Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, November 9, 2015

ဆိုကရေတီးနှင့်အသဲကွဲလူငယ်


ဆိုကရေတီးနှင့်အသဲကွဲလူငယ်
================
ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသောလူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့်
ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။

ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ
မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေး
ကဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစား
ရတဲ့ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နား
လည်နိုင်မလဲ...။

တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက်
မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော်စောင့်နေတာပါ။

တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင်
တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း
သက်သေ ပြမှာပေါ့။

တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။
ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို
လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါးလည်း မရစေချင်ဘူး။

တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။

တီး.....တကယ် အရမ်းချစ်လား....?
လူငယ်....တကယ်။

တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?
လူငယ်.....ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။

တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက်
ပျော်ရွှင်ခြင်းလို့....သူထင်ခဲ့ ရင်ကော...။

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က
သူပြော ခဲ့ဖူးတယ်။

တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်
တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။

တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်း
ကလူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့်လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာ
ဟသဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?

တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။
အလျော် ဆိုတာအချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေသူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။
ကျွန်တော်ကသူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။

တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအ
တွက် မတရားဘူး။သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာကသူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေး ကိုပဲ
မျှော်ကိုးပြီး သူတစ်ပါးရဲ့လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ
...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံး
ဟာကျွန်တော့် အမှားတွေပေါ့။

တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို
ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။
ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....?
ကျွန်တော့်အသဲနှလုံး အချစ်တွေ
အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?
သူဘာကြောင့်ကျွန်တော့်ကို ခွဲသွားရသလဲ....?
ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?

တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်း
ကလွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...လူလေး?

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ
အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။

တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။
ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့
မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?

တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို
ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်
ကိုယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စကညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်
တော့် အိတ်ကပ်ထဲမှာပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလို
ပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့်
နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို
ခင်ဗျားဆွဲမထုတ်နိုင်ခဲ့ဘူး

တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ကျွန်တော်ဝမ်း
နည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?

တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော
လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူ
တွေကိုကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။
နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့
ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။
ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?

တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?

တီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန်
ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

Credit to Original Writer
K.K(ကနောင်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။