www.yoyarlay.com
#kln_yyl
#article_yyl
(Unicode version)
ဗဟုသုတရအောင် ရေဒီယို နားထောင်ပါ
အင်တာနက်တွေ အရင်ကထက် ခေတ်စားလာတော့ ရေဒီယို နားဆင်မူ အစား အင်တာနက်ကို ပိုမိုပြီး သုံးစွဲလာကြပါပြီ။ ရေဒီယိုကိုတော့
ကျေးလက်တောရွာတွေမှာ အများဆုံး နားဆင်ကြမယ် ထင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရေဒီယိုကိုတော့ နားဆင်သင့်ပါတယ်။
ရေဒီယိုဟာ အခြား အလုပ်တစ်ခုခု လုပ်နေရင်းနဲ့ နားထောင်လို့ ရပါတယ်။ ဥပမာ - ကားမောင်းနေရင်း သော်လည်းကောင်း၊ ဈေးရောင်းနေရင်း
သော်လည်းကောင်း နားဆင်နိုင်ပါတယ်။ မိမိ မသိသေးတဲ့ သတင်းတွေ၊
မိမိ မကြားဘူးတဲ့ သီချင်းတွေ၊ မိမိနားမထောင်ဘူးတဲ့ ဆွေးနွေးခန်းတွေ စတာတွေကို ထုတ်လွှင့်ပေးနေပါတယ်။ ရုပ်မြင်သံကြားတွေလို၊ facebook တွေလို ရေဒီယိုက သီးသန့် အချိန်ပေးဖို့ မလိုအပ်ပါဘူး။
ဒါကြောင့် ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ရေဒီယိုကို မမေ့သင့်ပါ။
ယခုခေတ်မှာဆို FM လိုင်းတွေ များစွာရှိပါတယ်။ မိမိကြိုက်တဲ့ အစီအစဉ်ကို မိမိ ပြောင်းရွေ့ကာ နားထောင်နိုင်ပါတယ်။ မနက်ကနေ ညမိုးချုပ်သည် အထိ အချိန်ပြည့် လွှင့်နေပါတယ်။အချိန်တိုင်း
ဖွင့်ထားလို့လည်း မိမိ၏ ဝင်ငွေကို မထိခိုက်နိုင်ပါဘူး။ ဓာတ်ခဲခလောက်ပဲ
ကုန်ကျသွားမှာ ဖြစ်ပါတယ်။ သို့သော် လေလိုင်းကနေ ထုတ်လွှင့်ပေးတဲ့
အရာဖြစ်လို့ ရုပ်တွေ၊ ပုံတွေကိုတော့ မမြင်ရဘူးပေါ့။ ရေဒီယို
နားဆင်ခြင်းဖြင့် အသိပညာ ဗဟုသုတတွေကို တိုးမြင့်ပါလိမ့်မယ်။ ဒါကြောင့်
ဗဟုသုတရအောင် ရေဒီယို နားထောင်ပါ။
Photo Ref : dibujoscolorear
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#article_yyl
(Unicode version)
ဗဟုသုတရအောင် ရေဒီယို နားထောင်ပါ
အင်တာနက်တွေ အရင်ကထက် ခေတ်စားလာတော့ ရေဒီယို နားဆင်မူ အစား အင်တာနက်ကို ပိုမိုပြီး သုံးစွဲလာကြပါပြီ။ ရေဒီယိုကိုတော့
ကျေးလက်တောရွာတွေမှာ အများဆုံး နားဆင်ကြမယ် ထင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ရေဒီယိုကိုတော့ နားဆင်သင့်ပါတယ်။
ရေဒီယိုဟာ အခြား အလုပ်တစ်ခုခု လုပ်နေရင်းနဲ့ နားထောင်လို့ ရပါတယ်။ ဥပမာ - ကားမောင်းနေရင်း သော်လည်းကောင်း၊ ဈေးရောင်းနေရင်း
သော်လည်းကောင်း နားဆင်နိုင်ပါတယ်။ မိမိ မသိသေးတဲ့ သတင်းတွေ၊
မိမိ မကြားဘူးတဲ့ သီချင်းတွေ၊ မိမိနားမထောင်ဘူးတဲ့ ဆွေးနွေးခန်းတွေ စတာတွေကို ထုတ်လွှင့်ပေးနေပါတယ်။ ရုပ်မြင်သံကြားတွေလို၊ facebook တွေလို ရေဒီယိုက သီးသန့် အချိန်ပေးဖို့ မလိုအပ်ပါဘူး။
ဒါကြောင့် ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ရေဒီယိုကို မမေ့သင့်ပါ။
ယခုခေတ်မှာဆို FM လိုင်းတွေ များစွာရှိပါတယ်။ မိမိကြိုက်တဲ့ အစီအစဉ်ကို မိမိ ပြောင်းရွေ့ကာ နားထောင်နိုင်ပါတယ်။ မနက်ကနေ ညမိုးချုပ်သည် အထိ အချိန်ပြည့် လွှင့်နေပါတယ်။အချိန်တိုင်း
Photo Ref : dibujoscolorear
ကျော်လင်းနိုင် (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။