ငါတို့သည် လူလိမ်များမဟုတ်
ရွေးကောက်ပွဲ လိမ်လည်မှုနှင့်ပတ်သက်ပြီး ရဲရဲရင့်ရင့် ဆန့် ကျင်ခဲ့သူများ တွင် ဖိလစ်ပိုင် ကွန်ပျူတာပညာရှင်များ ပါဝင်သည်။
၁၉၈၆ ခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင်
အာဏာရှင်မားကို့ စ်သည် ရွေးကောက်ပွဲကော်မရှင် (COMELEC) ကို သူ
့စိတ်ကြိုက်ဖွဲ့ စည်းပြီး ရွေးကောက်ပွဲအနိုင်ရရန် ကြံစည်ပါသည်။
ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ကိုရာဇန်အကွီနိုက အနိုင်ရသော်လည်း
ရွေးကောက်ပွဲ ကော်မရှင်ကို မဲရလဒ်များ
လိမ်လည်ခိုင်းသည်။ ရွေးကောက်ပွဲကော်မရှင်က အလုပ် လုပ်နေ ကြသော
ကွန်ပျူတာပညာရှင်များကို ကျော်လွန်ကာ မဲရလဒ်များကို လိမ်သည်။ ကွန်ပျူတာသို့ 
ဝင်လာသော မဲရလဒ်များက တစ်မျိုး၊ ကော်မရှင်က ထုတ်ပြန်ကြေညာသည့် မဲရလဒ်များ က
တစ်မျိုး ဖြစ်နေသည်ကို ကွန်ပျူတာပညာရှင်များက လက်မခံ။ သို့ ဖြင့်
ကွန်ပျူတာပညာရှင် ၃၅ယောက် (အမျိုးသား၃၀ နှင့် အမျိုးသမီး ၅ ) သည်
ရွေးကောက်ပွဲကော်မရှင်ရုံးမှ ထွက်လာ ခဲ့ကြသည်။
“ ပညာရှင်များ လိုက်နာရမည့် အခြေခံကျင့်ဝတ်ကို ချိုးဖောက်ခိုင်းခြင်းအား လက်မခံနိုင်သည့် အတွက် ကော်မရှင်အဖွဲ့ ကို စွန့် ခွါ လာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သည် ပညာရှင်များသာ ဖြစ်သည်။ လူလိမ်များမဟုတ်ပါ။ ” ဟု သတင်းထုတ်ပြန်ချက်တွင် ရှင်းလင်းရေးသားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ထံမှ ကွန်ပျူတာပညာရှင်များ စွန့် ခွါသွားသည့် အဖြစ်က အာဏာရှင် မားကို့ စ်၏ မဲလိမ်မှုကို အထင်အရှား မီးမောင်း ထိုးပြလိုက်သည် ။ ယင်းအဖြစ်က ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကို ဖန်တီးပေးသည့် လူထုအာဏာ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာရေးအတွက် မီးပွားများ ဖြစ်ခဲ့သည်။
ရွေးကောက်ပွဲ လိမ်လည်မှုနှင့်ပတ်သက်ပြီး ရဲရဲရင့်ရင့် ဆန့် ကျင်ခဲ့သူများ တွင် ဖိလစ်ပိုင် ကွန်ပျူတာပညာရှင်များ ပါဝင်သည်။
၁၉၈၆ ခုနှစ် ဖိလစ်ပိုင်ရွေးကောက်ပွဲတွင်
“ ပညာရှင်များ လိုက်နာရမည့် အခြေခံကျင့်ဝတ်ကို ချိုးဖောက်ခိုင်းခြင်းအား လက်မခံနိုင်သည့် အတွက် ကော်မရှင်အဖွဲ့ ကို စွန့် ခွါ လာခဲ့ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ သည် ပညာရှင်များသာ ဖြစ်သည်။ လူလိမ်များမဟုတ်ပါ။ ” ဟု သတင်းထုတ်ပြန်ချက်တွင် ရှင်းလင်းရေးသားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ထံမှ ကွန်ပျူတာပညာရှင်များ စွန့် ခွါသွားသည့် အဖြစ်က အာဏာရှင် မားကို့ စ်၏ မဲလိမ်မှုကို အထင်အရှား မီးမောင်း ထိုးပြလိုက်သည် ။ ယင်းအဖြစ်က ဖိလစ်ပိုင်နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲကို ဖန်တီးပေးသည့် လူထုအာဏာ လှုပ်ရှားမှုကြီး ပေါ်ပေါက်လာရေးအတွက် မီးပွားများ ဖြစ်ခဲ့သည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။