စင်ကာပူ လေကြောင်းလိုင်း လေယာဉ် တစ်စီးသည် ယာဉ်ပေါ် ပါလာသည့် တိရစ္ဆာန်များ၏ လေလည်သည့် အနံ့နှင့် အခြားအနံ့ အသက်များကြောင့် မီးလောင်သည်ဟု ထင်မှတ်ပြီး မြေပြင်ပေါ် အရေးပေါ် ဆင်းသက်မှု လုပ်ခဲ့ရသည်။
ထိုလေယာဉ်မှာ ဆစ်ဒနီမှ ကွာလာလမ်ပူသို့ တိရစ္ဆာန်ကောင်ရေ နှစ်ထောင်ခန့်ကို တင်ပြီး ပျံသန်းခဲ့ခြင်း ဖြစ်ကာ ယာဉ်ဝန်ထမ်း လေးဦးမှာ ထိုဘိုးအင်း ၇၄၇-၄၀၀ လေယာဉ်ပေါ်တွင် မီးခိုးနံ့ သတိပေး ခေါင်းလောင်းသံ မြည်လာ၍ အရေးပေါ် ဆင်းခဲ့ရခြင်း ဖြစ်သည်။
၎င်းတို့သည် မြေပေါ် ဆင်းခဲ့ပြီးနောက် စစ်ဆေးရာတွင် ယာဉ်ပေါ်မှ တိရစ္ဆာန်များကြား မီးခိုးငွေ့များ မတွေ့ရဘဲ နောက်ပိုင်းတွင်မှ တိရစ္ဆာန်များမှ ထွက်သော လေလည်သည့် အနံ့နှင့် အခြား ကိုယ်နံ့များကြောင့် ဓာတ်ငွေ့ ထုတ်လွှင့်မှု ဖြစ်ကာ အချက်ပေးစနစ်တွင် မီးလောင်သည်ဟု သတ်မှတ် အချက်ပြခဲ့ခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရသည်။
အဆိုပါ လေယာဉ်မှာ ဘာလီရှိ ဒန်ပါဆာ လေဆိပ်တွင် ခရီးတစ်ဝက်၌ အရေးပေါ် ဆင်းခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် လေယာဉ်သည် အားလုံး စိတ်ချခဲ့ရ ပြီးနောက် ကွာလာလမ်ပူသို့ ပျံသန်းခဲ့ရာ နောက်ထပ်နှစ်နာရီခွဲ အကြာတွင်မူ ဘေးကင်းစွာဖြင့် မလေးရှားသို့ ရောက်ခဲ့ကြောင်း သိရသည်။
စင်ကာပူ လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးကလည်း ထိုဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပြီး၊ လေယာဉ်မှာ ဆိတ်များကို တင်ပို့ခဲ့သည့် ကုန်တင်လေယာဉ်ဖြစ်ပြီး သြစတြေးလျနိုင်ငံ အဒယ်လိတ်မှ ကွာလာလမ်ပူသို့ ပြန်ခဲ့ရာ လမ်းတွင် ဘာလီကျွန်း၌ ခေတ္တနားခဲ့ရပြီး မီးအချက်ပေး စနစ်ကြောင့် ရပ်နားခဲ့ရခြင်း ဖြစ်ကြောင်း အသေးစိတ် အချက်များ မပြောဘဲ ထုတ်ပြန်ခဲ့သည်။
messenger news journal
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။