Forgive and forget ဆိုတဲ့ စကားရှိပါတယ် ။ ခွင့်လွတ်ပါ ပြီးရင် မေ့ပလိုက်ပါဆိုတဲ့ အဓိပ္ပါယ်ပါ ။
ဒီလို အလုပ်မျိုးကို လုပ်ဖို့ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး ။ အထူးသဖြင့် မိမိရဲ့ ရင်သွေးကို သတ်ခဲ့သူကို ဒီလိုခွင့်လွတ်ဖို့ မေ့ပြစ်ဖို့ဆိုတာ လွယ်ကူလှတဲ့
ကိစ္စတော့ မဟုတ်ပါဘူး ။
ဒါပေမဲ့ တကယ် ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေး တခုကတော့ လူသားတွေကို တုန်လှုပ်သွားစေပါတယ် ။
2012 မှာ ၁၅ နှစ် အရွယ် ဂျော်ဒန် ဟောင်းဆိုတဲ့ လူငယ်လေးဟာ သူ့ပထွေးရဲ့ ပစ္စတိုကို ကျောင်းကို ယူလာပါတယ် ။ သူ့သူငယ်ချင်းတွေကို သေနတ်ကိုပြပါတယ် ၊
မြေကြီးကို ပြစ်ပြပါတယ် ။ သေနတ်က ကျည်ဆံမထွက်ပါဘူး ။
ကျောင်းကားပေါ်အရောက်မှာတော့ သူ့သူငယ်ချင်း ၁၃ နှစ်အရွယ် လောက်ဒက်စ ဂုစ်မဲန်ကို သေနတ်နဲ့ ချိန်ပြီး ပြစ်လိုက်ပါတယ် ။ ဒီတကြိမ်တော့ သေနတ် ကျည်ဆံထွက်သွားပါတယ် ။ ဂုစ်မဲန်လည်း သေသွားပါတော့တယ် ။
ဂျော်ဒန် ဟောင်းလည်း ပြစ်မှု ၃ ခုနဲ့ တရားစွဲခံရပါတယ် ။ သေသူရဲ့ အမေဟာ သူမရဲ့ ပျိုပျက်သွားတဲ့ ဘဝအတွက် ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်ဖို့ ကျိုးစားခဲ့ပေမဲ့
နောက်ပိုင်းမှာ တစုံတခုကို ခံစားရပြီး စိတ်ပြောင်းသွားပါတယ် ။
သူမရဲ့ သမီးဟာ လူငယ်လေး တယောက်ရဲ့ အမှားကြောင့်သာ သေခဲ့ရခြင်း ဖြစ်ကြောင်းကို ခံစားခဲ့ရပါတယ် ။
နောက်ဆုံး အကြိမ် တရားရုံးမှာ ပြစ်ဒဏ် ချမှတ်မဲ့နေ့ရောက်တော့ သူမဟာ လူသတ်တရားခံကို ခွင့်လွတ်ခဲ့ရုံမက နွေးထွေးတဲ့ ပွေ.ဖက်မှု ပြုလုပ်ပြီး အားပေးခဲ့ပါတယ်။ ဂျော်ဒန်ဟောင်းကလည်း I am sorry လို့ ပြန်ပြောခဲ့ပါတယ် ။
အနောက်နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုမှာ ရင်ထဲကလာတဲ့ sorry ဆိုတဲ့စကားဟာ ပြောဖို့ အခက်ခဲဆုံးစကားပါ ။
သူမက တရားသူကြီးကို ဂျော်ဒန်အတွက် အလျှော့ပေါ့ဆုံး ပြစ်ဒဏ်သာ ချမှတ်ဖို့နဲ့ ဂျူဗင်နိုင်း စိတ်ဓာတ်ပြန်လည် ပြုပြင်တည်ဆောက်ရေး အကယ်ဒမီမှာ သင်ယူခွင့်ပြုဖို့
ပြီးတော့ သေနတ်ရဲ့ အန္တရာယ်ကို အခြားသူတွေကို ဆွေးနွေးပြောကြားဖို့ တောင်းဆိုခဲ့ပါတယ် ။
တရားသူကြီးက ကျမအနေနဲ့ ဒီတရားရုံးမှာ အနှစ် ၂၀ အတွင်း ဒီလို ဆုံးရှုံးခံရသူတွေက ကျူးလွန်သူတွေကို ခွင့်လွတ်တာမျိုး မတွေ.ဘူးသေးဘူး ။
ကျမအနေနဲ့ ဒီလို ဖြစ်လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ခဲ့ဘူး ။ လို့ ပြောခဲ့ပါတယ် ။
ဂျော်ဒန်ဟာ ထောင်ဒဏ် တနှစ်ချမှတ်ခံခဲ့ရပြီး အသက် ၂၁ နှစ်အရွယ်ထိ တလ တခါ တရားရုံးကို သတင်းပို့ရပါလိမ့်မယ် ။
Ady Guzman-DeJesus သေဆုံးသူရဲ့ အမေက…….
ကျမတို့ အခြားကလေးငယ်တွေကို ကူညီဖို့ ပြောင်းလဲမှုကို လုပ်နိုင်ခဲ့ကြပါပြီ ။ သူဟာ သမီးရဲ့ သူငယ်ချင်းပါ ၊ သမီးအနေနဲ့လည်း အဆိုးဆုံးတွေကို ဖြစ်စေချင်ခဲ့မှာ မဟုတ်ပါဘူး ။ တရားမျှတမှုကိုလည်း လုပ်နိုင်ခဲ့ပါပြီ ၊ ကျမ သမီးလေးကို ဆုံးရှုံးခဲ့ရပါပြီ ၊ ပြီးတော့ ဂျော်ဒန်ကိုလည်း ကျမ တကယ်ပဲ ခွင့်လွတ်နိုင်ခဲ့ပါပြီ ၊ လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ် ။
ရဲသူရိန်မင်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။