ဆရာကြီး ပီမိုးနင်း၏ မှတ်စုများ
=================
လူပျိုဘဝ လူပျိုဘဝသည် လူဖြစ်ခြင်း၏ အခြေဖြစ်သည်။ သို့ဖြစ်လေရာ လူပျိုဘဝသည် အထူးသတိ နှင့် နေထိုင်ကျင့်ကြံအပ်သော အသက်၏ အပိုင်းအခြားဖြစ်လေသည်။
ဘဝင်မမြင့်နှင့်
ခေတ်ကာလ ပညာတတ်ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲဖို့ မသင့်။ စိတ်နေသဘောထားပုံ ပိုမိုကောင်းမွန်ဖို့၊ ပိုမိုမြင့်မြတ်ဖို့၊ ပိုမို ယဉ်ကျေး လိမ္မာဖို့သာ ရှိသင့်လေသည်။
(လူပျိုလမ်းညွှန်စာအုပ်မှ)
ကြီးပွားလမ်း ပိတ်သော အကျင့်
အစားကို မက်မောခြင်း၊ အသောက်ကို မက်မောခြင်း၊ အကောင်းကို တွေ့မရှောင် ကြိုက်ခြင်း၊ အပျော်အပါး လိုက်စားခြင်းတို့သည် စီးပွားလမ်း၊ ကြီးပွားလမ်းကို အမှန်ပိတ်သော အကျင့် များဖြစ်၏။
(ကြီးပွားရေးလမ်းညွှန်စာအုပ် မှ)
ချမ်းမြေ့သောဘဝကို ရဖို့
ထွက်သက်ဝင်သက် လေ့ကျင့်ခြင်းကို ကောင်းစွာ အစိုးရသောသူသည် ကျန်းမာချမ်းသာ အသက်ရှည်၍ ရွှင်လန်းသာယာ ချမ်းမြေ့စွာသောဘဝကို ရနိုင်လေသည်။
(ထွက်သက်ဝင်သက်မှ)
အဖိုးထိုက်သောသူ
အလုပ်ကို သေချာစေ့စပ်စွာ လုပ်ခြင်းသည် အဖိုးထိုက်တန်သူ၏ အထင်ရှားဆုံးသော သက်သေဖြစ်လေသည်။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာတို့ကို အရည်အသွေး ဖြင့် သိရသကဲ့သို့ အဖိုးထိုက်သောသူကို အလုပ်၏ သေချာခြင်းဖြင့် သိရလေသည်။
(ကမ္ဘာ့အလင်းကျမ်းမှ)
ကံကြောင့်လား
လူတယောက်သည် ပညာလည်းရှိ၏။ အကျင့်လည်းကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။ သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍နေရအံ့။ အဘယ်သို့သောအကြောင်းကြောင့်
ဤကဲ့သို့ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပေလိမ့်မည်။ အများအားဖြင့်
ထိုမေးခွန်းကို ကံအကြောင်းတရားဟူသော စကားနှင့် ဖြေကြားပေလိမ့်မည်။
(ဖန်ဆင်းရှင် အလိုကျဆိုရင် တရားမည် မဟုတ်။ အခွင့်လမ်း၊အခြေနေစသည်။)
လုံလောက်သောအသိရရန် လူ၏ အသက်သေသည့်တိုင်အောင် ဗဟုသုတအလိမ္မာကို တကိုယ်တည်း၏ အတွေ့အကြုံဖြင့် လုံလောက်စွာ မရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအရင် အတွေ့အကြုံများသော လူပေါင်းများစွာ တို့ ရေးသားခဲ့သော စာများကို ဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာရနိုင် လေသည်။
(သုခချမ်းသာစိတ်ပညာမှ)
စူးစိုက်ခြင်း
လောက၌ စိတ်နှင့် ကင်းသောအလုပ် မရှိ။ အလုပ်ဟူသမျှမှာ စိတ်ကို သုံးနိုင်သလောက် ပေါက်ရောက် တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကို သွင်းခြင်းသည် စူးစိုက်ခြင်း ပင်ဖြစ်လေရာ စူးစိုက်ခြင်းသည် ပေါက်ရောက် အောင်မြင်ခြင်းပင် ဖြစ်လေသည်။
ကြီးပွားတိုးတက်ရန် အား
ကြီးပွားတိုးတက်အောင် လုပ်ခြင်းသည် ဆင်းရဲအောင်လုပ်ခြင်းထက် ပိုမို၍ ပင်ပန်းသည် မဟုတ်ပေ။ ကြီးပွားတိုးတက်ရန် အားသည် ဝီရိယနှင့် ချွေတာခြင်းဖြစ်သည်။ (ကြီးပွားရေးလမ်းညွှန်မှ)
ကြီးပွားလိုစိတ်
ကြီးပွားလိုစိတ်သောစိတ်နှင့် 
ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသော အခြေ အနေကိုသာ ထင်မြင်ချေက
ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင် အတွင်းစိတ်က ဖန်တီး၍ပေးလေ၏။
ကြီးပွားခြင်း၏အစ
ကြီးပွားခြင်း၏ အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။ မိမိကိုယ်ကို သိခြင်းဆိုသည်မှာ မိမိ၏အစွမ်းသတ္တိရှိကြောင်းကို သိခြင်းပင်ဖြစ်လေသည်။
အားလပ်ချိန်ကို နှမြောပါ
ကြီးပွားလိုသူ၊ ပညာတတ်လိုသူ၊ အရာရာ၌ တိုးတက်အောင်မြင်လိုသူသည် အားလပ်သော အချိန်ကလေးများကို နှမြောခုံမင်စွာ အသုံးပြုရလေသည်။
(ကိုယ့်ထူးကိုယ်ချွန်စာအုပ် မှ)
သင့်အတွက် သုတအစုံအလင်ကို တစ်နေရာတည်းက ရရှိစေမယ့်
#သုတဇုန်
www.thutazone.com
=================
လူပျိုဘဝ လူပျိုဘဝသည် လူဖြစ်ခြင်း၏ အခြေဖြစ်သည်။ သို့ဖြစ်လေရာ လူပျိုဘဝသည် အထူးသတိ နှင့် နေထိုင်ကျင့်ကြံအပ်သော အသက်၏ အပိုင်းအခြားဖြစ်လေသည်။
ဘဝင်မမြင့်နှင့်
ခေတ်ကာလ ပညာတတ်ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲဖို့
(လူပျိုလမ်းညွှန်စာအုပ်မှ)
ကြီးပွားလမ်း ပိတ်သော အကျင့်
အစားကို မက်မောခြင်း၊ အသောက်ကို မက်မောခြင်း၊ အကောင်းကို တွေ့မရှောင် ကြိုက်ခြင်း၊ အပျော်အပါး လိုက်စားခြင်းတို့သည် စီးပွားလမ်း၊ ကြီးပွားလမ်းကို အမှန်ပိတ်သော အကျင့် များဖြစ်၏။
(ကြီးပွားရေးလမ်းညွှန်စာအုပ်
ချမ်းမြေ့သောဘဝကို ရဖို့
ထွက်သက်ဝင်သက် လေ့ကျင့်ခြင်းကို ကောင်းစွာ အစိုးရသောသူသည် ကျန်းမာချမ်းသာ အသက်ရှည်၍ ရွှင်လန်းသာယာ ချမ်းမြေ့စွာသောဘဝကို ရနိုင်လေသည်။
(ထွက်သက်ဝင်သက်မှ)
အဖိုးထိုက်သောသူ
အလုပ်ကို သေချာစေ့စပ်စွာ လုပ်ခြင်းသည် အဖိုးထိုက်တန်သူ၏ အထင်ရှားဆုံးသော သက်သေဖြစ်လေသည်။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာတို့ကို အရည်အသွေး ဖြင့် သိရသကဲ့သို့ အဖိုးထိုက်သောသူကို အလုပ်၏ သေချာခြင်းဖြင့် သိရလေသည်။
(ကမ္ဘာ့အလင်းကျမ်းမှ)
ကံကြောင့်လား
လူတယောက်သည် ပညာလည်းရှိ၏။ အကျင့်လည်းကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။ သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍နေရအံ့။ အဘယ်သို့သောအကြောင်းကြောင့်
လုံလောက်သောအသိရရန် လူ၏ အသက်သေသည့်တိုင်အောင် ဗဟုသုတအလိမ္မာကို တကိုယ်တည်း၏ အတွေ့အကြုံဖြင့် လုံလောက်စွာ မရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအရင် အတွေ့အကြုံများသော လူပေါင်းများစွာ တို့ ရေးသားခဲ့သော စာများကို ဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာရနိုင် လေသည်။
(သုခချမ်းသာစိတ်ပညာမှ)
စူးစိုက်ခြင်း
လောက၌ စိတ်နှင့် ကင်းသောအလုပ် မရှိ။ အလုပ်ဟူသမျှမှာ စိတ်ကို သုံးနိုင်သလောက် ပေါက်ရောက် တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကို သွင်းခြင်းသည် စူးစိုက်ခြင်း ပင်ဖြစ်လေရာ စူးစိုက်ခြင်းသည် ပေါက်ရောက် အောင်မြင်ခြင်းပင် ဖြစ်လေသည်။
ကြီးပွားတိုးတက်ရန် အား
ကြီးပွားတိုးတက်အောင် လုပ်ခြင်းသည် ဆင်းရဲအောင်လုပ်ခြင်းထက် ပိုမို၍ ပင်ပန်းသည် မဟုတ်ပေ။ ကြီးပွားတိုးတက်ရန် အားသည် ဝီရိယနှင့် ချွေတာခြင်းဖြစ်သည်။ (ကြီးပွားရေးလမ်းညွှန်မှ)
ကြီးပွားလိုစိတ်
ကြီးပွားလိုစိတ်သောစိတ်နှင်
ကြီးပွားခြင်း၏အစ
ကြီးပွားခြင်း၏ အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။ မိမိကိုယ်ကို သိခြင်းဆိုသည်မှာ မိမိ၏အစွမ်းသတ္တိရှိကြောင်းက
အားလပ်ချိန်ကို နှမြောပါ
ကြီးပွားလိုသူ၊ ပညာတတ်လိုသူ၊ အရာရာ၌ တိုးတက်အောင်မြင်လိုသူသည် အားလပ်သော အချိန်ကလေးများကို နှမြောခုံမင်စွာ အသုံးပြုရလေသည်။
(ကိုယ့်ထူးကိုယ်ချွန်စာအုပ်
သင့်အတွက် သုတအစုံအလင်ကို တစ်နေရာတည်းက ရရှိစေမယ့်
#သုတဇုန်
www.thutazone.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။