒါပေမဲ့ြေ ပာနိုင်ပြီလားလို့ကိုယ့်ကို ယ်ကိုမေးကြည့်တော့မပြောနိုင်သေးတာနဲ့ပဲနေခဲ့တာ။အခုတော့ ပြောကြည့်မယ်ဆိုပြီးဒီစကားလုံးလေးရဲ့အနက်
အဓိပ္ပါယ်ကိုပြောကြည့်မလို့ပါ။ဒါပေမဲ့သိသလောက်တော့ပြောပါ့မယ်။အဲဒါဘာလဲဆိုတော့What is Love?မေတ္တာဆိုတာဘာလဲ?တဲ့။တက ယ်တော့Loveဆိုတာကိုမေတ္တာလို့ အကြမ်းဖျင်းသာအဓိပ္ပါယ်ပြန် လို့ရပေမဲ့တကယ့်တကယ်မှာပြီး ပြည်စုံတယ်လို့မရှိပါဘူး။
စကားလုံးတစ်ခုကိုနောက်ထပ်စကားလုံးတစ်ခုနဲ့အစားထိုးလိုက်ခြင်းသာဖြစ်ပါတယ်။
ဘာကြောင့်လဲမေတ္တာရဲ့အဓိပ္ပါယ်ကကျယ်ဝန်းလွန်းလို့ပါ။”
ဆရာတော်ဦးဇောတိက(ပျဉ်းမနား )သည်“မေတ္တာတရား”ဟူသောတိတ်ခွေနဲ့“ချစ်တတ်တဲ့လူဖြစ်ဖို့လိုတယ်”တိတ်ခွေများတွင်အထက်ပါအတိုင်းဟောကြားခဲ့ဖူးသည်။ဆ ရာတော်သည်စက်မှုတက္ကသိုလ်မှဘွဲ့ရခဲ့သူဖြစ်သည်။ဘွဲ့မရခင်က အိမ်ထောင်ကျခဲ့သည်။သမီး
နှစ်ယောက်ပင်ထွန်းကားခဲ့သည် ။စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်များတွင်ဘာသာရေးကိုလေ့လာလိုက်စားရာမှသတိပဌာန်ကိုကျင့် ကြံရင်းသတိပဌာန်တွင်မွေ့လျော်သွားခဲ့သူဖြစ်သည်။အချိန်ကိုတန်ဖိုးထားသည်။စာဖတ်သည်။ြ ကိုးစားသည်။သတိပဌာန်တွင်မွေ့ လျော်မိရာမှအစဗုဒ္ဓဘာသာ၏သိမ်မွေ့နက်နဲပုံကိုနားလည်သွား သည်။ထို့နောက်လောကီကိုစွန့် လွှတ်သည်။ဘွဲ့ယူသည့်နေ့တွင်ရ ဟန်းဝတ်သည်။တောင်ပုလုဆရာတော်ကြီးထံတပည့်ခံသည်။တောကျင့် ၊တောင်ကျင့်၊တစ်ပါးစံကျောင်းနှင့်တရားကျင့်ခဲ့သည်။ယခု
အသက်ငါးဆယ်ကျော်စပြုပေပြီ။ဆ ရာတော်၏တရားသက်နှင့်ရဟန်းဝါ နှစ်(၂၀)ကျော်ခဲ့ပြီဖြစ်သည် ။ပညာတတ်အသိုင်းအ၀ိုင်းမှလာသူဖြစ်သည်။သူ့ရဟန်းဝါအတွင်းပ ရိယတ္တိကိုလည်း(၁၀)၀ါခန့်သင် ယူခဲ့ပြီးပြီ။ပြီးတော့ပဋ္ဋိပတ္တိနှင့်တွဲ၍ကျင့်သည်။ထို့ြေ ကာင့်ဆရာတော်၏ဟောကြားချက်များသည်လူ့လောကအတွင်းမှလူတို့ ၏စရိုက်နှင့်ထိစပ်နေသည်။ကို ယ်စရိုက်ကိုယ်ပြန်ဟောသည်ကိုး.....။
ဤသို့ဖြတ်သန်းမှုကြီးမားခဲ့ေ သာဆရာတော်ပင်လျှင်မေတ္တာအကြောင်းကိုပင်တိတိပပမသိနိုင်သေးဟုဝန်ခံရသေးလျှင်ကျွန်တော် မှာအဘယ်သို့ပြောဝံ့ပါမည်နည်း။သို့သော်မေတ္တာသည်ထားတတ်လျှင်အေးချမ်းသည်ကိုသတိပဌာန်တ ရားအားထုတ်ရင်းမှတွေ့ရှိချက်တစ်ရပ်ကိုကျွန်တော်တင်ပြလိုပါသည်။
တစ်နေ့နံနက်စောစောသတိပဌာန်အားထုတ်စဉ်ခြင်တစ်ကောင်တ၀ီဝီ ပျံသန်းလာသည်ကိုကျွန်တော်သတိထားမိသည်။ခြင်ကကျွန်တော်ပါးပြင်ကိုလာနားသည်။သူ့အော်သံ ရပ်သွားသည်။ကျွန်တော်မျက်ခွံလေးယားယံလာသည်။ကျွန်တော်သွေးကိုစုပ်ရန်နေရာရှာနေသည်။ကျွန်တော်စိတ်ထဲတွင်အတွေးတစ် မျိုးပေါ်လာသည်။“ဒီခြင်ဟာကျွ န်တော်သွေးကိုစုပ်ချင်လို့လာတာပဲ”ကျွန်တော်လိုလိုလားလားပေးရမည်။ပေးသင့်သည်။ကျွန်ေ တ်ာသည်သတ္တ၀ါတွေရဲ့အသားကိုမျိုးစုံအောင်စားခဲ့ပြီးပြီ။ထိုအချိန်တုန်းက
ကျွန်တော်သည်ရွှင်လန်းအားရစွာ......။ယခုကျွန်တော်သွေးကိုစုပ်ယူမည်ဆိုသောအခါကျွန်တော်နည်းနည်းတွန့်ဆုတ်ချင်မိသ ည်။ထပ်မံသတိပေးလိုက်သည်။ခြင်တစ်ကောင်သည်ငါ့ကိုယ်ထဲကသွေးအားလုံးကိုမစုပ်နိုင်ပါဘူး ။အစိတ်အပိုင်းနည်းနည်းလေးပဲ သူစုပ်
နိုင်မှာပါ။ဒါဆိုရင်ဘာလို့မ ပေးနိုင်ရမှာလဲ။ပေးနိုင်ရမှာပေါ့။
ပေးသည့်အခါမလွှဲသာလို့ပေးခြင်းမျိုးမဟုတ်။အကယ်ကိုလိုလို လားလားပေးနိုင်ရမည်။
ဆရာတော်၏စကားသံနားထဲကြားလြာ ပန်သည်။
“မေတ္တာဆိုတာဘာလဲဆိုတော့သူတစ်ပါးအကျိုးကိုလိုလားခြင်းပဲ ”
ခြင်ကလေးသည်ကျွန်တော်သွေးကိုလိုချင်နေရှာသည်။သူလိုချင် မှုကိုကျွန်တော်ဖြည့်စွမ်းပေးရမည်။သူ့အကျိုးကိုဆောင်ကြဥ်းပေးရမည်။ကျွန်တော်အကျိုး ကိုထည့်တွက်စရာမလို။
ထိုသို့သဘောထားလိုက်သောအခါလ က်ခနဲဖြစ်သွားသည်။ကျွန်တော် သဘောပေါက်လိုက်ပါပြီ။ဒါသည်. .....မေတ္တာစိတ်။
ကျွန်တော်သတိတရရှိနေသည်ကခြင်ကလေးသည်ကျွန်တော်ပါးပြင်ကိုသူ့နှုတ်သီးဖြင့်ထိုးဖောက်ရ င်းကျွန်တော်ခန္ဒာကိုယ်မှသွေးစုပ်နေချိန်သူ့နှာမောင်းမှ သူ့ခန္ဒာကိုယ်ထဲသို့ကျွန်တော်သွေးတွေစီးဝင်သွားချိန်မှာ ကျွန်တော်ကြည်နှုး၍ပြုံးမိသောအပြုံးလေး......။
မေတ္တာစိတ်ကြောင့်ဖြစ်ပေါ်လာေ သာထိုအပြုံးလေးကိုဘ၀တလျှာက် လုံးဘယ်နေရာဘာလုပ်လုပ်အမြဲတ မ်းနှလုံးသွင်းအမှတ်ရနိုင်ဖို့ကျွန်တော်စွဲစွဲမြဲမြဲမှ တ်ထားရပေဦးမည်။
သြော်....သတိပဌာန်ကြောင့်သိ မြင်လာသောမေတ္တာ၏အနက်ကားအမှန်တကယ်အေးချမ်းလွန်းလှသည်ကို ကျွန်တော်သတိထားနေမိတော့သည် ။
်
ဆရာမြသန်းစံရဲ့နှစ်သက်မိတဲ့ စာစဉ်လေးပါပဲ။အမြဲတမ်းထိတွေ့ နေပေမဲ့အဝေးကြီးမှာလိုပဲခံ စားနေရတဲ့စကားလုံးလေးအဓိပ္ပါ ယ်ကိုလေးလေးနက်နက်ကိုယ်တိုင်ခံစားရသလိုပါပဲ။
khayaeyeik blogspot
ကျွန်တော်တို့အလွယ်တကူအဓိပ္ပ
တစ်လုံးရှိသည်။“မေတ္တာ”။
တကယ်တော့မေတ္တာ၏အနက်အဓိပ္ပါယ်
သည်သိသလိုနှင့်ထိုအနက်အဓိပ္ပ
တကယ်တော့မေတ္တာဟူသောအဓိပ္ပါယ်
နည်း။ဝန်ခံရပေမည်။အဓိကမှာမေ
“မင်းကိုငါမေတ္တာထားပါတယ်။မင
တကယ်ရင်ထဲကလာတာဟုတ်ပါသလားဟု
မှန်ကန်မှုမရှိဟုအဖြေထုတ်၍ရပ
“အနှစ်နှစ်အလလကပြောချင်နေတဲ
အဓိပ္ပါယ်ကိုပြောကြည့်မလို့ပ
စကားလုံးတစ်ခုကိုနောက်ထပ်စက
ဘာကြောင့်လဲမေတ္တာရဲ့အဓိပ္ပါယ
ဆရာတော်ဦးဇောတိက(ပျဉ်းမနား
နှစ်ယောက်ပင်ထွန်းကားခဲ့သည်
အသက်ငါးဆယ်ကျော်စပြုပေပြီ။ဆ
ဤသို့ဖြတ်သန်းမှုကြီးမားခဲ့ေ
တစ်နေ့နံနက်စောစောသတိပဌာန်အ
ကျွန်တော်သည်ရွှင်လန်းအားရစွ
နိုင်မှာပါ။ဒါဆိုရင်ဘာလို့မ
ပေးသည့်အခါမလွှဲသာလို့ပေးခြင
ဆရာတော်၏စကားသံနားထဲကြားလြာ
“မေတ္တာဆိုတာဘာလဲဆိုတော့သူတစ
ခြင်ကလေးသည်ကျွန်တော်သွေးကိ
ထိုသို့သဘောထားလိုက်သောအခါလ
ကျွန်တော်သတိတရရှိနေသည်ကခြင
မေတ္တာစိတ်ကြောင့်ဖြစ်ပေါ်လာေ
သြော်....သတိပဌာန်ကြောင့်သိ
်
ဆရာမြသန်းစံရဲ့နှစ်သက်မိတဲ့
khayaeyeik blogspot

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။